Wednesday, September 15, 2010

အိမ်ပြန်လမ်း


ဆောင်းသံသေးသေးကြားရတဲ့ ရပ်ဝန်းတစ်ခုဆီက အေးစက်နေတဲ့ နံနက်အာရုံဟာ မှောင်မိုက်ခြင်းအတိသာ ပြည့်နက်နေပါတယ်။ ကျမဖုန်းကိုယူပြီး အချိန်ကို ကြည့်လိုက်တယ်။ မနက်ငါးနာရီ တိတိ နောက်ထပ်ဆယ် မိနစ်ဆိုရင် ကျမတို့ကိုလာခေါ်တဲ့ အငှားကားလာခေါ်တော့မယ်။ ငါအိမ်ပြန်ရတော့မယ်ဆိုတဲ့အသိဟာ အရာရာ ကို လန်းဆန်းတက်ထက်လာစေပါတယ်။ ထင်ထားတာတက် စောစီးတိကျစွာရောက်လာတဲ့ အငှား ကားသမား ကြောင့် အနည်းငယ် ကျမတို အလောသုံးဆယ်တော့ ဖြစ်ကုန်တယ်။ အင်မတန်ဧည့်ဝတ် ကျေပွန်သည့် မိသားစု ကို ကျေးဇူးတင်ပါတယ်ဆိုသည့် စကားသာ ကျမပြောတတ်ခဲ့ပါသည်။

ဂိတ်ပေါင်းများစွာ အဆင့်ဆင့်ကျော်ဖြတ်ပြိး လေယာဉ်ပေါ်ကိုတက်လာခဲ့ရပေမယ့် ကျမခံစားချက်က ဒီနိုင်ငံကို စရောက်တဲ့အချိန်တုံးက ခံစားချက်နှင့်တော့ တော်တော်လေးကွာခြားလို့နေပြန်တယ်။ အိမ်ပြန်တဲ့ ခရီးလမ်းလောက် စိတ်လက်သက်သာတဲ့ ခရီးစဉ်ဆိုတာ ရှိပါအုံမလား ၊ ပင်လယ်ကိုဖြတ်၊ မြို့ပြကို ကျော် ၊ တောလမ်းအတိုင်း ရွာစွန်ဖျားကို ရေသောက်ပြီး ကုန်ကြောင့် ပင် လျှောက်ရစေအုံးတော့ လူသားတွေဟာ ပျော်ပျော်ရွှင်ရွှင် ကိုယ့်အသိုက်အမြုံဆီကို ပြန်ကြမှာပါဘဲ။

လေယာဉ်မယ်တစ်ဦး ကျမကိုလာနိုးတယ် ။ လေယာဉ်ဟာ ပျံတက်တော့မှာဖြစ်တဲ့အတွက် ခါးပတ်လေးတပ်ပါအုံးတဲ့ ။ ဘုရားဘုရား ဘယ်အချိန်ကများကျမအိပ်ပျော်သွားပါလိ့မ်. ။ အိမ်ပြန်တယ်သာ ပြောပါတယ်။ တကယ်တော့ ဒီအိမ်ဟာ ကျမရဲ့ ကိုယ်ပိုင်အိမ်ယာ လည်း မဟုတ်ဘူး ၊ မိသားစုသိုက်သိုက်ဝိုင်းဝိုင်းရှိတဲ့ အရပ်ဒေသလည်း မဟုတ်ရပါဘူး။ ကိုယ်နှင့်သွေးမတော် သားမစပ်၊ ဘာသာ လူမျိုးမတူညီတဲ့ တိုင်းပြည်တစ်ခုသာ ဖြစ်ပါတယ်။ တကယ်ဆိုရင် ကျမဟာ ဒီနိုင်ငံအတွက် ဧည်သည်တစ်ယောက်မျှသာ ဖြစ်ပါတယ်။ နီးရာဆွေးမျိုးတော်စပ်ထားသူ သူတွေရဲ ချစ်ခြင်းအငွေ့သက်ကလေးများဖြင့် ရုန်းကန်ုနေရတဲ့ ဘ၀ပေးနေရာလေးတစ်ခု၏ အိမ်ပြန် လမ်းလေးပါ။

ဒီလိုနဲ့ အဘူဒါဘီလေဆိပ်လေးကို ဆိုက်ရောက်လာခဲ့ပါတယ်။ ကိုယ့်နှင့်သိကျွမ်းသူ တစ်စုံတစ်ယောက်မှ မရှိတဲ့အရပ်ပတ်ဝန်းကျင်၊ လာကြိုမယ်သူ တစ်စုံတစ်ဦးလေးမှ မရှိတဲ့အရပ်ကို ကျမနွေးထွေးစွာ ကြည့်လိုက်တယ် ။ လေဆိပ်အပြင်ကိုရောက်လာ အငှားကားပေါ်ကို ကျမလေးလေးပင်ပင်ထိုင်ပစ်လိုက်တော့ တယ်။ ကားဘီးကလေးများ စလှိမ့်ပြီးဆိုတာနှင့် ကျမသည် စိတ်တုံးတုံးချကာ လမ်းလေးအတိုင်း ကားလေး ခေါ်ဆောင်ရာကို အပူပင်မဲ့စွာ လိုက်ပါလာခဲ့တော့သည်။ တဖြည်းဖြည် အချိန်မြင့်လာတဲ့ကားလေးသည် ခြောက်သွေ့နေသော ပတ်ဝန်းကျင်မှာ ပြေးလွားနေသည်။ အမြန်နှုန်းအတိုင်း ဘေးပတ်ဝန်းကျင်ကို ကျမမျက်လုံးများက အဆက်မပြတ်လိုက်ကြည့်မိတယ်။ မွဲခြောက် ခြောက် သစ်ပင်များ ဘေးတစ်ဖက်တစ်ချက်ဝှဲယာမှာ အစီအရီးတန်းစီးစိုက်ပျိုး ထားသည်။ ထိုအပင် လေးများ သည် သဘာဝကိုဖီဆန်ကာ ရှင်သန်လျှက်ရှိကြတယ်။သဲဖှုန်များ နှင့် အပင်စိမ်းစိမ်းများကြား အဝေး လမ်းမ လေးသည် ထိတ်ဆိတ်ခြောက်သွေ့မူတို့ ထုံးစံအတိုင်း တည်ရှိလျှက်။ ၀ါကျင်ကျင် ဓါတ်တိုင်း အလင်းရောင် များက အရှိန်အ၀ါကောင်းစွာ လင်းထိန်နေတယ်။ ကားမှန်တံခါးလေးကို ကျမအနည်းငယ်ချ လိုက်တော့ ပြေးဝင်လာတဲ့အပိုင်လှိုင်းက ကားပြေးနှန်းစက်တိုင်းကျမမျက်နှာကို လာရောက်တိတွေ နှုတ် ဆက်ကြတယ်။ ကျမလည်ချောင်းထဲမှတဆင့် ကျမ ခန္ဒာကိုယ်တစ်ခုလုံကို ပူလောင်ခြောက်သွေ့လို့ သွား စေ ပါတယ်။ စက်တင်ဘာလ အဘူဒါဘီ၏ နောက်ဆုံးနွေ အပူချိန်သည် ၄၃ ဒီဂရီကို ပြနေတုံးပါလား။

