Thursday, December 31, 2009

ကမ်းပါး၏ သူစိမ်း


တံခါးခေါက်သံလေးတစ်ခု သေးသေးလေး ကြားလိုက်တယ်။ အေးစက်တည်းငြိမ်းနေတဲ့ သူမမျက်နှာတွေ ချက်ချင် အပြုံးတွေပြည့်လျံဝေဆာသွားတယ်။ အဲဒီအပြုံးအောက်မှာ အရာအားလုံးကို သူမ ပြည်ဖုံးကားချ လိုက်ပြီးလို့ အဓိပါယ်ကို သက်ရောက်စေပါတယ်။

သူမရဲ့ လှပ၀ိုင်းစက်နေတဲ့ မျက်လုံးတွေက အသက်မရှိဘဲ ခံစားချက် တွေ သေဆုံးနေတယ်။ အေးစက်တဲ့ မျက်နှာမှာ အတွင်းကြေနေတဲ့ ခံစားချက်တွေကို သိုသိပ်ဖုံးကွယ်နေထားမှန်း ကျွန်တော် မြင်နိုင်ပါတယ်။ အရုပ်ကြိုးပြတ် မတတ် ပါးလပ်နေတဲ့ ခန္ဒာလေးက ဤမျှဆိုးဝါးလှတဲ့ နာကျင်ခံစားချက်တွေအားလုံး သူမ သင်ပုန်းချေနိုင်တဲ့ အစွမ်းကို ကျွန်တော် ချီးကျူးလို မဆုံးပါဘူး။ ဘာဘဲဖြစ်ဖြစ် ဒီအတွက် ကျွန်တော် သူမကို ကျေးဇူးတင်လို့ မဆုံးပါဘူး...

ကျွန်တော်ပြောတဲ့ စကားလုံးတွေကို နားတောင် နေယောင်ဆောင်ပြီး သူမ တိတ်ဆိတ်နေခဲ့ပါတယ်။ တကယ်တော့ အဲဒီအေးစက်မှုကို ကျွန်တော် ကြောက်နေတယ်။ ခံနိုင်ရည်စွမ်းမရှိဘူး။ ကျွန်တော်တို့ နှစ်ယောက်ကြားထဲ ဟိုတစ်ချိန်ကလို နွေးထွေးကြင်နာမှုတွေကို သာ ပြန်ရနိုင်မယ်ဆိုရင်လေ အခုချိန်မှာ ကျွန်တော်ဘာမဆိုလုပ်ဖို့ ၀န်မလေးပါဘူး ။ ကျွန်တော်မာန ကျွန်တော် သိဏ္ခာ ကျွန်တော်ကိုယ်မှာ ရှိသမျှ အင်အားအမျှင်အစလေး တမှုံတမွှားမကျန် ကျွန်တော် စုစည်းညစ်ထုပ်ပြီး လက်ရှိအခြေနေတစ်ခုလုံးကို ကျွန်တော် ပြောင်းလှဲပစ်လိုက် ချင်ပါတယ်။ ဒူးထောက် တောင်းပန်းလိုသာ ကျေနပ်မယ်ဆိုရင် ၊ ကျွန်တော်ကိုယ်အစိတ်အပိုင်းတစ်ခုခုကို နာကျင်အောင် လုပ်လိုက်မှ သူမကျေနပ်မယ်ဆိုရင် သူမခြေရင်းထိ ကျွန်တော်ကိုယ်ကျွန်တော် အောက်ချပစ်လိုက်မယ်။ ခုတော့ ကျွန်တော် ချစ်သော ကျွန်တော်ကို အလွန်ချစ်သော သူမကို စက်ရုပ်တစ်ခုဖြစ်လောက်အောင် ကျွန်တော်က နာကျင်စေခဲ့ပါသတဲ။ တရားခံက ကျွန်တော် ကိုယ်တိုင်ဘဲ ဖြစ်ပါသတဲ့ ...

ကျွန်တော် စိတ်ထဲရှိသမျှ တင်းတင်းကြီး သူမကို ဖက်ထားမိတယ် ။ဒါပေမယ့် ကျွန်တော် သူမကို မနမ်းရဲဘူး။ သူမမျက်နှာလေးကို ကျွန်တော် မနမ်းရဲလောက်အောက် ကျွန်တော် အပြစ်ရှိသူ တစ်ယောက်လို ခံစားနေမိတယ်။ ကိုယ်မိန်းမတစ်ယောက်ရှေ့မှာ အပြစ်သားတစ်ယောက် ဖြစ်နေခဲ့ပြီး။ အိုဘုရားသခင် ကယ်တော်မှုပါ။ တစ်ချိန်ကတော့ သူမက ပြောဖူးတယ်။ `` မောင်ဟာ ကျမရဲ အိမ်ဦးနတ်တဲ့ မောင်ဟာ ကျွန်မတိုမိသားစုလေးအတွက် ခိုင်ခံတောင့်တင်းတဲ့ သစ်တစ်ပင်တဲ့´´ သူမကတော့ အဲဒီသစ်ပင်ကို ပိုင်တဲ့ ခြံပိုင်ရှင် လို တီတီတာတာ စကားလုံးပေါင်းများစွာ ပြောခဲ့ဖူးပါတယ်။သူမမြှောက်ပင်ခဲ့လို့ ကျွန်တော် ဘ၀င်တွေမြင့် နိုင်ထက်စီးနှင်း သူမကို ပြန်လုပ်ခဲ့မိတာ ထင်တယ်။

တကယ်တော့ သူမသာလျှင် ကျွန်တော် အတွက် နတ်ဖုရားမတစ်ပါး အစစ်မှန် ဖြစ်ကြောင်း နားလည်း လိုက်ပါပြီး ။ ကျွန်တော်ဘ၀အတွက် သူမ မရှိလို မှ မဖြစ်တာ။ သူမပျောက်သွားမှာကို သေမလောက် စိုးတယ် ။ သူမ ကျွန်တော်ဆီက ထွက်ပြေးသွားမှာကိုစိုးရိမ်တယ် ။ ဒီခါးသီးတဲ့ နင်ကြင်မှုတွေကို ပိုက်ပြီး သူမ ထွက်ပြေးတိမ်းရှောင်သွားမှာစိုးတယ်။

သူမသာ အပြစ်စကားတွေ ဆိုခဲ့မယ်ဆိုရင် ညပေါင်းများစွာ နားထောင်ချင်ပါတယ်။ သူမသာ ရိုက်နိုက် ခဲ့မယ်ဆိုရင်လည်း ကျွန်တော် ကျေနပ်စွာ ခံလိုက်မယ်။ သူမဘာလုပ်လုပ် ဘာပြောပြော ကျွန်တော် နားထောင်ချင်ပါတယ်။ သူမနှစ်သက်သော ကျွန်တော် ဘာမှနားမလည်းသော မခံစားတတ်သော စာရေး ဆရာတွေရဲ့ အမှုအကျင့်တွေ၊ သူမနှစ်သက်သော ပန်းအရောင်မျိုးစိတ်တွေ၊ အလှအပ ဖက်ရှင် ဒီဇိုင်းတွေ၊ တွေ့သမျှ ဆင်းရဲသားများအပေါ် သနားတတ်တဲ့ ခံစားချက်တွေကို ကျွန်တော် ပျော်ပျော်ကြီး နားထောင်ချင်ပါတယ်။

သူမငိုညည်းမယ်ဆိုရင်လည် ကျွန်တော် ဂီတသံတစ်ပုဒ်လို နားထောင်ချင်ပါသေးတယ်။ ငိုကြွေးနေတဲ့ ကလေးတစ်ယောက်လိုဘဲ သူမကို ကျွန်တော် နှစ်သိမ့်ချော့ပစ်လိုက်ချင်တယ်။ ခုတော့ သူမရဲ့ အေးစက်မှုကြီးက ကျွန်တော်ကို တုန်လုပ်ခြောက်ခြားစေတယ်။ သူမ၏တိတ်ဆိတ်မှုက ကျွန်တော် ကျောပြင်ကြီးကို စိုးရိပ်မှုတွေ အထပ်ထပ် တုန်ရီလာစေတယ်။ နာရီပေါင်းများစွာ ကျွန်တော်တောင်းပန်ပြီး သူမမျက်နာ အပြောင်းအလှဲကို အလွတ်တမ်း ကြည့်နေခဲ့တယ်။ ဘာစကားမှမဆိုဘဲ ကျွန်တော်ကိုသူမ ပြန်ဖက်လိုက်တယ်။ အဲဒီအခိုက်အတန့်လေးမှာဘဲ ကျွန်တော် သေဆုံးသွားပါတော့တယ်။ ကျွန်တော် ဘ၀က အရှင်လတ်လတ် သဂြိုလ်ခံလိုက်ရပြိး....သူမရဲ့အဝေးဆုံးအရပ်က ဟိုဘက်ကမ်းတစ်ဘက်ဆီကို အပိုခံလိုက်ရပြီး။ သူမအတွက် ကျွန်တော်ဟာ သူစိမ်းတစ်ယောက် ဖြစ်သွားပြီးဆိုတာ နားလည်လိုက်ပါတယ်...

အခု ကျွန်တော်ဟာ သူမရဲ ခိုကိုးစရာ သစ်ပင်ကြီးတစ်ပင် မဟုတ်တော့ပါဘူး။ ကျွန်တော်ဟာ သူမရဲ အလှစိုက် ပန်းအိုးတစ်လုံးလိုဘဲ သူမဘ၀အတွက် စိုက်ထားတဲ့ သစ်တစ်ပင် ဘ၀ ရောက်သွားပြီး။ သူမ ကျွန်တော်ကို ခွင့်မလွတ်ဘူး။ သူမ ကျွန်တော်ကို လည်း လက်လွတ်အဆုံးရှုံးမခံဘူး။

တံခါးခေါက်သံ သဲသဲလေးကြားလိုက်တယ်။ ကျွန်တော်ရဲ သမီးကလေး ကျွန်တော်တို့ဆီကို ပြေးလာတယ်။ ရက်ပြောင်းများစွာ ပျောက်နေတဲ့ အဖေကိုတွေ့ချင်လွန်းလို့ အိပ်နေရာမှ ထလာတယ်။ သူမက သူမရဲ့ တစ်ဦးတည်းသော သမီးလေးအတွက် သမီးလိုချင်နေသော အဖေကို ပြန်ခေါ်လာနိုင်ခဲ့တဲ့ အပြုံး ၊ သမီးရှေ့မှာ သမီးလိုချင်တာကို လုပ်ပေးနိုင်တဲ့ အပြုံးနှင့် ပြုံးပြလိုက်တယ်။ ကျွန်တော်အိမ်မက်ဆိုးတွေ လုံးဝပျောက်ဆုံးသွားပါပြီး။

ကျွန်တော် က သမီးလေးအတွက်တော့ သစ်ပင်မြင့်မြင့်ကြီး တစ်ပင် ဖြစ်နေချင်ပါသေးတယ်......


မယ်မဒီ

Saturday, October 31, 2009

ကမ္ဘာပျက်မယ် ဆိုရင်ပေါ့.



တကယ်လို့ ကမ္ဘာပျက်မယ် ဆိုရင်ပေါ့... အင်းတွေးစရာတွေက တစ်ပုံကြီးပါပဲ. အတွေးတွေကို ထက်ခြမ်းခြမ်းရတော့ မယ်ထင်တယ် ။ ကျမက စိတ်ကူးယဉ်တဲ့အပိုင်းကိုပဲ ဦးတည်ခရီးဆက်သွားမယ်။

ကမ္ဘာပျက်တော့မယ်ဆိုရင် ကျမတို့ ကမ္ဘာသစ်ကို ကြိုဆိုရုံပေါ့ရှင်... ဟောင်းနွမ်းစုတ်ပြတ်သတ်နေတဲ့ ဟော့ဒီကမ္ဘာကြီးကို စွန်ခဲ့ကြတာပေါ့... ကမ္ဘာဟောင်းမှာ အကျင့်ဟောင်းတွေ အယူဆဟောင်းတွေ နှင့်အတူ မကောင်းတာဟူသမျှ ကျမတို့ အကုန်လုံးစွန့်ခဲ့ကြတာပေါ့...

၁။ ဘယ်သူတွေနဲ့ရှိနေချင်လဲ..

ဘယ်သူတွေနဲ့ ရှိနေသလည်းဆိုတဲ့ မေးခွန်းကို မဖြေချင်ပါဘူး ။ ကိုယ်ချစ်သူကို ဘေးနားမှာ အဆင့်သင့် ရှိနေခိုင်းမယ်။ ကျမတို ကမ္ဘာသစ်ထဲက ဧဒင်ဥယာဉ်ထဲကို သွားမယ်လေ.. အသစ်စစလူသားတစ်ယောက်အဖြစ် စတင်တဲ့အချိန်မှာ အသစ်စစ အချစ်တစ်ခုကို ဖြူဖြူစင်စင် စတင်ချင်ပါတယ်။ ချစ်သူနှစ်ယောက်ကြား ခွဲခြားဆက်ဆံနိုင်စေတဲ့ အရောင်တွေကို ကျမစွန့်ခဲ့မယ်။ အလွှာ၊ ဂုဏ်ဓန စသည့်ဖြင့်ပေါ့လေ အားလုံးကို စွန်လိုက်မယ်။ ချစ်တတ်တဲ့ ရင်ဘတ်တစ်ခုကိုဘဲ ဧဒင်ထဲကို သယ်လာခဲ့မယ်။

၂။ဘာတွေခံစားနေရမလဲ..

ရင်ခုန်နေမှာပေါ့ရှင်… သိပ်ကိုသေချာတယ်။ ဧဒင်ထဲကို ၀င်မယ့် အသစ်စစ လူသားတစ်ယောက် ဖြစ်ခွင့်ရဖို့ ရင်တွေသိပ်ကိုခုန်နေမှာပေါ့… ကမ္ဘာဦးမှာ လူတွေမဖန်တီးဘဲ တည်ရှိနေပါတယ်ဆိုတဲ့ ဧဒင်ဥယာဉ်ဆိုတာ ဘယ်လို မျိုးလည်းဆိုပြီး လျှောက်ပတ်ကြည့်ချင်လို့ စိတ်တွေ လောနေတယ်။ လူတွေမဖန်တီးဘဲ သဘာဝအတိုင်းတည်ရှိနေတဲ့အရာတွေကို ဦးစွာပထမ ကြည့်ခွင့်ရမယ့် အခွင့်ရေးဆိုတာ နည်းတဲ့အခွင့်ရေးမှ မဟုတ်တာရှင်။

၃။ ဘာတွေပြင်ဆင်ထား

ပိုင်ဆိုင်တာအားလုံးကို စွန့်လွတ်ဖို့ အဆင်သင့် ပြင်ဆင်နေမယ်။ လိုချင်တက်မက်မှု ၊ မနာလို ဖြစ်မှု ၊ မာနတရား၊ စွဲလန်းမှု၊ ပူပင်သောက တွေအပြင် လူသားပီသနေစေတဲ့ တဏာမီးတွေအားလုံးကို စွန့်နိုင်စေဖို့ ကျမ လေ့ကျင့်နေမယ်။ ကမ္ဘာဟောင်းက အကျင့်တွေ မပျောက်ပျက်ဘဲ ကျန်နေမှာစိုးလို့။ ကျမအတွက်လည်း ကမ္ဘာဦးသမီးပျို ၀တ်စုံတစ်စုံလောက် ရှာဝယ်ရအုံးမယ်.. ၀တ်လှစ်စလှစ် ပိတ်စပါးပါးလေး ကို ပတ် ပန်းလေးတစ်ပွင့် ပန်ထားတာမျိုးတော့ ကျမ ပုံတွေ မြင်ဖူးတယ် ။ ကျမက ပန်းလည်းမပန်တတ်ဘူး ။ ကမ္ဘာပျက်တဲ့အချိန်မှာ ကျမက အဆင်သင့် အဲဒီဝတ်စုံကို ၀တ်ပြီးသား ဖြစ်နေစေရမယ်။

၎။ ၀မ်းနည်းမိမှာက

ဒီကမ္ဘာပျက်စီးသွားရင် ပျက်စီးခြင်းထဲကို ပါဝင်သွားမယ့် ဘုရား၏ တရားတော်၊ ခေတ်အဆက်ဆက်က လူအသက် ပေါင်းမြောက်မြားစွာကို စတည်းပြီး တည်ထောင်ခဲ့ကြတဲ့ မြို့ပြတွေ၊ လူတို့၏ ပူဇော်ပသခံ အနှပညာလက်ရက်တွေ ၊ လူသမိုင်းကြောင်းကို ဖော်ညွန်းထားတဲ့ ပြတိုက်တွေအတွက် နှမြောမိတာအမှန်ဘဲ ။ ကျမက ဒီကမ္ဘာက မခွာရသေးတော့လည်း ကမ္ဘာသူလေး ပီသစွာ နှမြောတွန့်တိုတဲ့အကျင့် ခုတိတော့ ရှိနေသေးတာအမှန်ဘဲ။


၅။ကြောက်လန့်မိတာက..

ဒီ ကမ္ဘာကို ခေတ်အဆက်ဆက်က ပျက်စီအောင်လုပ်ခဲ့ကြတဲ့ လူဆိုးသူခိုးတွေ ကမ္ဘာသစ်ထဲ့ ပြောင်းရွှေ့လာမှာကို အကြောက်ဆုံးပဲ ။ သူတို့ကို ကျမက အလိုမရှိဘူး ။ စစ် နှင့် ဘာသာတရားက လူတွေကို ဖျက်စီးနေတယ်လို့ ကျမက မြင်တယ်။ လူလောဘ က တဆင့်ပွားလာတဲ့ အာဏာပါဝါတွေကြောင့် လက်ရှိကမ္ဘာစုတ်မှာ စစ် တွေ ဖြစ်ကြတယ်။ ဘာသာတရားတို့၏ အယူကြီးမှုကြောင့် အတ္တလွန်ကဲ့တဲ့ ဘာသာရေးစစ်တွေကို ကျမ ကမ္ဘာသစ်ထဲ ထပ်ဖြစ်လာမှာကို စိုးတယ်။ လူတစ်ယောက်၏ အသက်ကို တန်ဖိုးထားတဲ့ ကမ္ဘာသစ်လေး ဖြစ်ချင်တယ်။ မိန်းမတစ်ယောက်ရဲ့  တန်ဖိုးကို လူသားတစ်ယောက်၏ တန်ဖိုးဖြင့် တိုင်းတာတဲ့ ကမ္ဘာသစ်လေး
ဖြစ်ချင်တယ်။ လူအဆင့်တန်းခွဲခြားမှုတွေ မရှိချင်ဘူး။

၆။ဆောင်ထားချင်တာ..

ဆောင်ထားချင်တာက ဓါတ်လုံးတစ်လုံး ဒါမှမဟုတ် မှော်အတတ်တစ်လက်ကို ဆောင်ထားချင်တယ်။ ပြီးတော့ ဧဒင် အ၀င်ဝမှာ အခမဲ့ တာဝန်ထမ်းမယ်။ ၀င်လာသမျှ လူတွေကို စစ်ဆေးမယ့် ကြီးကျပ်ရေးမှူး တာဝန်ကို နေ့မအား ညမအား ထမ်းဆောင်မယ်။ ကျမက ဖန်ဆင်းခြင်းဆိုတာကို လက်မခံတော့လည်း ပင်ပန်းခံရတော့မပေါ့ရှင်။ အသားအရောင်မတူတဲ့ ဖန်ဆင်းခံရမှု၊ ဆင်းရဲခြင်း ချမ်းသားခြင်းတွေ တန်းမတူညီမျှမှု၊ အသိညဏ်မတူညီတဲ့ ဦးနှောက်များပိုင်ဆိုင်မှု၊ အတွေးခေါ်များလွန်ကဲ့ နက်နဲ့စွာ
တွေးခေါ်တတ်သူများ အား ကျမက ဓါတ်လုံးတစ်လုံးဖြင့် အားလုံးကို တန်းတူညီမျှ ဖြစ်စေမယ်။

၇။ဘာတွေရေးမိမလဲ..

