
စုန်းသက်တည်တဲ့ အနမ်း
ချစ်သူပြောတဲ့ နှုတ်ခမ်းဖျားမှာ
ငါဖျားနာနေတာ ကြာလှပြီး …
မျှော်လင့်ချက် ပူးကပ်တဲ့ နာရီတစ်လုံး
အလွမ်းတွေ ရွှေလျားနေလိုက်ပုံများ
ရက်တွေ နှစ်တွေ မွေးလို့
သိမ်ငယ်နေတဲ့ ကောင်းကင်မှာ
ငါမျက်လုံးတွေ ကြယ်တွေကို ရွာချခဲ့တာ ကြာပြီ …
ငါတိုင်ကိုယ် မျိုချထားတယ်
အနာဂတ်ဆိုတဲ့ ဖဲဝှက်တစ်ချပ်
ဒါပေမယ့်
ဆို့တစ်လွန်းလွန်းလို့
အသက်ရူလိုက်တိုင်း ငါ့လည်ချောင်းက အချစ်တွေဘဲ အံ့တယ်…
၎.၉.၂၀၀၉
မယ်မဒီ
6 comments:
အဲသလောက်တောင်ပဲလားးးးးး
ကောင်းလိုက်တဲ့ ကဗျာ... ရေးတတ်ချင်တယ် အစ်မရေ... အားကျတယ်
လှလိုက်တာ!!!
ငါတိုင်ကိုယ် မျိုချထားတယ်
အနာဂတ်ဆိုတဲ့ ဖဲဝှက်တစ်ချပ်
ဒါပေမယ့်
ဆို့တစ်လွန်းလွန်းလို့
အသက်ရူလိုက်တိုင်း ငါ့လည်ချောင်းက အချစ်တွေဘဲ အံ့တယ်…
ဘယ်လိုတွေးလိုက်၊ ရေးလိုက်တာလဲဟင်။
ဘာမှမပြောတတ်ဘူး။
အစ်မ ကဗျာကလည်း ရွံစရာကြီး
Post a Comment