Thursday, December 18, 2008

အတွေးတိမ်

ငါဟာ ရင်ဗလာဖြင့် မြေကြီးကို တွယ်ဖက်
မြေဆီကို စားသုံးနေတဲ့
အသုံးမ၀င်သည့် သစ်တစ်ပင်သာ.. .. ..

မူယိုနေတဲ့ အလွမ်း
အမောရက်ကန်း တစ်စင်ထိုးလို
ငါ့ရင်ဘတ်က အလွမ်းစက်ရုံ
ဆောင်ကိုပင်အံတုတော့

ညက ခြောက်သွေ့စွာ ရယ်တယ်
ငါ့ရင်ဘတ်က ကြွေကွဲစွာ နာတယ်
ဆောင်းက တိတ်ဆိတ်စွာ ငိုကြွေးတယ်
အထီးကျန်နေတဲ့ ကြယ်တစ်ပွင့် ခပ်လှလှလေး ပြုံးလေတယ်


ဆောင်းည လမရှိတဲ့ညမှာ
ပိုးစုန်းကြူးတစ်ကောင် လမင်းယောင်ဆောင်နေတယ်
ဒီညဟာ အေးစက်စက် လေအေးတွေ ၀ါးမျိုထားခံရ ``ည ``

ကြယ်တစ်ပွင့်ဆီ ပါးသွားအပ်ကြည့်ဖို့ အိမ်မက်မက်တော့
ရင်ဘတ်တစ်ခြမ်း ရယ်သံ ငါ့ကိုယ်ငါ ပြန်ကြားတယ်

မဒီဆောင်းဦး အပျိုတော် ၀င်စ
မဟူရာ အမှောင်ကြောထဲ
ပုဇဉ်းရင်ကွဲ တစ်ကောင် ချမ်းလွန်းလို အော်နေတယ်
အ၀ါရောင် လတစ်စင်း ပျောက်နေတယ်
ပွင့်ခြင်းမလှသော ပန်းများ မြေခတယ်
ငါ့ဝိညာဉ်တို့ အတွေးတိမ်နှစ် ကာ
အသက်ရူဖို့ ငါမေ့နေခဲ့တယ် .. .. ..



( ရင်ဘတ်ထဲ ရှိသော ဆောင်းညများအား ပြန်လွမ်းမိခြင်း )
မယ်မဒီ

Saturday, December 6, 2008

အတောင်တစ်စုံ

ငါသေမင်းနဲ့ စကားပြောကြည့်တယ်
ဒါပေမယ့် ငါရှုံးခဲ့တယ်
ဒီအတွက် ငါမှာ ရက်ပိုတွေ ရှိနေတယ် ..

တစာစာအော်နေတဲ့ ငါဝမ်းဗိုက်မှာ
ငါရှုံးပြန်တယ်
ဒီအတွက် ငါမှာ လုပ်စရာတွေ
စက္ကန့်တိုင်းမှာ ရှိနေတယ်..

တထိတ်ထိတ်ခုန်နေတဲ့ ငါ့နလုံးသားမှာ
ထပ်ရှုံးသေးတယ်
ဒီအတွက် ငါမှာ သောကတွေ ရှိလာတယ်..

အသက်ရူနေသေးတဲ့ ငါဝိညာဉ်မှာ
မနေ့က အရှုံးတွေ
အကြွေးကျန်နေသေးတယ်
ဒီအတွက် ငါ့မှာ
ရုန်းကန်စရာတွေရှိသေးတယ်..

မျော်လင့်ချက်တွေ အစားသွတ်ထားတဲ့
ငါ့ မနက်ဖြန်မှာ
လိပ်ပြာတစ်ကောင်းအသက်ရှင်ဖို့
ငါ့ဝိညာဉ်မှာ အတောင်တစ်စုံ လိုတယ်..

မယ်မဒီ

ဒေါင့်ချိုးကွေ့များရှိသော စာမျက်နှာများ

ကမ္ဘာမြေကြီး ကို နေရောင်တစ်လှည့် လရောင် တစ်လှည်နမ်းရှိုက်ကာ ပန်းပွင့်များကို ကြွေတစ်လှည် ပွင့်တစ်လှည် မွေးခိုင်းပြီး အလုပ်များနေတုံး ကျမ လောကကြီးကို အကြောင်း ပြချက်မဲ့စွာ အလည်ရောက် ခဲ့တယ်။ ယောင်နန ဖြစ်နေတဲ့ ကျမ တစ်ယောက်ဟိုဟိုဒီဒီ ခြေချုပ် နေတုံး တံခါးပေါက် တစ်ခုကို တွေတယ် ။ ကျမအသာလေး တွန်းကြည့်လိုက်တော့ တံခါးပေါက်က စေရုံလေး စေထားတာမို့ တံခါးပေါက်ကနေ ကျမ၀င်လာခဲ့တယ်။ ၃၆၀ဒီဂရီ စက်ဝိုင်းတစ်ခု၏ နေရာအပြည့် မျည်းကြောင်းများ ဒေါင့်ချိုး ကွေ့ ပေါင်းများစွာ ရေးဆွဲထားတဲ့ ဆေးရောင်များနှင့် အသွင်သဏ္ဌန်အသစ်အဆန်းဆန်း စာအုပ်ရွက်များကို ဖြန့်ခြင်းထား တာကို တွေရတယ်။ စာမျက်နှာများစွာကို ကျမဖတ်ရူခဲ့တယ်။ မတူညီတဲ့ အရောင်များနှင့် ဒေါင့်ချိုးကွက်များသည် ကျမအတွက်တော့ စိတ် ၀င်စားစရာ အလွန်ကို ကောင်းလွန်းနေသည်။

(၁)

စာမျက်တစ်ခုပေါ်ကို ကျမရပ်လိုက်တော့ မိုးစက်တွေ တစ်ပေါက်ချင်း တစ်စက်ချင်း ဘယ်ကနေရွာမှန်းမသိဘဲ ရွာချတယ်။ အလှန့်တစ်ကြား ငုံ့ကြည့်လိုက်တော့ အာရုတိုက်လို ရေးထားတာတွေ့တယ်။ အော် ကျမ ကမ္ဘာ၏ အရှေ့ဘက်ခြမ်းတစ်နေရာကို ရောက်နေတာကို လို ကျမတွေးလိုက်တယ်။ ဒါဆို ကျမ ရောက်ဖူးချင်တဲ့ နေရာတွေ အများကြီးဘဲ ကမ္ဘာမြေကြီး၏ သိမ့်မွေ့နက်နဲ့သော အတတ်ပညာများနှင့် ထူးခြားဆန်းပြားသော ရိုးရာဓလေ့များ တည်ရှီရာအရပ်မှန်း ကျမသိလိုက်တယ်။ ဘ၀တရား ၏ အဖိုးမဖြတ်နိုင်သော အမွေအနှစ်များ တည်ရှိရာ ကျမအလွန်နှစ်သက်သော အရပ်ဖြစ်နေတာမို့ ကျမပျော်သွား တယ်။ အေးချမ်းတဲ့မေတ္တာအောက်မှာ တခဏချင်း ကျမငြိမ်းချမ်းလာသလို ကျမခံစားလိုက်ရတယ်။ ပြီးတော့ တစ်ခြား စာမျက်နှာ တစ်ခုကို ကျမရွေ့ လိုက်တယ် ။ ခြောက်သွေ့ပူလောင်းနေတဲ့ လေပြင်းတစ်ချက် ကျမမျက်နှာကို လာရိုက်တယ်။ ဒါဆို ကျမသိပြီး အပူပိုင်း အရှေအလယ်ပိုင်းကို ကျမရောက်သွားပြီးဆိုတာကို ။ ကျမအသားတွေ ပူလောင် ခြောက်သွေ့လာချိန်မှာ ကျမ၀တ်ရုံကြီးကြီးတစ်ခုကို လွမ်းခြုံလိုက်တယ် ။ ကျမသိတယ် သဲမုန်တိုင်းတွေ တိုက်ခတ်တော့မယ် ကျမရှေ့မှာ သဲကန္တာလွင် ပြင်ကြီးတစ်ခုကို ကျမကျော် ဖြတ်ရတော့ မယ်ဆိုတာကိုလေ။ ကျမအိဂျစ်နိုင်ငံ၏ ပိရမိစ်ကြီးတွေကို တစ်ခေါက် လောက် ရောက်ဖူး ချင်တာကို ၊ ဘေဘီလုံး၏ ချမ်းသာကြွယ်ဝမှုကို ကျမမျက်ဝါးထင်ထင် မြင်တွေရအုံးမှာမို ကျမ ရင်တွေခုန်
နေပါသည် ။

နောက်စာမျက်နှာတစ်ခုဆီ ကျမရောက်သွားရုံလေးဘဲ ရှိသေးတယ်။ ကျမခြုံလာတဲ့ ကျမ၏၀တ်ရုံကြီးကို ကျမတင်းကျပ်စွာ ခြုံလိုက်ရတယ် ။ အေးစက်စက် ကျမလက်ချောင်းကလေးတွေ ပါးလေးတွေက ကျမရောက်နေသော အရပ်ကို ၏ ပြောင်းလှဲမှုကို သိလိုက်တယ်။ ကျမ စက်ရုပ်တစ်ရုပ်အသွင်ပြောင်းသွားတယ် ။ သင်္ချာကိန်းဂဏာန်းများ၏ စိုးမိုးရာအရပ်ကို ကျမ ရောက်နေ တာကို ။ ကျမဘောင်တစ်ခုထဲကို ဆွဲသွင်းခြင်းခံ လိုက် ရပြီ ထင်တယ် ။ ကျမ၏ ပိုင်းဆိုင်မှု အရည်အချင်းတွေ ကို မှတ်တမ်းလိုက် လုပ်သူတွေ ကျမ နောက် ကို လိုက်နေကြတယ်။ ငါကိုယ်ပိုင် အခွင့်အရေးတွေ ဆုံးရုံးတယ် လူသား တစ် ယောက် ၏ ရပိုင်ခွင့်တွေ ပြန်ပေးပါလို့ ကျမနှုတ်ကကြံရုံလေး ဘဲရှိသေးတယ် ။အလွန် သင်းပျံသော ရေ မွေး အနံတစ်ခု ကျမပါးစပ်ကို ပိတ်လိုက်တယ်။ သစ်လွင် တောက် ပြောင်သော အိမ်ကြီး တစ် လုံးဆီ ကျမ ကိုခေါ်သွားတယ် ။ ကျမအရာ အားလုံးကို မေ့သွားတယ်။ သစ်နှင့် ၀ါးဖြင့် ဆောက်သော အိမ် မှာသာ ကျမနေခဲ့ဖူး တာကို ။

( ၂ )
တခြားအရောင်နှင့် ဒေါင့်ချိုးတစ်ခုရေးထားတဲ့ စာမျက်နှာတစ်ခုကို စိတ်ပါဝင်စားစွာ ကျမ ဖတ်လိုက်ပြန်တယ်။ စာလုံးတွေက ကျမကိုလာပြီး ဈေးဖြတ်လိုက်ကြတယ်။ ``၀ယ်လိုအား ရောင်းလိုအား နှင့် အကျိုး အမြတ် `` အရင်းအနီးမြုပ်နံမှု၊ ဈေးကွက် ၏ ထောင်းဆိုချက်နှင့် လက်ရှိကမ္ဘာ၏ စီးပွားရေး ကျဆင်းမှု ပြသာနာ ``ဘုရား`` ကျမဘုရားတ လိုက်တယ်။ ဒီစာ မျက်နှာကို ကျမအမြန် လွင့်ပစ်လိုက်တယ်။ အရေးထဲမှာ ဘူဇွာ မျိုးဆက်သစ် တွေ အခုထိ ကျန် နေသေးတာကို ။အမြန်ဆုံး ဆုတ်မြဲလိုက် တာက ပိုကောင်းလိမ့်မယ်လို ကျမတွေးလိုက်တယ်။

(၃)
ကျမတစ်ခြားစာမျက်နှာတစ်ခုကို မြန်မြန်ပြောင်းဖတ်လိုက်တယ်။ ရောင်စုံမီးဆလိုက်တွေကြာထဲ လှပနေတဲ့ မြို့ပြည တစ်ညဆီကို ကျမရောက်သွားပြန်တယ်။ အရောင်သွေးစုံတဲ့ ငှက်ပြာ ကလေးများဖြင့် မှူးယစ်နေတဲ့ မျက်နှာများစွာ ကျမ၏ မျက်ဝန်းအရိပ်မှာ အဆီတ၀င်းဝင်းဖြင့် အော့နလုံးနားစရာ ကောင်းစွာ ထင်ဟပ်လာတယ်။ မြို့ပြဆီမှာ ၀ပ်ဆင်းခနေတဲ့ လတစ်စင်းကို ကျမ မော့်ကြည့်လိုက်တယ်။ လမင်းနေရာ အထားအသို့မှားနေတယ်လို ကျမ သုံးသပ်လိုက်တယ်။ နီယွန်မီးဆလိုက်ရောင်များဟာ လမင်းကို အံတုလိုနေကြတယ်။ အသုံးမ၀င်တဲ့ လတစ်စင်းလိုဘဲ ကိုယ်ပိုင်းအလင်းထွန်းနိုင်တဲ့ လူတစ်ချို့ အရောင်မိန်နေသလို စိန်နားကပ်ဖြင့် ပါးပြောင်းနေတဲ့ လူပေါင်းများစွာ ၏ မျက်နှာများစွာကို ကျမကြည့်နေရတာ မောပန်းလိုလာပါတယ်။
မြို့ပြမှာ ပွင့်တဲ့ အရောင်းအသွေးစုံ ပန်းပေါင်းများစွာသည် အလှချင်း ပြိုင်လို့နေကြပါတယ်။ သို့ပေမယ့် ပန်းပွင့်တွေဆီမှာ အဆင်းသွေး ပျက်ကာ မျိုးရိုးပျောက်လိုနေကြသည်က တော့ စိတ်ပျက်စရာကောင်းလွန်းနေသည်။ အဆင်းအတွက် အသွေး အချင်းက ပျောက်ခြင်းမလှ ပျောက်လို့နေသည်။ လူသားဆန်သော စရိုက်များပျောက်ကာ သူတို့စားနေသော အသား တိုးကြက် များကဲ့သို့ လူအသားတိုးများအသွင် အဆင်သင့် အစားလွယ်များကို စားကား ဆင်းရဲခြင်းကို အထင်သေး ကဲ့ရဲတတ်သော မျက်လုံးများဆီမှာ ကျမဆက်လက် အချိန်မကုန်စေလိုတော့ပေ။ အပြုံးတုတွေ အဆင်သင့် ၀ယ်တပ်နိုင်သော အရပ်ဖြစ်လေသည်။

မြို့ပြလမ်းမဒေါင့်စွန်း တနေရာ မှာ အိပ်စရာနေရာ မဲ့နေတဲ့ လူတစ်ယောက်၊ ပေါင်မုန်းတစ်ခြမ်းလေးကို စားကာ ဟိုးအဝေး တစ်နေရာက မိသားစုကို ၀မ်းဝအောင်းကျွေးနေသော လူတစ်ယောက်ကိုတော့ ဒီရေပေါ်ဆီ စာမျက်ပေါ်ကနေ ပယ်ဖျက်လိုပါရဲ့ တကယ်လို ခဲ့ဖျက်တစ်ခု သာ ကျမလက်ထဲ မှာ ရှိနေခဲ့ရင်။ ဂီတသံသည် ကျမအလွန်ကို နှစ်သက်သော အသံဖြစ်သည်။ ဆန်းသစ်မှုနှင့် ခေတ်မှီခြင်းသည် ဂီတ၏ ရေစီးကြောင်းသည် တစ်သွင်သွင် စီးဆင်းလို့နေသည်။ ချီးကျူးစရာ ကောင်းသော အချက်ဖြစ်လေသည်။ ဤစင်္ကြ၀ဠာအတွင်း လူသားတို့သာ ဖန်တီးနိုင်သော တစ်ခုတည်းသော အရာမှာ အနုပညာဖြစ်သည်။ စက်သံတွေ ကားသံတွေ ဆူညံနေတဲ့ အသံ ပေါင်းများစွာ တိုက်နံရံတွေ ကို အထပ်ထပ်ရိုက်ကာ ကျမနားထဲသံရေပူ လှောင်း လိုက်သလို ခံရခက်သည်က ဆိုးဝါးလေးသည် ။ ပြတိုက်တွေ ပန်းချီကားတွေကိုတော့ မြို့ပြ၏ ထည်ဝါခမ်းနားခြင်း တစ်ခုလို့ ကျမအသိအမှတ်ပြုခဲ့ပါတယ်။ ဒီစာမျက်နှာမှာ ကျမစိတ်ဝင်စားလောက်တဲ့ အကြောင်းအရာတစ်ခုမှ ကျမထပ် မတွေ့တော့ တစ်ခြားစာမျက်နှာတစ်ခုကို ကျမဆက်ဖတ်လိုက်တယ်။