စဉ်းကပ်လာတဲ့ ချွေးစက်တွေ ပူလောင်ခြေက်သွေ့နေတဲ့မြင်ကွင်းတွေ အောက် ဖြောင့်စင်းလှဲလျောင်းနေတဲ့ အဝေးပြေးလမ်းမကြီး ပေါ်ရောက်တဲ့ ကျမက နွေးထွေးမှုကို ခံစားရပါတယ်။ လမ်းတစ်ဖက်တစ်ချက်ကို အပြည့် ဆက်ထားသည့် ကြော်ငြာဆိုင်းဘုတ်ကြီး တွေက ကျမခေါင်ပေါ်ကနေရွှေ့ပြီး အနောက်ဘက်ကို ပြေးထွက် သွားကြသည်ဟု ထင်ရသည်။ ကိုယ်မြင်နေကျ နားမလည်းတဲ့ အာရပ်စာလုံးတွေက ကျမကို နှုတ်ဆက် လေသလား။ လမ်းဖြတ်တံထားစင်းပေါင်းများစွာအောက် ကျမဖြတ်ကျော်လာ ခဲ့စဉ် တော့ ကိုယ့်အရပ် ဒေသကို ရောက်ြ့ပီး ဟု ခံစားမိတော့သည်။ ကောင်းကင်မှာ မှိတ်တုတ် မှိတ်တုတ် သွားလာနေကြတဲ့ လေယာဉ်ပျံတစ်စင်နှစ်စင်း ကို အကြောင်းမဲ့စွာ လိုက်ငှေးမိသေးတယ်။ လမရှိတဲ့ ကောင်းကင်ကြိးနှင့် အမှောင်တရား ကင်းသော ဒီမြို့ပြကြီးက ကျမအတွက် အကျည်းတန်းခြင်း မရှိပါဘူး။ မြေကြီးပေါ်မှာ ဇွန်ပလောင်ပင်များ စွာ နေရာတိုင်းမှာ မြင် တွေ့နေရတယ် ။ ရော်မှည့်နေသည့် ဇွန်ပလောင် သီးများမြေကြီးပေါ်မှာ ကျဲပြန့်နေမယ် ဆိုတာ ကျမ အတွေးဖြင့် ဖြည့်ပြီးမြင်ယောင်မိပါသည်။ စိမ်းဝါ၀ါအရွက်စိတ်စိတ် ပင်စည်ဖားဖားအပင်များ ဘေးတစ်ဖက် တစ် ချက်စီက အုံအုံဆိုင်းဆိုင်းများပေါ် မီးအ၀ါရောင်များ လင်းဖြားကျနေသည်က တစ်မျိုးတစ်စုံ လှနေပြန်တယ်။ နရာတစ်ချို့မှာ ကန္တာရဆန်သော မြေကွက်လပ်များ နှင့် ခြုံနွယ်ပုပုလေး များ ကို ကွက်ကြား ကွက်ကြား ၀ိုတိုးဝါးတား အလင်းရောင်အောက်၌ ကျမတွေ့တော့ အလွမ်းပြေသွားတာလား ပိုလွမ်းလာတာလား တော့မသိပါဘူ။ပျော်ရွင်လာသည့်ကတော့ အမှန်ပါဘဲ။ မြင်သမျှ အရာအားလုံးကို ကျမလိုက်ကြည့်နေမိတော့သည်။ မြင်နေကျ မြင်ဖူးသမျှတွေထဲ လမ်းဘေးက ဓါတ်ဆီဆိုင်လှလှလေးတွေကိုလည် အမှတ်တရ ပြန်ကြည့်မိပြန်တယ်။ ဒီက ဆိုင်တွေက ပိုလှနေတယ်လိုလည်း မှတ်ချချမိတယ်။ အချွန်အတက် မပါဘဲ ခေါင်မိုးပြားပြားလေးထောင့်ကျကျ တိုက်ပုလေးတွေကို လူနေအိမ်ရပ်ကွက်ကို ရောက်လာတော့ တွေရပြန်တယ်။ ဒီအိမ်လေးတွေဟာ တစ်ကယ်တော့ဒီနိုင်ငံ၏ ထူးခြားတဲ့ အသွင်လက္ခဏတစ်ရပ်ပါဘဲ မိုးမရွာတဲ့ တိုင်းပြည့်မို ခေါင်းမိုးပြားပြား အိမ်တွေ ဆောက်ကြတာလို့ ကျမတွေးခဲ့ဖူးတယ်။ ဒီလိုနဲ့တဖြည်းဖြည်း တစစ ကျမစီးလာတဲ့ကားလေးဟာ မြို့ရိပ်မြို့ပြ ဆန်တဲ့ အသွင်သဏ္ဍန် တွေ တစတစနှင့် ကျမမျက်လုံးထဲကို ထိုးဝင်လာပါတယ်။ ပိုပြီးမောပန်းနွမ်းနယ်လာသလို ပိုပြီးလေးလံ ထိုင်းမှိုင်း လိုလာပါတယ်။ ကိုယ်နေထိုင်တဲ့ နိုင်ငံ၏အငွေ့အသက် ကလေးတွေကို ရူရိုက်လို့ အားရတော့မှ ကားမှန်လေးကို ကျမပိတ်လိုက်တယ်။ နာရီပိုင်းအတွင် ပြောင်းလှဲသွားတဲ့ ပတ်ဝန်းကျင် အပူချိန် ပြောင်းလှဲမှု မြန်ဆန်နေခြင်းကလည်း ကျမကို ပိုမိုပင်ပန်းစေပါတယ်။

ကားတံးခါးလေးကို အလုံပိတ်လိုက်တော့ မှ လေးအေးပေးစက်ကပေးတဲ့ အအေးဓါတ်လှိုင်းလေးကအေးမြလိုလာပါတယ် ။ ဒါဟာ အဘူဒါဘီဘဲလေ ၊ ဒါဟာ ယူအေအီးနိုင်ငံရဲ သင်္ကေတတစ်ခုပါဘဲ ။ ရေမြေသဘာဝအရင်းအမြစ်ဆင်းရဲနွမ်းပါးရခြင်းအတွက် မျက်နှာမွဲ ရေနည်းငါး ဖြစ်မနေသည့် အင်အားများဖြင့် သဘာဝဖီဆန်အားခံနေတာ ဒီနိုင်၏ စတိုင်ပဲလေ။ ရေပန်းများ၊ ပန်းခြင်းများ၊ မြက်ခင်းများ၊ စိမ်းစိုလှပနေသော ဥယျာဉ်များ၊ သဲမှုန်သဲမွှားကို ထိုးထွက်ပြီး ပြင်းထန်လှသော အပူချိန်အောက်မှာ မိုးထိထိုးထွက်နေသော မှန်အပြည့်ကပ် တိုက်မြင့်များသည် ကမ္ဘာမြို့သစ်များ၏ ခန့်ညားလှပမှုများ ဖြင့် ပြည့်နှက်လို့နေပါသည်။မီးရောင်းများ၊ ဆိုင်းဘုဒ်များ၊ ပြည့်ကျပ်နေသည့် ကားများ ၊ ပြည့်လုမတတ်ဖြစ်နေတု ဆိုင်ခန်းများနှင့် ဈေးဝယ်များ မြင်သမျှသည့် သစ်လွင်လင်းလလို့နေပါသည်။ ဒီမြေရေအောက်မှာ နေထိုင်ရခြင်း၏ အကျိုးကျေးဇူးတစ်ခုဆိုရလေမလား တော့ မပြောတတ်ပေမယ့် မဖြစ်နိင်တာ ဘာတစ်ခုမှ မရှိဘူးလို ကျမတသက်မှတ် ယူဆတတ်နေတာ ကြာပါပြီး။ ဒီလောက၌ လူတို၏ ဦးနောက်သည် အလွန်တရာ အံ့သြဂုဏ်ယူဖွယ်ရား ကောင်းပါသလားဆိုတဲ့ လူသားတို့၏ ဂုဏ်ကိုမြင့်တင် ပေးနေသော အရာများစွာ တည်ရှိ နေပါသည်။ ထိုအရာသည် လူတို၏ ဖန်တီးခြင်း အနှပညာ အတတ်ပညာဖြင့် မော်ကြွနေစေရန် တည်ဆောက် ထားပါသည်။ ထိုအရာများအောက် ကျမမိန်းမောနေခဲ့သည့် မှာ နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီးကော့။