စာတွေရေးမှာပေါ့ရှင် ။ ကဗျာတွေရေးမယ်။ သီးချင်းတွေ ရေးမယ် ။ တဂိုး ၀ိညဉ်လေးများ ငှားလို့ ရမယ်ဆိုရင် အချစ်ကဗျာလှလှလေးတွေ ပင်လယ်ကမ်းဘေးမှာ ထိုင်ရေးချင်ပါတယ်။ တဂိုးလိုမျိုး အသိညဏ်တွေ ကြွယ်ဝနေရင်တော့ ကျမ်းတစ်အုပ်လောက်ရေးချင်တယ်…

ဂ။တွေးမိတွေးရာ အတွေး

ဗယ်ဆင့်ဘင်ဂိုလိုမျိုး စတေးခံလူသားတွေအတွက် ကျမက ညစာလေး ပြင်ဆင်ချက်ပြုတ်ပေးချင်တယ်။ ငတ်ပြတ်ဆင်းရဲတွင်းထဲ သေဆုံးသွားတဲ့ လူတွေကို ညစာပါတီလေး ကိုယ်တိုင်ကိုယ်ကျ ပြင်ဆင်ပေးချင်တယ်။ ၀ိညဉ်များနှင့် ကခုန်ခြင်းတော့ မဟုတ်ဘူး ၀ိညဉ်များနှင့် ပျော်ရွင်ရယ်မောခြင်းပေါ့ လေ။ အားလူး မီးဖုတ်တော့ လုပ်ဖြစ်အောင်လုပ်မယ် ကြယ်တွေငိုတဲ့ လူတစ်ယောက်ကို စာအုပ်ဖတ်ရင်း သနားခဲ့မိလို့။

၉။ဂုဏ်ယူချင်တာက

အင်း ဂုဏ်ယူချင်တာက ဆိုတဲ့ စာလုံးတွေက လှောင်ပြောင်နေသလိုဘဲ ။ ကျမဘာမှာ ဂုဏ်ယူစရာကောင်းတဲ့ အလုပ်တစ်ခုမှ လူတွေအတွက် မလုပ်ပေးခဲ့ပါဘူး ။ ဒါက ရိုးသားစွာ ၀န်ခံတာလေ။ ဒါပေမယ့် ကျမ ဒီကမ္ဘာမြေပေါ်မှာ အသက်ရှင်လာရတဲ့ ကျေးဇူး ၊ လူဖြစ်လာရတဲ့ ကျေးဇူး၊ ကျမအမေ ဆက်ပေးခဲ့တဲ့ အသက်တစ်ချောင်းအတွက် ကျမက မမေ့တတ်တာလေးဘဲ ကျမ ဂုတ်ယူရ တော့မှာပေါ့ရှင်… တစ်ခုတော့ရှိတယ် မယ်မဒီကို ပစ်ချပေးလိုက်တဲ့ လောကဘုံလေးက သိပ်ကောင်းတဲ့နေရာလေး မဟုတ်ခဲ့ပေမယ့် မယ်မဒီက ကျလာတဲ့နေရာမှာ ခေါင်းငုံမခံဘဲ အာခံခဲ့တာကို ဂုဏ်ယူချင်ပါတယ်။ ကမ္ဘာ နှင့် ငါ ဘယ်သူပိုစောင်း မလည်းဆိုတဲ့ လူစားမျိုး ဖြစ်ရတာ ဂုဏ်ယူတယ်ရှင့် ….

၁၀။ရှာကြံဖြေသိမ့်မိတာက

ဆင်းရဲတွင်းထဲ တွင်းဆုံးကျနေသေးတဲ့ တိုင်းပြည်တွေအတွက်တော့ လွတ်မြောက်ခြင်းပေါ့ရှင်။
လူသားတိုင်း ခံစားခွင့်ရှိတဲ့ ရပိုင်ခွင့်တွေ မရတဲ့လူတွေအတွက်တော့ ကောင်းတာပေါ့ရှင်… ကမ္ဘာကန်ထဲကို လူတစ်စုဘဲ ခပ်ပြီးသောက်နေကြတာကို ။

၁၁။ကျူးရင့်ချင်တဲ့ ဥဒါန်း

ငါသည် ဤဘ၀မှ ကျွတ်လွတ်နိုင်မည်ဆိုပါက တစ်စုံတစ်ယောက်က ဖန်ဆင်းပေးနိုင်မည်ဆိုပါက ၊ ငါသည် မည်သည့်အလုပ်ကိုမှ အသက် ဆက်ရန်အတွက် မလုပ်ချင်သူ ဖြစ်ပါသည်။ ငါသည် မည်သူနှင့်မှလည်း ၀တ်ကျေတန်းကျေး စကားမျိုး ပြောခြင်း ဆက်ဆံခြင်းတွေ မလုပ်ချင် သူဖြစ်ပါသည်။ ငါသည် အလေ့အကျင့် ဖြင့် ပြုံးပြ နှုတ်ဆက်နေရသော ဘ၀ကိုလည်း မုန်းတီးနေသူ ဖြစ်ပါသည်။ ငါသည် လူမဖြစ်ချင်တော့ သူ တစ်ယောက် သာ ဖြစ်ပါသည်။ ဤသို့ ကျူးရင့်ခွင့်ရှိသည်ကိုပင် ဤပိုစ်လေး တက်လာတဲ့ မနှင်းကို ကျေးဇူးတင်ပါတယ်ရှင် ။ စိတ်ထဲရှိတာ အားလုံးရေးချလိုက်တော့လည်း ကျမရင်ဘတ်တွေ ပေါ့ပါးသွားပါတယ်။

အောက်မှာ သီချင်းလေးတစ်ပုဒ်က သိပ်ကို စိတ်ကူးယဉ်ချင်စရာကောင်းတာမို့ တင်ထားပေးပါတယ်။ နလုံးသားနှင့် နားတောင်ပါရှင်....ကမ္ဘာသစ်မှာ နေခွင့်ရမယ်ဆိုရင် ကျမအဲလိုဘဲ နေချင်လို့ပါ




ဓါတ်ပုံလေးကိုတော့ ဒီဆိုဒ်လေးက နေ ကူးယူထားပါတယ်ရှင် http://www.wga.hu/art/d/durer/2/13/2/042.jpg

Friday, October 9, 2009

တိမ် ကဗျာ ၃

တိမ်တွေအလည်လာခိုက်
တိမ်သားကို ထွင်းထု အရိပ်ကို အစစ်လိုထင်ခဲ့တယ်။

သင်ခါရဆိုတဲ့ စကားအောက်
တိမ်တစ်ဆုပ် ငါဆီကို ပြေးဆင်းတယ်
မိုးတဲ့
ပြေးဖမ်းမရတဲ့ အဆုံး
မိုးထဲမှာပဲ ပျော်ပစ်လိုက်တယ်….



မယ်မဒီ
၈.၁၀.၂၀၀၉(တစ်နှစ်ပြည့်)

Saturday, October 3, 2009

ကဗျာမည်သော ည

သာလွန်းတဲ့ ညကဘဲ ဖျားယောင်းလေသလား သီတွင်းကျွတ်လပြည်ဆိုတဲ့ အသိတရားကပဲ ကျမကို နိုးဆော်လေးသလား ကျမရင်ဘတ်ထဲ လိပ်ပြာတစ်ကောင် ၀င်ပူးတယ်။ အဖြူရောင်လွှလွှ အရိပ်ထင်တဲ့ လိပ်ပြာအသွင်က ပြုံးစစ၊ မှုံကုပ်ကုပ် ဂွတိဂွကျ၊ ကဗျာမဆန်းတဲ့ စကားတွေကိုပြောပြီး ရစ်ဝဲ၀ဲ ရစ်ဝဲ၀ဲ ကျမ ည သန်းခေါင်ယံမှာ အတောင်တွေ နားမဆန်အောင် တိုးဝှေလို့ လာပြန်တယ်…သူကပြောတယ်...

….ချစ်တယ်တဲ့ …

ကဗျာဆန်လိုတဲ့ကျမက ညကို ကဗျာဖြင့်အလှဆင်ချင်တယ်။ ကဗျာမဆန်သော ညက ချစ်ခြင်းတရား စီးဖြန်းကာ အရာခပ်သိမ်း လှပခြင်းများဖြင့် ပတ်ဝန်းကျင်တစ်ခုလုံး ဖုံးလွမ်းသွားစေတယ်။ လရောင်အောက် ဒီညသည် တီးတိုးစကားတို့ မဆိုဘဲ ၊ ကြယ်များဖြင့် တောက်ကာ လတစ်စင်းသည် ပိုလှပ၍နေပါသည်။ သို့သော် အခန်းထဲရှိ ကွန်ပျူတာစက်ခလုပ်များပေါ်တွင် ညဟာ အပြင် ပတ်ဝန်းကျင်ထက် ပို၍ လှပနေပါတယ်ဟု ကျမကထင်တယ်။ နံရံများ စာကြည့်စားပွဲများ အခန်းထဲရှိ ဗီဒို ၊မှန်တင်ခုံ၊ အရာခပ်သိမ်းသော မြင်လေရာတို့သည်လည်း လှပနေသည်ဟု ကျမထင်ပါသည်။ ကျမပြုံးနေသည်ဟု ကျမကိုယ် ကျမထင်သည်။ အပြင်မှ လာသော ကားသံ စကားသံများသည်လည်း ဆူညံ သည်ဟု ကျမကမထင် ကားလမ်းဘေး၌ နေရသော ဒုက္ခကို သည်နေ ကျမမေ့ပျောက်၍ နေနိုင်သည်။ ပျော်ရွင်၍ သာ ကျမ နေသည် ။ဖြူသော လိပ်ပြာတစ်ကောင်း၏ စကားလုံးများသည် သံဇဉ်များထက် ပို၍ ကျမနား၌ ချိုမြိန် ခမ်းနားလို့ နေပြန်သည်။ အေးစက်နေတတ်သော အခန်းအား အပြစ်တင်စကားတစ်ခွန်မှမဆို ကျမ၏လက်ချောင်းများ မနားမနေလှုပ်ရှားကာ ကဗျာဆန်သော စာတစ်ပုဒ်ကို ဤလိပ်ပြာ၏ အတောင်ခပ်သံများဖြင့် ပြီးဆုံးရန် ကြိုးစားနေမိတော့သည်…..

ကျမချစ်တတ်နေပါသလား… အချစ်ကို တွေရှိနေပါသလား… သို့တည်းမဟုတ် ညဟာ ကျမကို မှော်တစ်လက်ဖြင့် ပြုစားနေပါသလား … အရာအားလုံး ရောနှောနေသည်ဟု ကျမထင်မိသည်။ ကျမအသိတရားတို့ လွင့်စွင့်ကာ ထိန်းချူပ်နိုင်စွမ်းတို့ ပျောက်ဆုံးနေသည်ကို…

အို လမင်းရေ ငါ့တသိ ငါ့တသက် အကြိမ်းပေါင်းမျာစွာ လပြည့်ညတို့ ငါဖြတ်သန်းခဲ့ဖူးပါလျက် ဒီနေ ဒီရက် ဒီညလေးက ဘာကြောင်းများ ပိုလင်းလက်နေဟု ငါထင်မိနေပါသလည်း။ လင်းထိန်တောက်ပနေတဲ့ လရိပ်အောက် အိပ်ပျော်နေတဲ့ ဟိုးအဝေးက လတစ်စင်း ရင်ခုန်သံကို ငါကြားနေရသလိုဘဲ ။ အလှနှင့် မှုးယစ်ပျော်နေတဲ့ ငါညတွေ လွမ်းဆွတ်သတိရခြင်းများစွာကို ကဗျာဝတ်ရုံလေးတစ်ထည် ကိုယ်မှာဝတ်ပြီး အိပ်လိုက်တော့မယ်။ ကျမအိပ်မက်တွေ ကဗျာဆန်နေပါစေ…



မယ်မဒီ
သီတွင်းကျွတ်အမှတ်တရ)
၃.၁၀.၂၀၀၉

ကျမနှင့် ရာနှုန်းပြည့်




ကန့်သတ်ချက်ပေါင်းမြောက်များစွာထဲ အသက်ရှင်ခွင့် လူအဖြစ်ကို ကျမထူးဆန်းသည်ဟု မဆိုလိုချင်ပါ။ သို့သော် လူသားတစ်ဦးဖြစ်ရခြင်းအပေါ် လူတိုင်းမုန်းတီးနာကျင်နေကြရခြင်းကိုသာ ထူးဆန်းလွန်းသည့်ဟု ဆိုချင်ပါသည်။ လူဖြစ်နေရခြင်းအတွက် လူတစ်ဦးတစ်ယောက် အသက်ဆက်ရှင်နိုင်ဖို့ အင်အားများ အဆမတန်လိုအပ် ပါသည်။ ခံနိုင်အားရှိသည် ဖြစ်စေ မရှိသည် ဖြစ်စေ ကြုံဆုံကြရမည်က ဧကန်မုချ သေချာပါသော်လည်း ကြောက်ရွံတတ်ကြပါသည်။ ကျမသည် ကျမ၏ မနက်ဖြန်အတွက် မသေချာမှုများကို ကြိုမြင်နေပါသောကြောင့် ကြောက်ရွံနေပါသည်။


လူဖြစ်ရခြင်းကြောင့် လူပီပနေသည်က အပြစ်ဟုဆို၍မရနိုင်ပါ။ လူဆိုသည်မှာ အတ္တများကို ပုံဖော်ပြရာ၌ အပီပြင်ဆုံး အတ္တပုံဆောင်ခဲ ဖြစ်နေသောကြောင့် လူသည် လူတစ်ယောက် ပီသနေရန်သာ လိုအပ်ပါသည်။ လူပီသရန် ဘာများလိုအပ်ပါသနည်းဟု ဂွကျကျ လူတစ်ယောက်က မေးလာကောင်းမေးပါလိမ့်မယ် ။ လူတစ်ယောက် အသက်ရှင်နေထိုင်မှုအပေါ် အပြစ်ဟု ယူဆနေမည်ဆိုပါက မိမိကိုယ်တိုင်အဆုံးစီရင် လိုက်ခြင်းက ပို၍ကောင်းမွန်ပါလိမ့်မယ်။ ထိုမှလွဲ၍ ကျမတို့ ရင်ဆိုင်ရုံသာ ရှိတောသည့်ပေါ့။


မျက်ရည်များ၊ ဆုံးရှုံးခြင်းများအောက် လက်မြောက်အရှုံးပေးကာ ဒီလောကကြီးမှ နောက်ဆုံးထွက်သက်ကို စောင့်ဆိုင်းနေသူ လူတစ်ယောက် တွက် ကျမဆီမှာ သနားလိုက်တာ ဆိုတဲ့ စကားလုံးတစ်လုံးထက်ပိုပြီး ကျမကူညီနိုင်တာ ဘာမှမရှိပါဘူး။ ကျမလည်း ရှင်သန်နေထိုင်နိုင်ဖို့အတွ အင်းအားတွေ လိုအပ်နေသူတစ်ယောက်ပါ ။ ဆုံးရှုံးခြင့်းဖြင့် ဘ၀နေထိုင်ရခြင်းကို ကြောက်ရွံနေ သူ တစ်ယောက်အတွက် အသက်ဆက်နေထိုင်ဖို့ အားအင်းတွေလိုအပ်တယ်။ အလွန်ကြီးမားတဲ့ အင်းအားတစ်ချို ကျမအသက်ဆက်ရှင်ဖို့ တကယ်လိုအပ်နေပါသည်။ လူတစ်ယောက် လူလောကကြီးထဲ အသက်ဆက်ဖို့ အောင်နိုင်ခြင်းတွေ လိုအပ်တယ်။ ယုယခြင်းတွေလိုအပ်တယ်။ နွေးထွေးကြင်နာတဲ့ စကားလုံးတွေ ကြားနိုင်ဖို့ လိုအပ်တယ်။ ပြီးပြည့်စုံ နေတဲ့မိသားစု ဘ၀ တစ်ခုကို လိုအပ်တယ်။ ချစ်ခြင်းတရားတွေ ပြည့်စုံနေဖို့လိုအပ်တယ်။ လူတစ်ယောက်အသက်ဆက်ရှင်သန်နိုင်ဖို့ မိမိကို ချစ်တဲ့သူလည်း ရှိရန်လိုအပ်သလို့ မိမိက ပြန်လည်ချစ်ခင်ရမည့်သူများလည်း ရှိနေဖို့ လိုအပ်သည်တဲ့ ….ကျမကို ချစ်တဲ့လူ ဒီလောကထဲ နည်းပါးနေသလားလို တွေးမိသလို့… ကျမက ချစ်ခင်တွယ်တာမိသူတွေလည်း တကယ်တော့ ဒီလောထဲ သိပ်များများစားမရှိခဲ့ပါဘူး…


သိပ်များလောဘကြီးမနေဘူးလားကွယ်လို့ တစ်ယောက်ယောက်ကပြောနိုင်ပါတယ်။ လိုအင်တွေ ပြီးပြည်စုံသွားးတဲ့ လူတစ်ယောက်မှ ဒီလောကထဲ မရှိပါဘူး။ လူတစ်ယောက်ထဲက လူတစ်ယောက်သာ ဖြစ်တဲ့ ကျမ၏ လိုအင်ဆန္ဒတွေ ပြီးပြည့်စုံနိုင်ပါစေသားလို့ ကျမဆုမတောင်းချင်းပါဘူး။ ဒီလိုအင်တွေ ပြည်စုံနေခြင်းနှင့် မပြည်စုံခြင်းအပေါ်မှာလည်း ကျမ မုန်းတီးမနေပါဘူး။ ကံဆိုတဲ့စကားလုံးကိုသာ ကျမသိပ်မုန်းတယ်။ နင်ကကံမကောင်းဘူးဆိုပြီး တစ်စုံတစ်ယောက်က ပြောလာမှာကို ကျမသိပ်မုန်းတယ်။ ကံဆိုတဲ့ အဖန်ဆင်းခံလူတစ်ယောက် ဘ၀ကို ကျမမုန်းတယ်။ ကျမဟာ ကိုယ်တိုင်ဖန်းဆင်းလိုသူ ဖြစ်လိုတယ် ။


လူတစ်ယောက် ဖြစ်နေပါလျှက် လူတစ်ယောက်၏ လိုအင် ဟူသမျှကို ကိုယ်တိုင် မဖြည့်စွမ်းတဲ့ ဘ၀ကို မုန်းတယ်။ တကယ် လို့များ နင်ချစ်သူက နင်ကို မချစ်ဘူး ၊ နင်ယောင်္ကျားရ ကံဆိုးလိုက်တာ ၊ နင်မိသားစုက ပြိုကွဲနေတယ် နင်မိသားစုကံဆိုးလိုက်တာ ၊ နင်ဘ၀က မစိုပြည်ဘူး နင်ဘ၀ကံဆိုးလိုက်တာ ၊နင်က မိတ်ဆွေအပေါင်းသင်းကံမကောင်းဘူး စသည့်ဖြင့် ကံဆိုတဲ့စကားလုံးတွေဖြင့် လူတစ်ယောက်ဘ၀ကို တိုင်းတာသတ်မှတ်ကြမယ့် လူတွေ အတွက် ကျမဟာ လူတစ်ယောက်ပီသစွာ အတ္တတွေကို ထွှင်း လူအဆီအနှစ်တွေကို သုံးကာ ဒီလောကထဲ ရာနှုန်းပြည့် လူပီသစွာ အသက်ဆက်ရှင်နေချင်ပါသေးတယ်…


မယ်မဒီ
(၃.၁၀.၂၀၀၉)

Sunday, September 13, 2009

အိမ်မက်ကျွံ

အိမ်မက်ဆိုတာ စိတ်ပွက်အိုင် တစ်ခု
ကမ်းခြေမရှိတဲ အိမ်မက်တွေထဲ ကူး
ငါ့ရင်ဘတ်ခုန်သံအောက် ငါကိုယ်တိုင် ခုန်ဆင်းဘူးတယ်…

အိမ်မက်နယ်ကျွံလို့ ခြေလှမ်းတွေ အကျင့်ပျက်လိုက်ပုံများ
``နေ့ ´´ နှင့် ``ည´´ ကို တံတားထိုး ကူးချီသန်းချီ
ငါ့ မျက်လုံးတွေ ညမှာ နယ်ကျွံတယ်…

ဒီလိုနဲ့ အလည်လွန်တဲ့ အတ္တ
လူတစ်ယောက် ရင်ဘတ်ကို ဆွဲထုတ်
အတိတ်ဖွင့် အချစ်ကို စစ်ချက်တင်လိုက်
သူရာဇ၀င်က ပုတ်သိုးနှံတွေ လှိုင်းထနေတာကို ဖွင့်မိခဲ့တယ်
သူက ကျမချစ်သူတဲ့....

