Friday, February 22, 2008

လမင်းကို စောင့်မျှော်သူ

ကျမလား ကျမအကြောင်းလေးနည်းနည်းလောက်ပြောပြချင်တယ်။ ကျမသိတဲ့ဘ၀က သူများတွေနဲ့ အမြင်တူချင်မှ တူလိမ့်မယ် ဘာကြောင်းလည်းဆိုရင် ကျမဖြတ်သန်းလာတဲ့အတိတ်ကလည်း မတူခဲ့တာကို…။ အတိတ်ဆိုတာကို ဘ၀လိုမြင်ကြည့်ရင်တော့ ကျမအတိတ်ကသိပ်တော့မလှဘူး ။ ဒါပေမယ့်လူတိုင်းမှာတော့ ငြင်းလို့မရတဲ့ အတိတ်ဆိုတာရှိကြတာဘဲနော် ။
ပြန်တွေးကြည့်ရင်တော့ တချိန်ကသနပ်ခါးရနံများသင်းခဲ့သော မိန်းကလေးတစ်ယောက်၏ရိုးသားဖြူစင်မှုကလေးတွေ၊ သစ်ရွက်လုပ်တိုင်း ရင်ခုန်တဲ့အရွယ်မှာတော့ ဘာမှန်းမသိဘဲ စိတ်ညစ်နေဖူးခဲတာတွေ အဖြစ်ကို ပြန်လွမ်းမိသေးတယ်။
တစ်ချိန်တုံးကတော့ ကျမဟာ အလွန်တရာစိတ်ညစ်လွယ်ြပီး ဘာမှန်းမသိဘဲ လောကကြီးကိုစိတ်ကုန်နေတဲ့ မိန်းကလေးတစ်ယောက်ပေါ့၊ ပင်လယ်ကမ်းခြေဆီ မမောမပန်း စိတ်ညစ်လွန်းလို့ သွားသွား ထိုင်နေတတ်ခဲ့တယ်။ စိတ်ညစ်သူကို နှစ်သိမ့်စေသော ပင်လယ်ဟာ တစ်ချိန်က ကျမ၏သူငယ်ချင်းဖြစ်ခဲ့ဖူးပါတယ်။ ဘာကြောင်းမှန်းမသိဘဲ စိတ်ညစ်ခဲ့ဖူးတဲ့ကျမက သာမှန်မိသားစု တစ်ခုဆီမှာ သားမီးတစ်ယောက်ဖြစ်နေတာကိုလား၊ ရိုးရိုးအစိုးရ ၀န်ထမ်းဖြစ်တဲ့ အဖေ၀င်ငွေ တစ်ခုတည်းရှိနေတာကိုပဲလား၊ မဲမဲဟောင်းဟောင်းအိမ်ပုံတုံးကြီး တစ်လုံးပေါ်မှာဘဲ နေထိုင်ခဲ့ရလိုလား၊ ကျူရှင်ဝိုင်းအကောင်းးစားဆီကိုမသွားရဘဲ အလွန်တရာ စည်းကမ်းတကျရှိလွန်းတဲ့ အဖေကိုယ်တိုင်သင်ကြားခဲ့လို့လား၊ ဒါမှမဟုတ် နိုင်ငံခြားဖြစ်အသုံးအဆောင် များမသုံးနိုင်ခဲ့လိုလား ၊ ထင်ပေါ် ၀င့်ကြွားနေကြတဲ့ အတန်းထဲက ကျောင်းသူများကြောင်းလား၊ အလွန်ထူးချွှန်ထက်မြက်တဲ့ ကျောင်းသားများကြောင့်လား အတန်းပိုင်ဆရာမ၏ ကရုဏာဒေါသအသံများကြောင်းလား ကျမအတိအကျ မသေးကွဲခဲ့ ပေမယ့် တော်တော်စိတ်ညစ်ခဲ့ဖူးတယ်။ ဂျစ်ကန်ကန်မိန်းကလေးတစ်ယောက်လို့ အများက ကင်းပွန်းတတ်ပေးကြပေမယ့် ပြုပြင်လိုစိတ် တစ်စကလေးမှ ကျမမရှိခဲ့ပါဘူး။ ငါသိတယ် ငါတတ်တယ် ငါအကုန်သိနေတယ် ဆိုတဲ့ ဒသာနများဖြင့် ကျမ စိတ်ညစ်နေခဲ့ဖူးတယ်။ ဆင်းရဲ့တဲ့မိသားစုဝင်တစ်ယောက်ဖြစ်ရခြင်းဟာ တစ်ကယ်တော့ရှက်စရာ မဟုတ်ပါဘူး။ မိမိကိုယ်ကိုကိုယ် သူဆင်းရဲတစ်ယောက်ဖြစ်အောင် မိမိကိုယ်ကို လမ်းပေါ်တင်ပေးလိုက်ခြင်းသာ ရှက်စရာကောင်းပါတယ်။ ဒါတွေကျမ မသိသေးလိုထင်တယ် ညစ်နေတတ်တဲ့အကျင့်က ကြီးစိုးနေတာကို တစ်ချိန်တုံးကတော့ ကျမဟာ ဆိုးပေပေယ်မိန်းကလေးတစ်ယောက်ပေါ့ရှင် ။
သစ်ရွက်လှုပ်တိုင်း ပန်းပွှင့်လေးတွေကြွေလိုက်တိုင်း ရင်ခုန်တတ်တဲ့ အရွယ်ကိုရောက်လာပြန်တော့လည်း ရှေ့ရေးအနာဂဏ်ဆိုတာကို ၀န်ထုပ်ကြီးကြီးတစ်ခုလိုတွေးပြီး ဖြစ်ချင်လုပ်ချင်စရာမြောက်မြားစွာကြားထဲ ခေါင်းချုပ်ကာ ညစ်လာပြန်ရော၊ ဟိုဟာဘဲ လုပ်ရမလို ဒီဟာလုပ်ရတော့မလိုဖြင့် စာအုပ်တစ်အုပ်ဖတ်လိုက်တိုင်း ရည်မှန်းချက်ပြောင်းပြောင်းသွား တတ်တဲ့ ကျမကို လေလုံးကြီးလာတယ်လို ဝေဖန်ကြပြန်ရော၊ ဘာမှမသိတဲ့ လူတွေဝေဖန်ကြတာကိုများဘာမှဂရုစိုက်စရာမလိုဘူး ဆိုတဲ့ အတွေးအခေါ်များနှင့် သင်တန်းအခန်းထဲက အတော်ဆုံး အထက်မြက်ဆုံး ကျောင်းသားတစ်ယောက်ကိုလည်းစိတ်ဝင်စားခဲ့ပါသေးတယ်။ ဒေါင့်ကျကျတစ်နေရာကနေပြီး သင်တန်းထဲမှာရှိတဲ့ မိန်းကလေးများအားလုံးဟာ စိတ်ပျက်စရာကောင်းတယ်လို ခဏခဏဝေဖန်ဘူးတယ်။ကျမ ခံစားချက်ကိုရင်ထဲမှာ သိုဝှက်ထားပြီး လူတစ်ယောက်ကို ခိုးခိုးကြည့်နေတယ်ဆိုတာသာ ကျမ၀န်ခံရင် သူများတွေလှောင်ရယ်လိမ့်မယ် ။ တခါတလေတော့ ချောမောလှပတဲ့ မိန်းခလေးများကို သိပ်လှတာပဲလို ငေးကြည့်ဖူးပေမယ့် မိမိကိုယ်ကို လူသားတစ်ယောက်လိုပဲ နလုံးသွင်းခဲ့ဖူးတယ်။ ဘ၀ဆိုတာ ဒီထက်ပိုပြီးလေးနက်လိမ့်မယ်လို့ တွေးခဲ့မိလို ခံစားချက်ကိုလျစ်လျူရှုပြီး ဟိုးဝေးလွန်းတဲ့ အရပ်တစ်ခုကိုပေါ့ မျှော်လင့်ချက်တွေ၊ ရင်ခုန်ခြင်းတွေအပြည့်ဖြင့် ကျမထွက်ခွာသွားခဲ့တယ။် သိပ်လှပတဲ့ ကျမ၏မွေးရပ်မြေမှာ ခပ်ရိုးရိုးအေးအေးနေတတ်တဲ့ အမေရယ်၊ ကျမ၏မွေးချင်းများရယ် အရောင်ပြယ်စပြုနေတဲ့ အဖေ၏အုတ်ဂူရယ်၊ ကျမ၏ဆိုးဖော်ဆိုးဖက်သူငယ်ချင်း များရယ်၊ မပြောင်းလဲနိုင်တဲအယူအဆအဟောင်းများးကို ဖက်တွယ်ထားတဲ့ မြို့ကလေးနှင့် လူများရယ၊် ဘယ်တော့မှ အချိန်မမှန်တဲ့ နာရီစင်ဟောင်းတစ်ခုရယ် နာကျင်မှုများရယ်၊ မျက်ရည်များရယ် အားလုံးကို ကျမထားခဲ့တယ်။ တရွှေ့ရွှေ့ထွက်သွားတဲ့ သင်္ဘောကြီးနှင့်အတူ အလွမ်းတွေအပြည့် သယ်လို့လေ ကျမထွက်ခွာသွားခဲ့တယ်။