ကျမ၏ မဖွံဖြိုးသေးသော ဦးနောက်များ ကျားကုတ်ကျားကန် လှုပ်ရှားလာအောင် ဒီနိုင်ငံက သင်ပေးခဲ့ပါသည်။ ကျမ၏ အင်အားတွေ ၊ လန်ဆန်းတက်ကြွမှုတွေ၊ မျှော်လင့်ချက်တွေ ၊ ရှိသမျှ အချိန်တွေအားလုံးကို သိမ်းကျူး ပေးဆပ်လိုက်တဲ့ ဒီနေရာ၊ မာန်မာနတိုထောင်လွှားရိုင်းစိုင်းလာအောင် သင်ကြားပေးသောနေရာ၊ လူတစ် ယောက် ကို လူဘ၀လူအခွင့်အရေး လူမှန်နေရာမှန်မှာ လူတစ်ယောက်အဖြစ်ရပ်တည်ဖို့ သင်ကြားပေးတဲ့နေရာ ၊ ဘ၀ဆိုတာ ပိုပြီးလေးနက်ခက်ခဲ့ပါလားဆိုတာ လက်တွေပြသသင်ကြားပေးတဲ့နေရာ၊ ချွေးတီးချွေးစက်များဖြင့် စိတ် ခါးခါးသီးသီး နာကျင်ခံစာဖူးသောနေရာ၊ မျက်ရည်များစွာ ကြွေကျဖူးသောနေရာ၊ အချိန်တစ်မိနစ် တစက္ကန့်၏ အရေးပါမှုကို သင်ကြားပေးသော နေရာ၊ လူမျိုးခြားများစွာနှင့် နေစဉ်ဆက်ဆံခွင့်ပေးသော နေရာ မောပန်းမှုဖြင့် ပျော်ရွင်စွာ သွားလားလည်ပတ်ဖူးသောနေရာ၊ ထိုနေရာလေးကို ကျမပြန်ရောက်ပြီးလေ။ အမုန်းများစွာ ဖြင့် အမြဲတမ်းထွက်ခွာသွားဖို တာစူးနေတဲ့ နေရာလေးကို လွမ်းဆွတ်တမ်းတစွာ ပျော်ရွှင် ကျေနပ် စွာ ပြန်ရောက်လာခဲ့ပြီ။ ဘယ်သောအခါမှ အကောင်းမမြင်မိခဲ့သော နေရာလေးက ကျမကို လှစ်လျူရူလျှက် ပူမြဲပူနေ စည်ကားမြဲ စည်းကားလျှက်ပါဘဲ။ ကျေးဇူးတရားမကင်းသော အရာများထဲ ဤမြို့ပြနေရာလေးသည် ကျမဘ၀၏ ထောင့်ချိုးကွေ့လေး တစ်ခု အဖြစ် အဓိကနေရာမှ ပါဝင်နေပါသေးတယ်...

အဘူဒါဘီမှကြိုဆိုပါတယ် ဆိုတဲ့စာသားလေးကို ပြတ်သားကောင်းမွန်စွာ ကျမပြန်မြင်ယောင်မိတယ်။ဘာပဲဖြစ်ဖြစ်လေ ငါဟာ ဒီနိုင်ငံထဲကိုတော့ တံခါ်းမရှိ ဓါးမရှိ ၀င်ချင်သလို ၀င်ခွင့် ရှိနေသူတစ်ယောက် ဖြစ်သေးတယ်ဆိုတာလေးက ကျေနပ်စရာလေးပါလေဟု အတွေးမဆုံးပါဘူး အငှားကားလေး ပါကင်ထိုးရပ်ပါတော့တယ်။ ဒီမျှလေးလုံသော သေတ္တာကြီးကို ဆွဲပြီး နောက်ထပ်အထပ်ပေါင်းများစွာကို ကျမတစ်ယောက်တည်း တက်ရပါအုံးမယ်.. ဘ၀ဆိုတာ ဒိလိုပါဘဲ မမြင်ရတဲ့ဝန်ထုပ်ကြီးတွေကို ဆွဲပြီး တက်နေကြရတာပါပဲလေ.. အခန်းသော့လေးကို ကျမသေချာအောင် ပြန်စမ်းပြီးထုတ်ယူလိုက်တယ် ။ ခရီးအဆုံးသော့တွဲလေးမမေ့ခဲ့သာ အရေးအကြီးပါတယ်.... သိပ်မကြာအချိန်လေးအတွင်းမှာ ကျမကိုယ်ခန္ဒာသည် ဒီနိုင်ငံအပူချိန်နှင့် အကျွမ်းတ၀င် တသားတည်း ကျသွားပါလိမ့်မယ့်....

မယ်မဒီ
၁၅.၉.၂၀၁၀

Tuesday, September 14, 2010

ခရီးစဉ် (၃)

အေးစက်တဲ့ပတ်ဝန်းကျင်အငွေ့သက်ကို ရူသွင်းလိုက်တဲ့လေထုထဲကနေ ကျမခံစားမိတယ်။ ငါဟာ သူများပိုင်နက် သူများတိုင်ပြည်ကို ရောက်နေပါလားဆိုတဲ့ အားငယ်စိတ်ကလေးတော့ ၀င်သား။ ကိုယ်ပြည်ပြန်တဲ ခံစားချက်က တက်ကြွနေလိမ့်မယ်ထင်ပါတယ်။ သူစိမ်းဆန်တဲ့ နေရာတိုင်းလိုလို မှာ ကြော်ငြာဆိုင်းဘုတ်တွေ၊ များလိုက်တဲ့ ဂိတ်တွေ ၊လမ်းတွေကြားမှာ ကျမမျက်စီကို ပြူး နေအောင် ထားမှ ကိုယ့်သွားရမယ့် လမ်းကို တည့်တည့်တန်းတန်း ရောက်မယ်။ ကိုယ်တိုင်ပြည်လို စေတနာ ရေစီး ကမ်းပြို နေတဲ့ မိတ်ဆွေတွေကလည်း ခရီးသွားဟန်လွဲ တွေရခဲ့တာကို.. တစ်ယောက် ကို တစ်ယောက် အဖက် လုပ်ပြီး စကားပြောရမှာကိုတောင် ဒီကလူတွေ ကြောက်တတ်ကြပါတယ်။ ကိုယ်လည်း မကြိုက် သလို့ သူတို့လည်း မကြိုက်ကြပါတတ်ပါဘူး။ ဒါပေမယ့် customar service ကောင်တာတွေက လမ်းဆုံတိုင်းမှာ ရှိနေတာမို့ အားလုံးအဆင်ပြေလွယ်ကူပါတယ်။ ကိုယ်လို့မသိတဲ့လူတွေအတွက် ဘာမဆိုမေးစမ်းဖို အကူညီ တောင်းဖို့ သီးသန့်ကို စောင့်ဆိုင်နေတဲ့ လူတွေကတော့ ယဉ်ကျေးပျူငှာစွာ ကူညီကြပါတယ်။ ဒါကသူတို့ရဲ အလုပ်ကို ။
ကျမလက်ခံယုံကြည့်တဲ့ ဆောင်ပုဒ်တစ်ခုရှိတယ် ။ လူဆိုတာ လူပါဘဲလို မြင်ထားဖို့ပါဘဲ။ လူတိုင်းကို လူလိုဆက်ဆံမယ်ဆိုရင် အဲဒီလူကလည်း လူလိုပဲ တုန့်ပြန်မယ်လို့ လက်ခံထားပါတယ် ။ ဒီတော့ ကျမက လူတွေနေတဲ့တိုင်းပြည်တစ်ခုကို ခရီးသွားခြင်းအတွက် ဘာများခက်ခဲ့မှာလည်းရှင်။ ဖြူ၏ မဲ၏ ရှည်၏ လှ၏ ချမ်းသာ၏ ဆင်းရဲ၏ မတူညီကတာက အမှန်တရားကို ။ ကျမလုပ်နိုင်တာဆိုလို့ ဘယ်လိုလူတွေနှင့် ပေါင်းသင်းဆက်ဆံရမလည်းဆိုတာကို သင်ကြားဖို့၊ ဘယ်လိုလူတွေနှင့် ရောနှောနေထိုင်ရမလည်းဆိုတာ လေ့လာဖိုပါပဲ ။ ဒီထက်ကျမပိုပြီး ဘာမှတတ်နိုင်မယ်မထင်ပါဘူး။
စိမ်းနေတဲ့မျက်နှာစိမ်းတွေကြား ကိုယ်ကိုလာကြိုမယ် အရောင်းသွေးတူ ကိုယ်လူမျိုးတစ်ဦး ရှိနေပါတယ်ဆိုတဲ့ စိတ်ခံစားချက်ဟာ အင်မတင်အင်အားကြီးမားပါတယ်။ ယုံကြည့်မှုတွေ အပြည့်ပေါ့ ။ ကျမလေဆိပ်ထဲက နေ ထွက်လာတယ်။တည့်တည့်မတ်မတ် ဆီးကြိုနေတဲ့ ကျမအစ်ကြီးက လာကြိုနေပါတယ် ။ရှာရတာ လွယ်သား ဘဲတဲ့ ။ ဟုတ်တာပေါ့ ကိုယ့်ရေကိုယ်မြေပေါ်က အသွေးသား တစ်ယောက် ကို ဘယ်သူကများ မမှတ်မိ မခွဲခြား တတ်ဘူးဆိုတာ မရှိပါဘူးလေ။