(၄)
ကျမ လွင်ပြင်တစ်ခုကို ရောက်သွားပြန်တယ်။ ညိုညစ်နေတဲ့ ဖိနပ်တစ်ရံကို တရွတ်တိုက်ဆွဲပြီး ကျမကွင်းပြင်ထဲ လျှောက်ကာ ကောင်းကင်ကြီးကို ကျမမျှော်ကြည့်နေတယ်။ ကောင်းကင်က ဖြူဖွေး သန့် စင်တယ် ။ အိမ်မက်ဆန်တယ် အပြာရောင်တိမ်တွေ ရှိတယ်။ မြေကြီးလို နေသမျှလူတွေကို ဒုက္ခမပေးလောက်ဘူးလို ကျမ တွေးကာ ကောင်းကင်ပေါ်ကို ရောက်ချင်မိတယ်။ ကျမအိမ်မက်က ကောင်းကင်ဖြစ်လာတယ်။ ကျမကောင်းကင်ဆီ ဘယ်လိုရောက်နိုင် လည်းလို ကျမ လမ်းစရှာနေတုံး တောင်ကုန်းလေးတစ်ခုကို အမောခံပြီး တက်လာတယ် ။ ဒါပေမယ့် ကောင်းကင်က တောင်ကုန်းပေါ်မှလည်း ဝေးမြဲဝေးလို နေပြန်ပါတယ်။

ကျမ၏ ဟိုအဝေးကြီးမှာ လှမြဲလှ ကြည့်လင်တဲ့ အပြာရောင် ကောင်းကာင်ကြီးက ကျမကိုလက်ဝှေ့လို ခေါ်နေတယ်လို ကျမ ထင်မိပြန်တယ်။ ကျမ အရှေ့မှာ တောင်ကြီးတစ်လုံးကို ကျမမြင်မိတော့ တောင်ကြီးပေါ်ကို တတ်ဖို့ဆုံးဖြတ် လိုက်တယ်။ တောင် ကြီးက တောင်ကုန်းလေးကို မချောမွေ့ဘူး ကျောက်တုံးတွေကို ဖက်ပြီးတတ်ရတယ်။ တောင်ကုန်းပေါ်ကို ကျမရောက်တော့ ကျမ ထင်သလို မဟုတ်ပေမယ့် တောင်ပေါ်မှာ သိပ်ကိုသန့်စင်တဲ့ လေအေးအေးလေးတွေကို ရူရှိုက်ခွင့် ရလိုက်တယ်။

ကျမဘာလုပ်ရမှာလည်း ဟိုအရှေ့ခပ်ဝေးဝေးမှာ ညိုမှိုင်းနေတဲ့ တောင်းတန်းကြီး တွေ တောင်စွယ်ကြီးတွေရှိတယ် တောင် ထွဋ်ကြီးတွေ တိမ်တွေကို ဖောက်ကာချွန်ထက်လို့နေကြ တယ် ။ ကောင်းကင်ကို တတ်လိုတဲ့ ကျမ အဲဒီတောင်ထွဋ်ပေါ်ကို တတ်ရန်သာ ရှိတော့တယ် လို ဆုံးဖြတ်လိုက်တယ်။ နေ့ပေါင်းများစွာ ညပေါင်းများစွာ ခက်ထန်းတဲ့ လမ်းကို ကျမ ရွှေးလိုက် တယ်။ ကျမနောင်တရချင်မိတယ်။ ဘယ်သူမှမရှိတဲ့ ခရီးကြမ်းထဲ ကျမ ဆုံးဖြတ်ချက်က ကျမကို လှောင်ပြောင်နေ တယ်။ ကျမ၏ ရင်ခုန်သံ ကို ကျမကိုယ် ကျမကြားနိုင်လောက်အောင် ကျမ မောပန်းအင်အားကုန်ခမ်းကာ လက်ပန်းကျချိန်တို့ ကျမရင်ဆိုင်း လိုက် ရတယ် ။ ကုန်ခမ်းသွားတဲ့ ကျမ၏ မောပန်းခြင်းတွေ ပြန် မရနိုင်တော့မှန်း ကျမအတိအကျသိနေလေတော့ တောင်တန်း ကြီး ပေါ်ကိုသာ ဆက်ထက်မြဲ ဆက်တက်လာခဲ့တယ်။ တောင်တန်းတစ်လျှောက် လေကြမ်းတွေ ကျမကို တွန်းကန်ချကြပြန်တယ်။ တိတ်ဆိတ်ခြင်းတွေ ကျမကို ခြောက်လှန့် ကြပြန်တယ်။ ကျမ၏ ရွေးချယ်မှုဟာ အသေအချာ ကျမမှားယွင်းနေပြီလို ကျမယူဆ လောက်အောင် မောပန်းတယ်။ တောင်ထွဋ်ကြီးပေါ် ခြေစုံရပ်နေချိန် ကျမကို မိုးကောင်းကာင်းကြီး က စိုးမိုးနေလိုပါတယ်။ ကောင်း ကင် ဟာ ကျမ၏ ဟိုဝေးလွန်းတဲ့ အရပ်ဆီက ပြုံးတစ်ဝှက် ရယ်တစ်ဝက်ဖြင့် လှောင်ပြောင်နေသလားဘဲ အားပေး နေခြင်းလားဆိုတာ ကျမမသိတော့ ။ ကျမမြေပြင်ပေါ် လှည့် ကြည့်လိုက်တော့ ကျမကိုသူရဲကောင်း တစ်ယောက်အလား မော်ကြည့် နေသူတစ်ချို့ကို တွေရတယ်။ မြေကြီး၏အဝေးဆုံးမှာ မောပန်းခြင်း များစွာ ဖြင့် ကျမ ဒီထက်မြင့်တဲ့ တောင်ကြီး တစ်လုံးပေါ်ဆက်ထက်ဖို အဆင့်သင့် ဖြစ်လိုနေပါသည်။ မောပန်းခြင်းနှင့် ကောင်းကင် ဆီ ကျမလျှောက်မြဲ လျှောက်နေအုံမယ်။ ကျမစီးလာတဲ့ ဖိနပ်တစ်စုံ ပါးသထက် ပါး လှပ်လိုနေပါပြီ ။

( ၅)

ဒေါင့်ချိုးကွေ့မြောက်မြားစွာထဲ အချိုးအစားမတူစွာ ရေးဆွဲထားတဲ့ ဒီစက်ဝိုင်းပေါ် ဆုံမှတ် ဗဟို တစ်ခု အလည်တည့်တည့်၌ တည်ရှိ နေသည်။ ကျမ အဲဒီ ဗဟိုတွင် ရေးဖွဲထားသော စာမျက်နှာကို ဖတ်ဖို့ကြီုးစားလိုက်သည်။ ကြေးစည်သံတစ်ချက် ကျမနားထဲ ထိုးဝင်ကာ ဘုရားတစ်ဆူ ကျမရှေ့ပေါ်လာပါတော့တယ်။ ကျမနားထဲ ၀င်သံထွက်သံများဖြင့် တည်ငြိမ်အေး ချမ်းနေ သော အတိတ်နိမိတ်ကို ခံစားလိုက်ရတယ် ။ မောပန်းခြင်းနှင့် အောင်မြင်ခြင်းသည် အချိုးထပ် တူကျသလိုဘဲ အေးချမ်းခြင်း နှင့် တိတ်ဆိတ်ခြင်းသည် အတွက် ကျမဘာ တွေများပေးဆပ် ရအုံးမလည်းလို တွေးပူလိုက်တုံး ရဟန်းတပါး ကျမရှေ့ရောက်လာ ပြန်တယ်။ ငြိမ်းချမ်းမှု အပေါင်းသင်ထံကို ရောက်စေနိုင်ဖို့ သော ကအပေါင်း လှောင်ကျွမ်းနေသော မီးတစ်စကို သင်ထံက နေ စွန်လွတ်လိုက်ရုံလေးပါဆိုကာ ပြန်ပျောက်သွားတယ် ။ ကျမစိတ်ထဲ အဲလောက်လွယ်သလားလိုတွေးရင်းကျန်နေခဲ့တယ်။

Friday, December 5, 2008

ဧဒင်၏ပန်းတစ်ပွင့်

ကျမ ကဗျာဥယျာဉ်တစ်ခုကို နှစ်လကြာမြင့်စွာ တည်ဆောက်နေခဲ့တာ ကြာမြင့်ခဲ့ပြီ။ လောက၏ အထင်ရှာဆုံး ဧဒင် ဥယျာဉ်ကို အမှတ်၇ကာ ဧဒင်လိုဘဲ အမည်ပေးထားခဲ့ထားတယ်။ ဥယျာဉ်ထဲမှာ အထင်းရှားဆုံး ကဗျာ ဆရာ များ၏ လက်ရာကောင်း ဟူသမျှကို ကျမ စနစ်တကျ စာအုပ်တစ်အုပ်ဆန်ဆန် တည်ဆောက်ခဲ့တယ်။ ဂန္တာ၀င်ဆရာကြီးတစ်ချို့၏ လက်ရာများကို ကျမ စု ဆောင်း ရတာ ခက်သလောက် ရလာပြန်တော့လည်း ကျမအထားအသို့ မှားယွင်းနေမှာစိုးလို ခေါင်းစားခဲ့သေးတယ်။ ရသစုံတဲ့ ပန်းချီ ကားတစ်ချပ်လို ရသာစုံလင်တဲ့ ထမင်းဝိုင်းတစ်ခုလို ကာရံတွေ အထပ်လိုက် စုပုံနေတဲ့ နေ ရာ ကြီးတစ်ခုအဖြစ် ရုပ်လုံး ပေါ်ထွက် လာခဲ့ချိန် ကျမ ဤလောကကြီး ကို ရောက်လာခဲ့ခြင်း အ တွက် လူပိုတစ်ယောက် မဖြစ်တော့ဘူးလို မိမိကိုယ်ကို ထင်မိလိုက်တယ်။ ကျမ နောင်လာနောင်သားတွေ အတွက် တစ်ခုခု ချန်ထားခဲ့ပြီကို ကိုယ်တိုင် ဖန်တီးတာ မဟုတ်ပေမယ့် တစ်စစီ တစ်နေရာစီ ပွင့်နေတဲ့ပန်းအားလုံးကို ကျမ တစ်စုတစ်စည်း တည် သိမ်းဆည်းကာ ရုက္ခဗေဒ ဥယျာဉ်ကြီးတစ်ခုလို ကဗျာဗေဒ ဥယျာဉ်းကြီး တစ်ခုကို ကျမ၏ နေ့ရက်များဖြင့် တည်ဆောက်ခဲ့တာကို။ သဘာဝဆန်တဲ့ စာတွေ ၊ အတွေး အခေါ် သစ် လွင် တဲ့ လက်ရာတွေ၊ တိမ်ဖျားမှာ ကွန့် ထား တဲ့ ရွေရောင်းစားလုံးတွေလို အင်မ တန် အဖိုး ထိုက်တန်တဲ့ စာလုံးတွေကို ကျမ စုဆောင်းသိမ်းဆည်းရတာ ဖတ်ရူရတာ တွေ့ထိရာ ကို ကျမ ခြောက်သွေ့စွာ အလွန်ပျော်ရွှင် နေခဲ့ ပါတယ်။

ကျမကိုယ် ကျမ ဥယျာဉ်မှူးတစ်ယောက်လို တင်စားနေခဲ့တယ်။ ကိုယ်ပိုင် ဘာအရောင်အဆင်းမှ မရှိ၊ ဘာအစွမ်းအစမှ မရှိပေ မယ့် တန်ဖိုးထားစောင့်ရှောက် ထိန်းသိမ်းဖို့ ကြမ်းတမ်းတဲ့လက်တစ်စုံ ကျမ ဆီမှာ ပိုင်ဆိုင်ပါတယ်။ ကဗျာမပျိုနိုင်တဲ့ ရင်ဘတ် တစ်စုံနှင့် ကဗျာတွေ ဥယျာဉ်ချထားတဲ့ လက်စုံကြားမှာ သိမ်ငယ်မှုတစ်ချို့ အရိပ်မိုးနေတယ် ။ ကျမ၏ အလှသွေးစုံတဲ့ ကဗျာလေးတွေ ကလည်း ခြောက် ကပ်အထီးကျန်ဆန်စွာ လူသူကင်းမဲ့လိုနေကြတယ်။ ဥယျာဉ်မှူးကိုယ်တိုင် အဆင့်မမှိတော့ အလည်လာ ရောက်သူ တွေက လည်း အထင် သေးစွာ အလည်လာရောက်လည်ပတ်ဖို့ ခြေလှမ်းတွေ နေး ကွေးလို နေ ကြလေတယ်။ ဒါပေမယ့် တစ်နေ့ တိမ်တွေ ကောင်းကင် တွေ အဆင်းသာ တဲ့၊ တစ်နေပေါ့ အပြာ ရောင် ကောင်းကင် အင်္ကျီ အသစ်လှဲဝတ်တဲ့ နေ့က ခမ်သေးသေး လိပ်ပြာ လေး တစ်ချို့ ကျမ ဥယျာဉ် ထဲ အလှည်ရောက်လာတယ်။ ကျမခရီးဦးကြို ပြုလိုက်တယ်။ ပထမဆုံး ဧည်သည် တွေမို့ ကျမ စိတ် လက်ဝင်စားစွာ လိုက်လံရှင်းပြမိတယ်။ ဒါပေမယ့် သူတို့က ဥယျာဉ်ဆိုတဲ့ ခေါင်းစဉ် လေး ကြောင့် မှားဝင်လာတာပါလို ပြောကာ ပြန်ထွက်သွားတယ်။ဝမ်းနည်းပက်လက် ကျမ ကျန်နေခဲ့တယ်။

သိပ်မှကြာခင်မှာ ပျားပိတုံး လေး တစ် ကောင်း တ၀ီဝီ အော်မြည်ကား ကျမနား ဟိုဒီပျံဝဲကာ ရစ်သီရစ်သီ လုပ်လာပြန်တယ် ။ ကျမလည်း မသိချင် ဟောင်ဆောင် ကာ ကဗျာတွေ မျိုးစေ့ကြဲ နေလိုက် တယ်။ မျိုးဆက်သစ် မော်ဒါန်ကဗျာ တွေ အတွက် ကျမနေရာ လေးတစ်ခုသီးသန့်ရှာပြီး မျိုးကြဲနေ လိုက်တယ်။ ဒီပျားပီတုံး မကြားခင် ပြန် ထွက်သွား ပါလိမ့်မယ်လို တွေးလိုက် ပေမယ့် အချိန်တော်တော်ကြာကြာထိ မသွားသေးတော့ ကျမက ပဲ အလိုက်သိစွာ ဒါ ပန်းဥယျာဉ်မဟုတ်ပါကြောင်း သင်လိုချင်တဲ့ ပန်းတစ်ပွင့် မှ ကျမ ဥယျာဉ် ထဲ မှာ မတွေ့နိုင်ပါကြောင့် အချိန်ကုန် နေမှာစိုးလို ပြောလိုက်တယ်။

ပျားပီတုံးကပြန်ပြောတယ်`` ငါမျက်စီမပျက်သေးပါဘူး ငါ ပန်းတစ်ပွင့် မြင်လိုဝင်လာတာပါ `` ဟုဆိုလေတယ်။ ကျမ ပတ် ၀န်းကျင်တစ်ခုလုံး မျက်စီဝှေ့ကာ ပန်းတစ်ပွင့်ကို လိုက်ရှာပေမယ့် ကျမမတွေ့တော့ အဖြေမတွေ့တဲ့ မျက်လုံးဖြင့် ပျားပီတုံးကို ကျမပြန်ကြည့်လိုက်တယ်။ သူက ပြန်ပြောပြန်တယ်။
`` ငါဟာ မြားနတ်မောင်ဖြစ်တယ်.... ပီတုံးယောင်ဆောင်ပြီး လာတာပါ မင်းရင်ထဲ ပန်းတစ်ပွင့် ပွင့်နေတာတွေ့လို့...`` ကျမရင်ဘတ်တစ်ခြမ်း အတော့မသတ်နိုင်လောက်အောင် ငြိမ့်ငြိမ့်လေး ခုန်ကာ ကျန်နေခဲ့တယ်။

မယ်မဒီ

Thursday, December 4, 2008

အမုန်းများနှင့် Tag

ထူးထူးခြားခြား ကျမကို Tag တင်ထားတယ်ဆို့ ကျမ အလွန်ကို အံ့သြမိပါတယ်။ တစ်ခါမှလည်း မရေးဖူးပေမယ့် သူပြောလိုက်မှဘဲ ကိုယ့် အမုန်းဆုံးဆယ်ချက်ကို ပြန်တွေးလိုက်မိတယ်။ ကိုယ့်ကိုကိုယ် ဘာတွေ မုန်းသလည်း လို့ တစ်ခုချင်း ကျမပြန် တွေးမိဖြစ်တော့ယယ်။ တွေးရင် တွေးရင် ကျမ ကိုယ် ကျမ သဘော မကျတာတွေ မရေမတွက်နိုင်အောင် များပြားနေမှန်း မထင်ရက်စရာ သိလိုက်ရတော့တယ်။ လူဆိုတာ ကိုယ့်ကိုကိုယ် ချစ်တယ်လို ထင်မိကြတယ်။ ဘယ်လောက်ဆိုးတဲ့ ရုပ်ဘဲဖြစ်ဖြစ် မှန်ရှေ့က ခွာချင်ကြတာ မဟုတ်ဘူးလေ။ ဒီချစ်လွန်းတဲ့ စိတ်ကဘဲ ကိုယ်အလိုမကျတဲ့ အခါ မိမိကိုယ်ကိုလည်း မုန်တတ်ကြတာ တစ်ကယ်တော့ အမှန်တရားတစ်ခုပါ ........