အမြဲတမ်းအသစ်အသစ်ကိုသာ ရင်ခုန်တတ်တဲ့ကျမလေအဆန်းအလှများအပြည့်ဖြင့်လှည့်ဖြားထားတဲ့ မြို့ပြထဲ ရုန်းရင်းနှစ်ရင်း ပျော်ရွှင်နေခဲ့တယ်။ အသစ်စက်စက်နှလုံးသားတစ်ခုသာ အတိတ်၏ အလွမ်းခြေရာ များပေါ် တ၀ဲဝဲလည်းနေဆဲ ဖြစ်နေခဲ့ဖူးတယ်။ ဆေးစက်စုံ ဆေးရောင်စုံ ချယ်သခြင်းခံရတဲ့ ကျမဟာ အရာအားလုံးနှင့် လိုက်လျောညီထွေစွာ နေထိုင်တတ်ရင်း အရောင်အများကြီးပြောင်းလဲ လာခဲ့တယ်။ ကိုယ်ကျင့်တရားဆိုတဲ့ဝတ်ရုံကို လုံခြုံစွာဝတ်ထားပေမယ့် ဟန်ဆောင်ခြင်းပ၀ါကို လိုအပ်ရင်လှလှပပ ဆင်ယင်တတ်တဲ့ မြို့သူအသစ်စစတစ်ယောက်ဖြစ်လာတယ်။” ခေါင်းရှုပ်တာကိုသာခံနိုင်တယ် လူပင်ပန်းတာ ကိုတော့ မခံနိုင်ဘူးဆိုတဲ့ စကားက ကျမလက်သုံးစကားပေါ့ ” ပုံစံကတော့ လူရိုက်ပေါက် အချိုးကိုမပြေဘူး လူကိုလူလိုမထင်တဲ့ပုံစံနှဲ ဟိုနားမှာလည်းတွေ ဒီနားမှာလည်း သူတို့ရှိတာပဲ ဆိုတဲ့စကားကို ကျမမကြားချင်ယောင်ဆောင်ခဲ့ဖူးတယ်။ တစ်ချိန်က လောကကိုအရွှဲ့တိုက် မုန်းတီးနေသူတစ်ယောက်လေ မျှော်လင့်ချက်တွေက ဟိုဝေးကြီးမှာ ဖြစ်ချင်တာတွေဖြစ်မလားလို့ လေလွှင့်နေသူတစ်ယောက် အဖြစ်ရက်ပေါင်းများစွာ ကျမအရှုံးကိုစားသုံးနေခဲ့တယ်။
စေတနာရေစီးကမ်းပြိုကျအောင်လုပ်ပေးတတ်ပေမယ့် အလိုက်မသိတတ်မှုကြောင်း ဝေဒနာ
အကြိမ်ပေါင်းများစွာဖြစ်ခဲဖူးတဲ့ ကျမလေ ယုံကြည်မှုကိုယ်တိုင်ကင်းမဲ့ခြင်း ၊အပျင်းကြီးလွန်းခြင်း၊ အလွန်ခေါင်းမာသလို့ မိမိအားနည်းချက်ကို ၀န်ခံပြုပြင်ဖို့ကင်းသည့် အကျင့်ဆိုးများလည်းရှိသေးတယ်။ ပေပေတေတေနေတတ်တဲ့ အကျင့်ဆိုးများ၊ သူမတူအောင်အာခံတတ်တဲ့ ကျမနှစ်သက်သောအရာများစွာကို
ဝီရီယတစ်ချို့ဖြင့် မျှော်လင့်ချက် ကြီးကြီးမားမားအတွက် ကိုယ်တိုင်ပြောင်းလဲခြင်းလုပ်ခဲ့ရပါတယ်။ စွန့်လွတ်ခဲ့ရပါတယ်။