ရထားပေါ်ကိုရောက်တော့ ဘေးပတ်ဝန်းကျင်ကို သတိထားမိတယ်။ မတူညီတဲ့အရာတွေအားလုံးကို မိန်းမပီသစွာ အလိုအလျောက် လိုက်လံမှတ်သားတော့တာပါဘဲ။
အနောက်ဥရောပဆိုတာ ဘယ်လိုများလည်း လို့ တစ်ယောက်ယောက်မေးရင် ကျမတော့ ဖြေချင်တယ်။ အရှေတိုင်းနှင့် ၀တ်ပုံစားပုံ အသားအရောင်မတူတဲ့ တိုင်းပြည်ကို ခေါ်တာလို့ဘဲ ဖြေချင်တယ်။

တူတာကော့ဘာများရှိသလည်းလို့ ထပ်မေးရင်တော့ ပတ်ဝန်းကျင်တစ်ခုလုံးစိမ်းစိုနေတာချင်တော့ အတူတူဘဲပေါ့။ မြက်ရိုင်းတွေကို ကျမမြင်နေရတယ်။ မြက်ရိုင်းတွေဘေးမှာ ရေမြောင်းသေးသေးလေး တွေရှိတယ်။ အဲဒီရေမြောင်ဘေးမှာ ခြုံပုတ်ဆန်းတဲ့ အပင်တွေ၇ှိတယ်။ ကြိးမားတဲ့ သစ်ပင်တွေ ပေါ်မှာ နွယ်ဆန်ဆန် သစ်ပင်တွေက ရစ်ပြီးတက်နေတယ်။ မြေသင်းရနံ့ရတယ်။ ကျေးငှက်အသံတွေကိုကြားရတယ်။ လယ်ကွင်းတွေအများကြီးရှီတယ်။ နွားစားကျက်တွေ လည်း ရှိတယ်။ ရထားလမ်းတွေနှင့် ဓါတ်ကြိုးမီးတိုင်းတွေ လမ်းဘေးမှာ ရှိတာချင်းတော့အားလုံးအတူတူပါဘဲပေါ့။ မိုးဖွဲဖွဲလေးရွာနေတာက အမွှာလို့တောင် ပြောလို့ရတယ်။ မိုးမရွာတဲ့ တိုင်းပြည်မှာလည်း ကျမနေဖူးတာကို....
အိုဟောင်းနွမ်းတဲ့ အဆောက်အုံပေါင်းမြောက်မြားစွာ ၇ှိတာချင်လည်း တူညီလိုနေပြန်ပါသေး တယ်။ ဒါတင်ဘယ်ကမလည်း ရန်ကုန်မြို့တော်ဟာ အင်္ဂလိပ်အစိုးရ ပုံစံချက်မှတ်ပြီး ဆောက်လုပ်ခဲ့ တဲ့မြို့တော် ဆိုတော့ ဟောင်းနွမ်းနေတဲ့ နှစ်ပေါင်းနှစ်ရာသုံးရာက မြို့ဟောင်းပုံစံချင်တော့ အသွေးအသားတူတူပါဘဲ။ ဆယ်ငါးပေ ပေနှစ်ဆယ် တိုက်ခန်းဟောင်းဟောင်းတွေ ဆေးရောင်လင်ထိန်းတောက်ပနေတာနှင့် ပိုပြီးခနှော်ခနှဲ ဖြစ်နေတာလေးလောက်သာ နည်းနည်းကွဲပြားနေတာပါ။

ကျမတည်းခိုခဲ့ရပတ်ဝန်းကျင်နှင့်မလှမ်းမကမ်းဟာဆိုရင် တက္ကသိုလ်ရိပ်သားလမ်းဟောင်းဘက်တို့၊ ရွေတောင်ကုန်းရိပ်သာဘက် နှင့် တော်တော်လေးကိုဆင်ပါတယ်။ အိမ်တော်များများပိုပြီးဟောင်းနွမ်းကာ ဘိုလ်ဆန်းနေတာလေးတစ်ခုသာ ကွာခြားပါတယ်။ ရန်ကုန်မြို့တော်မှာတော့ တိုက်သစ်တွေ နေရာတစ်ဖြည်းဖြည်း ယူလာပါပြီး...

တမြို့လုံးတိုက်ဟောင်းတွေနှင့် ပြည့်နက်နေတဲ့ မြို့ကြီးကို သူတို့လူမျိုးက အင်မတန်းတန်ဖိုးထားဂုဏ်ယူပါတယ်။ ဘယ်ခေတ်မှာ ဘယ်လိုဆောက်ခဲ့တာ။ ဘယ်မင်းသားလက်ထက် ဘာကြောင့်ဆောက်တာ ၊ဘယ်သူတွေက အခုချိန်မှာပိုင်ဆိုင်တယ်၊ ဘယ်မိသားစုက နေထိုင်နေပါတယ်ဆိုတာကို ကျမတို့ သဘောင်္စီးတုံးက အချိန်နှင့် နေရာကို ကွတိကိုက်ပြီး အသံလွင့်ပါတယ်။ ကျမက ဘယ်တုံးကမှ အဟောင်းအဆွေးတွေပေါ်မှာ တွယ်ဖက်ထားတဲ့ စိတ်အစွဲလှမ်းမရှိသူ ဖြစ်နေလေတော့ ဖျက်ပြီးတိုက်အသစ်ကြီး ဆောက်လိုက်ရင် သိပ်ကောင်းမှဘဲလိုသာ တွေးမိပါတယ်။

သမိုင်းဆိုတာ လက်ခံသူနှင့် ဆက်ခံသူတွေပေါ်မှာ ပြောင်းလှဲသွားတာဘဲမလား။ အင်အားကြီးသူတွေဟာ သူတိုသမိုင်းကို အမြဲပြောင်းရေးနေတာ ခေတ်အဆက်ဆက်မှာပဲလေ ။ အမှန်တရားတွေဟာ အင်အားကြီးသူတွေ ပြောင်းရေးတဲ့ အောက်မှာ အမြဲကွယ်ပျောက်သွားရတာဘဲမလား။ ဒီတော့ ဆက်ခံသူက သူတို့သမိုင်းကို သူတိုဆက်ရေးမြဲ ဆက်ရေးနေသင့်တယ်။ ထိန်းသိမ်းရုံ သာ ဆိုရင် တစ်နေမှာ အဲဒိအမွေအနှစ်တွေဟာ အိုဟောင်းဆွေးမြေ့ပျောက်ကွယ်သွားလိမ့်မယ်။ ခေတ်အဆက်ဆက် လူမျိုးပေါင်းများစွာ နိုင်ငံပေါင်းများစွာ ပျောက်ကွယ်တိမ်မြုပ်သွားရးခြင်း၏ အဓိက တရားခံဟာ ရှေ့အယူအစွဲ ကြီးလွန်းမှု၊ တင်းမာတဲ့ မိရိုးဖလာ စည်းကမ်းချက်တွေကြောင့် သူတို့တိမ်ကော့ ပျောက်ကွယ်သွားရတာ ဖြစ်ပါတယ်။