ကျမ အမုန်းဆုံးတွေကို ချပြရမယ်ဆိုရင် ကျမကို ရှင်းနီးတဲ့လူတွေကတော့ သိပြီးသားဖြစ်လောက်ပါတယ်။ ကျမလည်း သိတယ် ဒါပေမယ့် ပြင်လိုမရတဲ့ အကျင့်ဆိုးတွေက ကျမဆိုတဲ့ ကျမတစ်ယောက် အသွင်ကို ဆောင်းနေသလားလို ထင်မိစရာပါ။ တကယ်တော့ ကျမဒါတွေကို တကယ် မုန်းပါတယ်။

(၁) ကိုယ်ရှေ့အမြင်မတော်တာကို တွေ့ရက်နဲ့မျိုသိပ်နေရရင်၊ ကိုယ်မှန်နေပါရဲသားနဲ့ ကိုယ်မှန်ကြောင်းကို မပြောရရင် ၊ အမှန်တရားကို အကြောင်းတစ်ချို့ကြောင့် မျိုသိပ်ထားမိတဲ့ အချိန်တွေမှာ ကျမလုပ်ရပ်ကို ကျမအမုန်းဆုံးပါပဲ .. .. ..

(၂)ကိုယ်မှန်တယ်ထင်ပြီး ယုံကြည်လိုအလုပ်တစ်ခုကို လုပ်တယ်။ သူများဝေဖန်တဲ့အချိန်မှာ တွေဝေသွားတတ်တဲ့ မိတဲ့ စိတ်ကို ကျမမုန်းပါတယ်......

(၃)ကိုယ်ထင်ရာကို တစ်ခါတစ်ခါ စွတ်လုပ်တယ်။ အထက်လူကြီးကို အချောပေးရကောင်းမှန်း အလိုက်မသိတတ်တာကို လည်း မုန်းတယ်.. .. ..

(၄)ကိုယ့်ရင်ထဲက မပါဘဲ အလုပ်တစ်ခုလုပ်ရမှာကို ကျမကိုယ် ကျမအဆုံးစီရင်ခံရတာထက် ကြောက်၇ွံ့တတ်တဲ့ ကျမစိတ်ကို ကျမမုန်းပါတယ်.. .. ..

(၅)ကိုယ်နဲ့သဘောထားမတိုက်ဆိုင်တဲ့လူတွေကို တည့်အောင်းမပေါင်းတတ်တဲ့ စရိုက်ဆိုးကိုလည်း မုန်းပါတယ်.. .. ..

(၆)ဟန်ဆောင်နေတာကိုတွေရင် ဒေါသဖြစ်တတ်တဲ့ ကိုယ့်ဒေါသကိုလည်း မုန်းပါတယ်.. .. ..

(ရ)လျှာကိုအလိုလိုက်လွန်းတဲ့ ကျမစိတ၊် အစားသောက်ပေါ်မှာ ခုံမင်းတတ်တဲ့ စိတ်ကိုလည်း မုန်းပါတယ်.. .. ..

(၈)တွေးပူတတ်တဲ့စိတ်၊ အလွယ်တကူ မေ့လွယ်တတ်တဲ့စိတ်၊တွယ်ကပ်တတ်တဲ့စိတ် အားလုံးကိုလည်း မုန်းပါတယ်.. .. ..

(၉)အလွန်အပျင်းကြီးတတ်တာကိုလည်း မုန်းပါတယ်.. .. ..

(၁၀)စိတ်အလိုလိုက်လွန်းအားကြီးတာကိုလည်း မုန်းပါတယ် .. .. ..

မုန်းခြင်းတွေကို လိုက်စုနေတဲ့ ကို၇န်နောင်တစ်ယောက် တော့ စိတ်တွေ မလည်လောက်ဘူးလို တော့ ထင်မိပါရဲ့


မယ်မဒီ

Saturday, November 29, 2008

အချစ်ရွာ

ပန်းတွေတစ်ပင်လုံးပွင့်တဲ့ လမှာ ကြယ်တွေကောင်းကင်က ပစ်ချနေသလို ကြွေကျ ရွာချတတ် တယ် ။ ထိုအချိန် ကမ္ဘာ မြေနှင့် ကောင်း ကင် သည် နေနှင့် ညကို ခွဲခြား မရတော့ဘဲ ပန်းရနံ၏ ဆွဲခေါ်ရာ ကြယ်ပွင့်များ၏ မြူးထူးပျော်ပါးချိန်မှာ လူတို့၏ နလုံးသားသည် လည်း ရင်ခုန်စရာ သာယာယစ်မှုးရန် ကောင်း သော အခါသာမယ ဖြစ်လို နေတတ် ပါသည်။ ကျ မ ၏ အိမ်မက်သည် ဤရာသီ၏ စိုးမိုးခြင်း စက်ကွင်းထဲ ကျရောက်သွားသော ည၌ အိမ်မက် တစ်ခု ကိုကျမ ယခု ကဲ့သို မက်ခဲ့ ပါသည်။ အိမ်မက်ထဲမှာ ပြတင်းပေါက်တစ်ခုမှ နေပြီး ရွာတစ်၇ွာကို ကျမ ရောက်သွားခဲ့တယ်။

အချစ်ရွာတဲ့ ခမ်းနားထည်ဝါတဲ့ ကမ္မည်းတိုင်းလေးဖြင့် ခရီးဦးကြိုနေတော စိတ်ဝင်တစ်စား ကျမ ခြေလှမ်း တွေကို ခပ်သုတ် သုတ်လေး လျှောက်လာခဲ့မိတယ် ။ အနီရောင် နှင်းဆီပန်းတွေ ပွင့်ချင်း တိုင်းပွင့်နေတဲ့အရပ်တစ်ခု ဖြစ်လိုနေပါတယ်။ အမျိုးစား စုံလင် စွာ ပန်း ပေါင်း များစွာ ပေါခြင်း သောခြင်း ပွင့်သော စိတ်ကူးယဉ် စရာ ပြောင်မြောက်စွာ စိုက်ပျိုးထားတဲ့ ရွာအ၀င် က သိပ်ကို ခမ်းနား နေပါတယ်။ ပန်းစည်းရောင်းသူတွေ ကဒ်ရောင်းသူတွေက လာသမျှ ဧည်သည်တိုင်းကို ဈေး လျော့ပေးမယ် အခမယ့် အိမ် အရောက် လိုက်ပို့ပေး မယ် ဆိုပြီး သူတိုဆီမှာ သိသမျှ လိပ်စာ တွေကိုတောင် ရွတ်ပြ နေကြ သေး တယ်။ သိပ်ကို လှပတဲ့ ပန်း ခြံကြီးတွေ ၊ အပျော် စီး ကစား ကွင်းတွေ ၊ လိပ်ပြာ ကလေးတွေဖြင့် အချစ်ရွာသည် နွေဥိးစ ကဗျာတစ်ပုဒ်လို ရင်ခုန်စရာ ကောင်း နေပါသည်။ ကျမ စိတ်ထဲ အချစ်ရွာကတော်တော်မိုက်တယ် ဒါပေမယ့် ဒီရွာမှာ ဘာကြောင့် ဒေါင့်ချိုးကွေ့မြောက်မြားစွာ ရှီနေရတာလည်း လို တွေးမိ လိုက်ပြန်တယ် ။ ဒါအပြင် သိပ်ကိုထူးဆန်းတာတစ်ခု လူတစ်ယောက်ကိုမှ အချစ်ရွာထဲ မတွေ့ တော့ ကျမစိတ်ထဲ အံသြလွန်းနေတာမို့ ကဒ် ရောင်း သူတစ် ယေက်ကို ပန်းတစ်ပွင့် ၀ယ်ချင်ယောင် ဆောင် ပြီး မေးလိုက် တယ် ။ `` ဒီရွာမှာ လူတွေ ဘယ်ကို ရောက် ကုန် တာ တုံး `` တစ်ယောက်မှ အပြင်မှာ မတွေပါလားလို မေးလိုက် တော့ ကဒ် ရောင်းသူက မ ပြောချင် ပြော ချင်ဖြင့်  ဒီရွာက ဒေသခံတွေအားလုံးဖျား နာနေကြတယ်တဲ့ ။ အသက် ၁၆နှစ်ကျော်ရင် ဒီရွာမှာ လူ တွေအားလုံး ရောဂါကူး စက် ခံရ တယ်တဲ့ ။ ကျမဘုရား တလိုက် မိပြန်တယ်။ ဒါဆို ဒီရွာက အမြဲ ဖျားနာနေတဲ့ ရွာတစ်ရွာပေါ့ ။


သိပ်ကိုထူးဆန်းတဲ့ ရွာတစ်ရွာမို့ ကျမရွာထဲ ၀င်ကာ ဟိုကြည့်ဒီကြည့်လျှောက်သွားကြည့်လိုက်တော့ တစ်ကယ်လက်တွေမှာ အ ချစ်၇ွာ ဆိုတာ အပေါ်ယံ လှပနေတဲ့ ရွာတစ်ရွာဆိုတာ ကျမတွေလိုက်တယ်။ ``အလာလာ`` တစ်ယောက်မှ နလှန် မထူ နိုင်အောင် သေ ကောင်း ပေါင်းလှဲ ရောဂါကူးစက်ခံနေကြရနေတာကို တစ်ချို့ဆို အသက် တော်တော်လေးရနေကြပြီး အချစ် ရောဂါ မပျောက် သေးဘူး ။ ဘ၀ပျက်သူတွေ ၊ အ သည်း ကွဲသူတွေ ၊ ရူးနေသူတွေ ၊ သစ္စာဖောက်သူတွေ ၊ ဖောက် ပြန်သူတွေ အချစ်နာ ကျ သူ တွေ ဖြင့် အချစ်ရွာက အကျည်းတန်လို နေတယ်။ နံရိုးတစ်ဖက် ရှာပုံတော်ဖွင့်နေသူတွေကလည်း ဒုနဲဒေး နေရာတိုင်းမှာ ကောက်တပ် ကြည့်နေကြတယ်။ နံရိုးတစ်ဖက် အရှာမှားတွက်တာ က တော့ ပြသာနာမဟုတ်ပေမယ့် အ တပ် မှားရင်တော့ ဒုက္ခလို ကျမတွေးမိပါ သေး တယ်။ ဒီရွာမှာနေတဲ့လူတွေက သိပ်ကို ထူးဆန်းတဲ့ ကူးစက် ရောဂါတစ်ခုကို မျိုးဆက် အ လိုက် ခံစား နေရတာမို့ လူတွေကို သနားလွန်းလို ကျမ ဘုရားသခင်ကို အပစ်တင်မိ ပြန်တယ်။


``ဘုရားသခင် က နေနိုင်လိုက်တာလို့ `` တွေမိတုံး ဘုရားသခင် အမှတ်မထင် ကျမ ရှေ့ရောက် လာ တယ်။ ငါကိုအပြစ် မတင်ပါနဲတဲ့ ရွာအ၀င်မှာ ပေါက်နေတဲ့ သစ်ပင်ကိုသိလား `` အဲဒီသစ်သီးတွေ ကို ငါက မစားပါနဲ့ဆိုတာ သူတို့ ကို ပြော ပြီး သာ သူတို့က စားကြ တယ်`` `` သစ္စာတရား နလုံးသွင်းပါလို ငါကပြောပြီးသာ `` သူတို့ တစ် ယောက်မှ နားမ တောင် ဘူး ဒီတော့ ငါလည်း ဘာမှမတတ်နိုင်ဘူး သူတိုထိုက်နဲ သူတိုကံဘဲ ဆိုပြီး`` ပျောက် သွား တယ်။ ကျမရင်မော လိုက်တာ ။

ကျမ ရွာ အရှေ့ဘက်ကို ဆက် လျှောက်လာ ခဲ့ ဆတယ်။ နောက် ထပ် ဆိုင်ဘုတ်တစ်ခုကိုတွေ့ပြန်တယ်။ `` သတိ ထားမြစ် နယ်မြေ ဘုရား သခင်`` လို တင်း ကျပ်စွာ သတိ ပေးထားတာ ကျမတွေ ပြန်တယ် ။ ကျမ လူတစ်ယောက်ကို သိချင် စိတ်ဖြင့် ဒီရွာက ဘာရွာလိုလည်း လိုမေးလိုက် တော့ ဆေးရောင် မိန်နေတဲ့ ရွာနာမည်ကို လက် ညိုးညွန် ပြတယ်။
`` သေရွာ`` တဲ့ အောက် မှာ တော့ အေအိုင်ဒီအက် ပြန်လမ်းမဲ့ ဂွေ့လို ရေးထား တယ်။ သိပ်ကို စည်းကားတဲ့ 5 star hotel ကြီးတွေ Duty free center တွေ လူတွေပြည့်ကျပ်နေတဲ့ Bar , Disco တွေ အပြင် ကမ္ဘကျော် လှောင်း ကစား ၀ိုင်းတွေများဖြင့် စည်းကားနေတာကျမ မျက်ဝါး ထင်ထင် တွေ လိုက်တယ် ။ ပြောတော့ သေရွာလို သာဆိုတယ် ဒီလို ခတ်မှိပြီး ပျော်ရွင်စရာကောင်းတဲ့နေရာ တော်တော်များများကို ကျမမတွေ့ဖူးပါဘူး။ ဒါပေ မယ့် ကျမ နောက်လှည် ဆုတ်ခွာ လာခဲ့တယ် ဘုရားသခင် စကားကို ကျမ နားထောင် သင့်တယ်လေ။

Wednesday, November 19, 2008

တိမ်တစ်ခင်း

တိမ်တစ်ခင်း ငါခင်းဖြန့်တော့
မနေ့က ခြေရာတွေ
အတိတ်က မျက်ရည်တွေ
ကြွေသံမကြားဘဲ ကြွေကျသွားတယ်.....

တိမ်ခြည်တစ်ဆုံး လိပ်ပြာတစ်ကောင်း
ဟိုဒီပျံဝဲ့တုံး
အတွေးနှစ်စ အခိုက်မသင့်ဘဲ
ဆည်းလည်းသံလိုလို
ခိုက်ရန်သံလိုလို
ငါကြားမိပြန်တယ်......

မျက်ရည်ကြွှေသံမှာ ကာရံတွေ ထည့်သွင်း ချင်တယ်
အတွေးချင်းခိုက်တုံး သံစဉ်တွေ ဖြည့်စွမ်းချင်တယ်
နေရောင်တို့ ငါမနက်ခင်း ကို ဖြာကျတဲ့တစ်နေ
အလံတစ်ခု တိမ်တစ်ခင်းပေါ် ငါစိုက်ထူမယ် ......

မယ်မဒီ

Tuesday, November 4, 2008

တိမ်

ငါဟာ တိမ်တစ်ခါ ဖြစ်လိုက်
မိုးတစ်ခါ ဖြစ်လိုက်
မြစ်ရေတစ်ခါဖြစ်လိုက်
အသွင်ပြောင်းနိုင်တဲ့ ငါရင်ဘတ်မှာ
အတိတ်ကို စကားပြောတဲ့
အလှကြည့်မှန်တစ်ချပ်ရှိတယ် .....

စဉ်းလဲတဲ့ စကားချိုတွေ
သင်းကွပ်ခံလိုက်ရတဲ့ အချစ်ဆိုတဲ့ စာမျက်နှာမှာ
ရိုင်းစိုင်းနေတဲ့ မိစ္ဆာတစ်ကောင်း လို
မပျယ်တဲ့ အငြိုးနှင့် ငါ့အလှစ်ကိုချောင်း
ချက်ကောင်းကို စောင့်ခဲ့တယ် .. .. ..

