Monday, March 31, 2008

အဘူဒါဘီ(abdhubi)










အဘူဒါဘီ(abdhubi)
ဤမြို့ကလေးသည် သဲကန္တာရ အတွင်းရှားပါးလှစွာ အိုအေစစ်ကဲ့သို့ သာယာအေးချမ်းသော မြို့ကလေးဖြစ်ပါသည်။ ဒူဘိုင်းမြို့မှ ခရီးနှစ်နာရီကျော်ကာမောင်းရုံဖြင့် ရောက်ရှိပါသည်။ မြို့ပြ၏မွမ်းကျပ်မှုများဒူဘိုင်းဒ်ပြည့်နက်နေပေမယ့် နာရီဝက်မျှကားမောင်းထွက်ရုံဖြင့် ကန္တာရဆန်ဆန် လွင်ပြင်များကြားတွင် အဝေးပြေးကားလမ်းမသည် ဖြောင့်စင်းလျှက် အဘူဒါဘီသို့ခရီးအစသည်လည်း ထူးဆန်းစွား လှပနေတာကို တွေရပါသည် ။ မြို့အ၀င်တစ်လျှောက်သည် စိမ်းစိုနေသော သစ်ပင်များဖြင့် ခရီးဦးကြိုနေပါလိမ့်သည်။ ဤမြို့ဖွဲစည်းပုံသည် အလွန်စနစ်တကျဖြစ်နေသည်ကို အံသြစွာတွေရပါသည်။ လမ်းမကြီးများသည် ကျယ်ဝန်းသလောက် ရှင်းလင်းလှပပါသည်။ လူသွားလမ်းများ၊ မြေအောက်လူကူးဖြတ်လမ်းကြီးများသည် အလွန်တစ်ရာခန်းနားစွာ ဆောက်လုပ်ထားသည်။ bus လုံးဝမရှိသော မြို့တော်ဖြစ်ပါသည်။ taxi ကားများသည် ဒူဘိုင်းထက် အများကြီးဈေးသက်သာပါသည်။ ရှည်လျားသော ကမ်းခြေတစ်လျှောက်ပန်းခြံများ ရေပန်းများ အနားယူအပန်းဖြေရန် ဆောက်လုပ်ထားသော နေရာများစွာဖြင့် မြို့ကမ်းနားဘေးတစ်လျှောက်သည် အလွန်စည်းကားလှပါသည်။ ကျွှန်းပေါင်းများစွာသည် ကမ်စပ်နံဘေးနှင့် နှီးကပ်စွာ တည်ရှိသဖြင့် shapping mall တစ်ခုကို ကျွှန်းပေါ်တွင်ဆောက်လုပ်ထားသလို ကမ်းစပ်နားဘေးတွင်သိပ်ကို လှပသော ခမ်းနားသည့် နန်းတော်ကြိးတစ်ခုကိုလည်း ဆောက်လုပ်ထားပါသည်။ စိမ်းစိုနေသော သစ်ပင်များ၊ ပန်းပွင့်များဖြင့် တိတ်ဆိတ်အေးချမ်းသော ဤမြို့ကလေးသည် သေးငယ်ပေမယ့် သဲကန္တာရမြိုများကြား အလွန်တည်ငြိမ်အေးချမ်းသော မြို့ကလေးဖြစ်ပါသည်။

Wednesday, March 26, 2008

ဒူဘိုင့်းမြို့(dubai)