ဒီနိုင်ငံဟာ တူးမြောင်းမြို့တော် ဖြစ်ပါတယ်။ ဒီနေအထိ ထိန်းသိမ်းထားတဲ့ အမွေအနှစ်များစွာထဲက ကမ္ဘာနှင့်ချီပြီး စာဖွဲရလောက်အောင် တစ်မြို့လုံးကို စနစ်တကျ ဖောက်လုပ်ထားတဲ့ တူးမြောင်းတွေကြောင့် ဒီနိုင်ငံဟာ ကမ္ဘာကျော်ပါတယ်။ ရောက်လေရာအရပ် ကားလမ်းဘေးမှာ တူးမြောင်းတွေ တည်ရှိနေပါတယ်။ ကားမပိုင်ချင်ရင်သာနေမယ် လှေလေးတစ်စီးတော့ ပိုင်ချင်တယ်ဆိုတဲ့လူမျိုးတွေ ဖြစ်ပါတယ်။ ပင်လယ်ရေမျက်နှာပြင်အောက် ၂ မိတာခန့်မျှ အောက်ရောက်နေတဲ့ အရပ်ဒေသကိုပိုင်ဆိုင်ရတဲ့ ဒီလူမျိုးတွေဟာ သူတိုပိုင်ဆိုင်တဲ့အရပ်ဒေသကို ရေဖုံးလွမ်းမှုအောက်ကနေကာကွယ်ဖို့ရန်အတွက် တူးမြောင်းများစွာကို တူးခဲ့ကြပါတယ်။ သမိုင်းဝင်လောက်အောင် တစ်နိုင်ငံလုံးဟာ တူးမြောင်းများစွာဖြင့် စိမ်းစိုလန်းဆန်းနေပါတယ်။ မြစ်ချောင်းအင်းအိုင်ပေါများတဲ့ ဘ၀ပေးလှတဲ့ မြန်မာလူမျိုးတွေ ရေ နှစ်တခါ ငတ်တလှည့် ကြုံနေရတာကို တွေးမိပါသေးတယ်။ တန်းဖိုးထားတာချင် မတူတာလား။ အမြင်အသိမတူတာလားတော့ ကျမမသိဘူး ချောင်းဆိုတာ ခွေးသေကောင် ပုတ်တွေမျောနေပြီး အိမ်ကအမှိုက်တွေကို သွားပစ်တဲ့နေရာလို့ ယူဆထားကြတာကို။ ချောင်းနားရောက်ရင် နှာခေါင်းလေးပိတ်ပြီး ဖြတ်မယ်။ အမှိုက်ကို လှစ်တာပစ်ပြီးပြေးခဲ့ ကိုယ့်အဖြစ်ကိုလည်း ကိုယ်ပြန်မြင်ယောင်မိပါသေးတယ်။ စိမ်းနေမြက်ခင်းဘေးမှာ ရေညစ်စိမ်စိမ်းတွေ ငြိမ်ငြိမ်သက်သက် ရှိနေမယ်။ တခါတလေတော့ စက်တပ်လှေတွေ ဖြတ်မောင်းသွားမယ်။ ရေဘဲတွေ ဗျိုင်းတွေ လာနားမယ်၊ အဖြူရောင် ဘဲငန်းကြီးတွေ သွားလာနေမယ် ။ စာသောက်ဆိုင်တစ်ချို့ ရှိချင်ရှိမယ်။ ဒါကိုအနောက်ဥရောပလို့ခေါ်ရမှာပေါ့ရှင်။
ထူးဆန်းတာတစ်ခုတော့ရှီတယ်။ အင်းလေးရေကန်ကို ခြေမချဘူးပေမယ့် အင်းလေးအကြောင်းကိုတော့ မြန်မာလူမျိုးအတော်များက သိကြပါတယ်။ ထူးခြားတဲ့ အသွင်စရိုက်တွေဖြင့် အင်းလေးဟာ နေချင်ဖွယ် ကောင်းတယ်။ အင်းသူအင်းသားတွေဟာ ရိုးသားတယ်ဆိုပေမယ့် ဘယ်မြန်မာလူမျိုးကမှ အင်းလေးထဲမှာ တစ်ကူးတက အိမ်ဝယ်ပြီးအနားသွားယူတယ်ဆိုတာမကြားမိခဲ့ပါဘူး ။ ဒါပေမယ် ဒီတူးမြောင်းမလောက်လေးမလောက်စား ပေတရာသာသာဘေးတစ်ချက်ဘေးမှာတော့ ဆိုက်ကပ်နေတဲ့ လှေအိမ်တွေ အများကြီးကိုတွေ့ခဲ့ရတယ်။ တစ်ချိုအိမ်တွေက ပြတိုက်ဆန်းတယ် အနားယူရုံ စာကြည့်တိုက်သဘော ၊ နားနေခန်းလိုမျိုးဆောက်ထားတယ်။ တချို့ကတော့ လုံးဝအိမ်မရှိဘဲရေပေါ်မှာဘဲ လှေနှင့်နေကြတယ်။ အစိုးရဆီမှာ အခွန်မဆောင်ထားတဲ့ လိုင်စင်မဲ့အိမ်တွေမှာတော့လျှပ်စစ်နှင်gass မရှိဘူးလို့ ဆိုပါတယ်။ ခရီးပန်း ဆာလောင်နေတဲ့ ကျမနှခေါင်းထဲကို တိုးဝင်လာတဲ့ အကင်ရနံ့လေးကို ကျမ မမေ့နိုင်ခဲ့ပါ။ အေးချမ်းတယ်ဘဲ ဆိုရမလားရှင် ။ လောဘနည်းတာဘဲလား၊ ချမ်းသာဒါဘဲလား ကျမအသိညဏ်လိုက်မမှီတဲ့အရာတွေ ရှိတဲ့ နေရာကို ဥရောပလိုသာ ဆိုလိုက်စမ်းပါရစေ။

မယ်မဒီ
၁၃.၉.၂၀၁၀

Friday, September 10, 2010

ခရီးစဉ် ( ၂ )