ကိုယ်တိုင်ရွှေးချယ်ခဲ့တဲ့လမ်းကြောင့်တစ်ခုမှာ အထီးကျန်ခြောက်သွေ့စွာ နေထိုင်ရင်း ကျမရင့်ကျက်လာခဲ့တယ်၊ လောကသဘောတရားတစ်ချိုကို သိမြင်တတ်ချိန်မှာတော့ အမှားအမှန်ခွဲခြားအဖြေရှာမှုကြောင့် မာနကြီးသူ ၊ ဘ၀င့်မြင့်တဲ့သူ ဇီဇာကြောင့်တဲ့သူ ဖြစ်သွားရပြန်တယ်။ လမ်းစပျောက်နေသူ တစ်ယောက်အတွက် မျော်လင့်ချက်အရိပ်အငွေ့ကလေးများရဖို့ ဝေးလွန်းတဲ့ ခရီးတစ်ခုကို နှစ်ပေါင်းများစွာ မိသားစုနှင့်မိုင်ပေါင်းများစွာဝေးကွာပြီး တစ်ကောက်ကောက်ပျံသန်း လျှောက်လှမ်းခဲတယ်။ တစ်ချိန်က တက်မက်ဖူးသော အသုံးအဆောင်များ ပစည်းများလွမ်းမိုးရာ ရပ်ဝတ္တုများအလွန်အကျွံ ပေါများသော အရပ်ဒေသကို ရောက်လာပြန်တယ်။ ဒီအရပ်မှာ ချစ်ခြင်းတရားများခေါင်းပါးမှုဒဏ်ကို အလူးအလဲ ခံစားရပြန်တယ်။ ခြေက်သွှေ့ပူပြင်းလှတဲ့ အပြင်ကနွေ ၊ အေးစက်စက်လေအေးပေးစက်များထက်ကို အေးစက်တဲ့ မေတ္တာတရားများ ရှားပါးလှစွာသော မြို့ပြကြီးကြီးလှလှမှာ အသစ်သစ်သော စိန်ခေါ်မှုများက ကျမအတွက် ပြည့်နေခဲ့တယ်။ အချိန်ပေါင်းများစွာ ရက်ပေါင်းများစွားလုပ်ငန်းခွင့်မှာ ကုန်ဆုံးနေရင်း မျှော်လင့်ချက်ဆိုတာလည်း ကိုယ်နှင့် ဝေးသထက်ဝေးနေပြန်တယ်။ကျမဟာ ဘာနဲ့တူသလဲဆိုရင်တော့ လမင်းကို လိုချင်သူတစ်ယောက်လိုဘဲ နီးလာမလားလို ထင်လေပိုဝေးလေဲဖြစ်နေတယ်လေ။
ဟန်ဆောင်စကားတောင် မပြောတတ်တဲ့ ဒီလောကဘောင်ထဲမှာ ကျမလေ ဘာမှအပြစ်မရှိတဲ့ ချစ်ခြင်းတရားတစ်ခုကို သင်္ချာတွက်မီသေးတယ်။ ချစ်ခြင်းတစ်ခုကို ဘောင်သွင်းခတ်မိလိုက်သလားတော့ မသေချာပေမယ့် စိတ်အလိုကို ဘ၀အမြင်ကြားထဲ လက်တွေ့ ဆုံးဖြတ်ခဲ့ဖူးတယ်။ ကျမက ဘ၀ကို သင်္ချာတွက်သူတစ်ယောက် ဖြစ်လာပါတော့တယ်။အသေချာတဲ့ အနာဂတ်တစ်ခုအတွက် ကျမရွှေးချယ်တဲ့ဆုံးဖြတ်ချက် အတွက် ကျမအပြစ်ကင်းလိုပြန်တယ်။ တစ်စုံတစ်ယောက်က နာကြင်သွားမှာ မုန်းတီးသွားမှာ ကိုတော့ ကျမမလိုချင်ခဲ့ဘူ။ ကျမက ချစ်ခြင်းတရားကို သေးကွဲစွာမမြင်တတ်အောင် ဘ၀ကခါးသီးနာကျင်စေခဲ့တာကို ။