နောက်ဆုံး အငြိမ်မနေတဲ့ အိမ်မက်
ယုံကြည့်မှုလှေတစ်စင်း
ချစ်သူစကားသံအောက်မှောက်...
`` အချစ်ဆုံးတဲ့´´
လွှန်ဆွဲနေတဲ့ သတ္တိတရားတို့
့အပျော်ထုတ်ချင်းပေါက်
ဒီငမိုက်မ ကျွံပစ်လိုက်တယ်…



မယ်မဒီ
၁၄.၉.၂၀၀၉

Thursday, September 3, 2009

အံဖတ်










စုန်းသက်တည်တဲ့ အနမ်း
ချစ်သူပြောတဲ့ နှုတ်ခမ်းဖျားမှာ
ငါဖျားနာနေတာ ကြာလှပြီး …

မျှော်လင့်ချက် ပူးကပ်တဲ့ နာရီတစ်လုံး
အလွမ်းတွေ ရွှေလျားနေလိုက်ပုံများ
ရက်တွေ နှစ်တွေ မွေးလို့

သိမ်ငယ်နေတဲ့ ကောင်းကင်မှာ
ငါမျက်လုံးတွေ ကြယ်တွေကို ရွာချခဲ့တာ ကြာပြီ …

ငါတိုင်ကိုယ် မျိုချထားတယ်
အနာဂတ်ဆိုတဲ့ ဖဲဝှက်တစ်ချပ်
ဒါပေမယ့်
ဆို့တစ်လွန်းလွန်းလို့
အသက်ရူလိုက်တိုင်း ငါ့လည်ချောင်းက အချစ်တွေဘဲ အံ့တယ်…


၎.၉.၂၀၀၉
မယ်မဒီ

Sunday, August 30, 2009

ဘက်မတူညီသော အမှန်တရား






ကျမနေထိုင်နေတဲ့ လက်ရှိ နိုင်ငံ နှင့် ကျမကြီးပြင် ရှင်သန်လာခဲ့ရာ အရပ်ဒေသတစ်ခု ကြားထဲ ကွဲပြားခြားနားနေတဲ့ အယူအဆတွေ ၊ မတူညီမှုတွေ၊ အမြင်သဘော တရားလေးတွေ မရေတွက်နိုင်အောင် ခြားနားနေတယ် ။ ဒီမတူညီတဲ့ အရာအားလုံးထဲက ရေဆိုတဲ့ အရာလေးတစ်ခုတောင် မယုံနိုင်လောက်အောင် ကွဲပြားခြားနားနေခဲ့ပါတယ်။

ကမ္ဘာကြီး၏ သုံးပုံနှစ်ပုံခန့်ဟာ ရေလွှာထု ဖြစ်နေတဲ့အပြင် နေ့စဉ်နှင့် အမျှ မရှိမဖြစ် လိုအပ်နေသော ရေကို သီးသန့် အဓီပ္ပါယ်ဖွင့်စရာ မလိုအပ်ပေမယ့် အသုံးဝင်ပုံနှင့် အကျိုးသက်ရောက်ပုံချင်းက ရေမြေသဘာဝနှင့် မြေမျက်နှာသွင်ပြင် တည်နေရာအကျယ်အ၀န်းပေါ်တွင့် မှုတည်၍ ကွဲပြားခြားနားလေသည်မှာ စိတ်ဝင်စားစရာ ကောင်းနေပါတယ်...
ကျမတို့ ရေကို ပေါများစွာ သုံးစွဲခဲ့ကြတယ်။ လိုသလောက် လည်း သုံးခဲ့ကြပါတယ်။ အလျှံအပယ်သုံးခဲ့တယ်။ သို့သော် တခါတစ်ရံတော့ အလွန်ရှားပါးစွာ လိုအပ်ခဲ့သည်မျိုး လည်းကြုံခဲ့ရတတ်ပါတယ်။ ရေပြတ်လတ်မှု ရေရှားပါးမှု ရေကြီးမှု ရေဆာမှု စသည်ဖြင့် ကြုံဆုံချိန်ရောက်တိုင်း အေးစက်ကြည့်လင်နေတဲ့ စမ်းရေလေးတစ်ပေါက်လောက် သောက်ချင်လိုက်တာ ချိုးချင်လိုက်တာ လို့ ဆုတောင်းတတ်ကြပါတယ်။ တဟုန်းဟုန်း ကျဆင်းနေတဲ့ ရေတံခွန်ကြီးအောက်မှာ အေးစက်နေတဲ့ ရေကို မြင်လိုက်ကြားလိုက်ရတဲ့အချိန်မှာ ကျမတို့အမောပြေသွားတာဘဲလို့ စကားဆိုတတ်ကြပါတယ်။ တောနက်ကြီးထဲက အေးစက်နေတဲ့ ကျောက်စက်စမ်းရေ မရှိတဲ့ မြို့ပြမှာတော့ ရေစည်အတွင်းကရေ အုတ်ကန်အတွင်းက လောင်ရေ ရေအေးလေးတွေကို တပ်မက်ကြပါတယ်။

တချိန်ကတော့ ကျမအမေက ရေနွေးလေးနဲချိုးလိုက်ပါအုံး။ ကိုယ်လက်ကိုက်နေတယ်ဆိုရင် … ဆောင်တွင်း ရေနွေးလေး တည်ပြီးချိုးနော် အအေးပတ်အုံးမယ် … အောင်မလေးရေနွေးနဲ့ မချိုးနဲ အတွင်းကအပူတွေ မထွက်ဘူး … ရေအေးလေး လောင်းချိုးလိုက် အပူထွက်လာရင် မအေးတော့ပါဘူး …ဆိုတဲ့ စကားမျိုးတွေနှင့်လည်း ကျမတို့ ရင်နှီး ကြီးပြင်း လာခဲ့ကြပါတယ်။ ဒါတွေကို တရားသေ ယုံကြည်စရာ မှတ်သားစရာ လိုက်နာစရာ ဆိုရင် လူမျိုးတစ်ခု၏ စရိုက် နေထိုင်ရှင်သန်မှုသာဖြစ်ပါတယ်။ မြန်မာနိုင်ငံကဲ့သို့ ရေမြေသဘာဝ နှင့် ရာသီဥတုအတွက် မှန်ကန်နေပါတယ်။ ဒါပေမယ့် ကျမတို့ မြန်မာနိုင်ငံထဲက ထွက်ခွာပြီး တခြားအသွင်မတူညီတဲ့ ပတ်ဝန်းကျင်ကို ရောက်ရှီလာမယ် ဆိုရင် ဟိုအရင်က လက်ခံခဲ့တဲ့ အမှန်တရားတွေ ပြောင်းလှဲသွားပါတော့တယ်၊ အဲဒီအမှန်တရားတွေ ပျောက်ကွယ်သွားပါတယ် ...

ယနေ့ကျမရောက်၇ှိနေတဲ့ အရှေ့အရှေု့အလယ်ပိုင်း ရေမြေ ရာသီဥတု အတွက် သဘာဝကပေးထားတဲ့ ရေ၏တန်းဖိုးဟာ ကျမတို့သိခဲ့တဲ့ ရေ၏တန်းဖိုးနှင့် လုံးဝကွဲပြားလို နေပါတယ်။ ရေတွင်း၊ ရေကန် ၊ မြစ်ချောင်း အင်းအိုင်း ပေါများစွာ ရှီတဲ့ ကျမတို့ မြန်မာပြည်မှာ ရေကို လိုသလောက်ရနေတဲ့ အတွက် တန်းဖိုးမထားတတ်ကြပါဘူး။ ရေတစ်စက် တစ်ပေါက် မလောင်းဘဲ ပေါက်ရောက်နေတဲ့ သစ်ပင်ခြုံနွယ် တောတန်းတွေ သစ်ပင်ကြီးတွေ ပေါက်ရောက်နိုင် တဲ့ မြန်မာပြည်မှာ ရေဟာ မြေကြီးထဲမှာ ပေါများစွာ ရှိနေသလို့ ဒီအရှေအလယ်ပိုင်းဒေသတွေမှာ ရေဟာ ပေါများစွာ ရှိမနေတာ ထူးဆန်းစရာကောင်းပါတယ်။ အစေ့ချတိုင်း အပင်ပေါက်နိုင်တဲ့ မြန်မာပြည်က မြေဆီတွေလိုဘဲ လို့ ထင်လာခဲ့တဲ့ ကျမတော့ ဒီနိုင်ငံမြေကြီးမှာ မြေဆီမြေသား တစ်စတစ်ပဲ့မှ မရှိတဲ့ သဲမှုန်သဲမွှားတွေကို သာ အံသြစွာ တွေရခဲ့သလို့ ။ နီရဲပူလောင်နေတဲ့ မြေလွှာနဲ့ ခြောက်သွေ့ ပူလောင်နေတဲ့ ပတ်ဝန်းကျင်မှာ သစ်ပင်ဆိုတာ စိန်တစ်ပွင့်ထက်ရှားပါလို့နေပါတယ်။ ဒီနေမြေ ဒီဒေသမှာ ရေဆိုတာ အလွန်တရားရှားပါးနေတဲ့ အဖိုးတန်း ရတနာတစ်ပါးပေါ့ရှင် ။ ကမ်းမမြင်တဲ့ သဲပင်လယ်ဂန္တရ ထဲမှာ ရေတစ်ပေါက် တစ်စက်ဆိုတာ သီကြားမင်းက ဖန်ဆင်းတဲ့ နတ်ဆေးရေပေါ့ရှင်…ဒီရေတစ်ခွက် ရှာမတွေ့ခဲ့လို့ သေဆုံးခဲ့ရတဲ့ သတ္တ၀ါပေါင်းဒုနဲဒေး ရှိခဲ့ပါတယ်…

ဒါပေမယ့် သဘာဝဆိုတာ ပြောမပြနိုင်လောက်တဲ့ ထူးခြားဆန်းကျယ်မှုတွေ ရှိလိုနေပြန်တယ်။သဘာဝတရားက လူသားတို့ အသက်ဆက်နေထိုင်ဖို့ ရေ နှင့် အစားသောက်ကိုလည်း ဖန်ဆင်းပေးထားပါတယ်။ ``အိုအေစစ်´´ ဒီစကားလုံးလေးရဲ့ အတိန်အနက်ကို စကားလုံးတွေနှင့် ဖော်ပြလို့မရနိုင်ပါဘူး။ ကျမ ရှမ်းပြည်၊ ကရင်ပြည် ၊ ပြင်ဦးလွင် လိုနေရာတွေမှာ ရေပူစမ်းတွေကို တွေ့ဖူးပါတယ်။ ထူးဆန်း အံ့သြစရာကောင်းတယ် လိုဘဲ တွေးမိခဲ့ဖူးတယ်။ သိပ်ကို လိုအပ်တဲ့ အသုံးဝင်တဲ့အရာလို့ မတွေးခဲ့မိဘူး။ ဒါပေမယ့် ဂန္တရထဲက အိုအေစစ်ကလေးကိုတွေတဲ့အချိန်၊ ရေငံပင်လယ် ၀ိုင်းဝန်နေတဲ့ ကျွန်းလေးတစ်ကျွန်းထဲက အိုအေစစ်ကလေးကိုတွေတဲ့အချိန်မှာ ထူးဆန်းတဲ့ သဘာဝတရားကို ကျေးဇူးတင်လိုက်ပါတယ်။ ဒီဒေသအတွင်း လူသန်းပေါင်းများစွာအတွက် ရေကိုဖန်းဆင်းပေးနိုင်တဲ့ ခေတ်မှီနည်းပညာတွေကို ကျေးဇူးတင်လိုက်မိတယ်။ မိုးမရှိတဲ့ တိုင်ပြည်က ရေဖြစ်တည်နေမှုအပေါ် အံ့သြမိတယ်။ မိုးပေါ်က အလိုလို ကျလာတဲ့ ရေဖြစ်တည်းမှုကိုဘဲ ကျမတို သိခဲ့တာကို ။ မြေလွှာထဲ ရေတွေ မမြဲ အပြည့်ရှိနေတယ် ၊ တွင်းတူးလိုက်တိုင်း ရေရမယ်ဆိုတဲ့  ယုံကြည့်မှုတွေ ဒီဒေသမှာ မှားယွင်းလို့ နေခဲပါတယ်။

ရေဖြစ်တည်မှုတစ်ခုတည်း လား ဆိုတော့ မဟုတ်သေးပါဘူး …ရေနှင့် လူကြားက ဖြစ်တည်မှုကလည်း အသွင်မတူခဲ့ပါဘူး ကွဲပြားနေခဲ့ပါတယ်.. ပူအိုက်လွန်းတဲ ပတ်ဝန်းကျင် ခြောက်သွေ့လွန်းတဲ့ ရာသီဥတု အရာအားလုံး ပူချစ်တောက်နေတဲ့ အခြေနေမျိုးမှာ လူခန္ဒာကိုယ် အပူချိန် သွေးခုန်နှုန်းဟာလည်း ပြောင်းလှဲလို့ နေပါတယ်။ ဒါကြောင့် လေပူကြား မြေပူကြားမှာ ရေပူပူနွေးနွေးလေးပဲ လူကိုယ်အပူချိန်နဲ လိုက်ဖက်ပါတယ်။ အရိုးအတိပူအိုက်နေတဲ့ နွေခြောက်လအတွင်း ပူချစ်တောက်နေတဲ့ ရေကို အေးအောင် သိုလှောင်ထားပြီး နွေးရုံလေး နွေးနေတဲ့ ရေသာ လူသားတွေ အတွက် သင့်လျှော် ပါတယ်။ တစ်နွေလုံး ပူချစ်တောက်နေတဲ့ရေ နှုင့် နေသားတစ်ကျဖြစ်လာခဲ့သလို့ အေးစက်ကြမ်းတမ်းတဲ့ ဆောင်းတွင်း ပြင်းထန်တဲ့ လေကြမ်းတွေတိုက်တဲ့ အရပ်မှာ ကျောစိမ့်အောင်အေးတဲ့ လေပြင်းဒဏ်တွေအောက် Heater သာမ ရှိရင် ကျမရေချိုးနိုင် မယ်မ ထင် ပါဘူး။ တရားသေ လက်ခံထားခဲ့တဲ့ ရေအေးအေးလေးနှစ်သက်မှုဟာ သုံးနှစ် ဆိုတဲ့ အချိန်တိုလေးအတွင်းမှာ ပြောင်းလှဲသွားပါတယ်။ ဒီအချိန်မှာတော့ ကျမ တောင်ကျ ချောင်းရေ ကို ချိုး ဖို့ ကြောက် ရွံနေတာ အမှန်ပါဘဲ ။ တောင်ကျရေလို အေးစိမ့်စိမ့်ကိုသာ ချိုးရမယ်ဆိုရင် ကျမဖျားမှာသေချာတယ်..ရေစိမ်း ကို ကျမကြောက်တတ်လာခဲ့ပါတယ်…

အထူုးသဖြင့် မြန်မာနိုင်ငံမှ ရောက်လာစလူတွေအတွက် ဒီနိုင်ငံလိုရာသီဥတုဟာ အင်မတန်ဆိုးဝါးတဲ့ ရာသီမျိုးဖြစ်ပါတယ်။ အဆမတန် အေးစက်နေတဲ့ လေအေးပေးစက်တွေနှင့် ပြောမပြနိုင်လောက်အောင် ပူပြင်တဲ့ ရာသီဥတုကြား လူသွေးအသားဟာ ခုပူလိုက် ခုအေးလိုက် မမျှတတဲ့ အရပ်ဒေသမှာ မျှတနိုင်စေတဲ့ အတွေးအခေါ်အယူဆတို့ဖြင့် သဘောတရားအမြင်လေးတွေကို လက်ခံနိုင်ဖို့လိုအပ်ပါလိမ့်မယ်။ ငါအသိ ငါအတ္တ ငါအယူအဆ သာမှန်ကန်၏လို့ တရားသေ သတ်မှတ်ခြင်းဟာ ငါဆိုတဲ့ ပေတံကြောင့် ဖြစ်နေတာပါ။ ငါ့ပေတံ ကို ငါအသိညဏ် ငါအတိုင်းတာနဲ့ ဆုံးဖြစ်ချက်ပြုထားတဲ့ အတွက် မှန်တယ်လို့ မယူဆနိုင်ပါဘူး။ ငါဟာ ငါ့ပတ်ဝန်းကျင်က ဖန်ဆင်းခံတစ်ယောက် သာ ဖြစ်တယ်ဆိုတာ လက်ခံသင့်ပါတယ် ။ ငါ့ပတ်ဝန်းကျင် ကမြင်တဲ့ အမြင်ပဲ ငါ့ဆီမှာ ရှိတယ် ။ ငါ့ပတ်ဝန်းကျင်က သိသလောက်ဘဲ ငါ့ညဏ်က သိတယ်ဆိုတာသာ ရဲရဲဝံ့ဝံ့ လက်ခံနိုင်မယ်ဆိုရင် ငါယုံကြည့်မှုဟာ အမှန်တရားစစ်စစ်ဖြစ်မနေနိုင်သေးပါဘူး ကျမတို လူလောကထဲ ကျန်းမာစွာ အသက်ရှင်နေထိုင်နိုင်ဖို့ ကျမတို ပြောင်းလှဲသင့်ရင် ပြောင်းလှဲကြရလိမ့်မယ်..

ကျမ မိတ်ဆွေတစ်ယောက် ဆိုရင် ရေခဲ့ရေပဲ သောက်တယ် ။ ရေအေးအေးလေးပဲ ချိုးတယ် ။ ရေပူဒဏ်လုံးဝမခံနိုင်ဘူးတဲ့ ။ တစ်နေတော့ သူ အပူချပ်ြ့ပီး ဖျားတယ်။ သူအယူဆတွေကိုကြည့်ရင်း လူဆိုတာ နေရာဒေသ ကိုလိုက်ပြီး ပြောင်းလှဲသင့်တာကိုပြောင်းလှဲနိုင်ရမယ်လို့ ကျမနားလည်းလာတယ်။ ရေအေးဆိုတဲ့ တရားသေယုံကြည့်မှုလေးတစ်ခု ကြောင့် ကြီးစွာသော ဒုက္ခကို ခံစားရနိုင်တယ်ဆိုရင် အကယ်၍များ အရာအားလုံးကိုသာ တရားသေ ဖမ်းဆုပ်ထားကြမယ်ဆိုရင် ဖြင့် ရင်လေးစရာတွေ ကြီးဘဲ ဖြစ်လိုနေပါတော့မယ်။ လူတစ်ယောက်ဟာ လိုအပ်သလို့ လိုက်လျောညီထွေတဲ့ ဓလေ့စရိုက်အသွင်ကို ကူးပြောင်းနိုင်မှသာ ကိုယ်ပြည်ကိုယ်ရွာကိုစွန့်ပြီး ကမ္ဘာအရပ်ရပ်ကို သွားရောက်နေထိုင် အသက်ရှင်နိုင်ပါလိမ်မယ်။ ဒါဟာ သင့်ယူခြင်းပါဘဲ။

ဖျားနေတဲ့ ကျမမိတ်ဆွေက ပြောသေးတယ် … ဒီနိုင်ငံကဆေးတွေကို မသောက်ချင်ပါဘူး … ဘာတွေမှန်း လည်းမသိဘူး… ဆရာဝန်တွေကလည်း ဘာမှမတတ်ဘူးတဲ့ … ရှင်တို့ဘယ်လိုမြင်ကြသလည်း… သူပြောတာ တစ်ကယ်ဘဲ မှန်နေသလား…ကျမတိုအဲလိုဘဲ ခေါင်းမာစွာ အယူသေးမှုတွေ ကို လက်ကိုင်းထားသင့်သလား ပြောင်းလှဲသင့်သလားဆိုတဲ့ မေးခွန်းလေး တစ်ခု ကိုယ်တိုင်းမေးကြည့်သင့် ဖြေကြားသင့်တယ်...

Friday, August 14, 2009

အနားမရှိသော အတွေးများ



အဆုပ်လိုက်လှနေတဲ့ တိမ်တွေကိုကြည့်လိုက်
ဦးတည်ရာမဲ့ လွင့်နေတယ်လို့ ထင်တယ်မလား
မဟုတ်ဘူး ဟိုအဝေးက တောင်ကုန်းဆီကို သွားနေကြတာ….
လွတ်လပ်ခြင်းဆိုတာ သူတို့ဆီမှာ ရှိသေးတယ်…

ဟိုမှာ ငှက်တစ်သိုက် ပျံနေတာ တွေတယ်မလား
ထင်ရာစိုင်း ပျံနေတယ်လို ထင်လား သူတို့မှာ ဦးတည်ချက် ရှိကြတယ်...
ကိုယ်အရပ်ကို ပြန်နေကြတာလေ..
သူတို့ဆီမှာ အသင်းအဖွဲ့လိုက် ပျံသန်းနေထိုင်ခြင်း ဆိုတဲ့
လောက သဘာတရားလေး တစ်ခု ကျန်နေသေးတယ်...

ဟိုမှာ မြက်စားနေတဲ့ နွားတစ်အုပ် တွေလား
ဦးနှောက်မရှိတဲ့ အကောင်တွေလို့ ထင်တယ်မလား
သူတို့က ပိုင်ရှင်ကို အလုပ်ကျွေးပြုနေတဲ့ ကျေးကျွန်ကောင်းတွေ
ခေါင်းဆောင်ကို ခေါင်းဆောင်မှန်းသိတဲ့ နောက်လိုက်ကောင်းတွေပါ…

ဟောင်နေတဲ့ ခွေး တစ်ကောင်ကိုတွေလား
အနိမ့်ဆုံး သတ္တ၀ါလို ထင်တယ်မလား
သူတို့ဟာ သခင်ပေါ်သစ္စာအရှိဆုံး သတ္တ၀ါ…

ပန်းချီဆရာတစ်ယောက်သစ်ရွက်လှုပ်သံကို သူကြိုးစား နားထောင် နေတယ်…
ဓါတ်ပုံဆရာတစ်ယောက် ပန်းတစ်ပွင့် အသက်ရှူသံကို ထိုင်စောင့်နေတယ်…
လူဆိုတာ အလှကို ခံစားတတ်သူလို့ ထင်ရတယ်...

ကမ္ဘာကြီး၏ အလှတရားကို ခံစားတဲ့ လူ ဒါပေမယ့်
သူတို့ဟာ ကိုယ်တိုင်လှဖို့ လောကို ဖျက်စီးနေတဲ့ လူမိုက်တွေ
ကမ္ဘာကို ဖျက်စီးမယ့် လူတွေကို မွေးထုပ်ပေးသူ

သစ္စာတရားကို လှောင်ပြောင်သူတွေ
ဦးတည်ချက်မဲ့ လက်နက်ကိုင် ဓါးပြတိုက်တဲ့ သူတွေလေ
ကိုယ့်ချမှတ်တဲ့ ဥပဒေကို ကိုယ်တိုင် မီးရှိုသူတွေ
ကျေးဇူးတရားကို မျက်နှာ ပြောင်တိုက်သူတွေ

လူဆိုတာ ကမ္ဘာကို အတွင်းလိုက် ဖောက်စားတဲ့ လောက်ကောင်
လူဆိုတာ စစ်ကို မုန်းတီးသူဟု အမည်ခံထားသူ
လူဆိုတာ တစ်ကယ်တော့ စစ်ကို ဖန်တီးသူ
တစ္ဆေကြောက်ပြီး ကိုယ်တိုင်တစ္ဆေ ဖြစ်နေသူ
အကြင်နာ တရားကို မီးခွက်ထွန်းပြီး ရှာရင်း ပျောက်နေသူ
သမိုင်းကို အင်အားနဲ့ ရေးသူတွေ
ကိုယ်လူမျိုးသွေးဖြင့် ကိုယ်တိုင်ရေချိုးချင်သူ…
ထိုထိုသော သတ္တ၀ါကို လူဟုသာ ခေါ်သည်။

(မယ်မဒီ)
၁၄.၈.၂၀၀၉

Wednesday, August 12, 2009

အရိပ်





လိပ်ပြာတစ်ကောင် ငါရင်ဘတ်ထဲ ၀င်ပူးတယ်
ဝတ်ရည် မပြည့်တဲ့ ငါနလုံးသားမှာ
စကားလုံးတွေ ခြောက်ကပ်နေတယ်.......