အမုန်းမြစ်နံဘေး အချစ်ကမ်းဘေးသစ်ပင်တွေ
အမုန်းရေသောက်ရင် အပြိုင်အရိုင်း ကြီးထွားနေတယ်
ငါဟာ အမုန်းမြစ်နံဘေးက အချစ်ကမ်းဘေးသစ်တစ်ပင်

လေယာဉ်ကိုမြင်တိုင်းစောင့်တတ်သူတစ်ယောက်ရှိသလို
တိမ်တွေကို မြင်တိုင်းလွမ်းတတ်သူ တစ်ယောက်ရှိတယ်

ညတွေမှာ အလွမ်းနာ ကျသူတစ်ယောက်ရှိသလို
လတွေမှာ အလွမ်းသင့်နေသူတစ်ယောက်ရှိတယ်

အချိန်တိုင်း အလွမ်းဖျားနာသူတစ်ယောက်ရှိသလို
စက္ကန့်တိုင်း အသည်းကွဲနေသူတစ်ယောက်ရှိတယ်

အလွမ်းရွာထဲ အချစ်ကို စွန်ခဲ့သူတစ်ယောက်ရှိသလို
အချစ်ရွာထဲ အလွမ်းကို ရွေးခဲ့သူတစ်ယောက်ရှိတယ်

ကောင်းကင်မှာ တိမ်တွေ ပြိုတော့မယ်
ငါ့ရင်မှာ အလွမ်းတွေ ရွာတော့မယ်

အလွမ်းတွေ မြေချတဲ့ နေ့က
အချစ်ဆိုတဲ့ မြေဇာတစ်ပင် အမုန်းမြစ်ထဲ
သေငယ်ဇောဖြင့် ကူကယ်ရာ ရှာခဲ့တယ်
ခြောက်ခမ်းစ ငါ့မျက်ရည်တွေ အငွေ့ပျံကာ တိမ်ဖြစ်သွားတယ်.. .. ..

Saturday, October 25, 2008

မှော်

ယောင်္ကျားတစ်ယောက် ဖြစ်ခွင့်ရခြင်းသည် ဘုရားဆုကို ပန်ခွင့်ရှိသည့်အတွက် မြတ်၏တဲ့ ။
မိန်းမတစ်ယောက် ဖြစ်ခွင့်ရခြင်း သည် အမေတစ်ယောက် ဖြစ်ခွင့်ရခြင်းဖြစ်ပြီး သားမြတ်
တစ်ယောက်မွေးဖွားလေသော် ပိုမြတ်၏တဲ့ .

အမေတစ်ယောက်ဆီမှာ ဘယ်သူမှ မတတ်စွမ်းနိုင်တဲ့ မှော်အတတ်ဖြင့် ဖန်ဆင်းထားတဲ့ အသည်း
နလုံးတစ်စုံရှိနေတယ် ။ အဲဒီ အ သည်းနလုံးက ဖန်းဆင်းတဲ့ အရာဟူသမျှ ဤလောကမှာ ပြိုင်ဘက်ကင်း
တဲ့ ချစ်ခြင်း မေတ္တာများဖြင့် ပြည်နက်လိုသာ နေပါ တယ်။ လျှပ်တပြက်တုံ့ ပြန်လိုက်တဲ့ ဆင်ခြင်တုံး
ကင်မဲ့နေတဲ့ အသိပင်လျှင် သားသမီးတစ်ယောက်အတွက် အကောင်း ဆုံး အမှန် ဆုံး ဆိုတဲ့ ဆိုတဲ့
ဆုံးဖြတ်ချက်ကို ပေးစွမ်းနိုင်တဲ့ သူဟာအမေဆိုတဲ့ မိန်းမတစ်ယောက် အားနွဲပါ တယ် ဆိုတဲ့မိန်းမတစ်
ယောက် က လုပ်ဆောင်နိုင်ပါတယ်။ အသည်းငယ်တယ် အား နွဲတယ်ဆိုတာ မိန်းကလေးတစ်ယောက်
၏ အရည် အချင်း ဖြစ် ကောင်း ဖြစ်ပါ လိမ့်မယ် ဒါပေမယ့် အမေတစ်ယောက် ဖြစ်သွားချိန်မှာ အမေဟာ
တ လော က လုံး တွင် အခိုင်မာဆုံး တောင် တန်းကြီးဖြစ်သွား ပါတော့တယ်။


အမေဆီမှာ သိပ်ချိုတဲ့ သကြားလုံးတို့ရှိတယ် ။ အဲဒီ သကြားလုံးတွေ အရည်ပျော်ဝင်နေတဲ့ စကားလုံးတွေ
ကို အမေက ပြော တတ်တယ်။ အမေဟာ ရှိတ်စပီးယား အသည်းနလုံးထက် သာလွန်တဲ့ ကဗျာအတတ်တို
တတ်ကျွမ်းတယ် အမေပြောတဲ့ ပုံပြင် လောက် ဘယ်ပုံပြင်မှ မကောင်းတတ်ပါဘူး။ အမေဆီမှာ တဆာဆာ
အော်ငိုနေတဲ့ ကလေးတစ်ယောက်ကို တခဏချင်း အငို တိတ် စေတဲ့ ဆေးတစ်မျိုးရှိတယ်။ အမေဆီမှာ အ
ဟာရမျိုးစုံကို တီတွင်ချက်ပြုတ်နိုင်တဲ့ လက်တစ်ချောင်းရယ် နွေးထွေး စွာ ပွေ့ချီထား တတ်တဲ့ လက်တစ်
ချောင်းရယ် အလုံခြုံဆုံး ရင်ခွင်တစ်ခုရယ် အဲဒီအရာများသည် အမေကို အမေ ဖြစ်သော အမေ ပိုင်းဆိုင်
သော အရာများဖြစ်ပါတယ်။

ရူးသွပ်နေသော စိတ်မနံ့သည့် မိန်းမတစ်ယောက်သည် သူ့ရင်သွေးကို သူမသိသော မသိစိတ်ဖြင့် ပြုစုစောင့်
ရှောက် တတ်ပါ သည်။ ကျွေးမွေး တတ်ပါသည်။ ဘ၀ပေးမကောင်းသော မိန်းမတစ်ယောက်သည် သူသား
သမီများအပေါ် သူ၏ဘ၀ဖြင့် အလျှော် အစား ပြုကာ မတတ်သိသော ချစ်ခြင်းတစ်ခုဖြင့် အသက်ဆက်
စေပါသည်။ သမုဒ္ဒရာ ၀မ်းတစ်ထွာ အတွက် မိမိကိုယ်ကို စတေးခံ ကျွမ်းလောင်းခံနေသော အမေ၏
မျက်နှာ စွာကို ဈေးတန်း တစ်လျှောက်မြင်တေနိုင်ပါသည်။ သူဆင်းရဲမတစ်ယောက်သည် ရွာစဉ်တလျှောက်
တောင်းရမ်းကာ တောင်းရမ်း ကျွေးနိုင်ကြပါသည်။ မိခင် ပစ်သွားတဲ့ သားသမီးလောက် လောကမှာ မျက်နှာ
ငယ်တာရှိပါအုံးမလား ``အမိမဲ့သား ရေနည်းငါးတဲ့´´ မိမိရင်မှ ဆင်းသော သားသမီးကို စွန့်ပြစ်ရက်
တဲ့မိန်းမမျိုးလည်း ရှိပါတယ်။ အဲဒီမိန်းမသည် အမေမဟုတ်သေးလို စွန်ပစ်နိုင်တဲ့ စွန်ရက်လေတဲ့ နလုံး
သားဖြစ် နေသေးလိုပါ။ အမေတစ်ယောက် အဖြစ် မတိုက်တန်လို ရှောင်ပြေးသွား ခြင်းသာဖြစ်ပါတယ် ။
ကလေးမွေးတိုင်း အမေမဟုတ်သေးပါဘူး။ အမေဟာ ဘယ်တော့မှ သူရင်သွေးကို စွန့်လိမ့်မယ်မထင်ပါဘူး။
လောကနီ ယာမ တစ်ခုအဖြစ် ညောင် ပင် ကြီး အောက်မှာ ညောင်ပင်းသေးသေးတွေ ပေါက်တတ်တယ်။
ခွေးမဘေးပတ်လည်း မှာ ခွေးသား လေးတွေ ၀ိုင်းဝိုင်းလည်း နေတယ်။ အမေတွေ ဘေးမှာ အမေကို
ကျီစား ဆော့နေသော ကလေးများ၊ ငိုယိုနေသော ကလေး များ ၊ အမေ့ရင်ထဲ တိုးခွေ နေသော
ကလေးများဖြင့်အမေ တစ်ယောက်အသွင်ကို ဖော်ဆောင်လိုနေပါတယ်။

ချစ်တတ်သော အမေဖြစ်စေ ကြမ်းတမ်းသော အမေဖြစ်စေ သိမ့်မွေသော အမေဖြစ်စေ ဆင်းရဲစေ ချမ်းသာ
စေ မိသားစု၏ ပင်မသွေးကြောဟာ အမေသာ ဖြစ်ပါလိမ့်မယ်။ အမေကြောင့် မိသားစုကို ပြည့်စုံစေတယ် ။
လောကကို ချစ်တတ် စေတယ်။ အမေတစ်ယောက် ဖန်ဆင်းပေးတဲ့ ကမ္ဘာလေးက အမြဲသာယာလို
နေပါတယ်။ အမေ၏ မေတ္တာကို မှော် လို တင်းစားရင် အမေ တတ်သော မှော်အတတ်သည် ကျမတို့
မသိသော မသိနိုင်သော အရာများထဲ အထူးခြားနှင့် အလှဆုံးဖြစ်ပါလိမ့်။

ကျမမြင်ကွင်းထဲကို မိသားစုတစ်စု တစ်ဖြည်းဖြည်း လျှောက်လှမ်းလာနေတယ် ။ ထူးခြားတဲ့ မိသားစု
အသွင်မို့ ကျမ မျက် လုံး များကို တွယ်ကပ်ထားလိုက်တယ်။ တည်ငြိမ်တဲ့ အဖေဖြစ်သူက ၀ကစ်ကစ်
မိန်ကလေးတစ်ယောက်ကို ကိုင်ရင် လှမ်း လျှေက် လာသလို စိတ်ပုတီးကိုလည်း လက်တစ်ဖက်တွင်
မှတ်၍နေပါသည်။ သားလေးကို တွန်းလှည်းပေါ်တင်းရင် တွန်းလာ တဲ့ အမျိုး သမီး မျက်နှာ မှာ
ဘာမရောင်အစွန်းမှ မရှိဘဲ တစ်ကယ်မိခင်တစ်ယောက်၏ မျက်နှာ တစ်ခုဖြင့် ကြယ်လင်လို နေပါ
တယ်။ ကျမ တွေး လိုက်မိတယ် ဒီအမျိုးသမီး ကိုယ်အ၀တ်အစားတောင် ကိုယ်တိုင်မှ ၀ယ်ဝတ်ပါ
့မလား သူယောင်္ကျား ကြိုက်တာ ရွှေးဝတ် မယ် ထင်တယ် လို့ ကျမတွေးနေတုံး . အဲဒီအမျိုးသမီး ပစ္စည်းတစ်ခုပေါ်အာရုံရောက်ကာ နောက်ကျကျန်ခဲ့တယ် ။ ကျမမျက်လုံးက အမျိုးသမီး ဆီရောက်နေတုံး
ဘာဖြစ်သွားမှန်းမသိတဲ့ ကလေးမလေးက အဖေလက်ကို ကိုင်းရင် ၀ါးလုံးကွဲ အော်ငို ပါ လေ
တော့တယ်။ ကျမ မျက်လုံးကောင်းမလေးဆီရောက်သွားတော့ အော်ငိုနေတဲ့ သမီးလေးကို စိတ်က
သီကအောင့် မျက်နှာ ဖြင့် ဘာဖြစ်သွားမှန်းမသိတဲ့ သမီးကလေးကို သူ့အဖေစိုက်ကြည့်နေတယ်။
လူသူကြားထဲ ထအော်တဲ့ သမီးကလေးကို အဖေ ဖြစ် သူ စိတ်တိုသွားနေတာ မျက်နှာပေါ်
အထင်သား ပေါ်လွင်လိုနေပါတယ်။ ကလေးအော်သံကြောင့် တုံးခါသွားတဲ့ ကိုယ်ပြည့်ပြည့်ကို
လျှပ်စီးထက်လျင်မြန်တဲ့ စိတ်ဖြင့် ချက်ချင်းရောက်လာသော အမေဖြစ်သူသည် ဘာစကားမှ
မပြောဘဲ မျက်လုံးဖြင့်သာ သူ့ ယောင်္ကျာဖြစ်သူကို မေးမြန်ပါတယ်။ ဘာအဖြေမှလည်း မ
စောင့်ဘဲ ကလေးဖြစ်သူကို ချီကာ ဟိုဝေးဝေးကလေးကို ထွက် သွားပါတယ်။ သူရင်ဘတ်ထဲ
စကားတိုးတိုးလေးတွေ ပြောနေပါတယ်။ တစ်ချက်လောက်နမ်းကား ရင်ဘတ်မှာ ကတ် ထား
ပြန်ပါတယ်။ စကားတိုးတိုးလေးတွေ ထပ်ပြောကာ ခေါင်းလေးကို ပွတ်သပ်ပေးလိုက်တော့ ကလေး
အငိုတိတ်လားပါ တယ် ။ နောက်ထပ်စကားတိုးတိုးလေးပြောလိုက်တော့ ကလေးမလေး
လိုက်ရယ်သလို အမေဖြစ်သူကလည်း ရယ်လိုက် ပါတယ်။ ခဏ နေ တော ကလေးမလေး
မျက်နာ ကောင်ကင်လို ကြည်လင်လိုလာပါတယ်။ မကြာပါဘူး ကလေးမလေး ထိုင်ရာက ထကာ
ခုံဆွဆွ လုပ် နေပါတယ်။ အဖေဖြစ်သူကတော့ တွန်းလှည်းလေးးကို တွန်းကာ ထွက်သွားတယ် ။
အမေက သမီးနှင့် အတူ တူ နောက်က လိုက် လာပါတော့ တယ်။ ကျမရှေ့ က ကလေးမလေး
ဖြတ်လျှောက်သွားတုံး ကလေးမလေး သီချင်းဆိုကာ ကိုယ် လှုပ်ရင် ဖြတ် သွားပုံကို
ကျမမျက်ဝန်းထဲ မှာ စွဲထင်ကျန်ခဲ့ပါတယ်။ ဘယ်လိုများ ဒီကလေးစိတ်ကို ပြောင်းပေး လိုက်ပါလိမ့်
ကျမ အတွေး ဖြင့် ကျန်နေခဲ့ပါတယ်။ အမေတွေ ပိုင်သော မှော်လက်သည်
သိပ်ကိုထူးဆန်းသော အတတ်ပညာတစ်မျိုးဟုသာ တွေးရင် ကျမကျန်နေခဲ့သည်။

မယ်မဒီ

Friday, October 24, 2008

ဆုတောင်း

ငါ ဒူးခြေစုံညွတ်ရင်း ပန်းတစ်ပွင့် ကြွေကျဖို့ ငါဆုတောင်းခြင်း အလုပ်ကို အရပ်မနား ပြုမိတယ်။ ငါ့အလိုဆန္ဒမပြည့်မချင်း ငါဆုတောင်းခြင်းကို မရပ်ဘူး လို အဓိဌါန် ပြုလိုက်တယ်။ ညတစ်ညမှာ အနံမျိုးစုံ ၊ အဆင်းအသွေးမျိုးစုံတဲ့ ပန်းပွင့်ပေါင်း မြောက်မြားစွာ ငါ့ရှေ့ကို ပန်းမိုးရွာတယ်။ ကြိုက်တဲ့တစ်ပွင့်ကို ယူစေတဲ့။ ငါလည်း ပန်းတစ်ကို ကောက်ကာ ငါသွားလိုရာ ခရီးကို ဆက်သွားတယ်။

ငါခရီးဆက်နေတုံး တစ်စုံတစ်ယောက်ကလာမေးတယ်း``နင်ကောက်လိုက်တဲ့ ပန်းက ဘာပန်းလည်းတဲ့ `` ငါပြန်ဖြေ လိုက် တယ်`` ငါမသိဘူးလို့`` ပြီးတော့ ငါသွားနေတဲ့ ခရီးကို ငါဆက်သွားတယ်။ နောက်တစ်ယောက် က မေးပြန်တယ်``ပန်း နာမည် ဘာလေးတဲ့`` `` ငါလည်းမသိဘူးလို ဖြေရပြန်တယ်`` နောက်တစ်ယောက်က တစ်ခြား တစ် နေရာကို ရောက်တော့ မေးလာပြန်တယ်`` ပန်းက ဘာအရောင်လေးလေးတဲ့ `` အင်း ငါမသိပြန်ဘူး လို့ ခပ်တိုတိုလေး ငါဖြေလိုက်တယ်။

တစ်ကယ်တော့ ငါရွှေးမိတဲ့ ပန်းတစ်ပွင့်၏ အကြောင်းငါမသိခဲ့သလို ပန်းတစ်ပွင့် ၏ အရည်အသွေးကို ငါတစ်ကယ်မသိပါဘူး ။
ချန်ထားခဲ့တဲ့ ပန်းပွင့်ကလေးတွေ အကြောင့်ကိုလည်း ငါ မသိခဲ့သလို ဘယ်ပန်းက အလှဆုံးလည်းဆိုတာ အဆင်းအသာဆုံး အတောက်ပဆုံး ဆိုတာ ငါမသိဘူး။

လုံးဝငါမသိခဲ့တဲ့ အရာကတော့ ဒီပန်းကို ဘာလုပ်ရမလည်းဆိုတဲ့ မေးခွန်းထက် ဘာကြောင့် ဒီဆုတောင်းကို တောင်းနေခဲ့မိ သလည်းဆိုတာဘဲ ဒါပေမယ့် ပန်းတစ်ပွင့် ကြွေကျလာစေဖို့ ငါဆုတောင်းခဲ့တယ်။


လူတိုင်း ဆုတော့ တောင်းတတ်ကြတယ် ဒါပေမယ့်ဘာကြောင့် တောင်းနေကြသလည်းဆိုတာ သူတို့သေချာ မသိကြပါဘူး သူတို့သိတာ တောင်းတဲ့ ဆုတိုင်းပြည့်ဝရစေသားတဲ့ .. .. ..လိုသလို ဆုတောင်းပိုင်ခွင့် ရှိပါသတဲ့လား ဒါဆို ကျမ နတ်သမီးတစ်ပါး ချက်ချင်းဖြစ်ချင်တယ်......