ဒူဘိုင်းမြို့တော်ကို ပထမဆုံးဆိုက်ရောက်လာသည့် လူများအားအတွက် အထင်ကြီးငေးမော မင်းသက်စရာဖြစ်လောက်အောင် ကြီးမားခေတ်မှီသည့် လေယာဉ်ကွင်းကြီးကကြိုဆိုနေပါသည်။အချိန်နှင့်အမျှနိုင်ငံတကာမှ ခရီးသည်များ တင်ဆောင်လာသော လေယာဉ်များ အတက်အဆင်းလုပ်နေသည့် လေယာဉ်ကွင်းကြီးသည် မြို့လည်တွင်လည်းတည်ရှိပါသည်။ တစ်နာရီစာလောက် လျှောက်ရသော စင်းကြံလမ်းများဖြင့် ဤလေယာဉ်ကွင်းသည် ကြီးကျယ်ခန်းနားလှပါသည်။ ဒူဘိုင်းမြို့လယ်သည်အတော်အသင့်လှပပါသည် ။ ကျယ်ဝန်းသောလမ်းမကြီးများ တစ်ချို့နှင့် ခေတ်မှီတိုက်ကြီးအနည်းငယ်သာရှိပါသည်။ အများအားဖြင့် မြို့လယ်ပတ်ဝန်းကျင်သည် ကားများဖြင့်ပိတ်ကျပ်နေပါသည်။ လမ်းကွေ့လမ်းကောက်များစွာဖြင့်လမ်းကျဉ်းများတွင် ကားများအမြဲပိတ်မှီနေတတ်သလို့ ကားမှတ်တိုင်များတွင် taxi စောင့်နေသူများဖြင့် ပြည်နက်စည်းကားးနေတတ်သည်။ ဒူဘိုင်းဒ် taxi သည် အကြီးမားဆုံးပြသာနာ တစ်ခုအဖြစ်နေထိုင်သူများ ခံစားနေရသည်။ ဒူဘိုင်းမြို့နှင့် ကပ်၍မြို့တော်အသစ်တစ်ခုဆောက်လျက်ရှိပါသည်။ ထိုမြို့တော်သစ်သည် တစ်ကမ္ဘာလုံးကို ဖမ်းစားနေပါသည်။ ကမ္ဘာအမြင့်ဆုံးအဆောက်အဦးအပါအ၀င် အသွင်ဒီဇိုင်းဆန်းပြားလှသည့် ခေတ်မှိဆောက်လက်စမိုးမျှော်တိုက်များ မရေမတွက်နိုင်လောက်အောင် ကို တချိန်တည်းတစ်ပြီုင်တည်းတွင် ဆောက်လျှက်ရှီပါသည်။ ကျယ်ဝန်းလှသော ပင်လယ်ကမ်းခြေတစ်ခု ကို သာယာလှပစွာ ဆောက်လုပ်ထားပါသည်။ ကမ္ဘာကျော် seven star hotel ကြီးများနှင့် ကျယ်ဝန်းလှသည် shopping mall များမှာ ဤမြို့သစ်တွင်သာ ရှိပါသည်။ ဥယျာဉ်အိမ်ယာများ၊ မိုးမျှော်တိုက်တာအမြောက်အမြားဖြင့် ခေတ်ရှေ့ပြေးနေသော မြို့သစ်ဘာဒူဘိုင်းမြို့သည် အမြဲဆူညံနေသော အဝေးပြေးလမ်းမကြီးပေါ်တွင်တည်ရှီပါသည်။ ဆောက်လက်စ မိုးပျံရထားလမ်းရည်များ၊ မြေပေါ်မြေအောက်ဖြတ်လမ်းများ၊ ဂုံကျော်တံတားများအဆင့်ဆင့်ဖြင့် အနည်းငယ်အကျဉ်းတန်းနေသည်မှလွဲ၍မီးရောင်ထိန်ထိန်များအောက်တွင် ရင်သတ်ရူမောဖွယ်ရာကောင်းပါသည်။ ဒီဇိုင်းနှင့် နည်းပညာသည် နိုင်ငံ၏ကြွယ်ဝမှုအဆင့်အတန်းကို ဖော်ပြနေသလို ရာဇာဝတ်မှုကင်းဝေးခြင်း၊ အမျီုးသမီးများအတွက် လုံးခြုံရေးအပြည့်အ၀ရှိခြင်း၊ မကောင်းသည့်မိန်းမပျက်အလုပ်ကို ဒေသခံမိန်းကလေးများ လုံးဝကင်းရှင်းနေခြင်း၊ အများပြည်သူလူထုကြားဆေးလိပ်သောက်ခြင်းထားမြစ်ခြင်း၊ အရက်သေစာကို သတ်မှတ်သောနေရာများတွင်သာ စနစ်တကျ ရောင်းချရခြင်းတို့ဖြင့် မြို့သည် ဂုဏ်ကျရည်ပြည့်ဝစွာ လှပနေပါသည်။ ဘာသာတရား၏လွမ်းမိုးချယ်လှယ်မှုကို အတော်အတန်းမသိကျီုးကျွှံပြုကာ နိုင်ငံတကာနှင့် တစ်ပြေးညီ စည်းကမ်းသေ၀ပ်စွာတည်ရှိပါသည်။