ကဗျာသွေး မတတ်တဲ့ ငါလက်ထဲမှာ
လက်ရာမမြောက်တဲ့ အရိပ်တစ်ခု
မထင်မရှား ပေါ်လာတယ်.......

အို ချစ်သူ
နင်ထုဆစ်ထားတဲ့ ငါ
ပြရုပ်ဆန်နေသော နလုံးသာ မှာ
အနုပညာဆိုတာလည်း ဂန္တာရလိုဘဲ
ခမ်းခြောက်သွားခဲ့ပြီး ထင်တယ်......

ကဗျာတစ်ပုဒ်
သက်ပြင်းရှိုက်သံငါကြားတယ်
ငါ့အရိပ်တွေ ငါ့ကဗျာပေါ် ကျကုန်ပြီထင်တယ်......


( image form art com )

Sunday, August 9, 2009

ဖိတ်စာ လေးတစ်စောင်






ကျွန်တော်ဆီကို မိတ်ဆွေတစ်ယောက်ရဲ့ မင်္ဂလာဖိတ်စာလေး ရောက်လာတယ်။ မင်္ဂလာဆွမ်းကျွေးဆိုလို့ ကျွန်တော် နည်းနည်းတော့ စိတ်ထဲ လေးစားမိသွားတယ်။ ဒီနိုင်ငံမှာ မင်္ဂလာဆောင်ခန်းမတွေက ပိုပြီးမှ အဆင်ပြေနေပါရဲ့သားနဲ့ ဘုန်းကြီးကျောင်းမှာ ဆွမ်းကျွေးမယ်တဲ့ ။ဒီကောင် နောက်ဆုံးတော့လည်း မိန်းမယူလိုက်ပြီးပေါ့ လေဟု တွေးကာ ကျွန်တော် အမှတ်တမဲ့ ဖိတ်စာကို မေ့နေခဲ့တယ်။
ကျွန်တော်က အရာအားလုံးကို မေ့တတ်သူ ဖြစ်နေခဲ့တာကိုဗျာ…
(၂)
အဲဒီမနက်ပေါ့ အဲဒီမနက်ခင်းးမှ မနက်ခင်း စစ်စစ် သူငယ်ချင်း တစ်ယောက် ကို လမ်းကြုံဝင်ခေါ်ပြီး မင်္ဂလာဆောာင်ပွဲကို ကျွန်တော်သွားခဲ့တယ်။ နှစ် ပေါင်း များစွာ ၀တ်ကျင့်ပျက်နေတဲ့ ပုဆိုးနဲ့ တိုက်ပုံကို ကျွန်တော် ၀တ် လာရ တဲ့ ဒုက္ခကလည်း မသေးပါဘူးဗျာ... ။ ဒါပေမယ့် ကျွန်တော် မြန်မာပြည်ကိုတောင် လွမ်း မိ တယ်ဗျာ။ အိမ်မပြန်ဖြစ်ခဲ့ နှစ်ပေါင်းများစွာ ဘ၀ကို အဆင်ပြေသလို့ လျှောက်ခဲ့ရတာ အိမ်ဆိုတဲ့ အနှစ်သာရကို ကျွန်တော် မေ့လုလုဖြစ်နေပြီ ။ မြန်မာ ဆိုတဲ့ အတွေးထက် လူသားတစ်ယောက် ဆိုတဲ့ အသိနဲ့ဘဲ ကျွန် တော် က ရပ်တည်နေခဲ့တာကို။ ခုလို့ မြန်မာလို ၀တ် မြန်မာတွေ ရှိတဲ့နေရာ မြန် မာ ၂ ယောက်၏ လက်ထပ်မင်္ဂလာဆောင် လေးကို ဘုန်းကြီး ကျောင်း မှာ ကျင်းပတယ် ဆိုတော့လည်း တစ်မျိုးလေးတော့ နွေးနွေး ထွေးထွေး လေး တော့ ခံစားရတယ်ဗျာ။ ဆူဆူညံညံအသံလေးတွေ ရယ်မောလှောင်ပြောင်သံ လေးတွေ ၊ တစ်ယောက်ကို တစ်ယောက် စနှောက်နေကြတဲ့ အသံတွေ အားလုံးက မင်္ဂလာရှိပါတယ်။ သိပ်ကိုရိုးရှင်းတဲ့ ဒီအခန်းနားမင်္ဂလာ ဆောင် လေးက ဘာအဆောင်ယောာင်လေးမှ မပါဘဲ မိတ်ဆွေများရှေ့ ဘုန်းကြီး ဆွမ်းကပ် မင်္ဂလာယူတာမို ကျွန်တော်တောင် ဘာမှဆိုင် ညာမဆိုင် သဘော ကျနေသေးတယ်။ ငါ့အလှည်မှာလည် ဒီလိုမျိုးလေး လုပ်ရင် ပိုကောင်း မယ် ထင်တယ်လို့ တွေးမိသေးတယ်။ ဘုရားသခင်သာ သိတော်မှုမယ့် ကျွန် တော် အလှည့်ကို တွေးရင်းနဲ့ ရင်မော မိတယ်။ ကျွန်တော်က အချစ် ဆိုတာ ကို အရာအားလုံးထက် တန်ဖိုး ထား တတ်သူ တစ်ယောက် ဖြစ်ခဲ့လို့လား မသိဘူး ။ အချစ်ကို လိုက် ရှာခဲ့လို့ အချစ်ကို ကျွန်တော် မတွေ့ဘူးဖြစ်နေ ခဲ့တယ် …
အချစ်ဆိုတာ ဘယ်လိုမျိုးလည်းဗျာ လို့ ဒီအသက်အရွယ်ရောက်မှ မေးရင်လည်း သူများလှောင်တာကို ခံရပေတော့မယ်…

(၃)
ဟိုတွေး ဒီတွေးရင်းနဲ စိတ်က အတွေးနောက်ရောက်တတ်ရာရာလွင့်နေတုံး ကျွန်တော်သူငယ်ချင်း စုံတွဲခန်းမထဲကို ၀င်လာတယ်။ ပြုံးဖြဲဖြဲ နှင့် ခန့်ခန့်ကြီး လိုက်ဧည့်ခံနေတဲ့ ကျွန်တော်သူငယ်ချင်းကို အဝေးကနေ ကျွန် တော် လက်ပြနှုတ်ဆက်လိုက်မိတယ်။ ဒီကောင် ဒီလိုဆိုတော့လည်း လူ ကောင်း သူကောင်းပုံစံဘဲ ။ ဟိုတုံးကနဲ့ တော့ နည်းနည်းလောက် ကွာ နေ တယ် ။ ဒီကောင်အရင်ပုံတွေကိုသာ မြင်ရင် ဒီမိန်းခလေး လက်ထပ်ပါ မလား မသိဘူး။ ကျွန်တော်တို့ က ဆိုးဖော် ဆိုးဖက် သူ့အကြောင်းကိုယ်သိ ကိုယ့် အကြောင်းလည်း အူဘယ်နှစ်ခွေရှိသလည်းဆိုတာ သိနေကြာတာကို။ ကောင်မလေး ကိုတော့ ကျွန်တော်မသိပါဘူး။ ဒီကောင်ဘယ်ကနေ တွေ့သွား သလည်း မသိဘူး ဒါမျိုးကျတော့ ဒီကောင်အသံတောင်မထွက် ဦး ထား ခဲ့ တာကို…


(၄)ကျွန်တော်ရှေ့တော်မှောက် အရိပ်တစ်ခုရောက်လာတယ် ။ အဲဒီအရိပ်က စကားတစ်ခွန်းပြောလိုက်တဲ့ အချိန်မှာတော့ ကျွန်တော် လေဟာ နယ် ထဲ ကနေ လွင့်ထွက်သွားခဲ့တယ်။ ငြိမ်ငြိမ်သက်သက် တည်တည်ငြိမ်ငြိမ်ပါဘဲ လေပွေတစ်ခု ကျွန်တော် ရှေ့တော်မှောက် နုနုဝါ၀ါ အချိတ်ဆင်လေးကို ပုဝါလေး ခြုံလို့ ရိုးစင်းတဲ့ ပန်းခက်ကလေးတွေ အနားသတ်အလှဆင်ထားတဲ သူမ ကိုယ်က တောက်ပမှုတစ်ခု အရှိန်အ၀ါတစ်ခုခု ရှိနေတယ်လို့ ကျွန် တော် ထင်လိုက်မိတယ်။ သူမကသိပ်ချောမောသူတော့မဟုတ် ညိုတိုတို ကြည့်ကောင်းရုံလေး တစ်ယောက်ပါဘဲ။ ရင့်ကျက်တည်ငြိမ်မှုကို ကျွန် တော် သူမမျက်နှာပေး လေးမှာ ရှာတွေ့တယ်။ သူမမျက်ဝန်းတွေက ကိုယ့်ကိုကိုယ် ယုံကြည့်မှု အပြည့် ရှိတဲ့ မျက်လုံးမျိုးတွေ နဲ့ သူမက ဒီခန်းမထဲ အထင်ရှားဆုံးဖြစ်နေတဲ့ အသက်သုံးဆယ် ၀န်းကျင် သတိုးသမီးလေး ပါဘဲ ။
မိတ်ဆွေတွေကို တစ်ယောက်ချင်း လိုက်လံနှုတ်ဆက်ရင်း ထိုင်နေတဲ့ ကျွန်တ်ာကို သူမပြုံးပြုံးလေး စကားတစ်ခွန်း ဆိုပါတယ်။
ကို….ဘယ်သူဟုတ်ပါသလား ကျမ …..ဘယ်သူပါဆိုပြီး မိတ်ဆွေ တစ် ယောက် ကို လာနှုတ်ဆက်သလို့ လာနှုတ်ဆက်ပါတယ်။ သူမက ကျွန်တော် ဒီ မင်္ဂလာ ဆောင် ကို လာမယ်ဆိုတာကို လည်း သိပါတယ်တဲ့။ တွေ့ရတာ ၀မ်းသာပါ တယ်လို့ သူမက ဆိုပါတယ်။ သာမှန်မိတ်ဆွေတစ်ယောက် ကိုယ့် မင်္ဂလာဆောင်ကို လာအားပေးတဲ့အတွက် နှုတ်ဆက်တဲ့ အပြုံးလေး သူမနှုတ်ခမ်းပေါ်မှာ တပ်လို့ သူမက လာနှုတ်ဆက် သွားပါတယ်။

(၅)
တစ်ချိန်တုံးက အသွင်တစ်မျိုးနဲ့ သူမကို ကျန်တော်ရှင်းနှီးခဲ့ဖူးတယ် ။ ဒါပေမယ့် ကျွန်တော်တို့ မော်နီတာ မျက်နှာပြင် တစ်ဖက်စီမှာနေရင် တွယ်တာခဲ့ဖူးတယ်။ သူမ ပုံရိပ်တွေကို ကိုယ်ထင်သလို တွေးရင် ကျွန်တော်တို့စကားတွေ ပြောခဲ့ကြတယ်။
ကျွန်တော်က သူမကို ရပ်အရှည်ကြီးလို ပိန်ပိန်ပါးပါး မိန်းကလေး တစ် ယောက် လို တွေးကြည့်ဖူးတယ်။ ၀၀ကစ်ကစ် ပုပုလေးလို့လည်း ပုံဖော် ကြည့်မိပြန်တယ် ။တကယ်လို့ အလွန်လှပတဲ့ မိန်းကလေး ဖြစ်နေမယ်ဆိုရင် ကျွန်တော် ရင်ခုန်ရပြန်တယ်။ ဒါမှမဟုတ်ဘဲ သူမ မျက်နှာ ကို လုံးဝမပြချင် ရအောင် ရုပ်ကြမ်းကြီးများ ဖြစ်နေလေမလားလို့ ကြေကွဲဖူးခဲ့တယ်။ ဒါတွေက သူမဆိုတဲ့ ကျွန်တော်သိတဲ့ သူမ သို့မဟုတ် ကျွန်တော်တွယ်တာခဲ့ဖူးတဲ့ မိန်းကလေးတစ်ယောက် ပါ။ ဘာအရောင် ရောသက်မှုမှမရှိတဲ့ သူမ၏ စကား လုံးများကို ကျွန်တော်လေးစားခဲ့ပါတယ်။ ဘယ်ဆီ ဘယ်အရပ် ဘယ်နေရာ မှာတဲ့ မိန်းကလေးတစ်ယောက်ကို ကျွန်တော်တွေ့ဆုံးနေသလည်း ကျွန် တော်လုံးဝမသိခဲ့။ ကျွန်တော်သိခဲ့တာက ကျွန်တော် အင်တာနက်ပေါ်ကို ရောက်လာလို့ သူမအကောင့်လေး စိမ်းနေခဲ့မယ် ဆိုရင် အဲဒီအချိန် အခိုက် အ တန်းလေးအတွက် ကျွန်တော်ကျေနပ်နေခဲ့တယ်။ ဘယ်သူ ဘယ်ဝါ အ သက်ဘယ်လောက် ဆိုတာကို ကျွန်တော်မသိဘူး ။ ဒါပေမယ့် လတ်တ လော သူမလုပ်နေတာလေးတွေကိုတော့ သူမပြောပြတတ်ပါတယ်။ ကျွန် တော်ရဲ ရှည်လျားထွေပြားလှစွာသော မေးခွန်းများအားလုံးကို သူမက တိတ် ဆိတ် စွာ တုံ့ပြန်တတ်ပါတယ်။ ကျွန်တော်ရဲ့ သွယ်ဝိုက်တဲ့ မေးခွန်းတွေကို လည်း တည့်တိုးပြန်မေးတဲ့ မေးခွန်းတွေနှင့် ဖျက်သိမ်းတတ်ပါတယ်။ ကျွန်တော်ရဲ့ တောင်းပန်အသနားခံတဲ့ စကားလုံးများကိုတော့ အားနာသမှု လေးနက်တဲ့ အတွေးတွေကို ချပြကာ သူမ လိုရာဆီကို ခေါ်ယူသွား တတ် ပါတယ်။

သူမကပြောဖူးတယ် ဘ၀ဆိုတာ ဒေါသတွေကို မျိုသိပ်ခြင်းတဲ့..
သူမကပြောဖူးတယ် အချစ်ဆိုတာ ၀တ်ရုံအသစ်လဲချုပ်လို့ ရတဲ့အထည်စ တစ်မျိုးပဲတဲ့ ...
သူမကပြောဖူးတယ် ရင်ခုန်သံတွေကို မယုံဘူးတဲ့ မ နက်ဖြန်မှာ နောက်တစ်မျိုးခုန်နေတတ်လို့တဲ့ ...
သူမကပြောခဲ့တယ် ...အ ဟောင်းဆိုင်ထဲက သမိုင်းဆိုတာ သူမသိပ်ချစ်တဲ့ ၀ိညာဉ် တစ်ခု ပဲ တဲ့ …
သူမကပြောဖူးတယ် အလုပ်ချင်ဆုံးက အလုပ်တစ်ခုကိုပြောပါဆိုရင် ဗယ်ဆင့်ဘင်ဂိုး ကို ညစာ ထမင်းဝိုင်းလေး တစ်ခုလောက်တဲ့ သူစားချင်တာတွေကို စိတ်ကြိုက်စားသွားစမ်းပါစေတဲ့…
သူမကပြောဖူးတယ် စိတ်ကြိုက် အလုပ်ချင် ဆုံးအလုပ် တစ်ခု က နိုင်ငံရေး ဘာသာရပ်ကို အပူအပင် ကင်းစွာ လေ့လာသင် ကြားချင်တယ် တဲ့..ဒါပေမယ့် သူမငွေရှာလွယ်တဲ့ ဘာသာရပ်ကို လေ့လာနေပါတယ်တဲ့..
သူမကပြောတယ် ပန်ချီကားတစ်ချပ်ကို အလိုရှိတာမဟုတ်ဘူး ပြတိုက် တစ်ခုလိုချင်တာတဲ့ ..
သူမကပြောဖူးတယ် စာရေးဆရာကြီးပေါင်းများစွာကို အိမ်တစ်အိမ်မှာ အ ခန်းတစ်ခန်းစီပေးကာ ထားချင်တယ်တဲ့ … သူမကတော့ ဒီကမ္ဘာကျော် နိုင်ငံကျော်ကြီးတွေကို ပို်င်တဲ့ အိမ်ပိုင်ရှင်မကြီး လုပ်မယ်တဲ့…


(၆)
ကျွန်တော် သိခဲ့တဲ့ သူမက ကျွန်တ်ာကို အဲဒါတွေ ပြောပြခဲ့တယ်။ ကျွန်တော်သိတဲ့ သူမက လက်ပေါက်ကတ်ကတ် သာမန် မဟုတ်တဲ့ မိန်းကလေး တစ်ယောက်လို့ ထင်ခဲ့ဖူးတယ်... ကျွန်တော်သိတဲ့ မိန်းကလေး က ခန့်မှန်းရခက်တဲ့ စကားလုံးတွေ ပြောတတ်တယ်…သူမနာမည် အရင်း ကို တောင် သူမက ပြောပြမသွားခဲ့ပါဘူးဗျာ… ဟောဒီအင်တာနက် ရွာကြီးထဲ က သမီးပျိုး လေးတစ်ယောက် အဖြစ်သူမက ရှိချင်တယ်တဲ့ ဗျာ … လက်တွေ့ကို ရင်မဆိုင်နိုင်တဲ့ အချိန်တွမှာ သူမ ဒီရွာကို အလည် လျှောက် သွားနေတတ်ပါတယ်တဲ့ … သိပ်ကိုကျယ်ပြန်တဲ့ စာအုပ်တွေ မိတ်ဆွေတွေ အလှတရားတွေ အသိတရားတွေကို သူမအပျင်းပြေ ခြေဆန့်ပေမယ့် သူမက တကယ့် လက်တွေ သမား စစ်စစ် သင်္ချာညဏ်သိပ်ကောင်းတဲ့ မိန်းကလေး တစ်ယောက်လို သူမပြောပြသွားခဲ့ဖူးတယ်…
ဒါပေမယ့် စကားတစ်ခွန်း နဲ့ ကျွန်တော် ရင်ဘတ်တွေကို ယူသွားခဲ့ဖူးတယ် … တစ်နေ့ ကျွန်တော်တို့ အပြင်မှာ မိတ်ဆွေတွေလိုတော့ တွေဆုံချင်ပါသေး တယ် …


(၇)

ကျွန်တော်ဆီကို ဖိတ်စာတစ်စောင်ထပ်ရောက်လာပြန်တယ်။ သေသေသပ်သပ်လက်ရေးတွေက ကျွန်တော်မသိတဲ့လူတစ်ယောက်မှန်း သေချာတာမို့ စိတ်ဝင်တစား ကျွန်တော်ဖောက်ဖတ်လိုက်တယ်။ အထဲမှာ အဖြူရောင်ရိုးရိုးလေး မင်္ဂလာဖိတ်စာ လေး တစ်စောင့် ။ တပတ်တိတိ နောက်ကျစွာ ရောက်လာခဲ့တဲ့ စာအိပ်လေးက သတိုးသမီး ၀တ်ရုံနှဲ့ ပြုံးပြုံးလေးလာ နှုတ်ဆက်သွားသော သူမ၏ မင်္ဂလာဖိတ်စာလေးပါ။ ကျွန်တော် ဘယ်တုံးကမှ မသိခဲ့တဲ့ သူမ.... နာမည်လေးကို ကျွန်တော် အသံမထွက်ဘဲ ဖတ်မိလိုက်တယ် ။ သူမ ကျွန်တော်ကို တွေ့ဖို့ အတွက် ဖိတ်ကြားခဲ့ပါသတဲ့ ...

သင်းကွဲငှက်၏ ရာဇ၀င်သစ်

သူက
လောက၏တေးကဗျာတစ်ပုဒ် ဖြစ်တယ်..
လောကအတွက် တေးကဗျာ ဖန်ဆင်းပေးသူလည်း ဖြစ်တယ်...
သူက သူ၏ကျော်ကြားစေသူ
သူက ကျော်ကြားခြင်းအောက်၌ လည်စင်းကျဆုံးသူ...
သူက လောက၏ အသည်းနလုံးတစ်ခု
လောကသည် သူအတွက် အသည်းနလုံးဖြစ်ခဲ့သူ...


သူက
ကြိုးကြာငှက်၏ အသည်းနှလုံးနှင့် ဥဒေါင်းငှက်တို၏ ၀ိညာဉ်ဝင်စားသူ
ဂီတမှော်ကြိုးတို့၏ ဆုံမှတ်တို့ဖြစ်သလို
အနုပညာဇျာန်ဝင်စားသူတို့၏ နလုံးသည်းပွက်ခြေရာစုလည်းဖြစ်တယ်...
အာရုံဦးလေညုင်းနှင့် ညနေစောင်းဆည်းဆာမှာ ကဗျာတေးဖွဲလိုသူ
ပန်းပွင့်၏မျက်ရည်နှင့် ကိုယ်လက်သန့်စင်ပြီး
သူ၏သွေးဖြင့် တေးသွားများအား သစ်လွင်တောင်ပြောင် ရှင်သန်စေသူ…


သူလက်ပေါ်မှာ
မသွေးဘဲ လက်တဲ့စိန်သွားတစ်လက်၊
စကားလုံးတိုပျိုမျစ်သစ်နေတဲ့
အသစ်စက်စက် အဘိဓါန်တစ်အုပ်၏ ပထမစာမျက်နှာ ရှိတယ်…

သူအသံမှာ
ကာရံတို့ကွန့်မြူးတဲ့ တေးချိုချိုတစ်ပုဒ်၊
သူဆုတောင်းထဲ ဂီတတို့ အံကျနေတဲ့ နတ်စောင်းတစ်လက်
အမြဲစဉ်းချက်မှန်သော သင်းကွဲငှက်တစ်ကောင်၏ ရင်ကွဲသံအက်အက်...