မယ်မဒီ

Sunday, October 19, 2008

ခြေရာ

နင်ရယ်သံတွေ ငါ့ထံပါး ကမ်းကပ်တုံး
ငါ့ရင် တံတား အသင့်မဖြစ်သေးဘူး ချစ်သူ
ကုန်းတစ်ပိုင်း ရေတစ်ပိုင်း မတ်တပ်ရပ်နေတဲ့
ငါ့ရင်ဘတ်ပေါ် နင်ချီသွားတဲ့ ကြိုးရာလေးတွေ
ငါဆိုတဲ့ ငါ ဆိပ်ကမ်းတစ်ခု ဖြစ်ခဲ့တုံးက.. ..

တစ်ကယ်တော့ ငါဟာ မင်းလာနားတုံး
လက်သည်းရာ ပွန်းပဲ့သွားတဲ့ သစ်ကိုင်းတစ်ကိုင်း
မင်းကိုက်ချီသွားတဲ့ သစ်သီးတစ်လုံး
မင်းပျံသန်းတော့ မတ်တပ်ရပ်
ကျန်နေခဲ့တဲ့ သစ်တစ်ပင်ပါ....

ငါဆုတောင်းတစ်ခြမ်း လွင့်စဉ်ကြွေကျတော့
စကားတစ်ခွန်း အလိုမတူ လွမ်းအခွဲမှာ
ခြေရာတစ်စုံ ငါရင်ကို လာကျွံတယ် ချစ်သူ
`` အလွမ်းတဲ့ ´´


အလွမ်းတွေ ပူးကပ်နေတဲ့ စုန်းခြေရာတွေ
ညမှာအသက်ရှင်တဲ့ ငါ့ရင်တစ်ခြမ်းမှာ ကျန်ဆဲပါ။

Saturday, October 18, 2008

ကျမချစ်သော အရာများ

မနက်ဖြန်ဆိုတာ ရှိမနေခဲ့ရင် ဒီနေ့မှာ ငါသေဆုံးကောင်း သေဆုံးနိုင်ပါတယ်။ ဒါပေမယ့် မနက်ဖြန်ဆိုတာ ရှိနေသရွှေ့ အသက်ဆက်မယ့် အင်အားတစ်စ ယူဆောင်လာပေးတတ်တဲ့ နေမင်းကို ကျေးဇူးတင်ပါတယ်။ နိုးထစမှာ ဘုရားအာရုံဖြင့် မင်္ဂလာဆိုတာကို ယူတတ်အောင် သင်ပေးခဲ့လေသော အတွေးအခေါ် ပိုင်ရှင်၊ စိတ်နုလုံးကို လျှော်ဖတ်ခဲ့လေသော မိခင် နှင့် ဖခင် ၊ အသိအာရုံအပိုင်းအစများစွာ စွန့်ကျဲပေးလေသော ဆရာ ထိုလူများ၏ မိတ္တာရိပ်၌ ကျမလောက ကို ကျမချစ်တတ်လာခဲ့တယ်။ ထိုအရာများက မနက်ဖြန်ဆိုသော နေ့ရက်များဆီကို ကျမကို ခေါ်ဆောင်သွားပါသည်။

ဤ အချိုးအဆစ်မပြေပြစ်သော ဘ၀ဆိုသည့် ကျောက်ဆစ်တစ်ရုပ်ကို ကျမကိုယ်တိုင် နေ့နှင့် ည ပေါင်း များစွာ ကျမဖန်တီး ခွင့်ရနေသည့် ဤလောကမြေမြင်တွင် ကျမချစ်သောအရာပေါင်းများစွာ တည်ရှိနေပါသည်။ ထိုအရာများထဲတွင် နွေးထည်း လှပသော နံနက်ခင်း နေရောင်ခြည် ကျမကိုယ်ပေါ် ထိုးဆင်းနေတာကို အလွန်တရား နှစ်သက်တတ်ပါသည်။ ကျဲပြန့်လိုက်သော အစာများကို လှယှက် စားသောက်တတ်သည့် ခိုဖြူ၊ ခိုပြာ၊ ခိုနက် များအပြင် အစာခွက်ကိုင်းထားသော ကြွေကျလှဆဲဆဲ အဖိုးအိုးတစ်ယောက်၏ နလုံးကိုလည်း ကျမချစ်ပါတယ်။ နံနက်စာ ပြင်ဆင်ပေးတဲ့ အမေ၊ ကျမဆီက လုလုစားတတ်တဲ့ ညီမ ကိုလည်း ကျမချစ်ပါတယ်။


မိုးရွာသံ ဆက်တိုက်ကြားရတဲ့ ညတွေကို ချစ်သလို ၊ သိပ်အေးတဲ့ ဆောင်ညကိုလည်း ကျမချစ်ပါတယ်။ အမှိုက်ပုံနှင့် လူတစ်ချို နီးကပ်စွာ ရိုက်ယူထားတဲ့ ဓါတ်ပုံများကို ချစ်သလို ၊ ရွှေရောင်လွမ်းနေတဲ့ ဘုရား ပုထိုး ရူခင်းများကိုလည်း ကျမသိပ်ချစ်ပါသည်း။ ဘုရားဘေးဈေးဆိုင်းတန်းတွေကို ချစ်သလို ကြွေကျနေတဲ့ မြေနှင်းပန်းကလေးတွေကို ကျမသိပ်ချစ်ပါတယ်။ ခရေတွေ ၀ယ်တဲ့မြို့ ပိတောက်တွေ ပွင့်တဲ့ မြို့ ကျမကို မွေးတဲ့ မြိုက အဲဒီမြို့လေးကိုလည်း ကျမက ချစ်ပါတယ်။

အနှအရွထုဆစ်ထားတဲ့ လက်ရာကောင်း ပန်းပုရုပ်များကို ကျမချစ်သလို စုပ်ချက်ထက်ထက် ဆေးချက်ကြမ်းကြမ်းရေးထားတဲ့ ဆေးရောင်ပြည့် ပန်းချီကားများမှ ခပ်ပေါ့ပေါ့ ရှပ်ရှင်များအထီ ကျမချစ်ပါတယ်။ သဃာင်္တော်များ ဆွမ်းခံကြွသော မနက်ခင်းကို ကျမအလွန်ချစ်သလို ဆေးဆိုင်ပေါင်းများစွာ ဖြင့် စည်ကားနေသော ညနေခင်းများ ကိုလည်း ကျမချစ်ပါသည်။အိပ်တန်းဝင်းသော ငှက်တန်းများ ၊ ကြေးစည်ထုသံ သာယာနေသော ဆုတောင်းသံများ ထိုအရာ သည်လည်း ကျမချစ်သော စာရင်းတွင် ပါဝင် ပါသည်။

ကိုယ်ဗလာဖြင့် လှေလှော်နေသော တံငှာသည်များရှိရာ ပင်လယ်ပြင်ကြီးကို ချစ်ခဲ့သလို ကျမနေသော သဲကန္တာရ သဲပင်လယ် ပူပူ လှိုင်းလုံးများကို လည်း ကျမချစ်တတ်လာပါပြီး။ အသားဖြူသော သူ၊ အသားမဲသော သူ၊ ဆံပင်ရွှေရောင်ကို လှသည်ဟု မြင် သလို တွန့်လိမ်ကောက်ကွေးနေသော ဆံပင်များအား ကျစ်ဆံမှီးလေး ပေါင်းများစွာ ကိုလည်း ကျမနှစ်သက်စွာ ကိုင်ကွယ် တတ်လာပါပြီ။ ညမှာ ကြယ်တွေကိုချစ်သလို စကားများသော အဖွားကိုလည်း ချစ်ပါတယ်။ အိပ်ခါနီး တ၀ီဝီမြည်နေတဲ့ ခြင်များကို မေတ္တာဖြင့် သတ်ဖြတ်တတ်တဲ့ကျမကိုယ် ကျမအဆုံး ချစ်ပါတယ်။

ဟောဒီလောကကြီးမှာ ကျမချစ်သော အရာများစွာ တည်ရှိနေသရွှေ့ ဒီကနေ့ ကုန်ခမ်းသွားသော အားအင်များ ၊ အထပ်ထပ် ကျဆင်း သွားသော မျှော်လင့်ခြင်းများ အတွက် သီးချင်းသံများရှိနေသရွှေ့ ကဗျာများလှပနေသရွှေ့ မနက်ဖြန်ဆိုသော နေရက်မှာ ကျမ၏ လိုချင်တောင်းတမှုများ လောဘများ မောဟများကို လိုက်လှံရှာဖွှေရင်း ကျမအသက် ရှင်နေအုံးမှာပါ။


မယ်မဒီ

Thursday, October 16, 2008

အာရုံဦး

ကောင်းယံတိမ်းခင်း ငွေမင်းဖြာလျှင်
လမင်းစောင်းသံ တိုးတိုခတ်လျှင်
နှင်းဖြူတစ်သင်း လေညှင်းခံဆင်း တိုးတိုးရယ်လျှင်
ကြယ်ဖြူတစ်ပွင့် လင်းလက်ပျံလျှင်

ညနတ်သမီး ပုဝါးပါးတစ်စ
လေအခတ်မှာ အသိမ်းနောက်ကျ ၀တ်စလေ့ဖြင့်
အရှက်ထပ်တဲ့ တေးနှချိုသော မိုးသောက်ယံဝယ်

ဆောင်တော်ကူးမယ့် မောင်တော်ညမင်း အံစုံကြိတ်ရင်း
အာရုံဦးမှာ ကြေးစည်ခတ်သံ တရားသံဖြင့် နလုံးပိုက်ရင်း
မိုးသောက်တံခါး သူဆွဲဖွင့်လို လင်းကြက်ခေါ်တယ်..

မယ်မဒီ

လောကဒဏ်

လောကဒဏ်
ထီးစောင့်နတ်သမီး
အလာနောက်ကျတဲ့တစ်နေ့
ငါ့ဘ၀စာမျက်နှာမှာ
ရှုံးပွဲတို့ ဆတိုး ရှူးံခဲ့ဖူးတယ်။

အသူရာမြစ်ထဲ ထိုးနှစ်နေတဲ့
မျှော်လင့်ချက်တစ်စုံကို
ကမ်းမမြင်တဲ့ အတွေးကြောထဲ
လက်ပစ်ကူး ရှာနေတုံး
မေခလာ လမ်းပျောက်နေခဲ့တယ်။

အပြစ်ရှာတတ်တဲ့ မျက်လုံး
စကားချွန်တွေ ကြားထဲ
ငါ့ကိုယ်ငါ ယစ်ပူဇော်မိတဲ့ အဖြစ်

ကြက်ခြေခေတ်တတ်တဲ့ လက်တစ်စုံရှေ့
ငါကိုယ်ငါ ထိုးပေးကျွေးမိတဲ့အဖြစ်
ငါရင်ဘတ်မှာ မှင်နီရာသာ ပြည့်ခဲတယ်။

အဆိပ်ရည်စွဲသော ပျားဖွက်အုံးနား
ငါ့မုတ်ဆိတ် လမ်းခင်းမိတဲ့ အဖြစ်၊
အမှန်တရားတွက် သောက်တဲ့အဆိပ်ရည်က ချိုလိမ့်မယ်
ဒါပေမယ့် သောကအတွက် မျိုသိပ်ရတဲ့ လေပူတစ်ချက်က
ငါကိုယ်ငါသတ်တဲ့ လူသတ်ကွင်း တလင်းပြင်ထဲ
ငါနှင့် ငါ့စိတ် စီးချင်းထိုးပွဲ တစ်ခုဘဲ

အင်းလောကဒဏ်တဲ့
ငါဘ၀ စာမျက်နှာတစ်ချို့
မျက်ရည်ကြား ပက်လက်မျော
ပေါ်တစ်လှည့် မြုပ်တစ်လှည့်
ငါ့အရှုံးတွေ အောင်ပွဲခံတဲ့ နေ့ထူးနေ့မြတ်တစ်ရက်ဘဲ

Saturday, October 11, 2008

ခြစားနေသော ၀ိညာဉ်

ခြစားနေသော ၀ိညာဉ်


ကျမ၏ ဘိုင်အိုဒေတာ
ကျမနာမည်လား အဖေပေးခဲ့တဲ့ တစ်ခုတည်းသော အမွေပေါ့ ၊ ဒါပေမယ် အဲဒီအမည်ကို ပြောင်းဖို့ ရက်ဆက်များစွာ ငိုခဲ့သူက အဲဒီအမည်ပိုင်ရှင် ကျမ ကိုယ်တိုင် ။ ကျမ အမုန်းဆုံးလား ကျောင်းစာအုပ်တွေ အားလုံးဘဲ အိမ်ပြန် မလားခင် သူငယ်ချင်းတွေကို လိုက်လိုက်လျောလျော အငှားချတတ်တာ ဆိုလို ကျမတစ်ယောက်ဘဲ ဖြစ်လိမ့်မယ်။ သင်္ချာ နှင့် မြန်မာစာထက်လွဲလို ဖတ်စရာ တစ်အုပ်မှ ပါမလားတတ်ပေ။ တမင်မေ့ ချင်ယောင် ဆောင်ကျောင်းစာသင်ခန်းထဲ သိမ်းထားခဲ့တဲ့ စာအုပ်က မီနှင်းစာအုပ် ။ကျမ အကြောက်ဆုံးလူသားက အဖေ။ ကျမ ၏ ပထမဆုံး ကျူရှင် ဆရာက အဖေ စာမရမချင်း ထမင်းစားခွင့်မရအောင် ပညာကို လိုလားသူ။ ကျမ၏ မှတ်ညဏ်သည် ပိုဖတ်လေလေ ပို မေ့လေလေ အရိုက်ခံရလေလေ ပိုအိပ်ငိုက်လေလေက ကျမ၏ အကျင့် ။ ကျမ၏ စာဖတ်ချိန်သည် အတန်းပိုင် စာမမေးခင် အချိန် စက္ကန့်ပိုင်း အတွင် ညဏ်အထက်အမြက်ဆုံးအချိန် ။ ကျမ၏ အားသာချက်သည် တခဏချင်း စာတစ်ပုဒ်လုံးကို အတန်းပိုင်းရှေ့ ၀ါးချနိုင်တဲ့ အကျင့် ကောင်း ။ ကျမ၏ တစ်ခုတည်းသော အရည်အချင်းက စာမျက်နှာ ပေါင်းများစွာကို လက်တန်းချရေးနိုင်ပြီး မှင်နီပေါင်းများစွာ ဖြင့် အမှတ်တစ်ဝက်ဘဲ ရတတ်သည့် မြန်မာစာ။ အညံဆုံး ဘာသာရပ် အင်္ဂလိပ်စာ အတော်ဆုံး ဘာသာ ရပ် သင်္ချာ ။ ကျမအပျော်ဆုံးအချိန် ကျောင်းတစ်ဝက် အမှတ်မထင်ပိတ်တဲ့နေ့ အိမ်မပြန်ဘဲ ပင်လယ်ပြင်ကို ခိုးသွားရတဲ့ အရသာက အကောင်းဆုံး။ ဗလာစာအုပ်မှန်သမျှ အရုပ်ဆွဲပစ်လိုက်တဲ့ ကျမ၏ အထုံ ပါရမီ ။ ထူးခြားချက် မုန်ဖိုးဘယ်တော့မှ မပေးတဲ့ မိဘ၏ စည်းကမ်း ကြီး မားမှုကြောင့် ပိုက်ဆံချေးပြီး မုန်ဝယ်စားတတ်တဲ့ ကျမက အိမ်ကို လာမယ့် ဧည်သည်ကို မမြဲမျှော်နေတတ်တဲ့ ဂုဏ်ပုဒ်များ ကျမဆိုသော ကျမအား ကိုယ်စားပြုပါတယ်။