မိမိကိုယ်ကို ဂုဏ်ယူကျေနပ်စွာ အများသူငှာကဲ့သို ခရီးသွားဟန်လွဲ လူတစ်ဦးဖြစ်ချင်တဲ့ကျမလေ အနီရောင် passport ကို တင်းတင်းကျပ်ကျပ်ကိုင်ဆိုင်ပြီး ဂိတ်အ၀င်ဝကို ရောက်ရှိလာပါတယ်။ စက္ကန့်ပိုင်းမျှသာ တံဆိပ်တုံးထုရန် ကြာမြင့်သည် ဤဂိတ်မှူးသည် ကျမစာအုပ်ကိုတော့ မျက်နှာဖုံးမှကျောဘတ်အတိ သေသေချာချာကြည့်ပါသည်။ ကျမဟာ ဘယ်ကလာသလည်း ဘာကြောင့် ရောက်လာသလည်း ဘာလာလုပ်သလည်း ဘယ်နိုင်ငံကလည်းဆိုသည့် မေးခွန်းတွေကို ကျမကို မေးပါတော့တယ်။ ကျမစိတ်တွေ အထွဋ်ထိပ်ကိုရောက်ရှိလာပါတော့မယ်။ သူ့အပူပါလားပေါ့ ငါဘာသာငါ လာချင်လိုလာတာ ပိုက်ဆံတတ်နိုင်လိုလာတာ၊ ဘီဇာရလာလိုလာတာဘဲ ဆိုတဲ့ စိတ်ရိုင်းတွေက ပူးကပ်လာပါတော့တယ်။ ကျမစာအုပ်ထဲက ဘီဇာတံဆိပ်ကို အသေချာချာကြည့်နေပုံက အသည်းယားလိုက်တာနော်။ အင်မတန်စိတ်ပျက်တဲ့ မျက်နှာမျိုးမဖြစ်မိအောင် ကျမအဝေးကိုငြေးကြည့်နေလိုက်တယ်။ သိပ်ထူးဆန်းတဲ့စကားတစ်ခွန်းကိုမေးပါတယ်။ ငွေဘယ်လောက်ပါလည်းတဲ့ cash or credit လားတဲ့ ဘုရားကိုတမိရုံဘဲပေါ့ရှင်။ ငါဆီမှာ လောက်ငှတဲ့ ငွေကြေးအတိုင်းတာ ပါလာပါတယ် ဒီခွင့်ရက်ကလေးကို အလည်သက်သက် ရောက်လာတာပါလို့ ဖြေပါသော်လည်း ဤဂိတ်မှူးသည် တုံးထုရန်လက်တွန့်နေပါသေးတယ်။ သူထက်ပိုပြီး ရာထူးမြင့်သူတစ်ဦးကို လှမ်းခေါ်ပါသည်။ ထိုသူသည် ကျမအား သီးသန်နေရာသို့ ခေါ်ဆောင်သွားပါသည်။ ပြီးလျှင်ကျမဆီက လေယာဉ်လက်မှတ်အပြန်အတွက် ၀ယ်ထားပြီးသလားဆိုတာမေးပါတယ်။ ကျမက ကျမဆီမှာ ပါလာတဲ့ စာရွတ်စာတမ်းတွေကို အေးအေးဆဲဆဲထုပ်ပေးလိုက်ပါတယ်။ ဖတ်ပေါ့ နင်မှာအဲလောက်အလုပ်တွေ အားနေမှတော့ ဒီစာရွတ်တွေကို နင်ဖတ်ဖို သင့်တယ်လို့ ကျမတွေးလိုက်တယ်။ သူလိုချင်တာရော မလိုချင်တာရောအားလုံးပေးလိုက်တယ်။ ကျမ ဟိုတယ်ဘိုကင်တင်ထားတာတွေ လေယာဉ်ခရီးစဉ် အသွားအပြန်ကို ငွေချေးပြီးသားစာရွတ်တွေရေ၊ ကျမအအလုပ်ကနေထောက်ခံပေးထားတဲ့ ခွင့်စာရွတ်တွေကိုမြင်တော့ ဘာပြသာနာမှမရှိပါဘူးတဲ့ မင်းအဲဒီနိုင်ငံလက်ရှိအလုပ်လုပ်နေသူတစ်ယောက်ဘဲဆိုပြီး ကျမကို လိုလိုလားလား တုံးထုပေးလိုက်ပါတယ်။ ဘုရားဘုရား ကျမဆီမှာ ဒူဘိုင်းနိုင်ငံကပေးထားတဲ့ ဘီဇာဟာ နောက်ထပ် နှစ်နှစ်ကျော်သာ ကျန်မနေဘူးဆိုရင် ကျမဒီနိုင်ငံကို ၀င်ခွင့်ပေးချင်မှ ပေးမယ်ထင်တယ်။ ရွှေမြန်မာရေ ကျမတော့ စာအုပ်အစိမ်းရောင် ကိုင်ချင်တယ်လို ဆိုရင် အပြစ်မပြောလိုက်ပါနဲ့။ ကျမလူ့အခွင့်ရေးဆိုတဲ့စကားလုံးအတိမ်အနက်ကို အတော်အတန်လေး သဘောပေါက်နားလည်းနေပါပြီး။ ငါ့ကျမှအသည်းကွဲဆိုတဲ့သီချင်းအတိုင်းဘဲပေါ့ ငါ့ကျမှ ဘာကြောင့်အမေးခံရလည်းဆိုတဲ့ မေးခွန်းကို ကိုယ်တိုင်းသိပေးမယ့် အမေးလုံးဝမခံချင်တော့ပါဘူး။ အသားရောင်မခွဲခြားပါဘူးဆိုတဲ့ တိုင်းပြည်တွေမှာ စာအုပ်အရောင်တွေလိုက်ပြီး ခွဲခြားဆက်ဆံမှုတွေ ရှိနေပါသေးတယ်။ လေယာဉ်ကွင်းမှာ အလုပ်လုပ်နေသူတစ်ယောက် ရွှေမြန်မာကို အသံတောင်မထွက်တတ်ဘူးဆိုမှတော့ အသံထွက်တတ်တဲ့ တိုင်ပြည်သူတစ်ယောက်ကျမဖြစ်ချင်တာ ကျမသာလျှင်မှားနေပါလိမ့်မယ်။


မခင်မျိုးချစ်တစ်ယောက် ကိုယ့်အမိမြန်မာပြည်ကို ခွင့်ရက်မှာမပြန်ဘဲ အမေကိုကျော် ဒွေးတော်တွေကြား အင်မတန် ပျော်ရွှင်ခဲ့ပါတယ်။ ဒေါ်လာအပြောင်းလှဲကြားမှာ လိုက်ပြောင်းနေရတဲ့ လက်ထဲက ငွေစာရွတ်တွေအကြောင်း စိတ်မညစ်ရမယ်တိုင်းပြည်၊ ခဏတာ အချိန်တိုလေးအတွင်မှာ ကြုံတွေ့ရမယ့် ဒုက္ခဆိုးတွေ မိဘဆွေးမျိုးတွေကို တွေ့ရလို ၀မ်းသာရမယ်မကြံဘူး သူတိုပြောသမျှ ဘုရားတစရာ ဘ၀ဆင်းရဲ မွမ်းကျပ်မှုတွေကို နားမထောင်ချင်သောကြောင့် လေအေးပေးစက်မရှိတဲ့ ကျမအိမ်ကို ကျမခင်တွယ်မှုတွေ လျော့ပါးကုန်ပြီထင်ပါတယ်။ တစ်နှစ်တာ အမောတွေတော့ ချွေးတီးချွေးပေါက် ပိုးပိုးပေါက်ပေါက်ကြားမှာ အိပ်မပျော်ဘဲပြန်လာတဲ့ သူတွေကိုကြည့်ရင် ထိတ်လန့်နေခဲ့တယ်။ နင်သွားလည်း အလကားဘဲ ဈေးတွေက ကြီးလိုက်တာ ၊ ဘာမှလည်း စားရတာအဆင်မပြေဘူး၊ မတန်မရာဈေးကြီးတယ်၊ ပိုက်ဆံတွေက အသုံးကိုမခံဘူး ဒီမှာရှာတုံးကတော့ခက်ခဲ့လိုက်တာ မြန်မာပြည်မှာတော့လူတွေ ဘယ်ကငွေ ရသလည်းမသိဘူး သုံးကောင်းစွဲကောင်း နေကြတယ်။ မပြန်တာအကောင်းဆုံးဆိုတဲ့စကားလုံးတွေ ခြိမ်းခြောက်မှုအောက်မှာ ကျမသည် အရှေ့ကိုမသွားဘဲ အနောက်တစ်ရပ်ဆီကို မျှော်ကြည့်ခဲ့ပါသည်။ အမေကပြောပါတယ် သမီးပြန်လာလည်း အမေပျော်ပါတယ် မပြန်လာဖြစ်ဘဲ ဥရောပနိင်ငံတစ်ခုကို ခရီးသွားတယ်ဆိုလည်း အမေ၀မ်းသာပါတယ်တဲ့ အမေဘာကိုများ ဆိုလိုချင်တာလည်း....