သူရင်ဘတ်မှာ
အက်ဆစ်တိုရွာသွန်းနေတဲ့ လွမ်းခြင်းတစ်ခုနှင့်
နှလုံးသားက စကားလုံးတို့စွင့်ကားတဲ့ ပန်းတစ်ခင်း
အတောင်တစ်စုံ မနားတမ်း ရိုက်ခတ်ခံနေရသည့်
ဒဏ်ရာသင်္ချိုင်းပျက်တစ်ခု၊
နာရီတို့မေ့လျှောနေသော စည်းချက်မမှန်တော့သည့်
ရင်ခုန်သံအနွမ်း ခုန်သံများဖြင့် …



သူနာမည်အား
သမိုင်း၌တည်ခင်းသော နောက်ဆုံးစာမျက်နှာအဖြစ်
မှတ်ကျောက် အက္ခရာထွင်းတဲ့ ခေတ်တစ်ခေတ်၏ သူရဲကောင်းဖြစ်စေတယ် …


သူကသူ၏ ရှုံးကို ကို စားသုံးသူ
သူနေ့ကို ဆင်းရဲခြင်းအတိဖြင့်စတေးသူ
ဘ၀ကို ရက်ရောစွာ သီချင်းကြားထဲ ပေးဆပ်သူ…
သူကသူ၏ ထွန်းညီုးလောင်းကျွမ်းခံ
သူကသူ၏ ကျေးကျွန်တစ်ယောက်
သူကသူ၏ သွေးစက်ကိုပျော်မွှေ့စုပ်ယူရာ အရီုးစု…

လူသားတို့ယစ်မှူးတဲ့ သူတေးသွားမှာ
ပဉ္စလက်နလုံးသားတို့ အင်းအားလောင်စာကုန်နွမ်းလည်း
မတူညီတဲ့အလျှော်အစားတစ်ခု မှန်း သူမသိခဲ့၊
နလုံးသားဖြင့်ရေးသော သီချင်းပေါင်းများစွာ သူဖန်ဆင်းပေးခဲ့တယ်။


သြဂုတ်လ၏ မိုးရေစက် တစ်ချို့
လောက၏ မျက်ရည် သစ်များစွာ
ဂါရ၀ ဦးညွတ်ခြင်းတို့
ခြွေယူသိမ်းပိုက်လျှက် `လွတ်မြောက်ခြင်းကောင်းကင်ဆီ´
စကားလုံးများ မရှိတော့သော တစ်နေ့
သူ လောကကိုစွန့်ခွာသွားခဲ့တယ်။



(ကိုငှက် အလွမ်းပြေ အမှတ်တရ ၊ ညဏ်စွမ်းသလောက် ဂုဏ်ပြုခြင်းဖြစ်ပါသည်။ ကဗျာဟောင်းလေး တစ်ပုဒ်ကို ပြန်လည် အသက်သွင်းခြင်း)
မယ်မဒီ

Thursday, August 6, 2009

အေးစက်ခဲ့သော မျက်ရည်များ



နှင်းတောကြားထဲ ငါနှင်းလျှောက်တုံး
ငါ…မျက်ရည်တစ်ပေါက်
ခဲ့အေးတဲ့ နှင်းတစ်စက် ဖြစ်ခဲ့ဖူးတယ် …

မိုးစက်ကြားထဲ ဆွေးမြေ့ခြင်းတို့
ရေစီးကြောင်းထဲ ရောထွေးခက်ထန်တဲ့ ရေလှိုင်းတို့ ဖြစ်ခဲ့ဖူးတယ်…

ပူလောင်မှုထဲ ငါ့မျက်ရည်တို့
ခမ်းခြောက်သွားတဲ့ မြစ်ငယ်တစ်စင်း ဖြစ်ခဲ့ရပြန်တယ်…

ပျော်ပါရဲ့လား ချစ်သူ
အချစ်ဆိုသော မှော်တစ်လက်
ငါ့ရင်ဘတ်ထဲ အသွင်းခံရပြီးနောက်
ငါ့ ဆုံးဖြတ်ချက်တို့ ခဏခဏအသစ်လှဲတတ်နေပြီ…

ဆုံမှတ်နှစ်ခု မတူတဲ့အရပ်က
မုသားမကင်းသော
အေးစက်တဲ့ စကားလုံးတွေကို ၀င်ရိုးစွန်းတဖက်က
ယုံကြည်ခြင်း တစ်ဝက်ဖြင့်
မဆုံနိုင်ခြင်း၏ အဓီပါယ်ကို ငါနားလည်ခဲ့တာကြာလှပြီ …

ပျော်ပါရဲ့လား ချစ်သူ
လှောင်ရယ်သံကြားထဲ
လက်ခုပ်သံမပါတဲ့ ဆုံစည်းခြင်းကြားမှာ
အချိန်တို့ ခုတော့ စကားပြောကြပြီထင်တယ် …

လူတန်းစားမရွေးတဲ့ ချစ်ခြင်းမှာ
ဒါဏ်ရာတွေ ငါရင်ဘတ်မှာ ခုတ်ရာချင်ထပ်
မျက်ရည်တစ်စက် တန်းဖိုး မသိတဲ့ မင်းကိုမှ
ချစ်မိခဲ့လေတော့ …
ငါ့မျက်ရည်တစ်စက်က
ချစ်သူပျော်ဖို့ အခြွေတော် ။

မယ်မဒီ
၆.၈.၂၀၀၉

လွန်ခဲ့ နှစ်အနည်းငယ်မှ ကဗျာလေးတစ်ပုဒ်အား စုစည်းခြင်း

Wednesday, April 1, 2009

လမင်းရင်ခွင်

သမင်အလိုက်မှားတဲ့ မျှားတစ်ချောင်း

နေမ၀င်သေးတဲ့ အနောက်အ၇ပ်က ဒီလူသားဆီမှ လာမှန်တယ်၊

အနားကျက်ဆေး မလိုဘူး

အမုန်းတွေး သုတ်လိမ့် ပြီး

တောင်စွယ်ပေါ် တက်ခဲ့တယ်..

ငွေဓါးတစ်လက် အလွမ်းတဖက် ဖြင့် လောကကို စိန်ခေါ်မယ် ၊

နေကွယ်တဲ့ အခိုက် လမင်း၇င်ခွင် ခိုဝင်လိုပါလျှက်

ငါခြေဖျားထောက်လည်း မမီဘူး

ကိုယ်ပေါ်က သွေးစိမ်းတော့ မကျဘူး ဒါပေမယ့်

ပြုံးလိုက်တိုင် ငါရင်ဘတ်က နာတယ်။

မနက်ဖြန်ဆိုတဲ့ တံခါးတစ်ချပ် ပွင့်နေသရွှေ့ ငါ့မျှော်လင့်ချက်တွေ လည်ဆန့် မျော်နေအုံးမယ်။ အတောမသတ်တဲ့ ဆုတောင်းခြင်း များဖြင့် ငါလူပီမြဲ ပီသနေပါအုံးမယ်။ တစ်နှင့်တစ်ပိုး သောကတွေကို ပိုက်၊ တသီတတန်းသော လိုချင်တပ်မက်ခြင်း များဖြင့် တစ်ခါတစ်လေ လမ်းမှားရောက်လာမယ့် ကံကောင်းခြင်းကို စောင့်ကာ လမင်းရင်ခွင်ထဲ ငါခိုအုံးမယ်။


မယ်မဒီ

Saturday, March 28, 2009

နှင်းဆီခင်တန်းနံဘေးဝယ် (၂)




အိုဘယ်နှင်းဆီ သင့်အလှနှင့် ကျော်စွာခြင်းကို မတည်ဆောက် စူးကို အားကိုယ် အဆိပ်ကိုတန်ဆာ လုပ်ရရုံလေးဖြင့် သင့်အားရကျေနပ်ခြင်း မရှိသေးဘူးလား။ အလှနှင့် မာန်ကို တံခွန်ထူကာ မာယာအတတ်ဖြင့် လှည့်စားတတ်သေးသကို။ အိုဘယ့်နှင်းဆီ ငါက ပင်လယ် မှာ မွေးတဲ့ ပင်လယ်သူ၊ လိုင်းသံလေသံကိုသာ ငါ ကျွမ်းကျင်စွာ ခွဲခြားနိုင်တယ်။ ပင်လယ်လျှိုဝှက်ချက်ကို ငါ အလွယ်တကူ ဖော်နိုင်တယ်။ ပင်လယ်ဟာ အန္တာရယ်များပြီး ကြောက်စရာ အကောင်းဆုံး အနက်နဲဆုံးဆိုတာဘဲ ငါသိတယ်။ မင်းလို နှရွလှပနေတဲ့ ပန်းလေးတစ်ပွင့်အကြောင်းကို ငါမသိခဲ့ပါဘူး မနှင်းဆီ။ ပင်လယ်သူက တောင်ပေါ်မှာ ပေါက်တဲ့ ပန်းရိုင်းလေးတစ်ပွင့်ကို အထင်သေးစွာ သဘောထားခဲ့မိတယ် ။ နှင်းဆီပန်းကို သဘာဝ၏အဖိုးထိုက်တဲ့ အလှတပါး သို့မဟုတ် ပန်းလိုဘဲ ငါမြင်ခဲ့တယ်။ ဒါပေမယ့်မင်းမှာ စူးအပြင် မာယာကျော့ကွင်း ထောင်ထားမှန်း တစ်ကယ်သိခဲ့ရင် အဲဒီနေ့ အဲဒီအဖြစ် အဲလို ကြေကွဲခြင်းမျိုးကို ငါရှောင်ခဲ့ပါတယ်။ တစ်ကယ်လို ငါဆုတောင်း ခွင့်ရှိရင် အဲဒီနေ့ကို ငါနောက်ပြန်ဆုတ်ပါတယ်။ အဲဒီရက်ကို ငါဆုတ်ဖြဲချင်ပါတယ်။ အဲဒီရက်ကို ဆုတ်ဖြဲခွင့်မရှီရင်တောင် အဲဒီအဖြစ်မျိုး ကို ငါတားချင်ပါတယ်။ အဲဒီနေရာကို ငါမသွားဘူး ငါငြင်းမယ် ။ အဲဒီ စမ်းချောင်းကို ငါတို့ မဆင်းဘူး ။ ခုတော့ သိပ်ကိုလှပနေတဲ့ စမ်းချောင်းလေးနံဘေး နှင်းဆီ ရနံ့တို့ သင်းပျံ့ရာ နေရာလေး ကို ငါတို့ရွေးခဲ့မိတယ် မနှင်းဆီ။ တိတ်ဆိတ်လွန်းတဲ့ တောနက် ထူးဆန်းစွာပေါက်နေတဲ့ နှင်းဆီအလှ ကို ငါတို့ တန်ဖိုးထားခဲ့မိတာကို။ ပင်လယ်သူက ဘယ်သူမှ မစိုက်ဘဲ အလိုလျှောက်ပေါက်နေတဲ့ နှင်းဆီအလှမှာ အရာအားလုံး မှားယွင်းခဲ့ဖူးတယ်.... စမ်းရေ၏ အေးမြမှု နှင်းဆီအလှနောက်က ကြောက်မက်ဖွယ် အန္တာ၇ယ် ကို ငါတို့ မသိခဲ့ဘူး လူအသက်တစ်ချောင်းကို မျက်စီလေး တစ်မိတ် လေပြေတစ်သုတ်အဝှေမှာ နုတ်ယူနိုင်တဲ့ ၇က်စက်ခြင်းမျိုးမှ ကြုံတွေရခြင်းမျိုး ကို ဘ၀ဘ၀ဆက်တိုင်း ကင်းဝေးရပါလို၏ အိုဘယ်နှင်းဆီ .. .. ..

မယ်မဒီ
( သုံးနှစ်ပြည့်လွမ်းခြင်း image form art com )

Saturday, March 14, 2009

အချစ်ဆိုတာ

လက်တံရှည်ရှည်ဖြင့် ရိတ်သိမ်းနိုင်တဲံ တံစဉ်တစ်လက်
မနက်ဖြန်ကို ခရီးနှင်းစေသည့် စေတသိုက်
နလုံးသားကို အစာသွတ်ထားသည့် ၀န်ထုပ်
အချိန်ပေါင်းများစွာ ကုန်လွယ်စေတဲ့ နာရီဖြုန်းစက်...


သွေးခုန်းနုန်းတွေ အမြဲ ပြောင်းနေတဲ့ နေရာ
မလွန်ဆန်တတ်တဲ့ ဦးနောက်၏ ပျော့ကွက် တည်ရာ...


ဝန်တိုမှုတွေ စတင်ရာ
သံသယ စိတ်တွေ ကြီးစိုးရာ
တွေဝေခြင်းတွေ ပေါင်းစုရာ
လျိုဝှက်ချက်တွေ ဆုံစည်းရာ...

မျော်လင့်ချက်တွေ ပေါက်ဖွားရာ
ကြင်နာစိတ်တွေ ရှင်သန်ရာ
အပြစ်တော်များ ကင်းလွတ်သည့်နေရာ
ခွင့်လွတ်ခြင်းများ ဘေးမဲ့ စံရာ...

ပျော်ရွင်ခြင်းများ ၏ နန်းရာ
ငိုကြွေးခြင်းများ၏ ထောင်ချောက်
ဆင်းရဲရခြင်း၏ ဗိမာန်
ချမ်းသာခြင်း၏ ပြသာဒ်...


ဤလောက၏ တန်ခိုးရှင်
လူသားတိုင်းအတွက် နတ်ဆိုးတစ်ပါး

အချစ်ဆိုတာ
လွတ်လပ်မှုတွေ တိုက်စားသွားတဲ့ မြစ်တစ်စင်း
ဂဝေတစ်ကောင်း ပူကပ်နေတဲ့ ၀ိညာဉ်
အတွေးဖြင့်ခရီးသွားနိုင်တဲ့ ဘုံ
တိမ်ထုဖြင့် ဆောက်ထားတဲ့ အိမ်တစ်လုံး

အချစ်ဆိုတာ
အတွေးတို့ ကျက်စားရာ
ပူလောင်ခြင်းတို့ ၏ သန္ဓေယူရာ
ပခုံးတစ်ဖက် ငှါးနိုင်တဲ့နေရာ
သစ်ပင်မရှိဘဲ ပန်းတို့ ပွင်ရာ

အချစ်ဆိုတာ
ရုပ်အဆင်း၏ အာဏာစက် မေးမိန်ရာ
ငွေကြေး၏ စက်ကွင်းလွတ်ရာ
ဧကရာဇ်မင်းတို့ ဒူးထောက်ရာ
မဟာတံတိုင်း အဆုံးသတ်သည့် နေရာ

အချစ်ဆိုတာ
စကားသံ အချိုဆုံး ပျော်မြူးရာ
မျက်လုံးတွေ အမြဲငတ်မွတ်နေသည့် အရာ
အလွမ်းတွေ ကူးစက်ခံနေရတဲ့ အရာ
မာန်နတ်တို့ ကြိုးကိုင်းရာ
မေ့ဆေးတို့ အစွမ်းထက်ရာ
လူသားတို့ စတင်ရာတဲ့.. .. .. ..

Thursday, March 5, 2009

နွေ


အလွမ်းတွေ တင်းပြည့်နေတဲ့ အ၀ါရောင် ၀တ်ဆံရနံလေးရရင်

တိမ်ပြာခင်းသော တစ်နေ့ အစွမ်းကုန် လှနေသော တပေါင်းပျို ဥယျာဉ်ထဲ မုတ်သုန်းလေပြင်းတို့ လမ်းမှာစွာ ၀င်ရောက်လာခဲ့တယ်။ အပြိုင်အရိုင်း အပွင့်ချင်း အရောင်ချင်း အသွေးချင်း ပြိုင်နေသော ပွင့်ဖတ်များ တစ်တောလုံး ဆူညံကာ လေသင့်ရာ ကြွေကျခဲ့ရရှာတယ်။ ကျေနပ်စွာ ပျော်ရွင်လေသော လေပြေများ ရယ်သံနှင့် ခြေရာပင် မကျန်ဘဲ ဟို့အဝေးကြီးကို ထွက်ခွာ သွားခဲ့တယ်။ သဘောကောင်းသော တပေါင်းပျိုမယ်လေး အချစ်အတွက် မွှေးရနံတစ်ချိုကို လက်ဆောင်ပေးကာ ၀မ်းနည်းပက်လက် ဖြစ်ကျန်ခဲ့တယ်။ အလွမ်းသာ ကျန်ခဲ့တဲ့ ဘ၀မှာ အရိုးပြိုင်းပြိုင်းထကာ နွေဦး ဟာ အမြဲ ခြောက်သွေ့ နေခဲ့တယ်။

အိုချစ်သူ နွေမှာ ကိုယ့်ကို မွေးခဲ့ပါတယ်။ နွေမှာ ငါကိုမွေးလို့ နွေကြောင့် ငါဟာ ပူလောင်ရတာလား။ ငါ့ အလွမ်းတွေကြောင့် နွေဟာ ပူလောင်နေတာလည်း ဆိုတာ ငါ သေသေချာချာ ကွဲပြားစွာ မသိပါဘူး။ ဓါးတစ်စင်း သုံးစရာ မလိုဘဲ စကားလုံးတို့ ခြွေတဲ့ စစ်မှာ ငါအရှုံးကြီး ရှုံးခဲ့ဖူးပါ တယ်။ အမှတ်ရနေတဲ့ စကားသံတစ်ချို့ အမှတ်တမဲ့ ပြောခဲ့တာလား ဟန်ဆောင်ပြောခဲ့တာလား ဆိုတာသေချာ ခွဲခြားဖို့ ငါအချိန်မရှိခဲ့ဘူး။ အတုအစစ် မဆုံးဖြတ်နိုင်အောင် မောက်မှားတဲ့ အိမ်မက်တစ်ခုကို မက်ခွင့်ပေးတဲ့ ငါကိုယ်စောင့်နတ်ကို ခုတော့ ငါအပြစ်တင်ချင်လိုက်တာ။ ချစ်သူစကားသံမှာ အိမ်ပျော်နေခဲ့ တာကို။ ဒါကြောင့် အလွမ်းသရဖူ ကို ကိုယ်တိုင် ကြည့်ဖြူစွာ ဆင်မြန်ခဲ့တယ်။

မအေးစက်နိုင်သေးတဲ့ ငါ့ရင်ဘတ်ကို တပေါင်းသမီးပျို ရာသီရောက်တိုင်း အပြစ်တင်တယ် ။ အကျည်းတန်နေတဲ့ ကိုယ်အလွမ်း တွေကြောင်း ခမောင်းကဲ့သို့ အလွမ်းရောင် ပန်းတွေကို ပွင့်စေသတဲ့ ။ တစ်ပင်လုံး ညွတ်မတတ် အရိုးအပြိုင်ပြိုင် ငုဝါတွေ ဝေနေတာကြောင့် နွေဟာ အလွမ်းဒဏ် (အ၀ါရောင်သင့် ) နေတယ်လို့ စွမ်စွဲတယ်။ တစ်ကယ်ကို မဟုတ်ရဘူးလို့ ငါ ငြင်းဆန် နေပေမယ့် နီရဲတောက်ပနေတဲ စိမ်ပန်းပြာတွေ တစ်တောလုံး တစ်ပင်လုံး တစ်မြို့လုံး ဝေဆာနေ ပြန်သေးတယ်။ ၀ါထိန်နေတဲ့ ပိတောက်တွေ ပွင့်တော့မယ် ။ ကြည့်ပါအုံး အလှသွေးစုံနေတဲ တပေါင်းလ အလှဟာ အ၀ါရောင်ပန်းတွေဖြင့် အ၀ါရောင်သာ သမ်းနေတယ်။ ချစ်သူ ငါဟာ မင်းကို မလွမ်းပါဘူးလို ငြင်းလို့မရအောင် တပေါင်းက သွေးဆောင်နေတယ်။ တပေါင်းပျိုကတော့ ကိုယ်ကြောင့် တပေါင်းလဟာ လွမ်းမောဖွယ်ကောင်းနေတာလို့ အပြစ်ပုံပါတယ်။ အိုချစ်သူ သစ်တစ်ပင် ပေါ် ငှက်တစ်ကောင် သာ နေတယ် ။ အလွမ်း သီချင်းသာ ဆိုတယ် ။ ဥသြငှက်ကို မဆိုပါနဲလို ပြောလို ရကောင်းရမယ် ။ မလွမ်းပါနဲ လို့ ကိုယ်ကိုကိုယ် ခိုင်းလို့မရတဲ့ အဖြစ်ပါ။ ငါ့အသံကို မကြားနိုင်ဘူး ၊ ငါကို မမြင်နိုင်တော့ဘူး ဆိုစေအုံးတော့ ငါအလွမ်းတွေကို အမှတ်တရ ၀တ်ဆံအ၀ါရောင် တင်းပြည့်နေတဲ့ ကံကော့်ရနံလေး ရရင် တပေါင်းသမီးပျိုလေး တစ်ယောက်လွမ်းနေတယ် ဆိုတာ မေ့လိုက်ပါတော့ ။ နွေဟာ ပန်းများစွာဖြင့် ပူလောင်စွာ လှပနေပါသေးတယ် အို ချစ်သူ။

Sunday, February 22, 2009

တံခါးပေါက်


ညိုးနွမ်းနေသော အရောင်များနှင့် နားမကျမ်းသော စိတ်


ဒီနေ့ ဒီအချိန် ဒီစက္ကန့် ကို ပိုင်ဆိုင်နေပါလျက် လူဆိုတဲ့ တဲ့ သတ္တိ၀ါဟာ အတိတ်ကို ပြန်သွားလိုတတ်ပါတယ်။ အနာဂတ်ကို လှန်လောကာ ရှောင့်ကြည့်လိုပြန်တယ် ။ မျောက်က ဆင်းလာတယ် လို အသိအမှတ် ပြု ခံထားရတဲ့ ဂုဏ်ပုဒ်အတိုင်း ဂဏာမငြိမ်တဲ့ အတွင်းစိတ် မနောဟာ ဟိုကူး ဒီကူး အလုပ်များနေတတ်ပါတယ်။ တစ်ခါတစ်ရံ ဘယ်ဆီကို ရောက်လိုရောက်နေမှန်းတောင် ရှာမရဖွေမရ ဖြစ်တတ်ကြပါတယ်။ အတွေးကို ခြေရာလိုက် စိတ်ကိုပြန်ဆုတ်ကာ တွေးမိတဲ့ အတွေးကို စာလုံးဖော်ကြည့်မိပါတယ်။ စိတ်နောက်ကို လိုက်မိတဲ့ လက်ဆယ်ချောင်း မနားမနေ လှုပ်ရှားနေပေမယ့် အတွေးနောက်ကို လက်ချောင်းလေးတွေ အမှီလိုက်ဖို့ တော်တော်လေးကို ခက်ခဲ့လိုနေပါသေးတယ်။ ကိုယ်စိတ်ကို ကိုယ်မလိုက်နိင်တဲ့ အဖြစ်ထက် ဆိုးဝါးတဲ့ အဖြစ် ဘယ်မှာ ရှီပါအုံးမလည်းနော်...