မဆုံးတဲ့ခရီးတစ်ခုနောက်ကိုလိုက်နေရင်း ကျမဟာ နုလုံးသားမရှိတဲ့မိန်းမ တစ်ယောက်လို တစ်စုံတစ်ယောက်က စွပ်စွဲနေလိမ့်မယ်။ တစ်ချိုတစ်ဝှက်က ငွေသိပ်မက်တဲ့မိန်းမ၊ ဥစ္ဓာရူးတဲ့သူလို ဆိုလေမလား၊ ပါဝါနှင့် ဂုဏ်အဆင့်မက်တဲ့ မိန်းမလို့ ခနဲ့နေကြလေမလား၊ ဒါမှမဟုတ် နိုင်ငံရပ်ခြားမှာ နှစ်နှင့်ချီပြီးအလုပ်လုပ်ကာ မိသားစုကို ထောက်ပံ့နေတဲ့ သမီးကောင်းလေးလို ချီးမွှန်းစကားပြောကြလိမ့်မယ်။
ခုတော့ ကျမ၏အတိတ်မှာ မြို့ကလေးသေးသေးလေးတစ်ခု စိမ်းစိမ်းမှိုင်းမှိုင်းလှပတဲ့ ကမ်းခြေတစ်ခုရယ် လမ်းခပ်စုပ်စုပ်တစ်ချို ဘယ်အချိန်မဆိုဖုန်းခေါ်လိုက်တိုင်း ပျော်ရွင်နေတတ်တဲ သူငယ်ချင်းတစ်စု သာကျန်တော့တယ်။ ဟောင်းနွမ်နေတဲ့ ဒိုင်ယာရီဟောင်းများထဲမှာ ခြောက်သွေ့ဝါကျင်နေမယ့် ကျမမျက်ရည်စက်ဟောင်းများ၊ ရင်ခုန်သံ အဟောင်းများ၊ ခံစားချက် အဟောင်းတချို့ ပြယ်လုလုဖြစ်နေပြီ ထင်တယ် ။
တာဝန်တွေ ၀တ်တရားတွေ ခေတ်ရေစီးကြောင်းတွေ လူနေမှုစနစ်ကြီးတွေ ကြားထဲလုံးချာလည်လျက် ဒီနေ့လောက ကမ္ဘာမှ လွမ်းမြောက်နိုင်ပါအုံးမလား ဆိုတာကို ကျမမသိတော့ဘူး ။ ရိုးရိုးသားသားမိသားစုကို ကျမ စောဒကတတ်မီခဲ့တာကို အလှပတွေ အဆောင်အယောင်တွေ လူတန်းစေ့နေလိုမှုတွေ ပကာသနတွေ ဒီဟာတွေအတွက်တော့ရာနန်းပြည့်မဆိုနိုင်ပေမယ့် ကျမလေ ဟိုးအတိတ်ကို တွယ်ဖက်နေသူတစ်ယောက်တော့ မိမိကိုယ်ကိုမဖြစ်စေချင်ဘူး။ ရပ်တန့်နေသူ မျော့်လင့်ချက်ပျောက်နေသူ လူတစ်ယောက်ဘ၀ကို လက်မခံလိုတဲ့ အဖြစ် ဒါတွေအတွက် ကျမပေးဆပ်ရအုံးမယ် ။ ကျမ၏နေ့တွေ အချိန်တွေ ခံစားချက်တွေ အင်အားတွေ ကို ပေးဆပ်ရအုံးမယ် ။ တစ်နေ့နေ့ ကြယ်တစ်ပွင့်ကြွေကျလာနိုးနိုး ကျမစောင့်အုံးမယ် ။ သောက်မပြယ်တဲ့ ပင်လယ်ရေလိုဘဲ လူသဘော လူ့လောဘဆိုတာက ခက်တော့ခက်သား ရလေလိုလေ ဖြစ်နေတယ်။
လက်ရှိမွန်းကျပ်မှုတွေကို မျိုသိပ်လျက် ဟောဟိုမိုးကောင်းစက်ဝိုင်းကြီးအပြင်က အချစ်စစ်တစ်ခုကို အိမ်မက်ချင်ပါတယ်လို ကျမကပြောမယ်ဆိုရင် ဟိုးအမြင့်ကကြယ်တစ်ပွင့်ကို တစ်ရေးနိုးတိုင်း လိုချင်တက်မက်စွာ စောင့်စားတတ်သူတစ်ယောက် ရင်ခုန်တတ်သူတစ်ယောက် ကျမလေ မျက်ရည်တွေကို မုန်းတဲ့သူပါသတဲ့ ။