မယ်မဒီ

၁၀.၉.၂၀၁၀



အ၀ါရောင်မြို့ပြဆီသို့ ခရီးတစ်ခေါက်

လေယာဉ်စက်အင်ဂျင်ကြီးတွေ မရပ်မနား လည်ပတ်တုန်ခါနှုန်းများသည် ကျမခြေဖျား ဖိနပ်အချွန်လေးမှတဆင့် ကျမရင်ဘတ်အထိ တုန်ခါနှု့န်းအတိုင်း လှုပ်ခပ်နေတယ်။ အမြင့်ပေ ၃၉၀၀၀ ၊ အပြင်လေ -၄၈ ဒီဂရီ၊ မိုင်၁၀၀၀ ၊ နှင့် တခြားသော အချက်အလက်များကို ဖော်ပြနေတဲ့ ကွန်ပျူတာ TV screen လေးကို အကြောင်းမဲ့ စွာ ကျမကြည့်ရင် သင်ခါရတရားတွေ ကိုယ်ထဲစိမ့်ဝင်လာတယ်။ ဒီအချိန် မှာ တကယ်လို့များ လေယာဉ်ပျက်ကျသွားရင် ကျမဟာ ဟိုသမုဒရာထဲကို အပိုင်အစလေးတစ်ခုအဖြစ်လွင့်စင်ကျသွားတော့မယ် ။ ဘယ်သူမှ ကျမကိုသိတော့မယ်မထင်ဘူး။ ကျမဟာ မြုံမှုန်တစလိုဘဲ ရေပြင်ထဲကို ဘာသိဘာသာ တိုးဝင်ပျောက်ကွယ်သွားမယ်။ သက်ရှိသက်မဲ့ ကွာဟချက် တန်းဖိုတန်းတူဖြစ်နေတဲ့ အခြေနေမှာ BRITISH AIRLINE လေကြောင်းပိုင် လေယာဉ် ပေါ်မှာတော့ အလွှာတန်းစား သုံးမျိုးသုံးစားခွဲခြားလို ခရီးသည်ပေါင်းများစွာ ကိုတင်ဆောင်လာပါတယ်။ ပုံမှန်ခရီးစဉ်တစ်ခုလိုဘဲ လေယာဉ်ပေါ်မှာ အသက်ဝင်လှုပ်ရှားမှုတွေဖြင့် စိတ်အနောင့်ယှက်ဖြစ်စရာတွေကို ခဏခဏကြုံရပါသေးတယ်။ ကျမဘေးက ကနေဒီယန်အမျိုးသမီးတစ်ယောက်ဟာ ဘုရားစာကိုမျက်စီမှိတ်ပြီး အာရုံပြုနေတယ်။ လေယာဉ်CREWတွေကတော့ လိုအပ်မယ့် အရေးပေါ် အသက်ကယ်ဆယ်ရေး လုပ်စဉ်များကို ကိုယ်ဟန်ကျကျ သရုပ်ဖော်နေပါတယ်။ ဆုတောင်း အာရုံပြုနေခြင်းထက် လက်တွေ့ကျတာက အရေးပေါ် ကယ်ဆယ်ရေး အတွက် သိသင့် သိထိုက်သိများကို လေ့လာမှတ်သားခြင်းက ပိုပြီးအကျိုးရှိနေလေမလား။ ဒါမှမဟုတ် မမြင်ရသော ကာကွယ်စောင့်ရှောင့်နိုင်စွမ်းတဲ့ ယုံကြည်သူ၏ စိတ်စွမ်းအင်ကများ ပိုပြီး မြင့်မားလေမလား။ ဒါတွေ ကျမမသိချင်တော့ပါ။ ခရီးတစ်ခုသွားတိုင်း လမ်းခရီးအစမှာ ကျမဘုရားအားရုံပြုတတ်ပေမယ့် ဒီတခါတော့ ကျမ crew တွေသရုပ်ဖော်နေမှုကို မစိတ်မ၀င်စားပေမယ့် အတင်းအားရုံစိုက်နားထောင် နေမိတယ်။


ခု တိမ်တွေအပေါ်ကို ကျမရောက်နေတယ် ။ အမြဲမော့ကြည့်နေရတဲ့ တိမ်တွေက ကျမခြေရင်းမှာ ကျမနှင့် ကမ္ဘာမြေကို သူတို့ ခြားထားတယ်။ ၀ါဂွမ်းစတွေစုပုံထားတဲ့ ကြမ်းခင်းတစ်ခုလို့ တိမ်တွေကို ကြည့်ရင်း ကျမတိမ်သာ ဖြစ်ချင်မိတယ်။ တိမ်တွေကိုအပေါ်စီးကနေကြည့်ရတဲ့ အရသာက အရမ်းလှပပါတယ်။ ကြီးကျယ်ဆန်းပြားတဲ့ စကားလုံးများ ရှာပါးကုန်လောက်အောင်ကို တိမ်တွေက အံ့သြဆန်းကြယ်စွာ လှပလွန်းနေတယ်။ တစ်ခါတရံတော့ တိမ်မဲထုတွေ တိမ်ညိုထုတွေအောက်မှာ ကျမရောက်သွားပြန်တယ်။ ထူထဲကြီးမားတဲ့ ထုတည်များက ကျမတိုလေယာဉ်ကိုတောင် ဒုက္ခပေးနိုင်တဲ့ တိမ်တွေ....


တိမ်တွေဟာ မမြင်ရတဲ့ စိတ်လိုဘဲ ကိုင်တွယ်မရတဲ့ အရာပါ။ သူအလိုလိုဖြစ်တည် နေတဲ့ တိမ်စိုင် တိမ်ထု တွေလို ကျမစိတ်တွေ တစ်နေရာရာမှာ ဖွဲတည်နေလိမ့်မယ်။ အဲဒီစိတ်တွေ တစ်မျိုးနှင့် တစ်မျိုး ရောနှော ယှက်နွယ်နေမှာပေါ့။ ယုံကြည့်ချက်တွေ၊ စိုးရိမ်းသောကတွေ၊ လိုချင်တက်မက်ခြင်းတွေ၊ ချစ်ခြင်းတရားတွေဟာ အသွင်တမျိုးနှင့် သရုပ်ဖော် သဏ္ဍန်ပေါ်လို့ နေလိမ့်မယ်လို့ ထင်တယ်။

တစ်ခုဘဲတွေးမိတယ်။ ဟောတိမ်တွေလိုဘဲ ဖြူချင်တဲ့ တိမ်က ဖြူနေသလို ၊ ညိုမှိုင်းမဲညစ်နေတဲ့ တိမ်လေည်းညိုမှိုင်းနေတယ် ။ ကျမစိတ်တွေ အကောင်းအဆိုး မခွဲခြားနိုင်လောက်အောင် မဲညစ်နေတာက ပိုအားသာနေလေမလား၊ တိမ်ဖြူတွေများနေတဲ့ ကောင်းကင်လှလှလေးနှင့် ဆန့်ကျင်ကာ စိတ်မနှောတို့ ပုတ်ဆွေးကာ အလှပျက်နေလေမလား မြင်ကြည့်ချင်လိုက်တာ။


ဖော်မပြပေးနိုင်တဲ့ခံစားချက်တွေဖြင့် တိမ်တွေအပေါ်က ကျမခရီးပေါင်းများစွာ ကို ကျော်ဖြတ်နေတယ်။ တခါတရံ တိမ်တွေကြားထဲမှာ လေယာဉ်ဟာ တုန်ခါနေပါတယ်။ ဖြတ်သန်းသွားတဲ့တိမ်တိုက်တွေ က ကျမဆီကို ပြေးဝင်လာတယ်။ ပါးလွှာတဲ့ တိမ်သားတွေ ကြားက ကျမ ပင်လယ်ကို မကြာမကြာလှမ်းမြင်နေတော့လည်း အတွေးက ပင်လယ်ဆီ ဆင်းသွားပြန်တယ်။ လက်သည်းခွန်လောက်သာရှိတဲ့ သဘောင်္တွေ စပါးလုံး တစ်ထောက်စာလောက်သာ ကွာပြီး ခရီးသွားနေကြတာ ငါးကြီးတသိုက် ရေပေါ်မှာ ကူးခတ်နေသလိုပါဘဲ။ မတူညီတဲ့ ခရီး ၊ မတူညီတဲ့ ဦးတည်ချက်တွေကြား မတူညီတဲ့ လမ်းဆုံးတွေအောက် တရီးသွား သဘောင်္တွေကတော့ သူတိုနံဘေးနား အပေါင်းအဖော် တွေ အဲသလောက်များပြားစွာ ခရီးသွားနေတယ်ဆိုတာ မသိရှာပါဘူး။ ရေဒါလိုင်းပေါ်မှာ ပြနေတဲ့ အချက်ပေးအရ မနီးမဝေးမှာ သဘောင်္တွေရှီတယ်ဆိုတာ သူတိုသိမှာပါဘဲ ဒါပေမယ့် မျက်လုံးဖြင့် အမှန်တရားတွေ ပျောက်ဆုံးနေတဲ့ သူတို့ အဖြစ်။ အမြင့်ပေ ၃၉၀၀၀ ပေါ်က ကျမအတွက်တော့ သူတိုတွေ၏ ခြားနားမှုဟာ စပါးလုံးတစ်ထောက်သာ ခြားနားနေသလို မတူညီတဲ့အမှန်တရားတွေ လည်း ကျမနားမှာ ရှိနေပါလိမ့်မယ်။ လေယာဉ်ဖြင့် ခရီးသွားခြင်းဟာ မမြင်ရသော အမှန်တရားတစ်ခုကို သက်သေထူနေတာပါဘဲလေ။