ကျမနှင့် အဖေ


သိပ်ကို ထူးချွန်သော အဖေ က သားဦးကို လိုချင်ခဲ့ပါတယ် ။ ဒါပေမယ့် သားအစား ရောက်လာတဲ့ ကျမကို အဖေက ထူးချွန်အောင် အမြဲအားထုတ်တတ်ပါတယ်။ ကျမက အဖေ့ အသံကို ကြားရင် ဖတ်စရာ စာအုပ်တစ်အုပ်မှ အနားမှာ မရှီအောင် ဖျာလိမ်အသစ်တွေ ကြားထဲ ထိုးသွင်းဖွက် တတ်ပါတယ်။ ကျောင်းစာအုပ် ပုံနိပ်စာလုံးထက် လက်ရေးလှစေလိုသော အဖေနှင့် ကျောက်စာထက် ပိုမိုချုပ်ထွေးအောင် ရေးတတ်တဲ့ ကျမ ကြားပြသာနာ အမြဲတက်တတ်ပါတယ်။ စာသင်ခန်းထဲ အဆင့် ပထမရစေလိုသော အဖေနှင့် အဆင့် သုံးကို နှစ်ယောက်တွဲ ချိတ်တတ်တာက ကျမ စစ်စစ်ဖြစ်ပါသည်။ စာအုပ်စာပေးကို ချစ်တတ်အောင် လေ့ကျင်တတ်တဲ့ အဖေက စာစီစာကုံးစာအုပ်တွေ ရွှေသွေးစာအုပ်တွေ လစဉ် ၀ယ်ပေမယ့် အိမ်မှ ကတ်ကျေးသည် ရုပ်ပုံညုပ်လျှင် အလွန်ထက်ပြီး အ၀တ်ညုပ်လျှင် တုံးနေတတ်ပါသည်။ ထူချွန်ထက်မြက်သော ကျောင်းသာ တစ်ယောက် အဖြစ်ပုံသွင်းနေတဲ့ အဖေလက်ရာကြောင့် တစစ ကြောင်တောင်တောင် ဖြစ်လာတဲ့ ကျမသည် ၀တ္တုဖတ်ခြင်းကို အလွန်သဘောကျနှစ်သက်သလို အစားအသောက် သိပ်ကို အလေးထားသော အဖေက သစ်သီးသစ်ရွက်နှင့် အသားငါးကို အချိုးကျ ချက်ပြုပ်ခိုင်းတတ်ပေမယ့် ငါးခြောက်နှင့် လက်ဖက်သုတ်မှ လွဲလျှင် ကျမလျှာသည် မျိုချခြင်းအလုပ်ကို တာဝန်မကျေရုံမက ကျမ၏ ပါးစပ်မှလည်း လက်မခံလိုပေ ။ အဖေနှင့် တူသည်ဟု ဆိုနိုင်သည်က အဖေသည် ပိန်ပိန် ပါးပါး ဖြစ်သလို ကျမသည် လည်း ပိန်ပိန်ခြောက် စာခြောက်မလေးသာဖြစ်ခြင်းက သားအဖ ဟု ပြောစရာ ရှာတွေနိုင်ပါသည်။ အဖေပိုင်သော စာအုပ်ပေါင်းများစွာ နှင့် စာအုပ်စင် ဘီဒိုကြီးထဲ လက်ရေး စာမှု များဖြင့် ကူးယူထားသော ကျမ်းဟောင်းများလည်း ရှိပါသည်။ ထိုစာအုပ်များကို အဖေရက်ပေါင်းများ စွာ ညများစွာအိပ်ပျက်ခံကာ ကူးယူခဲ့မှန်းတော့ ကျမသိပါသည်။ အဖေ စာအုပ်ဖတ်နေလျှင် အဖေလောက ကို ခဏလောက်မေ့နေတတ်ပြီး သွားစကားပြောသူကို စိတ်ဆိုးတတ်သူဖြစ်နေလေတော့ အဲဒီအကျင့်ကို သိသောကျမသည် ၀တ္တုစာအုပ်တစ်အုပ်ပြီး တစ်အုပ် အခန်းထဲ ခိုးဖတ်ရသည်ကို အလွန် သဘောကျတတ်ပါသည် ။ သမီးနှင့် အဖေ သူတို့ လိုရာကို လုပ်နေလျှင် တိုင်းပြည် ငြိမ်းချမ်းသည့် ဟု အမေက ထင်သဖြင့် ဘယ်တော့ မှ တိုင်တော့ခြင်းမလုပ်တတ်ပါဘူး။ စကားနည်းသော အဖေ နှင့် စကားများသော သမီး၊ ဒေါသကြီးသော အဖေနှင့် ပေါက်ကရ ထင်တိုင်လုပ်သော သမီး၊ စည်းကမ်းကြီးသော အဖေနှင့် အပျင်းလွန် ရောဂါစွဲကပ်နေသော သမီး တွေဆုံခွင့် ရသည်က တိုတောင်း ခဲ့ပါသည်။ အဖေသည် ထိုသမီးဆီမှာ သူ၏ အဖိုးမဖြတ်နိုင်သော သူ၏တစ်ခုတည်းသော ပိုင်ဆိုင်ရာ စာအုပ်ပေါင်းများစွာ ကို စိတ်ချလက်ချ ထားခဲ့ပါသတဲ့ ။


ကျမနှင့် ခြ
အဖေချန်ထားခဲ့သော စာအုပ်များသည် အိမ်၏အပို ပစ္စည်းများဖြစ်နေခဲ့သည်။ ပိုင်ရှင်မဲ့ စာအုပ်များ သည် ပိုင်ရှင်အသစ်ကို နှစ်ပေါင်းများစွာ ကြာအောင် စောင့် မျှော်နေ နေခဲ့ပေမယ့် ပေါ်မလာခဲ့ပါ ။ အမေသည် စာအုပ်များကို ရံဖန်ရံခါ ဖုန်ခါပေးရုံ သပ်သပ်ရပ်ရပ် သိမ်းပေးရုံထက် စာအုပ်တန်ဖိုးအား နားမလည်းပါဘူး။ အဖေ၏ သူငယ်ချင်းပေါင်းများစွာသည် အိမ်သို့အလည် လာတိုင်း စာအုပ်များကို ငှားတတ်ကြသည် ။ ပြန်မပေးသည်က များလာလေတော စာအုပ်စင်သည် တဖြည်ဖြည့် တန်ဖိုးလျော့ နည်း လို့ နေပါသည်။ နောက်ဆုံးအမေ က စာအုပ်တွေကို သူများဆီ လှူလိုက်တော့မယ် ကုသိုလ်ရတယ်လိုပြောတဲ့ အချိန်တိ ကျမ၏ စိတ်သည် စာအုပ်များပေါ်တွင် စိတ်မ၀င်စားခဲ့ပါဘူး။ အမေက အပြီးပေးလိုက်တော့မယ် ဆိုတော့မှ ။ စာအုပ်စင်ပေါ် ဟိုဖွင့်ကြည့် ဒီဖွင့်ကြည့် ကျမလှန်လောကြည့်ရင်း ကျမမသိသော ကမ္ဘာတစ်ခုပေါ် ကျမရောက်သွားခဲ့လေတော့တယ် ။ စာအုပ်ကမ္ဘာကြီးက ကျမသိနေသော ကမ္ဘာထက်ပိုမိုကျယ်ပြန်တယ် ။ ပိုမို တိကျတဲ့အထောက်အထားတွေ အများကြီး သက်သေပြနေတယ်။ စာအုပ်ပေါင်းများစွာ နှင့် ရုပ်ပုံများစွာ ကျမ၏ ၀ိညာဉ်အား အချိန်တိုအတွင် သိမ်းသွင်းဆွဲငင် ကာ သူတို့လိုရာကို ခေါ်ဆောင်သွားပါတယ်။ ကောက်ကြောင်းများဖြင့် လှပနေသော သမိုင်းဆိုင်ရာ မှတ်တမ်းများ၊ အက္ခရာ များ ၊ခေတ်အဆက်ဆက် ပြောင်းလှဲလာသော ယှဉ်ကျေးမှု ဓလေ့များ ၀တ်စာဆင်ယင်ပုံ များ၊ မျိုးနွယ်စုများ၏ ဖြစ်စဉ်များ ၊ လူသာမျိုးနွယ်စုနှင့် သူတို့၏နေထိုင်ရှင်သန်ပုံများကို ကျမ စာအုပ်စင်ပေါ်တွင် အလွယ်တကူ သိနိုင်ပါသတဲ့ ။ ကျမ တက္ကသိုလ် ကျောင်းသူမဟုတ်ဘဲ ကျောက်စာ များစွာ အလွန်တရာ ရှားပါလှစွာသော ကျောက်စာများကို လည် စာအုပ်များအသွင် နိုင်ပါသေးတယ်။ ဒီစာအုပ်တွေ ကျမဖတ်ရမယ်လို ဆုံးဖြတ်လိုက်ပါတယ်။
နောက်ရက်ပေါင်းစာစွာ အခန်းထဲ တိတ်ဆိတ်နေသော ကျမကို အမေက စပ်စုစွာ လာကြည့်တတ်ပါသည် ။ အဖေစာအုပ်များနှင့် ငြိမ်ချက်သားကောင်းနေသော ကျမအား အမေ ဘာအလုပ်မှ ကူဖော်ခိုင်းဖက် မရနိုင်တော့ပါ။ အိပ်ရာပေါ်တွင် စာအုပ်များ နှင့် ကျမ ပျော်နေခဲ့သည်။ အတိတ်ဆီ နန်ဆက်များဆီး ခေတ်ရှေ့မြို့ပျက်များဆီ ကျမ၀ိညာဉ် သည် ပျော်မွေ့နေသည်။ အိုဟောင်းနွမ်းနေသော စေတီပုထိုးများကို နွယ်မြက်တို့ ရှင်လင်းပေးလိုတဲ့စိတ် ၊ ထုံးဖြူများဖြင့် ပြန်လည်းတင့်တယ်စေလိုစိတ် မှား.ယွင်းနေသော သမိုင်းစာမျက်နှာ များပေါ်တွင် လူဇော်ဝင်လုပ်လိုသော စိတ်ဓါတ်ရဲရဲများဖြင့် ကျမသည် စာအုပ်စင်ကြီးနှင့် မိတ်ဆွေ ဖြစ်လာခဲ့သည်။ အဖေက သူမ၀ယ်နိုင်သော စာအုပ်များကိုနှင့် ရှာပါးသော စာအုပ်များကို လက်ရေးစာမှုများ အဖြစ် သိမ်းထားခဲ့သည်။ ဆရာကြီး ဦးဦးသာထွန်း(သူလေးစားရသူ) ၏ စကားဖြင့်ပြောသော သမိုင်းများကို အသံသွင်းကာ ပြန်လည်းကူးယူထားသော စာအုပ်များလည်း လက်ရေးစာမှုများ အဖြစ် သိမ်းထားခဲ့သည်။ ရောထွေးသွားမှာစိုးလို ဗလာစာအုပ်များကို အရောင် ဖြင့် ခွဲခြားနိုင်သလို နံပါတ်များဖြင့် သိမ်းထားပုံသည် အလွန်စနစ်ကျပါ သည် ။ ဘာရယ်မဟုတ် ကျမ အဖေကို သဘောကျမိတယ်။ အဖေစာအုပ်တွေက အင်္ဂလိပ်လို လည်း ရှိသား ။

စာအုပ်စင်ပေါ် ချစ်သော ၀ိညာဉ် ၊ အဖေအပေါ်အမြင်ပြောင်းသောနေ့ အဖေထက် ကျမ စာအုပ်တွေကို သပ်သပ်ရပ်ရပ် ပိုထားအုံးမယ်လို ကျမတွေးရင် စာအုပ်များ ပြန်လည် နေရာချထားရေး လုပ်မယ်ကြံတုံး စက္ကူစအပိုင်းအမှုန်လေးများ စာအုပ်စင်နောက်မှ လွင့်ကျလာသည် ။ ထူးဆန်းတယ် လို ကျမတွေး ရင် စာအုပ်စင် အောက်ပိုင်းကို ငုံကြည့်လိုက်တော့ အဖေ က နေရာမရှိ၍ စာအုပ်များကို စင်အောက်၌လည်ထိုးသွင်းထည့်သိမ်းတတ်သည် ထိုစာအုပ်များ ကို ကျမ ဆွဲထုတ်လိုက်တော့ စာအုပ်များမှာ စာအုပ်အဖြစ်မှ အပိုင်းအစများဖြစ်လိုနေပါပြီ အပေါ်ယံလောက်သာ စာအုပ်အသွင်ရှီနေပြီး ကျန်တာ အားလုံး ခြအိမ်ဖြစ်သွားပြီး ။ ကျမတစ်ကိုယ်လုံရှိသွေးတို့ တောင်ကျချောင်ရေလို အဟုန်းဟုန်း စီးဆင်းနေသည့် ဟု ထင်မိသည်။ စိတ်အလောတစ်ကြီး စာအုပ်စင်ပေါ်မှ စာအုပ်အားလုံးကို ဆွဲထုပ်လိုက်တော့ စင်အောက်ပိုင်းအားလုံး ဘယ်လိုမှ အဖတ်ဆယ်လို မရအောင် ခြအိမ်ဖြစ်သွားပြီး စင်သစ်သားကောင်နေလို အပေါ်ပိုင်း စာအုပ် တစ်ချိုး အကောင်းတိုင်း ရှိနေပေမယ့် စာအုပ်စင်၏ သုံးပုံ နှစ်ပုံသည် အကောင်းတိုင်း မကျန်ခဲ့တော့ပေ။





ခြစားနေသောဝိညာဉ်

ကျမ၏ နောင်တသည် ကျမဆုံးရှုံးသွားသော စာအုပ်များ၏ တန်ဖိုးကို မတွက်ချက်နိုင်သလို နောင်တသည် လည်း မပြောပြနိုင်သော အတိုင်းအဆတို့ ရင်ထဲထိုးဝင်လားသည် ။ အချိန်မှိလွင့်ပြစ်သင့်သော စာအုပ်များပေါ် ကျမ မျက်လုံးတို့ မခွာနိုင်ဘဲ ရှီနေသည်။ စာအုပ်နာမည်လေးဘဲ တွေရတွေရ ရေးသူနာမည်ဘဲ မြင်ရမြင်ရပေါ့ ကျမ စိတ်ထဲမှတ်သားနေမိသည်။ တစ်နေတစ်ချိန် ကျမပြန်ဝယ်နိုင်မယ့် အခွင့်အလှမ်းလေးများ ရနိုင်လေမလားလို့ မျှော်လင့်ချက်လေးဖြင့် ကျမ အလွယ်တကူ မရနိုင်သော စာအုပ်များကို မစွန့်ရက်ဘဲ ဖြစ်နေချိန် အမေသည် အားလုံးကို သိမ်းကြုံးကာ အဝေးဆုံးသို့ လွင့်ပစ်လိုက်လေသည်။ သို့သော် ကျမရင်ထဲ ခြစားနေသော စာအုပ်များ၏ အပြစ်တင် ဆဲဆိုသံများ စာအုပ်များထဲမှ စာလုံးများ၏ ဝေဖန်ကဲရဲ့သံများ ၊ အဖေ၏ နမျောတသ ညိုးညွမ်းနေသော မျက်နှာများ ၊ တာဝန်ဆိုသော အသိတရားပျက်ကွက်ခဲ့မိသော လူတစ်ယောက်၏ ရင်ထဲက နှောင်တ အရာအားလုံး ပေါင်းဆုံ ပြီး ကျမ စာအုပ်တွေကို ချစ်တတ်လာတယ်။ အဖေရေးခဲ့သော စာအုပ်များပေါ်က နေ့စွဲ များသည် ကျမမျက်ဝန်းမှာ သံရစ်ခဲ့လေသည်။ ခုတော့ ကျမစာအုပ်တွေကို ချစ်တတ်ခဲ့ပြီး အဖေကိုလည်း ချစ်မိခဲ့ပြီး ဒါပေမယ့် ကျမပိုင်ဆိုင်တဲ့ စာအုပ်တွေ အားလုံး ပျောက်ဆုံးသွားခဲ့ပြီး ။ အဖေကို အလျှော်ပေးဖို့  ကျမ နှစ်ပေါင်းများစွာ စာအုပ်တွေ စုရတော့မယ်။ အဖေလို စာအုပ်တွေ အများကြီး ဖတ်ရအုံးမယ် ။ နှောင်တစ်ချိန်ကျရင် အဖေလိုဘဲ ကျမ ဆီမှာ ခြစားခံရအုံးမယ့် ၀ိညာဉ်တစ်ချို့ရှိနေလိမ့်မယ်။ အဲဒီအချိန်ကျရင် ကျမကို ကျမသားသမီးတွေက အဖေကို ကျမမုန်းခဲ့သလိုဘဲ မုန်းလိမ့်မယ်။ ကျမ တူတွေ တူမတွေ က ဒီအဒေါ်ကို မုန်းလိမ့်မယ်။ အဘွားဖြစ်လာရင် ဒီအဘွားကို မုန်းကြလိမ့်မယ့် ။ ဆွေမျိုးသားချင်းတွေက စကားပြော အဆင်မပြေတဲ့ ဒီမိန်းမကြီးကို မုန်းကြလိမ့်မယ့်။ ဒါတွေက ကျမ၏ ခြစားခံရတဲ့ စာအုပ်တွေ ကပေးတဲ့ အပြစ်ဒဏ် ၊ အဖေက သူစာအုပ်တွေ အစွမ်းကို ယုံကြည်စွာ ထားခဲ့လေသလား မသိ ခုတော့ စာအုပ်များသာဖတ်နေရမယ်ဆိုရင်လေ .. အဖေ ဆီမှာ မျိုးဆက် အသစ်သူထားခဲ့နိုင်ပြီး..