စိတ်ထဲ သိုလောသို့လော ဖြစ်နေတဲ့ ခံစားချက်ကို ပုံဖော်မိနေတာလည်း တော်တော်လေး ကြာလှပြီး သေချာမကွဲပြား ဘဲ ဝေး၀ါးနေတာကို စိတ်ထဲ မတင်မကျ ခံစားချက်ကလည်း မစားသာတဲ့ အဖြစ်..

ေ၀၀ါးနေတဲ့ အရာပေါင်းမြောက်မြားစွာ ရှိနေတာကိုက ဘ၀လို့များ ခေါ်လေးသလားလို ကျမထင်မိတယ်။ ဘ၀ဆိုတာကလည် လူတိုင်းစိတ်တိုင်းကျ တတ်တဲ့ အရာတော့မဟုတ် တတ်ပါဘူး။ ကိုယ် အဖြစ်ကို ဆိုးလှပြီးလို လူတိုင်းထင်ကြစမြဲပါဘဲ။ မျက်ရည်ပေါင်းများစွာ စွန်းထင်ဖူးတဲ့ အတိတ်ကိုလည်း အခုအဖြစ်လောက် မဆိုးသေးပါဘူးလို တွေမိတတ်ကြသေးတာကို ။ ကိုယ်တိုင်ကြုံတွေခဲ့ရတဲ့အတိတ်မှာ ကိုယ်ဟာရုပ်သေးရုပ် တစ်ရုပ်ဖြစ်ခဲ့ဖူးတယ်။ သူများကြိုးဆွဲခံ ကပြခဲ့ရတာကို ကိုယ်တိုင်ဇတ်လိုက်ဖြစ်ခဲ့ပြီး ကိုယ့်ဇတ်ကို ကိုယ် မရေးခဲ့ဘူးလို ပြောတတ်ကြပါတယ်။ ကိုယ်က ဇတ်ဆရာမဟုတ်ခဲ့လို မှားယွင်းခဲ့တဲ့ ဇတ်တွေကို ကခဲ့မိသလားလို တွေးမိတော့ မဟုတ်လောက်ဘူးလို့ထင်တယ်။ ဇတ်ဆရာ အလိုကျ မင်းသားငိုတယ်ဆိုရင် မငိုတတ်တဲ့ မင်းသားကိုဘယ်ကခိုင်းပါမလည်း ကိုယ်တိုင်အလိုတူခဲ့ ကြလိုပေါ့ .. တစ်ခါတစ်လေ အလိုတူ ငိုခဲ့တယ် ။ တစ်ခါတစ်လေ မှားယွင်းစွာ ငိုတယ်။ တစ်ခါတစ်လေတော့ လည်း တစ်ကယ်ကို ငိုစရာတွေ ကြုံခဲ့ရပါတယ်။ ကိုယ်ငိုနေတာ ကိုယ်ငိုချင်လို့ ငိုတာမဟုတ်ဘဲ မျက်ရည်တွေ ဟန်ဆောင်ကျ ခိုင်းတာမျိုးလည်း ရှိကောင်းရှိမှာပါ။

ကျမထင်တယ် ဘ၀ဆိုတာ ပြောမပြနိုင်တဲ့ အရာတွေကို ကျော်ဖြတ်ကြည့်ခြင်းသာ ဖြစ်လိမ့်မယ်။

တွေးတစ်စရာတစ်ခုတော့ ဖြစ်လာပြန်တယ် ။ ကိုယ်တောင် ကိုယ့်ပြသာနာတွေနှင့် မအားမလပ်နိုင်တဲ့ အခြေအနေမှာ တစ်ခြားလူတစ်ယောက်၏ ဘ၀ကို ၀င်စွပ်ဖက်လိုတဲ့လူတွေကို အံ့သြမိပါတယ်။ တစ်ခြားလူတစ်ယောက်ကို ကိုယ်လိုချင်တဲ့ ပုံစံအဖြစ် ဖန်ဆင်းလိုပါသတဲ့ ။ ကျမအံ့သြတယ် ။ ကိုယ်တိုင်ဘယ်လို လည်စင်းပေးရမလည်းမသိတဲ့ အဖြစ် မှာ သူများကို ကွန်မန်း( ကြိုး ကိုင် ) ပေးချင်တဲ့ လူတစ်ယောက် ကို သိပ်တော်တာဘဲလို စိတ်ရှိတိုင်းသာဆို ကျမတော့ လက်ဆွဲနုတ်ဆက်ချင်ပါတယ်။
`ငါ` ဆိုတဲ့အစွဲကို ခြုံမယ်။ အတ္တကို အဆုံးစွန်းဆုံး တံခွန်းလွင့်ထားပြီး `ငါ` ကြောင့် `ငါ` ကွယ်ပျောက်နေတဲ့ ငါစွဲ ရောဂါ ရနေသူတွေကလည်း ကိုယ်ပတ်ဝန်းကျင်မှာ လက်ညိုးထိုးမလွဲလေတော့ ကိုယ်ကိုကိုယ်တောင် ဒီရောဂါ နှင့်ကွင်းလုံး ကျွတ်ပါ့မလားလို့ ဆိုတာ မသေချာတဲ့ အဖြစ်ပါ ။

ဒါဆို လိမ်လည်လှည့်စားခြင်းနှင့် ကြုံလာတဲ့အခါ ဘယ်လိုသဘောထားမလည်းပေါ့ ၊ အင်း ကျမအတွက်တော့ သိပ်ကိုရှင်း ပါတယ်။ ခွင့်မလွတ်သင့်တဲ့ လူကျင့်ဝတ် ဖောက်ပြန်းခြင်း ဖြစ်တယ်။ ဘုရားထက် ကိုးကွယ်ရာမရှိဘူး ယုံကြည်ရာမရှိဘူး ဆည်းကပ်ရာမရှိဘူး။ ဒါပေမယ့် လူတစ်ယောက် လူတန်းဖိုးဆိုတာ ကို ဖော်ဆောင်တဲ့ အနေဖြင့် လူဆိုတာ ထိုက်သင့်တဲ့ တန်းဖိုးတစ်ခုတော့ ရှိနေသင့်ပါတယ်။ ပြန်လည် အစားထိုး ၀ယ်ယူလိုရတဲ့ ပစ္စည်းဥစ္စာကို ခိုးဝှက်ခြင်းထက် လူတစ်ယောက် ၏ ယုံကြည့်ခြင်း ၊ ချစ်ခြင်းမေတ္တာ ကို ဘာနဲတန်ဖိုးဖြတ် ကြမလည်း။ ဘယ်လို အစားထိုးကြမလည်း သေရွာပါ ဒဏ်ရာတွေ မမြင်ရတဲ့ အတွင်း စိတ္တဇ ၀ိညာဉ် ကို ဖျက်ဆီတဲ့ လူတစ်ယောက်ထွက် ခွင်လွတ်ခြင်းဟာ မတိုက်တန်း ပါဘူး ။

လိမ်လည်းလှည့်စားမှုနဲ လုံးဝဆန်းကျင့်တဲ့ ချစ်ခြင်းမေတ္တာဆိုတဲ့ နလုံးသားတစ်ခုကို ဘုရားသခင် က လုတိုင်းကို လက်ဆောင်ပေးပါတယ် ။ ဒါပေမယ့် တူမျှမှု မရှိလောက်ဘူးလိုတော့ ကျမစွပ်စွဲချင်ပါတယ်။ လူတစ်ယောက် ဖြစ်ရခြင်း၏ အဓီကအကျိုးအမြတ်ဟာ ချစ်ခြင်းမေတ္တာကို ခံစားဖို့ဘဲ ဖြစ်တယ်။ ``လူတစ်ယောက်အသက်ရှင်ဖို့ အတွက် ချစ်ခြင်းမေတ္တာ ကိုယ့်ဆီပးမယ့် လူလည်းရှိရမယ်.. .. ကိုယ်က ပြန်ပေးမယ့်လူတွေလည်း ရှိမှ အသက်ရှင်နိုင်မယ်.. `` သတ္တ၀ါကို မေတ္တာမထားနိုင်တဲ့ လူဟာ အရိုင်းအစိုင်း တစ်ကောင်းသာ ဖြစ်တော့မပေါ့ ။ လူသတ်ချင်စိတ် ပေါက်နေတဲ့ လူ့ရင်ဘတ်မှာ အသက်ရူနေတာကလွဲ လို့ နလုံးသာ တစ်ကယ်မရှိပါဘူး။

အဲဒီလို ကွဲလွဲချက်ပေါင်းများစွာ မတူညီသူပေါင်းများစွာ ဖြင့် စုစည်းကာ ရပ်တည်နေရတဲ့ ဘ၀ဆိုတဲ့ နေ့တစ်နေ့ လတစ်လ နှစ်တစ်နှစ်ဟာ လူတိုင်းအတွက် ဖြတ်သန်းဖို့ အလွန်ကို ခက်ခဲ့လွန်းလှပါတယ်။ ဘာကြောင့် အသက်ရူနေတယ်ဆိုတဲ့ မေးခွန်းကို ကိုယ်ကိုကိုယ် ပြန်မေးခွန်းထုတ်ဖို့ အခွင့်မကြုံတဲ့ အခြေနေများဖြင့် လူတွေ အမြဲပြုံးနေကြပါတယ်။ ပျော်ပါးမြူးတူးနေကြတယ်။ အမြဲတမ်း ပျော်ပွဲရွင်ပွဲတွေကို ရှာကာနေကြတယ်။ မွန်းကျပ်မှုတွေကို ဖြေဖျောက်လိုကြတယ်လို့ အလွန်လှပတဲ့ အကြောင်းပြချက်ကို ပေးကြတယ်။ တကယ်ပျော်ကြပါသလားဆိုတာကိုတော့ ကျမလည်းမမေးကြည့်ရဲပါဘူး။ဒါပေမယ့် ကုန်သွားတဲ့ အချိန်နဲ ပိုက်ဆံတွေကတော့ သောက်သောက်လှဲပါဘဲ။ ရယ်မောခြင်းဟာ ဘ၀၏အမတန်ကောင်းမွန်းတဲ့ အနားယူ စိတ်ဖြေသိမ့်မှုသာ ဆိုရင် ဒေါသချင်းချင်းထွက်ကာ သေချင်နေတဲ့ လုပ်ငန်းခွင်က လူတစ်ယောက် ဟန်ဆောင်ပြုံးနေရတဲ့ ဒုက္ခကို သတိပြုဖြစ်ခဲ့တာ ကြာလှပြီး ။ ပြုံးခြင်းဟာ ရယ်မောခြင်း၏ နိဒါန်း လို တွေးမိဖူးခဲ့တာကို။

လောဘဒေါသဆိုတာ စိတ်ဆိုးစိတ်အနယ်တွေ ပေါက်ကွဲ စိမ့်ထွက်ခြင်းလို ယူဆလို ရနိုင်ပါတယ်။ အသိညဏ်ကသာ ထိန်ချုပ်သွားတာပါ။ အိုမင်းခြင်း ညီမျှခြင်း ဒေါသ ၊ ရင့်ရော်ခြင်း ညီမျှခြင်း မောပန်းခြင်းပေါ့ ။ ဘ၀မှာ လွမ်းမောရခြင်းလောက် ဆင်းရဲပင်ပန်းခြင်း ညီမျှတာ မရှိဘူးလို ထင်မိတယ်။ ဒါပေမယ့် ခက်ခက်ခဲ့ခဲ့ ကျော်ဖြတ်လိုက်တဲ့ အချိန်တစ်ခု အောင်မြင်ချိန် မှာ အသာယာဆုံး စည်းစိမ်ဥစ္စာလိုဘဲ လွမ်းမောရခြင်းဟာလည်း အဖိုးတန်တဲ့ ရသတစ်ပေါ့ ရှင် .. ဘ၀ဆိုတာ လွမ်မောနေရခြင်း လို တင်စားလိုက်ပါရစေ .. .. ..

Monday, February 2, 2009

အချစ်နတ်ဆိုး၏ အခါတော် (ဖေဖော်ဝါရီ ၁၄ )

`` ကျမသာ ပန်းတစ်ပွင့်ဖြစ်ရင် ဗယ်ဆင့်ဘင်ဂို ရင်ဘတ်ထဲ ပွင့်ချင်တယ် ´´


ချစ်ခြင်းတစ်စကို အနားသီကာ လူတွေဟာ မေတ္တာအိမ်ဖွဲ့တတ်ကြတယ်။ မခိုင်ခံတဲ့ ကြိုးချည်းစတွေကြောင့် အချစ်တိုတာ ဆုတ်ဖြဲပျက်စီးပျက်စီးသွားတတ်ပါတယ်။ ရပ်တည်ချက် ဦးတည်ချက် မသေချာ မခိုင်မာတဲ့ ဒီအချစ်ဆိုတဲ့ ကမ္ဘာထဲ လူတွေ လုံးပါးခဲ့တာများပြီး ။ ဒီအဖြစ်မျိုး ငါ့အလှည့်မရောက်စေရဘူးလို့ ခံယူချက်တွေ တင်းတင်းကျပ်ကျပ်ချက်မှတ်ခဲ့ဘူးပါရဲ့ ဒါပေမယ့် ဒီအချစ်ဟာ နတ်တစ်ပါးယောင်ဆာင် ပြီး ရောက်ရောက်လာတာက လူတွေကို အခက်တွေ့ စေပါလေရော.. စည်းကျ ၀ါးကျ န၀င်းကိုးဒေါင့် နှောနှောကျေအောင် ဘက်စုံမှ စွမ်းလေတော့ အိုဒီလူသား ငါ့ကကော့ လွတ်မတဲ့လား ချစ်လိုက်တာပေါ့ နေ့လည်းမသိ ညလည်းမသိ ကမ္ဘာလောကကြီး တစ်ခုလုံး ဇောက်ထိုးသီတွဲနေအုံးတော့ ငါနှင့် လားလားမှမဆိုင် တော့ဘူး လို ထင်ယောင်မှားမိအောင် ချစ်လိုက်ပါလေရော..

အချစ်ကမ္ဘာထဲ ငါဟာ နတ်မဖုရားတစ်ပါး ဖြစ်ခွင့်ရနေလေတော့ ပြုစားခံနေရတဲ ငါ့နလုံးသား နုနုထွဏ်ထွဏ်လေး အချိန်ဟုန်ပြင်းတဲ့ ရေပြင်ကြောထဲ ကန့်လန့်တိုက်စားခံနေရလည်း ပျော်ပျော်ကြီး ကြေနပ်နေခဲ့တယ်။ အချစ်ကမ္ဘာထဲ လူသားတွေလို့ အလုပ်လုပ်စရာ မလိုပါ။ မနောဆိုတဲ့ အတွေးဖြင့် ဖြစ်ချင်တာကို လိုသလို စိတ်ကြိုက်သုံးစွဲ့ခွင့် ရှိတဲ တိုင်းပြည့်ထဲမှာမို့ ငါဟာ တစ်ခါတစ်လေတော့ ငှက်ကလေးတစ်ကောင်းဖြစ်လိုက်၊ နတ်သမီးတစ်ပါးဖြစ်လိုက်၊ ပန်းတစ်ခင်းဖြစ်လိုက် ၊ ကောင်းကင်တစ်ခု ကမ္ဘာငယ်လေးတစ်ခုကို လိုသလို ဖန်တီးခွင့် ရနေပြန်သေးတယ်။ ပတ်ဝန်းကျင်အသိုင်းအ၀န်းမရှိဘူး ဂုဏ်ဒြပ်တွေမရှိ။ အထူးသဖြင့် လိုချင်တာဖြစ်စေနိုင်ပေမယ့် ငွေကြေးသုံးစွဲရခြင်း လုံးဝမရှိလေတော့ လူတိုင်းပျော်ကြ လေသတည်းပေါ့ရှင်။ အချစ်ဆိုတာ လူကိုနတ်ဘုရားတစ်ပါးလို ခံစားစေတဲ့ စည်းစိမ် ချမ်းသာတစ်မျိုး ဖြစ်နေတာကို ။ ဒါတင်ပဲလားဆိုတော့ ဘ၀၏ ချိုခါးအရသာ အားလုံးကို လူဆိုတဲ့ လူတစ်ယောက် တွေထိခံစားနိုင်တာကိုရှင် ..

ဒါဆိုလူတိုင်းက အချစ်ဆိုတာ သိပ်ကိုကောင်းတဲ့ နာမ်းတစ်ခုများလို့ ကျမကို မေးကြတော့မယ် ။ ဟုတ်ကဲ့ မကောင်းတဲ့ နတ်ဆိုး ဂြိုတ်ဆိုးတစ်ကောင်း ၀င်ပူးခြင်းခံရတာလို အားမနားတမ်း ပြောပါရစေ။ ဘုရားကပေးထားတဲ့ လက်ဆာင် ၊ အမေက ပေးထားတဲ့ နလုံးသားတစ်ခုကို ဖွတ်ဖွတ်ညက်ညက်ကြေအောင် မှောက်လိုမှောက် သွန်လိုသွန် ကစားပြီး စုတ်ပြတ်အောင် လုပ်နိုင်တဲ့ နတ်ဆိုးတစ်ပါး သာဖြစ်ပါတယ်။

အချစ်ဆိုတာ မျှော်လင့်ချက်တွေကို ရိုက်ချိုးဖျစ်စီင်္းတယ်။ ပတ်ဝန်းကျင်းအသိုင်းအ၀န်းကို ဆန့်ကျင်ပုန်ကုန်တယ်။ လောကတစ်ခုလုံးကို ပြောင်းပြန်လုပ်နိုင်စွမ်း ဒီအချစ်ဆိုတဲ့ နတ်မင်းဆီမှာ ရှိပါတယ်။ သူ၏ဒေါသ သူ၏အစွမ်းအစကို သွားစော်ကားလိုကတော့ အိုလူသား သင်သေဖို့သာ ပြင်ပေတော့ သူဒေါသ သူမာနအောက်မှာ လူတစ်ယောက်ကို ဒူထောက်ခိုင်းတော့မယ်။ ညံ့ဖျင်းတဲ့ လူနွားတစ်ယောက်အသွင်ကို ဖန်းတီးဖို့ သူမှာ ရက်စက်တဲ့ နလုံးသာကို ပိုင်းဆိုင်တယ်။ ပြောတောသာ အချစ်နတ်မင်းတဲ့ ဒါပေမယ့်သူကိုယ်တိုင် အချစ်ဆိုတာကို လုံးဝမသိ ရင်ဘတ်မရှိတဲ့ သတ္တ၀ါ ။ ဒဏ်ရာတွေ အက်ကြောင့်ထပ်နေတဲ့ ရင်ဘတ်တစ်ခုမှာ ဘ၀ကို ကျိမ်စား တွေ အထပ်ထပ် ပစ်ချပေးတဲ့ ဒီနတ်တစ်ပါး ၏ အခါတော် နေ့ရက် ရောက်မြန်းလို လာပြီး ဖေဖော်ဝါရီလ ၁၄ ရက်နေတဲ့ ဘယ်အချိန်မှာ စတင်ပူဇော်ခဲ့သလည်းတော့ ကျမလည်း မသိခဲ့ပါဘူး။ ကျမသိတဲ့အချိန်မှာ အတော်အတန် စည်းကားနေပါပြီး ။ သူပွဲသဘင်က တော်တော်လေးတော့ လှပတဲ့ အခင်း အကျင်းများဖြင့် ခမ်းနားလို နေပါတယ်။ ရယ်စရာကောင်းတာ ဒီ နတ်ဆိုး၏ သင်္ကေတ အမှတ်အသားက ဒီနတ်ဆိုးနဲ လုံးဝမတိုက်တန်းတဲ့ လူသားတွေ၏ နလုံးသား (အသည်းပုံ) အနီရောင်လေးကို ဒီနတ်ဆိုးက ကြိုက်ပါသတဲ့လား ။ အနီရောင် ရဲရဲ နှင်းဆီကို သာ ပန်းပါသတဲ့ ။

ချစ်သူများနေ့ဆိုပြီး ဒီနတ်ဆိုးကို အမှတ်ရတဲ့နေ့လေး အဖြစ် ကျင်းပပေးကြတယ်။ ဒါပေမယ့် ချစ်သူတွေကို ဒီနတ်ဆိုးက စိတ်ကောင်းဝင်ပြီး ဘယ်တော့မှ ကောင်းခြင်းမပေးတာက ဆိုးဝါးနေတယ်။ ကိုယ်ချစ်သူကို အမှတ်တရ လက်ဆောင်းလေးတွေ လှဲလှယ်ကာ ချစ်ခြင်းကို ဖော်ထုပ်ကြတဲ့ နေ့လေးမှာ ဒီနတ်ဆိုးကတော့ ဘယ် သူတွေကို ငါဂြိုလ်မွေပေးရင် ကောင်းမလည်း ဆိုပြီး နောက်ကနေ လိုက်ချောင်နေတယ်။ မျှားနတ်မောင် ကြိုးစားသမျှ လိုက်ဖျက်နေတဲ့ ဒီနတ်ဆိုး သူယောင်မယ်လေးတွေကို မတင်းတိမ်နိုင်လို လူသားတွေကို ဒုက္ခ္ခလိုက်ပေးနေတဲ့ ဒီဂြိုလ်ဆိုး တစ်နေ့ ကျမရှေ့ကို ရောက်လာတယ်။ လူတစ်ယောက်ယောင်ဆောင်ပြီး ကျမရှေ့မှောက်ရောက်လာ ခဲ့ဖူးတယ်။

ဘယ်လိုမှပုံဖော်လိုမရ ကိုင်တွယ် ထိတွေ့လိုမရတဲ့ အသွင် ဖြင့် ကျမဆီကို ရောက်လာတယ်။ ကျမနှစ်သက်စေတဲ့ စကား တွေ ကို ပြောပြီး ကျမကို ဖျားယောင်းသွေးဆောင်တယ်။ မထင်မရှားတဲ့ အရိပ်တစ်ချို့ ကျမကို ထင်ယောင်ပြကာ ကျမနလုံးသား ကို အလွယ်တကူ ယူသွားတယ်။ ဟောင်းလောင်းကျန်ခဲ့တဲ့ ကျမရင်ဘတ်ကို ဟိုကောင်းကင်က ကြယ်တစ်ပွင့် ကို လွယ်တစ်ကူ ကောက်တပ်ပေးသွားတယ်။ တလက်လက် လင်းနေတဲ့ ကြယ်တစ်ပွင့် ဆီမှာ တစ်နေ့ သူ့အရိပ်ပေါ်ကောင်းနိုးနိုးဖြင့် ကျမစောင့်ကာ ကျန်နေခဲ့တယ်။


မယ်မဒီ (ဖေဖော်ဝါရီ ၁၄ အမှတ်တရ )

Wednesday, January 28, 2009

ငါးစာတုံး




ငါဆိုတဲ့ ငါက တံငါသည် ပိုက်ပေါ်က ငါးပုပ်မဖြစ်ချင်တဲ့ ငါး တစ်ကောင်
ငါဆိုတဲ့ ငါက ဈေးသည်လျှာပေါ်က ရောင်းပန်း မဖြစ်ချင်တဲ့ ငါးတစ်ကောင်
ငါဆိုတဲ့ ငါက အလှမွေးကန်ထဲက အနှစ်မရှိ ရုပ်ပြမစားလိုတဲ့ ငါးတစ်ကောင်......