တစ်ဦးပေါ်တစ်ဦး ရစ်ဖွဲနောင်ဖွဲထားတဲ့သံယောဇဉ်ကြိုးယာ ရင်ဘတ်က အချက်ပြတိုင်း လိုက်နာနေရတဲ့ ရေဒီဓါတ်လိုင်းတွေပါဘဲလေ...


ဒီလိုနှင့် ကျမစီးလာတဲ့လေယာဉ် လန်ဒန်မြို့ကြီးကို ရောက်ရန် ဆယ်ငါးမိနစ်အလိုမှာ လေယာဉ်ဆက်သက်ရန်အတွက် နောက်ထပ်ဆယ်ငါးမိနစ် အာကာထက်မှာ စောင့်ရမှာ ဖြစ်ပါတယ်လို့ ယာဉ်မောင်းက ကြေငြာတော့ ကျမစိတ်ဆိုးမိပါတယ်။ ဒီလူမျိုးကြီး နိုင်ငံဟာ လူသာတင်ကြီးကျယ်တာမက လေယာဉ်ကွင်းပါကြီးကျယ်နေတာကိုလို့ တွေးမိပါတယ်။ လေယာဉ်အထက်အဆင်း အလွန်စိပ်တဲ့ ဟီးသရိုလေဆိပ်ဟာ ငါးမိနစ်ကို လေယာဉ်အတက်အဆင်းပြုလုပ်နေပါလျှက် ဆယ်ငါးမိနစ်တောင် ဝေဟင်မှာ စောင့်ရမယ်ဆိုတော့ နည်းနည်းတော့ အမြင်ကပ်ချင်တာပေါ့ရှင်။

မြင်ရတဲ့မြင်ကွင်းတော့ကတော့ စိမ်းစိုးလှပါနေပါတယ်။ မြို့ကြီးတစ်မြို့ဆိုတာ ပြောစရာမလိုလောက်အောင် ထင်ရှာနေပေမယ့် ကျမဆီမှာ သူတို့ကို မုန်းတဲ့စိတ်က စွဲကပ်နေလေတော့ အကောင်းမြင်စိတ် တစကလေးမှ မ၀င်ပါဘူး။ လေဆိပ်ဟာ လေယာဉ်တွေနှင့် ပြည့်နက်နေပါတယ်။ လေယာဉ်ကွင်းမှာ လေယာဉ်ပြည့်တာ ထူးဆန်းတဲ့ အရာမဟုတ်ပေမယ့် ကျမတသက် လေယာဉ်ကွင်းဆိုတာ လေယာဉ်ဆင်းတဲ့နေရာလိုသာ သိထားတယ်။ လေယာဉ်တွေ ဒီလောက်အများကြီး ဆိုက်ကပ်တဲ့နေရာကိုမြင်ရတော့ ပြောစမှတ်ပေါ့ရှင်။ အပြင်ကမ္ဘာဟာ ကျမတိုသိတာနှင့်တော့ နည်းနည်းကွဲလွဲနေပါတယ်။ ကျမအတွက်က နောက်ထပ် ခရီးတစ်ခုကို ဆက်သွားရမှာမို့ အဆင့်ဆင့်သော စစ်ဆေးချက်တွေကို ထပ်လုပ်ရပြန်ပါတယ်။ တစ်နာရီမျှ စောင့်ဆိုင်ရပြီးမှ ကျမ နောက်ထပ်လေယာဉ်တစ်စင်းကို ရောက်လာပြန်ပါတယ်။ နောက်ထပ်လေယာဉ်ဟာ ကျမ၏ခရီးလမ်းဆုံးဆီသို့ ဦးတည်ပျံသန်းနေစဉ် ကျမဓါတ်ပုံတစ်ချို့ ရိုက်ရန်ကြိုးစားခဲ့ပေမယ့် မအောင်မြင်ခဲ့ပါဘူး။ တခဏအတွင်း အလွန်လှပနေတဲ့ ပတ်ဝန်းကျင်ရူခင်းတစ်ခုလုံးကို တိမ်တိုက်မဲတွေက မိုးအဖြစ် ရွာချလိုက်လေတော့ ကျမဘာမှကို မမြင်ရတော့ပါဘူး။ ကျမသိလိုက်တာက ဤအရပ်ဒေသဟာ ကျမကိုပျူငှာစွာ မိုးဖြင့် ကြိုဆိုတယ်လို့သာ ပျော်ရွှင်နေခဲ့ပါတယ်။ လေးနှစ်ကြီးမှ မိုးနှင့်ဝေးကွားခဲ့သောပင်လယ်သူတစ်ယောက်အတွက် ရွာကျနေတဲ့မိုးရေ ၊ တိုက်ခတ်နေတဲ့ လေတွေကို နမ်းရိုက်ချင်နေပါတယ်။ တစ်ဖွဲဖွဲရွာနေတဲ့ မိုးစက်တွေအောက်စိုစွပ်နေတဲ့ မြေကြီးကို ကျမဖက်ထားချင်တယ်။ ယိမ်းနွဲလှုပ်ခပ်နေကြတဲ့ သဘာဝပန်းရိုင်းများ၏ လှပမှုအောက်မှာ ကျမဒီဒေသကို ချစ်ခင်မြတ်နိုးမိပါတော့တယ်။နောက်ကျောကပ်ထိုင်ခုံက ခွင့်ပြန်လာတဲ့ datch သူတစ်ယောက်အော်သံကို ပြန်ကြားမိတယ်။ hi my country hi my people i cannot see you , only lovely clouds i saw .


ရေငွေ့ ရေစက်တွေရိုက်ခတ်နေတဲ့ ပတ်ဝန်းကျင်က ကျမကို ဆီးကြိုတယ်။ နွေးထွေးဖော်ရွှေတဲ့ အိမ်ရှင်မိသားစုက စောင့်ကြိုနေပါတယ်။ ကျမအတွက် ဒီခရီးအစ ပထမလေးတင် ကျမအလွန်ရောက်လိုခဲ့သော ဟော်လန်နိုင်ငံ( Netherlands) ၏ မြို့တော် အမ်စတာတန်( Amsterdam) ကို အဆင်ပြေချော့မွေ့စွာ ရောက်ရှိခဲ့တယ်။ နောက်ထပ် ကျမတွေ့ချင်လှလေ လူတစ်ယောက်နှင့် ကျမအလွန်သွားလိုလှသော ခရီးများစွာကို ကျမခရီးဆက်ရန် အင်အားများ တိုးပွားနေခဲ့ပါတယ်။ ဘင်ဂိုလ် အရပ် ကို ကျမတစ်ကယ်ရောက်လာခဲ့ပါပြီး။ မကြာခင်ကျမ အ၀ါရောင် နေကြာပန်းတွေကို မြင်ရပေအုံးမယ်…


မယ်မဒီ

၁၀.၉.၂၀၁၀