ကျမနှင့် စာအုပ်

စာအုပ်တွေဟာ ကျမဘ၀ ဖြစ်လာခဲ့တာ ခုတော့ကြာလှပါပြီး။ သူတို့လေးတွေက ကျမ ဘ၀၏အနီးကပ်ဆုံး မိတ်ဆွေ ဆရာ သူငယ်ချင်း လမ်းပြသူ အားလုံးဖြစ်တယ်။ ကျမအတွက် မရှိမဖြစ် အရေးပါလာသူဖြစ်လာ တယ်။ သူတို့တွေကြောင့် ကျမ ကိုယ် ကျမ ပြောင်းလှဲ နိုင်ခဲ့တယ်။ လောကကို အကောင်းမြင်လာသလို အသိတရားတို့ ရင်ထဲလေးနက် တတ်ခဲ့တယ်။ ကျမ၏ အချိန်အားလုံးသည် စာအုပ်ဖတ်ချိန်သာ ဖြစ်လေသည် ။ ဘယ်သွားသွား လက်ထဲ စာအုပ်တစ်အုပ်အမြဲ ဆောင်ထားတတ်ပြီး ပျင်းရင် ကောက်ဖတ်နေတတ်တဲ့ အကျင့် ရလာပါတယ်။ ဒါပေမယ့် ကျမက စာအုပ်ဝယ်မစုနိုင်ပါဘူး။ ကျမဆီမှာ စာအုပ်လည်းသိမ်များများစားအရှိပါဘူး။ လူတစ်ကာဆီ ငှားဖတ်ရတဲ့ ဘ၀မှာ ဘဲ ကျမကျေနပ်လိုနေပါတယ်။ ဘယ်သူမဆို ကျမကိုငှားချင်လာအောင် ကျမမှာ အရှည်အချင်း ရှိပါတယ်။ ဘယ်နေရာ မှ မဆို လိုချင်ရင် ငှားနိုင်တဲ့ အစွမ်းကြောင့် ကျမ စာအုပ်မပြတ်လှပ်ခဲ့ပါဘူး။ ဘယ်သူဆီမှာ ဘယ်လိုမျက်နှာနဲ ငှားရမယ် ဆိုတာကို သိသလို ဘယ်လိုမျက်နှာနှင့် ပြောရမယ်အတိ ကျမတတ်ကျွမ်းနေပါတယ်။ ဆရာဆီကလည်း ငှားနိုင်တယ်။ နိုင်ငံရေး သမားလိုလို မျိုးချစ်ပုဂ္ဂုလ်လိုလို စာကြီးပေကြီးများ ဖတ်ပြတတ်သူဆီကလည်း စကားလုံးကြီးကြီးများဖြင့် တစ်နေကုန် ထိုင်ပြောပြီး စာအုပ်ငှားတတ်ပါတယ်။

ခုတော့ ကျမဆီမှာ စုမိဆောင်းမိ စာအုပ်တစ်ချို့ ရှိလာပြီ။ တစ်ချို့ကတော့ ကျမငွေနှင့် စုဝယ်ခဲ့သလို တချို့ကျတော့လည်း ခိုးထားတာလို ပြောပြရစေ။ ပိုင်ရှင်မဲ့နေသဖြင့် သိမ်းထားခြင်းဖြစ်သည်ဟု မိမိကိုယ်ကို ဆင်ခြင် မိမိကိုယ်ကို ပေးထားပေမယ့် မဟုတ်တဲ့ စာအုပ်တစ်ချို့ ကျမဆီမှာ ရှိပါသည်။ ကျမသူငယ်ချင်းအိမ်ကို အလည်သွားတုံး သူအဖေပိုင်တဲ့ စာအုပ်စင်ကို သွားမွှေလိုက်ပါတယ်။ ကျမ လုံးဝ ၀ယ်၍ မရနိုင် တက္ကသိုလ် မှ မာစတာတန်း နောက်ဆုံးစာတမ်းတစ်ခုကို ကူးယူထားသော စာအုပ်ငယ်ကလေးကို ကျမလိုချင်စိတ်ဖြင့် ဖတ်မိလိုက်လေသလားတော့ မသိ ကျမ အဲဒီအုပ်ကို လိုချင်တဲ့စိတ် လုံးဝမထိမ်းနိုင်ဘဲ ဖြစ်နေပါတယ်။ ကူးစက်မပေါ်သေးပါး။ ရှိလည်း မကူးနိုင်တာလည်း ဖြစ်မယ်လို ခုတော့တွေးနိုင်ပေမယ့် အဲဒီအချိန်မှာ ကျမလိုချင်တာဘဲသိတယ်။ တကယ်ဆို အဲဒီစာအုပ်အကြောင်းကျမ သိတယ်။ ကျမဆီလ မှာလည်း ရှာတွေ့နိုင်တဲ့ စာအုပ်မျိုးပါ ဒီစာအုပ်၏ အားသာချက်က အချက်အလက်များကို စာရင်းဇယားဖြင့် ဖော်ပြထားသဖြင့် ကျမ အလွယ်တကူဖတ်နိုင်တယ် ရှင်းလင်းတယ်လို ယူဆထားသလို တချို့အကြောင်းအရာ ကျမမဖတ်ဖူးဖြစ်နေတော့ သူငယ်ချင်းအဖေကို စာအုပ်တစ်အုပ်ယူသွားပါတ.ယ်လို ကျမပြောပြီး အဲဒီစာအုပ်ကို စာအုပ်ကြီးကြီးကြားထဲ ညုပ်ကားခိုးလားခဲ့တယ်။ ကျမ၏ အလွန်တရာတန်ဖိုးထားသော ရတနာ တစ်ပါးဖြစ်ပါလေတော့တယ်။ ခိုးစားရင် ချိုတယ်ဆိုတာ မှန်တယ် လေ။ ရှစ်နှစ်ကြာအောင် သိမ်းထားပြီး ကျမ ကူးနိုင်တဲ့ အခါမှ ကျမသွားပေးတယ်။ အဲဒီစာအုပ်ကို မြင်တော့ သူငယ်ချင်းအဖေ အံသြနေတယ် ။ သူနာမည်ကို တွေလို့ ကျမ ၀န်ချလိုက်တယ်။ သိမ်းထားပါတယ် မကူးနိုင်လို မပေးသေးခဲ့တာပါလို ပြောလိုက်တော့ တစ်နေကျရင် ငါစာအုပ်တွေအားလုံးက ပိုင်ရှင်မယ့်ဖြစ်မယ်တဲ့ ငါသမီးလေး အပိုင်ယူပါလို သူငယ်ချင်းအဖေက ၀မ်းသာစွာ ဆိုပါတယ်။ နောက်တစ်အုပ်လည်း ရှိသေးတယ် အဲဒီစာအုပ်က ဒဂုံတက္ကသိုလ် ကန်တိမ်းက ကောင်တာပေါ်ကနေ ခိုးလာတာ ။ သူငယ်ချင်းဆယ်ယောက်တစ်ဝိုင်း အားလုံး စားပွဲပေါ်မှာ ထိုင်နေတုံး စားစရာမလာသေးလို ကောင်တာပေါ်ကို စိတ်က ရောက်လိုက် မျက်လုံးက ရောက်ဖြစ်နေတုံး ကျမစာအုပ်တစ်အုပ်လှမ်းမြင်တယ် စာအုပ်ပုံက ထည်ထည်ဝါ၀ါ မျက်လုံးလှန်လောလိုက်တော့ ဆရာနန္ဒာသိန်းဇံ၏ ကျမ်းစာအုပ် ကောင်တာဘေး ဂျုံမှုန့်တွေ ကြက်သွန်တွေ အချည်ရည်ထုပ်တွေ ဘေးနား လည်ဆံအသေခံနေရတဲ့ စာအုပ်ကောင်းတစ်အုပ်၏ အဖြစ်ဆိုးကို ကျမက လုံးဝ မကြည့်ရက်လေတော့ ငွေတစ်ချိုကို စတေးကာ သူငယ်ချင်းအဲဒီစာအုပ်မင်းသွား ယူပေးရင် ငါ နင့်ဖို့ရှင်းမယ် ငါဖတ်ချင်လိုပါ အခုလိုပြောတော့ သူငယ်ချင်းက ၀မ်းသာလုံးဆို့ပြီး သွားယူပါတယ်။ ဒီလိုနဲကျမဆီမှာ စာအုပ်တွေ စုဝေးလိုလာနေပါတယ်။ ရန်ကုန်တက္ကသိုလ် စာကြည့်တိုက်မှ စာအုပ်များ ဟိုသူဆီက ဒီသူဆီမှ စုဆောင်းလိုနေတုံး ကျမဆီမှာ ဆောင်ပုဒ်တစ်ခု ရှိပါတယ်။ ဘယ်သူကို မှ စာအုပ်မငှားပါဘူး ငှားချင်ရင် သူဆီမှာ ကျမကြိုက်သော စာအုပ်တစ်အုပ်နှင့် လှဲဖတ်နိုင်ပေမယ့် ကိုယ်လို သူများလည်း စာအုပ်ပြန်မပေးမှာ ကို ကြောက်လို မငှားပါဘူး ဆိုတဲ့ ဆောင်ပုဒ်ရှိပါတယ်။ စာအုပ်တွေ ၀ယ်ခဲ့ရင်လည်း ဈေးကြီးနေရင် အိမ်က ပြောခံရမှာကြောက်လို ဈေးပြောင်းကပ်လာတတ်တဲ့ အကျင့် ကျမလုပ်တတ်ပါသေးတယ် ။ လမ်းဘေး ထိုင်ပြီး စာအုပ်အရှာထွက်ရတာ ထက် ဈေးဆစ်ရတာ စာအုပ်ကို စော်ကားရာရောက်လေမလားလို တွေးမိတဲ့ ကျမ မ၀ယ်ချင် ၀ယ်ချင်လုပ်ကာ ဈေးသည် ဈေးလျော့အောင် လုပ်တတ်တယ် ဆိုသာ အဖေသာ သိရင် ပြုံးနေမလားဘဲ ..



မယ်မဒီ

Wednesday, October 8, 2008

အ၀ါရောင် နေ့စွဲ

ငါ အပြာရောင်တွေ ခ၀ါချတဲ့နေ
ယိုင်လဲ့လဲ့ ပြုံးတဲ့ အဖြူရောင်ပန်းတစ်ပွင့်
ညငှက်တစ်ကောင် ကိုက်ချီ သုတ်သွားခံရတယ်..

ငါရင်ထဲ အလွမ်းတွေ
အကြိမ်ကြိမ် အခါခါ ရေချိုးပြီး
ကဗျာတွေ အလှဆင်နေတဲ့
စာမျက်နှာတစ်ခု ရှိတယ်

အိမ်မက်တွေ အကြိမ်ကြိမ်အခါခါ မက်ပြီး
အက်စက်မိုး ရွာချခံနေတဲ့ နလုံးသားမှာ
မနက်ဖြန်ဆိုတာ ကြွေကျသွားတဲ့
သစ်သီးပုတ် တစ်လုံးဘဲ..

အဲဒီနေ့
စကားလုံးတို့ အချိုရည် မြစ်ထဲ ခုန်ဆင်းတဲ့ နေ့
ငါ နလုံးသာ အဆိပ်ရည် အဆိမ်ခံလိုက်ရတဲ့နေ့
ငါအပြုံးတွေ အသက်မပါတော့တဲ့နေ့
ပန်းပွင့်တွေ အသည်းကွဲရောင်ပွင့်တဲ့နေ့
စက်ရုပ်တစ်ရုပ် ပြုံးနေတဲ့နေ့
ကြွေအံခွက်ထဲ ကြွေမပွင့်တဲ့နေ့

အဲဒီနေ့ဟာ ချစ်သူပြောသော စကားလုံး တို့
အ၀ါရောင် သမ်းသောနေ့ဖြစ်သည်။

Tuesday, October 7, 2008

ရတနာဂီရီသို့ အတွေးတစ်ခေါက်

ရတနာဂီရီအကျည်းသား စာအုပ်အုပ်ကို ဖတ်ရင်း အတွေးတစ်ခု ရင်ထဲမှာ ကိန်းအောင်းကျန်နေခဲ့ တာ နှစ်ပေါင်းများ စွာ ကြာခဲ့ပါပြီ။ ကျမ ရင်ထဲ ဖြစ်စဉ်များ စွဲကျန်နေဆဲမို့ အကြောင်းအရာများတိုင်ဆိုင် ပြောဆို မိရာမှ ဆော်အော်လာတဲ့ စိတ်ဖြင့် အတွေးတစ်ခေါက် ဟိုလွန်လေပြီးသော အတိတ် မြန်မာပြည်ကြီး ဆီ ခရီးလွင့်ကာ သမိုင်းကားချပ် သဖွယ် ကျန်နေရစ်သော နောက် ကြောင်းရာဇာဝင် ကို ပြန်လှန်လော မိလိုက်ပါတယ် ။

အရှေ့တောင်အာရှ၏ ဒုတိယအကြီးဆုံး မြေမျက်နှာ သွင်ပြင် ပိုင်ဆိုင်ထားသော ရာသီ ဥတုနှင့် သ ဘာဝ အဖိုးတန်းရတနာများစွာ မျက်နှာသာ အပေးခံရသော မြန်မာမင်းနယ်ပြည်တော်၏ နောက်ဆုံးမင်းဆက် နန်းစိုက်ရာ အရပ် ရှိရာ စာမျက်နှာဆီသို့ကျမရောက်သွား လေသည်။ အမိမြန်မာပြည် ၏ ရာဇ ထီးနန်းပလ္လုင်ကြီးသည် အမှန်တကယ် အသက်ဝင် သြဇာကြီးမားနေချိန် သာမယ ဖြစ်လေသည်။မင်းတစ်ပါး သြဇာအာဏာစက်တို့ ပတ်ဝန်းကျင် တစ်ခွင် အရှိန်အရောင်း များ လွမ်းမိုးကာ သာမန်လူတစ်ယောက်အား သူအလိုလို ဒူးထောက် ဦးညွန်စေအောင် ဆောင်နန်းပြသာဒ်တို့ဖြင့် မြန်မာနိုင်ငံ၏ နောက်ဆုံးနန်းဆက် မင်းနေပြည်တော်သည် အလွန်ခမ်းနားလိုနေပါသည်။

အိမ်တစ်အိမ် မိနှင့်ဘ ပြည့်စုံနေခြင်းဖြင့် အိမ်၏ကျက်သရေကို ထိန်လင်းစေသကဲ့သို မြန်မာနိုင်ငံသည် သူမင်းသူနန်းဖြင့် တင့်တယ်လိုနေပါသည်။ မြန်မာမင်း၏ နောက်ဆုံးမင်းဆက်သည် အေးဆဲ တည်ငြိမ်သော စာပေကျမ်းဂန် လေ့လာလိုက် စားနေသူ တစ်ယောက်သာဖြစ်ပါသည်။ ထီးနန်းမွေနှင့် ဝေးကွားသူဖြစ်သည့်အတွက် မင်းတို့တပ်အပ်သော စစ်မှုဆိုင်ရာ အုပ်ချုပ်မှုဆိုင်ရာ ဘက်တွင် ကျွှမ်းကျင်မှ ကျွမ်းကျင်လိမ့်မယ့် ဒါပေမယ့် သူဟာ ဘာသာတရား ကိုင်းရှိင်း ရိုသေသူဖြစ်လေသည်။ မတော်တဆ နိုင်ငံရေးအပြောင်းအလှဲ ကစားကွက်တွင် မင်းတင်မြှောက်ခံရသော ပြရုပ်သာသာ သြဇာ လျှော့နည်းနေသော ငယ်ရွယ်နုပျိုနေသူ တစ်ယောက်ဖြစ် သည်။ မည်သို့ပင် ဖြစ်လင့်စကား နိုင်ငံတ၀န်း ကျောင်းကန်ဘုရားများ ရွှေရောင် ထုံးရောင်များ ဖြင့် တိုင်းပြည်သည် ကြွယ်ဝအေးချမ်းလှသည်။ ဘာသာတရားကို အသက်မက သက်ဝင်ယုံကြည်ကြကြောင့် ပြောပြစရာမလိုဘဲ သူတို့၏ အနုပညာ လက်ရာများဖြင့် ထုဆစ်ထားသော ဘုရားစေတီ ပထိုးများကို ဖူးမျှော်ကြည့်ရုံဖြင့် ထင်ရှားစွားတွေမြင် နိုင်ပါတယ်။ ``အော် အေးချမ်းပါလေစ မြန်မာနိုင်ငံဟု စိတ်ထဲ ကျမရေရွတ် လိုပ်ပါတယ်``။