ကြီးနိုင်ငယ်ညှင်း အပေါ်ဖား အောက်ဖီ
အောက်ဆီဂျင်မပြည့် တောက်ခေါက်ရတဲ့ လောက

အသက်ရူဖို့ ခွင့်ပြုချက်တောင်းရတဲ့ ဒီရေထု
အသက်ရှင်ဖို့ ဇတ်တူသား စားရတဲ့ ဒီကမ္ဘာထဲက .....

ငါးစာတုံးကို လိုက်ရှာဆွဲ ကြိုးဆွဲခေါ်ရာ မရုန်း
ကိုယ်တိုင် ငါးမျှားချိတ်ပေါ်ကို လိုက်မိခဲ့သူ
ငါက အပျော်တမ်းတံငါသည်ကို ဘုရားထင်မိခဲ့တယ် .....

တကယ်တော့
ငါက သူချမ်းသာတစ်ယောက်၏ အပျင်းပြေ ကစားကွက်
ငါက ငါကိုယ်ငါစီရင်ချက် ထုတ်တဲ့ လူမိုက်
ငါက အမျိုးကို ခုတုံးလုပ်မိတဲ့ သစ္စာဖောက်

နောက်ဆုံးတော့ ငါဟာ ဇတ်တူသားကို ဖမ်းဖို့
တံငါသည်လက်ပေါ် ငါးစာတုံး ပြန်ဖြစ်ခဲ့ရတယ်။

Saturday, January 17, 2009

မိုင်ပေါင်းများစွာမှ လိပ်ပြာတစ်ကောင်း၏ အတောင်ခတ်သံ




နာရီစက္ကန့်တိုင်း အဖျား လေးတစ်ခု၏ လုပ်ရှားမှုက ကျမတို့နေထိုင်ရာ ဟောဒီစသြ၀ဠာကြီးကို အံဝင်ခွင်ကျ စည်းချက်ညီစွာ ပဲ့ကိုင်ထိန်းချူပ် လိုနေပါတယ်။ ရက် လ ခုနစ် တွေပေါင်းစပ်ထားတဲ့ သက္ကရာဇ်တစ်ခု၏ သန္ဓေတည်ရာဌာနသည် သစ္စာတရား အလွန်ကြီးမား သော နာရီတစ်လုံးက ဖန်တီးနေသည့် အချိန်ဟု ညွန်းဆိုရာ စက္ကန့်တိုင်ဖျားလေးပေါ်မှာသာ ရှိပါသတဲ့ .. ဒီနာရီတစ်လုံးဟာ သူထက် အဆသန်းပေါင်းများစွာ မရေမတွက်နိုင်အောင် ကြီးမားသည့် နေကိုတောင် ၀င်ခိုင်း ထွက်ခိုင်း နိုင်စွမ်းရှိနေတာကို ။ နေ့နှင့် ညကို ခွဲခြားစေတဲ့ စွမ်းအားရှင် ဖြစ်နေလေတော ဒီလူဆိုတဲ့ မလောက်လေးမလောက်စား သတ္တာဝါတွေ နာရီအောက်မှာ ပြားပြား ၀ပ်နေကြတာပေါ့ရှင်။ အိပ်လည်းအချိန်နဲ့ စားလည်းအချိန်နဲ့ အသက်ရှင်လည်း အချိန်ကို ကြည့်ပြီး ခုနှစ်တွေကို လက်ချိုးရေတွက် ကာ ကိုယ် သေမယ်နေ့ကို စောင်နေကြရတယ်လေ.. ခုနစ်တစ်ခုပြောင်းသွားလို့ သက္ကရာဇ်တစ်ခုကုန်သွားရင်လည်း ကျမတို့ ဘာမှ ဇောတက ထက်ပိုင်ခွင့် မရှိတဲ့ ဟောဒီလောကထဲ နှစ်တစ်နှစ်ကုန်ပြီလို နာရီက သတ်မှတ်လည်း ကုန်ရတယ်ပေါ့ရှင် ကိုယ်က ဘာလုပ်နိုင်တာမှတ်လို့ .. ..



ဒီလိုနဲ နှစ်တွေကုန် လာတာလည်း မနည်းတော့ဘူးရှင် ။လောလောလတ်ကုန်သွားတဲ့ နှစ်ကို ပြန်ကြည့်တော့လည်း ရယ်ချင်စရာကြီးဘဲ ။ ဒီနေ့နှင့် မနေ့က ဘာကွာတာမှတ်လို ။ ဒီဇင်ဘာ ၃၁ ရက်နေ့ည ၁၂ နာရီဆို ပိုတောင် အံ့သြဖို့ကောင်းသေးတယ် ။ တစ်စက္ကန့်အတွင်း သက္ကရာဇ်တစ်ခုပြောင်းသွားတယ်တဲ့ ။ ညတစ်ညတည်း ခုနှစ် ၂ခုပူတွဲနေတာကို ကျမတော့ ကွာခြားနေတာ ဘာတစ်ခုမှ မတွေးပါလားဆိုပြီး အတွေးနယ်လွင့်ခဲ့တယ် ။ ကွာဟချက်ဟာ စက္ကန့်ဖျားလေး ခရီးနှင်းခဲ့တဲ့ ခုနှစ်ဟောင်းရိုးတစ်လျှောက် ကျမလိုက်ရှာခဲ့တယ် ။ ခြေရာတစ်ချိုကို ကျမ ဝေမျှကြည့်မယ်နော်....

လိပ်ပြာတစ်ကောင်း တောင်ပံတစ်ချပ် ခပ်ခြင်းသည် တစ်ခြားကမ္ဘာ တစ်ခြမ်းတွင် လေလှိုင်းလုံးတွေဖြင့် ကဇင်ကလျား ဖြစ်စေပါသတဲ့ လေးဖြူသီချင်းတစ်ပုဒ် ဒီနှစ်ပိုင်းအကုန်လောက်ကို ထွက်လာတယ်။ ဟုတ်တယ် သိပ်ကိုလှတဲ့ စကားလေးတစ်ခွန်းဖြစ်လိုနေပါတယ် ။ ၂၀၀၉ ခုနှစ်မှာ ဒီစကားလေးကတော့သိပ်ကို မှန်လိုနေပါတယ်။ ဒီထက် ထူးခြားကောင်းမွန်တဲ့ ခိုင်နှိင်းလို့ရမယ့် စကားတစ်ခွန်း ဘယ်က သွားရှာရမှာလည်းရှင် ။ လူတစ်ယောက်၏ အတောမသတ်နှိင်တဲ့ ၀ိသမလောဘ တစ်ခုကနေပြီး အစပြုလာတဲ့ ကမ္ဘာစီးပွားရေးကျဆင်းခြင်း ပြသာနာဟာ အခုတော့ တောမီးထက်ကြီးကျယ်တဲ့ ဆူနာမီလှိုင်းအဆင့်ကို ရောက်ရှိသွားပါပြီး။ ကိုယ် က ဘာစီးပွားရေး ပညာရှင်မှ မဟုတ်ပေမယ့် တစ်ဦးချင်း တစ်ယောက်ချင်းဆီကို အကျိုးဆက်က ကူးစက်လာခဲ့တာကို ရှင် ။ နိုင်ငံနှင့် ချီပြီး ကူးစက်လာခဲ့ရုံသာမက အဆင့်ဆင့် ကူးစက်လာတဲ့ တောမီးက မိသားစု ထမင်းအိုးအထိ စွဲလာလေတော့လည်း ကျမရင်ဘတ်ထဲ ဒီတောမီးအကြောင်းကို အတွေးရောက်လာတာပေါ့....

လူတစ်ယောက်ချင်းစီက စတင်လောင်ကျွမ်းတဲ ဟောဒီမီးအကြောင်း လူတိုင်းကြားသိခဲ့ရတာပေါ့ ။ အနောက်နှိင်ငံကြီးတစ်ချို့ အတော်လေးကို ခံစားနေရပြီးဆိုတာမျိုး ၊ အင်္ဂလန် ၊ ဂျာမဏီ၊ အမေရီကန်ကဲ့သို နိုင်ငံကြီးတွေမှာ ကြုံတွေ နေ့ညမပြတ် ဈေးကွက် စတော့တွေ ဘယ်လောက်ထိုးကျနေတယ်ဆိုတာတွေကို သတင်းတွေမှာ တွေ့မြင်နေကြရမှာပါ။ နိုင်ငံတစ်ကာ လေဆိပ်ကြီးတွေမှာ လေယာဉ် ခရီးစဉ်တွေ ဖျက်သိမ်းခြင်းဟာ မထူးဆန်းတော့ ပါဘူး ။ ငွေကြေးတန်းဖိုး ကျဆင်းပြီး ၊ ၀ယ်လိုအား ထိုးကျနေသည့် အကျိုးဆက်တွေဟာ အနောက်တိုင်းနှင့် တိုက်ရိုက်ကုန်သွယ်နေသော အရှေ့တိုင်းပြည်ကြီးများကို နေ့မကူးခင် ကူးစက်ခြင်းခံလိုက်ရတယ်လေ ။ စင်ကာပူကဲ့သို့ ထုပ်ကုန်မရှိသော တိုင်းပြည်ကတော့ ၀က်ဝက်ကွဲကို ခံစားရတာပေါ့ ။ ဂျပန်၊ တောင်ကိုးရီးယား ကဲ့သို့ လျှပ်စစ်ထုပ်ကုန် နိုင်များ အထိနာပေမယ့် ခရီးသွားလုပ်ငန်းကို အဓိက ထားနေသော တိုင်းပြည်များကတော့ အနာဂတ်စီးပွားရေး ဇယားမှာ အနှုတ်လက္ခဏာ ပြလိုနေပါတယ်။

အနောက်နိုင်ငံ လူတစ်ယောက်၏ လောကကနေစလာတဲ့ အကျိုးဆက်ကို နိုင်ငံတော်တော်များကနေ အကျိုးဆက် ကာ လောင်ကျွမ်းလာတဲ့ မီးဟာ လက်ရှိကျမနေထိုင်ရာ အထိ မိုင်းပေါင်းများစွာ ကို ခရီးဆန့်ကာ ရောက်လာပါတယ်။ ဆူနာမီ မီးတောက်ကြီးဟာ ဒီနိုင်ငံ၏ အမြင့်ဆုံးနှင့် အထင်ရှားဆုံးဖြစ်တဲ့းမျော်စင်ကြီးကို ၀ါးမျိုလိုက်ပါတယ် ။ မျှော်စင်ကြီးခမျှာ ဆောက်လက်စ မှ ရပ်တန့်ခံရလိုက်ရပါတော့တယ်။ မျှော်စင်တင်ဘဲလာားဆိုးတော့ ကမ္ဘာ၃၀ ရာခိုင်းနန်း၏ ဆောက်လုပ်ရေး အကြီးစားစက်များတည်ရှီရာဟု မော်ကြွားနေသော ဆောက်လုပ်ရေးလုပ်ငန်းကို ကူးစက်လာပါတယ်။ ဆောက်လုပ်ရေး အတော်များများသည့် ရပ်တန့်ရတော့မယ့် အခြေနေကို ဆိုက်ရောက်လာပါတယ်။

ဆောက်လုပ်ရေးလုပ်ငန်းကို စိတ်တိုင်ကျ ၀ါးမျိုလာတဲ့ ဒီမီးက ခရီးဆန့်လာပါတယ် ။ Bank ကြီးတစ်ခုကို အောက်ခြေကနေချိုးချလိုက်ပါတယ် ။ နောက်bank တစ်ခုဆိုရင် ၀န်းထမ်းလျော့ချရတော့မယ့် အခြေနေကို ဆိုက်ရောက်လို လာပါတယ်။ အကြီးမားဆုံး company ( AlDAR properties) ကဲ့သို့ဆောက်လုပ်ရေးကို အခြေခံတဲ့ လုပ်ငန်းကြီးတွေမှာ ၀န်ထမ်း ၃၀၀ လျော့မယ်ဆိုတဲ့ သတင်းတွေဟာ ဒီမီး၏ အကျိုးဆက်တွေပါဘဲ ။ ဒီလူတွေဟာ ဒီနိုင်ငံသားတွေမဟုတ်တဲ့အတွက် နိုင်ငံပေါင်းများစွာက လူတွေ၏ အိမ်တွေကို ခရီးဆက်ကာ ကူးစက်ပါတော့မယ်။

အကြီးမားဆုံး ခရီးသွား လုပ်ငန်းစုများ ရင်းနီးမြုပ်နှံထားရာ ဒူဘိုင်းနိုင်ငံ၏ ခရီးသွားလုပ်ငန်းကိုလည်း ဒီမီးတောက်တွေ မျက်လုံးရောက်လာပါတယ်။ အနောက် စီးပွားရေး ကျဆင်းမှုဟာ ခရီးသွား လုပ်ငန်းကို အဓီက ထိခိုက်စေတယ်လို သတ်မှတ်လာနိုင်ပါတယ်။ ဟိုတယ်များမှာ occupancy ထိုးကျသွားသလို Booking တွေ နည်း လာသည့်အတွက် ဒီနှစ် lower season လုံး ၀န်ထမ်းတစ်ချို့ကို ၆လ အလုပ်မှ ရပ်နားမယ်လို မြန်မာအများဆုံးရှိရာ Shangri-lar hotel မှ မိတ်ဆွေတစ်ဦးက စကားဆိုလာပါတယ်။ High season ရောက်မှ ပြန်ခေါ်မယ် ဒါပေမယ့် စီးပွားရေးအခြေနေ ဒီထက် ကျဆင်းနေတာမျိုး ၊ ပြန်လည်း ကောင်းမလာသေးဘူးဆိုရင်တော့ မေ့လိုက်တော့ပေါ့ အလုပ်အသစ်ရှာရမယ့် သဘောဖြစ်နေတဲ့အတွက် တစ်ဦးချင်း တစ်ယောက်ချင်း စီး၏ ၀င်ငွေကို ပါလာေ၇ာက်ထိခိုက်လာပါတော့မယ်။ စင်ကာပူမှာ အလုပ်သမားပေါင်းများစွာ အလုပ်မှ ရပ်နားခြင်း ၊ လစားလျော့ချခံရခြင်းကို ကြားသိခဲ့ရပေမယ့် သတင်းအဖြစ်သာ ခံစားခဲ့ရပါတယ်။ ခုတော့ ကိုယ် အရပ်ဒေသကို ရောက်လာပြီးဆိုတဲ့ အချိန်မှာ လူတိုင်းရင်ထဲ အလုံခြုံတဲ့ ခံစားချက်ကလေးတွေ ကို ခံစားလာရတာပေါ့ ရှင် ။ ကျမတို လုပ်ငန်းတွေက အခုချိန်အထိ ပါဝင်ပတ်သက်မှုမရှီလာသေးဘူး ဆိုပေမယ် company ဟာ လစားတိုးမြင့်ပေးရမယ့် ကိစ္စကို ၃ လ ရပ်ဆိုင်းလိုက်ပါတယ်။

အထူးသဖြင့် လူတစ်ယောက်၏ ထောက်ပံ့မှုဖြင့် အသက်ဆက်နေကြသော မြောက်မြားလှစွာ သော မိသားစုများ၏ ၀င်ငွေကို တိုက်ရိုက်ထိခိုက်လာပါတယ်။ ကလေးတွေ လူကြီးသူမတွေ ဘာမှမသိဘဲ သွယ်ဝိုက်စွာ ထိခိုက်ခြင်းခံရပါတော့တယ် ။ တစ်ဦးတည်း ရပ်တည်နေသော စင်ကာပူမှ ကျောင်းသူတစ်ဦးဟာ ကျောင်းရပ်ကာ အလုပ်လုပ်ကာ ဒီပြသာနာကို ခြေရှင်းလို ရနိုင်ပါတယ်။ ဒါပေမယ့် မိသားစုတစ်ခုအတွက်တော့ အနာဂတ်ကို ၀ါးမြိုလိုက်တဲ့ နဂါးမီးတောက်ကြီးတစ်ခု ဖြစ်လိုနေပါတော့ ။ သူလိုငါလို မိသားစုတွေ ဒီကမ္ဘာစီးပွားရေးကြီးနှင့် ပါဝင်မသတ်ဘူးလို ထင်ခဲ့ကြပါလိမ့်မယ် ။ ထိုးကျသွားတဲ့ ကုန်းဈေးနန်းဟာ ကောင်းသော ပြောင်းလှဲခြင်းလား ပိုမိုဆိုးဝါးလာခြင်းလာဆိုတာ စီးပွားရေးပညာရှင်တွေသာ သိလိမ့်မယ် ဒါပေမယ့်  လယ်သမား စပါးဈေးကျရင် လယ်သမားမိသားစု အတွက်တော့ အိုးစားကွဲတာပါဘဲရှင်။ ဒါတွေဟာ လိပ်ပြာလေးတစ်ကောင်း အနောက်ဘက်မှာ ခတ်လိုက်တဲ့ အတောင်ခတ်တာကနေ စလာတဲ့ မိးတောက် Rhythm တစ်ခုပါဘဲ ရှင် ။

၂၀၀၈နှင် ၂၀၀၉ ကူပြောင်းတဲ့ အချိန်လေးမှာ ကွဲပြားခြားနားချက်ကို ကျမ မြင်တွေဖို့ ကြိုးစားခဲ့တယ် ။ ညကို ဓါတ်ပုံ၇ိုက်ကာ လှောင်ပြောင်ဖို့ကြိုးစားခဲ့ပါတယ် ။ ဘာမှထူးခြားမလားဘူး ဒါပေမယ့် ရက်ကို ပြန်ပြောတဲ့ သမိုင်းကတော့ သက္ကရာဇ်တစ်ခုနှင့်  နောက်တစ်ခု၏ ကွဲလွဲချက်ကို ထင်ရှားစွာ ပြသလိုက်ပါတယ်။ လတ်တလော ဖြစ်ပေါ်နေတဲ့ အကျိုးဆက်တွေဟာ ၂၀၀၈ ဆိုတဲ့ ခုနစ်ဟောင်း၏ ဆိုးဝါးမှုတွေဘဲလို ၂၀၀၉ ၏ အသစ်စက်စက် ပထမရက်မှာ လူတစ်ယောက် သုံးနန်းလိုက်တဲ့ အချိန်မှာ မှ ကွဲပြားချက်ကို ကျမတွေ့ခဲပါတယ် ။

မယ်မဒီ

Saturday, January 10, 2009

ကျမအတွေ့အကြုံလေးများ

ကျမအတွေ့အကြုံလေးများကို အဓီကထားရေးမယ်လို့ဆုံးဖြတ်မိခဲ့ပေမယ့် နေ့စဉ်အမျှ တွေ့ကြုံခဲ့ရတာတွေ က လည်း နည်းမှမနည်းပါဘူး။ ဒါပေမယ့် မြန်မာလူမျိုးများအတွက် သိ သင့်သိထိုက်သော ဒူဘိုင်းမြို့ အကြောင်း တစေ့တစောင်း သိသမျှအကြောင်းအရာ လေးများကို ရေးသားပေးပိုခဲ့ပါတယ်။

ယနေ့ ဒူဘိုင်းနိုင်ငံ၏ လက်ရှိအခြေအနေ

ဒီနေ့ ယူအေအီး နိုင်ငံဟာ ကမ္ဘာ ဖွံဖြိုးမှု အမြန်ဆုံးတိုင်းပြည်ဆိုရင် မမှားနိုင် သလို ၊ ခေတ်မှီမြို့ပြကြီးများ ၌ နောက်ဆုံးချသော latest format ဖြစ်သည့်အတွက် နိုင်ငံ၏အခြခံ ဖွဲ့စည်းပုံဒီဇိုင်းသည် အခြားမြို့ပြများ၏ အားနည်းချက် အားသာချက်များအပေါ် တွက်ချက်အခြေခံထားသဖြင့် မြို့ဟောင်းကြီးများထက် သာလွန်နေတယ်ဆိုရင် လည်း မမှားနိုင်ပါဘူး ။ ကမ္ဘာအကြီးဆုံး Dubai mall ကို ပင်လယ်ထဲ ၌ ငါးပြတိုက်နှင့် တွဲဆောက်ပြီး ကြီးကျယ် ခမ်းနားစွာ လတ်တလော ဖွင့်လှစ်ခဲ့ပါတယ်။ ကမ္ဘာအကြီဆုံး( man-made island ) လူလုပ်ကျွန်းကြီးကို အဆင့်အမြင့်ဆုံး လူချမ်းသာ များ အနားယူရန်နှင့် ပိုင်ဆိုင်မှု ပြရုပ်တစ်ခုအဖြစ် ပိုင်ဆိုင်ခြင်းပြ အိမ်ရာကြီးသည်လည်း တည်ဆောက်ပြီးစီး လုလုဖြစ်နေပါပြီး ။ ကမ္ဘာအမြင့်ဆုံး business centre ကို လည်း အမြန်ပြီးစီးအောင် တည်ဆောက်လျှက်ရှိနေပါသည်။ seven star hotel အဖြစ် ဆောက်လုပ်ခဲ့သော ဟိုတယ်ကြီးကဲ့သို့ အလွန်တရာ လှပသော တိုက်ကြီးပေါင်း မြောက်မြားစွာ ပြီးစီးလုလု အနေအထား ရှိနေပါသည်။ အရည်အချင်း မပြည့်မမှီသည့် အဆောက်အအုံး ဟောင်းများအစား ခေတ်မှီသော နိုင်ငံတကား တန်း စံမှီသည့် တိုက်သစ်ကြီးများ အဖြစ် အသွင်းပြောင်းလှဲလိုနေပါသည်။
The biggest airport in the world
The largest man made port in the world
The largest mall in the world
The only 7 star hotel in the world
The largest theme parks in the world (nearly 3 times the size of Disney World in Orlando)
The largest skyscraper in the world

ထိုဆန်းပြား အံသြဖွယ် အဆောက်အအုံ ဒီဇိုင်းများ နည်းပညာများ ဖြင့် အလွန်ခေတ်မှိသော ဒီနေ့ အလယ်ပိုင်းအာရပ် တိုင်းပြည်သေးသေးလေး သည် ကမ္ဘာကြီးကို ဖမ်းစားလျက်ရှိပါသည်။
၂၀၀၆မှ စတင်ကာ အမြန်ရထားလမ်း ဖောက်လုပ်ခဲ့ပါသည်။ လမ်းဖောက်စရာ နေရာမရှိသည့် ဒူဘိုင်းမြို့လယ်တွင် လမ်းမ အလယ်တည့်တည့် ဟိုယခင် ပလက်ဖောင်း အလှပန်းများစိုက်သည့် နေရာကို ရထားလမ်း ခပ်မြင့်မြင့်လေး ဆောက်လုပ်နေရ သလို လူအင်အားနှင့် ငွေအင်းအားအောက်တွင် နေချင်းညချင်း အသွင်းပြောင်လှဲနေသော ဒူဘိုင်းနိုင်ငံသည် အပြောင်းလှဲကြီး ပြောင်းလှဲလိုနေပါသည် ။ မနေက ဒူဘိုင်းသည် ဒီနေဒူဘိုင်းအတွက် ဟောင်းနွမ်းလိုနေပါသည်။

လူနေထိုင်မှု အခြေအနေ

သို့သော် အောက်ခြေလူတန်းစားနှင့် အလယ်အလတ်လူတန်းစား များအတွက် ဒူဘိုင်းနိုင်ငံအတွင်း ဆက်လက် ရပ်တည် နေထိုင်နိုင်ရန် ပိုမို ခက်သထက် ခက်ခဲ့လို့ နေပါတယ်။ သာမန်တိုက်ခန်းများ တစတစလျော့ နည်းလာသည့်အတွက် နေရာထိုင်ခြင်းများသည် အလွန်ကို ခက်ခဲ့ပြိး အိမ်ခန်းရှင်များသည် အခန်းခကို မတရား ဈေးမြင့်ကာ ကန့်သတ်ချက်များစွာ စည်းကမ်းများစွာ တင်းကျပ်လာကြ့( လူမျိုးခြားပေါင်း များစွာ ၀င်ရောက်လာသည့် အတွက် အတူညီသော စရိုက်များ အကျင့်များ နေထိုင်းစားသောက်မှုကို ညီနိုင်ရန်အတွက်) အိမ်ဈေးများ အဆပေါင်းများစွာ မြင့်တက်လာသည့်အတွက် ဒူဘိုင်းနိုင်ငံ လူနေထိုင်မှု အဆင့်အတန်းသည် အောက်ခြေလူတန်းစားအတွက် တဖြည်းဖြည်းဆုတ်ယုတ်သထက် ခက်သထက် ကြမ်းသထက် ကြမ်းလို လာနေပါသည်။ သာမန်တိုက်ခန်း တစ်ခန်းဈေးနန်းသည် မြန်မာငွေ သိန်း ၁၅ သိန်း ၀န်းကျင် တွင် ရှိသည့်အတွက် လူအနည်းဆုံး ၆ ယောက်လောက်နေထိုင်မှ အဆင်ပြေသော အနေထားတွင် ရှိနေပါသည်။ တစ်ချို့အခန်းဆို ၈ ယောက်မှ ၁၀ ယောက်အထိ စုနေရသဖြင့် ဒူဘိုင်းနိုင်ငံသည် ချမ်းသာသလောက် အောက်ခြေလူတန်းစား အတွက် တော့ အလွန်ကို ဆင်းရဲ လွန်းသည့် အရပ်ဖြစ်လိုနေပါသည်။ နိုင်ငံတကာစံမှိလိုသော တိုင်းပြည်ကြီးတွင် အလုပ်သမားလူတန်းစာ၏ လူနေထိုင်မှုအဆင့်အတန်းသည် နိုင်ငံတကာ စံမှိသော အနေအထားနှင့် ဝေးကွာလိုနေပါသေးသည်။ အလွန်လှပသော အဆောက်အအုံးကြီးများတွင် ရုံးခန်းနေရာများ နှင့် လူချမ်းသာများ အတွက် အခန်းပေါင်းများစွာ ပါဝင်သော ဇိမ်ခံ ဈေးကြီးခန်းများသား ဖွဲ့စည်းထားပါသည်။


ဒူဘိုင်းမြို့၏ မြို့လယ်တွင် တိုက်ခန်းများ အလွန်ရှားပါလွန်သည့်အတွက် လူတော်တော်များများသည် လုံချင်းအိမ်များကို စုပေါင်းငှားရမ်းနေထိုင်ကြသည့် ဈေးနန်းကို ကာမိနိုင်ရန်အတွက် လူပေါင်း ၂၆မှ ၃၀ အတိ စုပေါင်းကာ နေထိုင်ရပြန်သည်။ အတော်အတန်း လစားဝင်ငွေသာ ရှိသော သူအများစုသည် ၄၅ ယောက် အထိစုနေထိုင်တတ်ကြသည်။ ဖိလစ်ပိုင်လူမျိုးများ စုနေထိုင်သော ရပ်ကွက် အ ဟောင်း တစ်ခု တွင် မှူနီစီပယ် (municipality)မှ ဘာ ကြေငြာချက် သတိပေးချက်များ ပြုလုပ်ခြင်း မရှိဘဲ ရေမီးများကို ဖြတ်တောက်လိုက်သည်။ ၄င်းရပ်ကွက်အား ဖျက်သိမ်းရန် ဖြစ်သလို လူဦးရေ အလွန်ထူထပ်နေသည့် အတွက် မီးအန္တာရယ် ကာကွယ်ရန်ဖြစ်သည်ဟု တာဝန်ရှိသူက အတိအလင်း ကို ဖြေကြားခဲ့ပါတယ် ။ ဒူဘိုင်းမြို့မှာ နေစရာ တိုက်တွေ ပေါ့မှပေါ့ ဘာဒုစရိုက်မှလည်း ကျူးလွန်တာမရှိသည့် အတွက် ဘယ်မှာမဆို ဒီလူတွေ သွားနေလို ရပါတယ်ဟု တာဝန်မဲ့စွာ တစ်ဘက်ကြည့် အမြင်ဖြင့် ဆက်ဆံတဲ့ တိုင်းပြည်ပါ။ သို့သော် ၂၀၀၉ တွင် အိမ်ခြံမြေဈေးကို ထိန်းချုပ်နိုင်စေရန်အတွက် တိုက်ခန်းပေါင်းမြောက်မြားစွာ ကို အစိုးရမှ ရောင်းချ ငှားရမ်း ခြင်းများလုပ်ပေးမည်ဟုလည်း လူတိုင်းပါးစပ်တွင် ရေပန်းစားလျက်ရှိနေပြန်ပါတယ်။

မြို့တော့်ဖြစ်သော အဘူဒါဘီနှင့် ဒူဘိုင်းမြို့လယ်တိုက်ခန်းများတွင် မိသားစုမှ အပ လူလွတ်များကို နေထိုင်ခွင့် မပြုတော့ဟု အစိုးရမှ ထုတ်ပြန်လာပါတယ်။ စီမန်ကိန်း အရ မည့်သည့်အချိန်တွင့် တရားဝင်အကျူံးဝင်မည့်က မသိသေးပေမယ့် လူလွတ်များအတွက် အခန်းများရှားပါနေသည့်ကတော့ အလွန်းအမင်းကို ခက်ခဲ့လျှက်ရှိပါသည်။ မြို့ပတ်ဝန်းကျင် သန့်ရှင်းစေလိုသလို့ လူလွတ်များကြား ရှုပ်ထွေးလှစွာသော ပြသာနာများရှိနေသည့်အတွက် ကာကွယ်သည့် သဘောလည်း သက်ရောက်ပါသည်။ ထိုအပြင် တစစထိုးချဲ့နေသော မြို့အပြင်ရှိ တိုက်ခန်းများ အိမ်ရာများကို စည်းကားအောင်း ဖန်တီးခြင်းဖြစ်သလို အမြဲတမ်း ပြည့်ကျပ်နေသော မြို့လယ်ရှိ ကားများ၊ လူဦးရေအလွန်ထူထပ်မှုကို လျောချရန် ဆောင်ရွက်ခြင်း ဖြစ်လောက်သည့်ဟု ယူဆမိပါသည်။ သို့သော် အလုပ်သမား လူတန်းစားအဖို့တော့ တိုးမြင့်လာနေသော ကုန်ဈေးနန်း ၊ အခန်းဈေးနန်း များကြောင့် တော်ရုံတန်းရုံ လစာလောက် ဆိုလျှင် အသက်ရူကျပ်လို မရှိသွားဖြဲကာ နေကြရသည်။ ၂၀၀၉ အတွက် တိုးမြင့်ပေးမည့် လစား ရာခိုင်နန်းသည် အလုပ်သမား လူတန်းစားအတွက် တစ်ခုတည်းသော အသက်ရူထွက်ပေါက်သာ ဖြစ်လိုပေမယ့် ၂၀၀၉ ကုန်ရင် ဒီနိုင်ငံအစိုးရဟာ အလုပ်သမားလူတန်းစား ဆီမှ အခွန်ငွေ ခေါက်ခံတော့မှာ ဖြစ်ပါတယ်။



စိတ်ဓါတ်ပိုင်းဆိုင်ရာ

သို့ပေမယ့် လူများ၏ စိတ်ဓါတ်ကို ပြုပြင်ပြောင်းလှဲဖို့ရန် လိုနေပါသေးသည်။ နည်းပညာများအား အဆင့်မြင့်သလို လူတွေ၏ စိတ်ဓါတ်ကိုလည် up-great လုပ်ဖို့ လိုနေပါသေးတယ်။ ဥပမာ အနက်ရောင် ၀တ်ဆင်ထားသော အမျိုးသမီးများသည် ဒေသခံဖြစ်သည့်အတွက် အများသူငှာလို ပြုမှုရသော အလုပ်မျိုးကို တန်းတူစောင့်ဆိုင်းလိုခြင်းမရှိကြပါ။ taxi ပါကင်းနေရာများတွင်လည်း အနက်ရောင် ၀တ်ဆင်ထားသူများက အခွင့်ထူးကို ရလိုကြပါသည်။ ဘဏ်လိုနေရာများတွင် ဒေသခံတစ်ချို့သည် ယောင်္ကျးများဖြစ်ပါလျက် နောက်မှရောက်ကာ တန်းကျော်ပြီး ငွေသွင်းလိုကြပါသည်။ ထိုအပြင် သတ်မှတ်ထားသော စည်းကမ်းများကို အမြဲစည်းဖျက်ရန် အကြောင်းပြချက်များစွာ ရှာဖွေနေသူများလည်းဖြစ်သည်။ ဒေသခံများနှင့် အတူ လုပ်ကိုင်မရခြင်းသည် အခြားသူများထက် ပြောရဆိုရခက်ခဲ့သည်။ ထောက်ပံ့ငွေးများ ရှိသဖြင့် အလွန်းပျင်းကာ ဘ၀င်မြင့်နေကြသူက များပါသည်။ သူများနဲ့တန်းတူလုပ်ကိုင်း သူတွေက အလွန်ကိုနည်းပါးသည် အလုပ်ပြုပ်လည်း ဘာအရေးလည်း ဆို့သည့် အတွေးက နောက်ခံနေသလို ငါတို့နိုင်ငံက ချမ်းသာတယ် ဒီတော့ လူတိုင်းဘဲ ချမ်းသာနေသလို ဟန်ဆောင်းတတ်သည့် အပြောအဆိုများလည်း ရှိပါသည်။ ငွေကို ရေလို တကယ်သုံးတတ်ကြပါသည်။ ၀င်ငွေးအားလုံးကို သုံးပြစ်တတ်ကြပါသည်။ နေစရာနှင့် စားစရာကို အစိုးက ပေးလိမ့်မယ်လို့ ထင်မှတ် ထားသူများပါသည်။ နိုင်ငံချမ်းသာမှု နိုင်ငံ၏ဘက်စုံထောက်ပံ့ကြေးနှင့် အခွင့်အလှမ်းများစွာ ရနေခြင်းက သူတို့ကို ဘ၀င်မြင့်စေခြင်းဖြစ်ပါသည် ။ သို့သော် ဒီနိုင်ငံကို ကမ္ဘာလုံး၏ နည်းပညာရှင်များ အားခေါ်ယူကာ တည်ဆောက်ထားခြင်း ဖြစ်ပါသည်။

စိတ်ဓါတ်ပိုင်းဆိုင်ရာ အရပြောရရင် တော ခေတ်မှီတဲ့ မြို့ပြကြီးက အလွန်းကို စိတ်ဓါတ်ပိုင်ဆိုင်ရာ ဖွံဖြိုးရန်နည်းကွဲနေသော မြို့တော်ကြီးဟုဆိုချင်ပါသည်။ မိန်းမကြီးတော်တော်များများသည် စကားပြောဆိုဆက်ဆံရာတွင် သိပ်ကို ကပ်သီကပ်သက်နိုင်သူများဖြစ်ပါ သည်။ သူတို့ဘာမှ နားလည်းခြင်း သိလွယ်ခြင်းမရှိ ပြောချင်တာကို စွပ်ပြောတတ်သူများ ဖြစ်သလို လိုချင်တာကို သာအတင်း ပြောတတ်ကြပါသည် ။ အရွယ်ရောက်စ မိန်းကလေးမျာ ဆိုပိုဆိုနေပါသေးသည်။ ဘာမှမသိဘဲ လုပ်ချင်သလို လုပ်တတ်သူများဖြစ်သည်။

ဘာသာစကား

အာရပ်ဘာသာစကား နှင် အင်္ဂလိပ်ဘာသားစကား နှစ်ခုလုံးသည် ရုံးသုံးစကားဖြစ်ပါတယ်။ မည်သည့်နေရာတွင်မဆို နှစ်ဘာသာဖြင့် ဖော်ပြထားခြင်းကို တွေနိုင်ပါတယ်။ လုပ်ငန်းခွင်တွင် မည့်သည့်လူမျိုးမဆို ဤနှစ်ဘာသာမှ လွဲ၍ တခြားဘာသာစကားကို လုပ်ငန်းခွင်၌ ပြောခွင့် မရှိပါဘူး။ လူမျိုးပြောင်းများစွာ ရောယှက်နေသည့်အတွက် လူမျိုးခွဲခြားရေးမဖြစ် ပေါ်လာအောင် ကန့်သတ်ထားခြင်း ဖြစ်ပါသည်။ ဘာသာစကားအခြေခံသည် နိုင်ငံတကားတန်းအရ အင်္ဂလိပ်စကားသာ ပြောဆိုနိုင်သောကြောင့် ဒေသ ခံဖြစ်ပါလျှက် အင်္ဂလိပ်လို မပြောတတ်သူများ ယခုအချိန်မှာ အလွန်ကို မျက်နာငယ်နေ ရပါသည်။ ဘယ်နေရာမှာမဆိုး လူရာမတိုးနိုင်သည့် အခြေအနေဖြစ်မျိုးကို ရင်ဆိုင်နေကြရပါတယ်။ တစ်ချို့ သာမှန်အရပ်သား မိသားစုများတွင် စာမတတ်သော မိခင်များကို ကလေးငယ်ကလေးများက ဘာသာပြန်ပေးနေရသော အခြေအနေသို့ ရောက်ရှိနေပါသည်။ ကျေးလက်များမှ လွဲ၍ ဤနိုင်ငံ၏ ကလေးများအားလုံး အင်္ဂလိပ်စကားကို ကျွမ်းကျင်စွာ ပြောနိုင်ကြပါပြီး။

ဒီနေ အာရပ်နိုင်ငံဘာတွေ ဆက်လုပ်နေပါသနည်း

ဒီနေ့ အာရပ်နိုင်ငံမှာ လွန်ခဲ့သော ၂၀၀၄ မှ စတင် အတည်ပြု မှု ချမှတ်ထားခဲ့သော ခေတ်မှိ နိုင်ငံသားစီးစစ်ရေးကဒ် (Emirates ID Cards ) ကို ၂၀၀၉ January မှ စတင်ကာ အကောင်းထည်ဖော်လျှက်ရှိပါသည်။ တစ်နိုင်ငံလုံး လူတိုင်းမလွေးမသွေး 15 နှစ်ပြည့်ကလေးမှ စတင်ကာ လုပ်ဆောင်ရမည့် ကဒ်ဖြစ်ပါတယ်။ ဤကဒ်၏ လုပ်ဆောင်ချက်များ ကို မှုရင်းအတိုင်း ဖော်ပြလိုက်ပါတယ်။ အောက်တွင် ဖော်ပြထားသော စာပိုဒ်ကို ဖတ်လိုက်ရုံမျှဖြင့် ဒီနိုင်ငံ၏ လက်ရှိအခြေအနေနှင့် အနာဂတ်အတွက် ပြောင်းလှဲမှုများကို မှန်းဆလို ရနိုင်မယ်လို ထင်မိပါတယ်။ ကြားဖူးစေ မြင်ဖူးစေ သိစေလို သော ဆန္ဒတစ်ခုဖြင့်သာ ရေးသားခြင်းဖြစ်ပါသည်။ တစ်ခြားနိုင်ငံများသည် လည်း ဤသို့ ပေါ့ပါးမြန်းဆန်သော စနစ်ကို ကျင့်သုံးနေပါပြီး ။

What is the identity card?
The ID card is an electronic means of identification . The EIDA ( emirates identity Authority ) is the responsible body for issuing these cards in the UAE, it is mandatory for all nationals and expatriate persons , the ID card contains personal and biological information and will be used to verify individual identity . It is expected that the ID card will eventually replace other forms of identification , such as labour permit , health card , driving license ,etc


What type of information has been stored in the electronic chip of the card?
The electronic chip contains face photo , name , date of birth , gender, nationality, mother name , marital stastus ,entry brief information ( family and town numbers ) , ID card number , cards serial number , issue date m fingerprint data , an electronic certification for authentication and an e-signature . It also contains information relating to nationality , sponsor number , residence permit details . All care will be taken to protect the confidentiality of the information contained on the card.

How important is the ID card?
The ID card will be the only means for the holder to obtain governmental/semi- governmental services in the future . This system will provide an integral database.


ကျန်ရှိနေသေးသော ရာသီဥတု နှင့် တခြားရိုးရာဓလေ့များကို ဆက်လက်ရေးသာပါအုံးမည်။

မယ်မဒီ