သို့ပေမယ့် အမှတ်မထင် တွေမြင်လိုက်ရတဲ့ စာမျက်နှာတစ်ခု ရူခင်းတစ်ခု ဘုရင်နှင့် မင်းမိဖုရား သူများတိုင်းပြည်ကို သယ်ဆောင်ယူခြင်းခံသော အဖြစ်အပျက်တစ်ခု ကိုယ်အိုးကိုယ်အိမ် ရှိပါလျက် ကိုယ်ထီးကိုယ်နန်းကို ပိုင်ဆိုင်ပါလျက် ကိုယ်မျိုးကိုယ်ဆွေကို ပစ်၊ ကိုယ် အိမ်ကိုယ်ယာကို ပစ်ကာ ထောင်နန်းစံရတော့မယ့် မင်းတပါး၏ အဖြစ်ဆိုးကို ကျမတွေးရင်း စိတ်မကောင်း ဖြစ်မိသည့်ထက် နိုင်ငံတစ်နိုင်ငံ၏ ကံမ္မာဆိုး ဂုဏ်သိက္ခတရားမြေကျရပုံကို ကြွေကွဲစွာ ခံစားရပါတယ်။

နောက်ဆုံးမင်းဆက်သည် ညံဖျင်းသည့်ဟု စွပ်စွဲလိုသူ စွပ်စွဲနိုင်ပေသည်။ နောက်တစ်ယေက်နန်းတက်ခဲ့သော် ဤအဖြစ်ဆိုးတို့ ကြုံကြိုက်မှ ကြုံနိုင်ပေမယ့် မြန်မာသမိုင်းကို မြေလှန်ဖျက်စီင်္းသူများ စရင်း၌ မင်းနာမည်အား မထည့်သင့်ပေ။ သမိုင်းစာမျက်နှာကို ကြက်ခြေခတ်ခဲ့သူများ သည် မိမိနိုင်ငံ၏ အရေးထက် မိမိ၏ အာဏာစက်ထည်မြဲရေး အတွက် နေမ၀င် အင်ပါယာ တည်ထောင်နေသော ဗြိန်တိန်ချလူမျိုးကို အထင်သေးခဲ့ကြသည်။ စစ်ပရိယာယ်ကစားကွက် ကို လေ့လာရန်ထက် ထီးနန်းလှပွဲဆင်နွဲခြင်းဖြင့် အချိန်ကုန်နေကြလေသည်။

မင်းသွေးတို့မည်သည် မြေမကျကောင်းဘူး ဆိုတဲ့ စကား တို့ရှိခဲ့ဖူးသည် ။ ကိုယ်မြေပေါ်မြေမကျကောင်းခဲ့သော မင်းသွေးနှင့် မင်းအရိုးသည် သူတပါးတိုင်းပြည် အကျည်း စခန်း၌ မြေဆွေးဖြစ်ရသော အခင်းအရာလောက် ရင်နှင့်ဖွယ် ရှိပါသေးသလို မေးမြန်းလိုက်ချင်ပါတယ်။ မင်းသွေး မြေကျသည့်ထက် မင်းဆက် ပျက်သုန်းပုံသည် အကျည်းတန်အရုပ်ဆိုးလွန်းသည် ။ သူကျွန်ဘ၀သို့ရောက်ခဲ့သည့်က အခိုက်အတန့်ကလေးသာ ဖြစ်ပေမယ့် မြန်မာ၏ အကျည်းတန် အရုပ်ဆိုးသော အဖြစ်ဆိုးတို့သည် ကာ ကျမ၏ ရင်ထဲ စာမျက်နှာများစွာ ထင်ဟပ်၍ ကျန်နေခဲ့သည် ။ မင်းဆက်ပျက်သုန်းထိန်ကောသွားခဲ့သည် သိုသော် မင်းဆက်၏ နောက်ဆုံးဝိညာဉ်သည် မမြဲခြင်းဖြင့် အပြီးပျက်စီး ပျောက်ကွယ် သွားခဲ့နိုင်လေပြီလား ဒါမှမဟုတ် နောက်နှစ်ပေါင်းများစွာ မြေဆွေးဝိညာဉ် သည် အကျည်းသား ဘ၀ဖြင့် လွတ်မြောက်နိုင်ပါလေစ သေခြင်းတရား သည် ဤအကျည်းသားအား အပြီးပိုင် လွတ်မြောက်ခြင်းကို ဆောင်နိုင်ပါလေစ ဟု ကျမ အတွေးတို့ ခရီး တစ်ထောက်

Saturday, October 4, 2008

ဝတီငါးခုတည်စေသော်

အိုသာစွ ရခိုင်
ကမ်းမြိုင်မြိုင်မှာ စိမ်းညိုမှိုင်းမှိုင်း
ပင်လေပြာပြာ ရေဖွာဖွာဘေး
မာရယုတည် ရခိုင်မြေဟု
ထင်ကျော်စော်သည့် သာဂီသားဆက်
အနွယ်မြတ်မို့ ခေတ်ဆက်လေးဆက်
အစဉ်ဆက်ကာ သမိုင်းမျက်နှာ
ဂုဏ်ဖြာ ပြသာဒ် ရွှေထီးအဆက် စိုးခဲ့သည်။


အိုသာစွ ရခိုင်
ဤမြေလူမျိုး တစ်နွယ်တစ်နန်း
ဂုဏ်ရောင်ဝင့်ထိန် ဝေသာလီဟု
စန္ဒြားမင်းဆက် အစွမ်းပြသည့်
ကျောက်ဆက်လက်ရာ
တုနိုင်၏လော တု၏လောဟု
သက်သေကျန်ဆဲ အံ့မခန်းနိုင်
ကျောက်လှေကားမြို့ သမိုင်းခန်းဝယ်
ကျော်ဇော်သာသနာ အစတည်ပြု
မဟာမုနီ ဘုရားသက်သေ တည်လေသည်..



အိုသာစွရခိုင်
နန်းသက်အကြွင်း သက္ကရာဇ်ဖြို ၍
ဘုရင်အသက် နန်းဆက်မြဲအောင်
စတေးတည်သည့် မြောက်ဦးခန်းဝယ်
ဘုံမိနက်သံ မျောက်က ကြိုးခွေ ဒေါင်းအိုးဝေ ဟု
နတ်ရွှေးသည့်မြို့ ဘုန်းတင့်ဂုဏ်ရောင်
သာသနာသမိုင်း ဆင့်ရောင်လွမ်းသည့်
သဇင်ပန်းခိုင်း တစ်မြိုင်မြိုင်ဟု
ရခိုင်ဘုရား အစွဲပြုသည့် အိုဓည၀တီ …

အိုသာစွရခို်င်
ဘိုးတော်မင်းဆက် ဖြို့ပျက်လေက
မမြဲသဘော ရင်ဝယ်ပိုင်၍
ကွယ်ပျော်လေသည် အတိတ်ဆီ
ရွှေထီးရွှေနန်း သမိုင်းကျန်သည့်
ငါတို့ဂုဏ်ရောင့် လွင့်ပြယ်သည်။

အိုသာစွရခိုင်
နောင်လာသားတို့ အသိယူလေ ထိုထိုပြည်တို့
ကမ္ဘာအ၀န်း အာဏာထလည်း ပျက်သုန်းလေသည်
ရောမအင်ပါဟာ ပီရမစ်များ
ဆူမေးရီးယန် ဘုရားကျောင်းများ ၊ကော်ဒီယန်(ဘေဘီလုံနတ်ဘုံလား )
မွန်းဂိုးနှင့် တာတာ ၊တရုတ်၊အိန္ဒယ တို့၏
သိမ်မွေ့နက်နဲ့သော အတတ်ပညာများ
ဗြိန်တိန်နေမ၀င်အင်းပါယာ
ရှရှားပြည်ထောင်စု ငါစွဲပြုသည့်
ထိုအားလုံးလည်း မမြဲသဘော အပျက်ကြွင်းသည်…

အိုသာစွ ရခိုင်
နောင်ဝယ်သားတို့ တချိန်ထီးရိပ်
သင်တမ်းတလည်း လေးဝတီတို့ မမြဲခြင်း၌
သမိုင်းအမည်ဖြစ်ခဲ့ပြီး…

အိုသာစွရခိုင်
နောင်ဝယ်သားတို့ ငါးဝတီဆင့် အပေါ်ထွန်းဖို့
အသစ်မာရယု ဘယ်သူပြုမည်လော
အတိတ် လက်နက် ဒုတ်ဓါးစွမ်းဖြင့် နိုင်ငံပြုလည်း
ငါးလေးဝတီကား ခြားခဲ့ပြီ
Globalization ကို ထွန်းလှန်အောင်မှ
ဝတီငါးခု ပေါ်လိမ့်မယ်…

Friday, September 26, 2008

စီရင်ခြင်း

အဲဒီနေ့ သစ်ရွက်တို့ အသက်မချူတော့တဲ့နေကပေါ့
ငါရင်ထဲ မုန်တိုင်းတို့ ချွေသက်သွားတဲ့
ပန်းတစ်ပွင့် အလှဲထိုးခံရတယ်…

လျှပ်စစ်တို့ ခြောက်တဲ့ ည
မီးစာကုန်ခမ်းနေတဲ့ မီးအိမ်တစ်လုံး
မျက်လုံးတို့ အလင်းရောင်းကို ရှာခဲ့ပေမယ့်
အဲဒီည ကြယ်တစ်လုံးမှ မလင်းဘူးကွယ်…

မှော်ဆရာပေးတဲ့ စောင်းကြိုးတစ်လက်
ချစ်သူလက်တို့ ထိမိလေသောအခါ
စောင်းသံတို့ နှစ်နားသံဆင့် မှော်ကြိုးတို့ တင်းကုန်၏

ချစ်သူလက်ဖြင့် တီးခတ်သော အခါ
မိုးကြီုးသွားတို့ အခန်းဆက်မြည့်လျက်
ငါရင်ကို ကျိမ်စာ တစ်ပုဒ် ရွတ်ဆိုတယ် …


အမုန်းခင်းခြင်းတဲ့ ရာသီ
အလွမ်း ဖြိုခွင်းတဲ့ သက္ကရာဇ်
ဆုံဆည်းခြင်းကို သုညကြွင်းနိုင်ပေမယ့်

အချစ်ဟာ သက်ဆိုးမရှည်နိုင်လေတော့
ငါ့ရင်ထဲ ဂြိုလ်ခွင် အပြောင်း
ဒဏ်ရာဟောင်းတို့ သာကျန်နေခဲ့တယ်…


ခြေရာမဲ့ ဆုံးဖြတ်ချက်တို့
နာရီလက်တံပေါ် နှင်းဖြတ်တဲ့ည
ချစ်တေးဆိုသော စာမျက်နှာပေါ်
ပန်းတစ်ပွင့်
ကျောခိုင်းခြင်း လက်နက်ဖြင့်
အဆုံးစီရင်ခဲ့တယ် …


မယ်မဒီ

Friday, September 19, 2008

ဖန်ဆင်းရှင်သို့ စွဲချက်သစ်

ဟိုငယ်စဉ်တောင်ကျေးဘ၀က ဘုရားသခင်ဟာ လောကကိုဖန်ဆင်းတယ်ဆိုတဲ့ စကားလုံးဖြင့် ကျွမ်းဝင် ခဲ့ပါတယ်။ ဒါပေမယ့် ဘုရားသခင် ဘယ်လိုဖန်ဆင်းသည်းဆိုတဲ့ မေးခွန်းကို တခါမှ တော့ ပြန် လည်း မေးမြန်းခဲ့ခြင်းမရှိခဲ့ပါဘူး ။ စော်ကားမိသလို ဖြစ်သွားနိုင်တယ်လို တွေးထင်မိလိုပါ။ ခုတော့ မေးသင့်တဲ့ မေးခွန်းတစ်ခု ရှိလာပါတယ်။ ဘယ်လို နှလုံးသားဖြင့် လူလောက ကို ဖန်ဆင်းပါသလည်း ဆိုတဲ့ မေးခွန်းမျိုးကို မေးချင်ပါတယ် ။ လူမှန်ရင်တော့ အပြစ်လုပ်ကြမှာပါဘဲ ဘုရားသခင်ကတော့ ခွင့်လွတ်မြဲ ခွင့်လွတ်ရလိမ့်မယ့်လို ယုံကြည်တော်မှု ခဲ့ပါတယ်။ ဒါပေမယ့် ခွင့်လွတ်ခြင်းကို ဘုရားသခင်ဟာ လှစ်လျူတော့်မှုပါတယ်လို့ စွပ်စွဲပါရစေ...

မိမိပြုသမျှ အပြစ်တို့ကို တိုက်တန်တဲ့ အပြစ်ဒါဏ်ဖြင့် လူသားများသည် ဘ၀သံသရာတွင် ရုန်းမထွက်နိုင်း ဘူး ဖြစ်နေတယ် ဒီဘ၀သံသရာထဲက ဆွဲယူု ကယ်ဆယ်ခြင်း ကို ဘုရားသခင် သာတတ်နိုင်မယ်လို ယူဆပါတယ်။ တစ်ခါတစ်ရံ လူသားပေါင်းမြောက် မြားစွာ ကူကယ်ရာမဲ့ ဖြစ်နေချိန် ကူမယ့်သူ ကယ်မယ့်သူ ကို အော်ဟစ်နေ ချိန် ဘုရားသခင် အိပ်ပျော်နေ တတ် ပါ တယ်။ အပြစ်သားတစ်ယောက်ကို ထောင်မှူးတစ်ယောက်၏ စိတ်ဓါတ်ဖြင့် မျက်စောင်းထိုးကြည့်ပြီး အပြစ် လုပ် တုံး က တော့ ဒီမျက်နှာနှင့် ဒီသံမဟုတ်ဘူး ခုတော့ အော်နေလိုက်ကြတာ ကြည့်လိုကိုမရဘူးလို့ တွေနေပုံ ပေါက် ပါတယ်။ ကျမလို ဘာမှဟုတ်တဲ့ ခပ်နှနှအသည်း ငယ်သူတစ်ယောက် တောင် ယိုင်နဲနဲပြိုကျ သွား နို်င် တဲ့ အခြေနေမှာ ဂရုဏာ ကြီးမားတော်မှုသည့် ဘုရားသခင်ဟာ ဂွကျကျ အဖေလိုဘဲ သတင်းစာဖတ် မ ကြား ချင် ယောင် ဆောင်နေပြီး နားကိုစွင့်နေတာကို စိတ်ဆိုးချင်လား ပါတယ်။

စက်တင်ဘာလ ၁၁ ရက်နေ့ မှာ သေဆုံးမှုဖြစ်ပွားခဲ့ခြင်းအတွက် လူသားထောင်ပေါင်းများ စွာ က ၀မ်းနည်း ပူဆွဲကြပါတယ်။ ကျန်ရစ်သူမိသားစုနှင့် တွေ့ကြုံခဲ့ကြသူ၊ကြားရသူ၊ မြင်ရသူအားလုံး စစ်ဆိုသော စကားလုံး၊ အာဏာရှင်၊ အယူဝါဒ အစွဲအလှမ်းကြီးမားသူ ၊ အစွန်းရောက်သူအားလုံးအပေါ် အပြစ်တင်ပြော ဆိုစွပ်စွဲ မုန်းတီးခဲ့ကြပါ သည်။ သို့သော် နောက်ထပ်စစ်ပွဲပေါင်းများစွာ မဖြစ်ပွားဖို့ ဘုရားသခင်က တော့ မတားဆီး သည့်အပြင် အလွန်တိကျတဲ့ သင်ရိုးစာအုပ်အတိုင်း ဆရာ တစ်ယောက် စည်းကမ်းဖောက်ဖျက်သူ ကျောင်သား များကို ဆိုဆုံးမရန် အတွက် ဘုရားသခင်စစ်ပွဲ ပေါင်းများစွာ ဖန်ဆင်းကာ အပြစ်တော်ခံ စေ ပြန်ပါတယ်။ လက်တစ်ချောင်း အတွက် လက်တစ်ချောင်း အစားထိုး လျှော်ကြေး ကို ပြန်ဆပ်စေပါတယ်။ တစ်ခါတစ်ရံတော့ ဆန်ကြမ်းထမင်းကို ဘာဆီဥထောပတ်မှ မပါဘဲ မသေရုံစား နေသူများအပေါ် ၊ အ၀တ် ကြမ်းကို လုံရုံလေးဝတ်နေ သူများ အပေါ် ၊ တစ်နေ့စာ ၀မ်းဝရုံဖြင့် လောကကို ကျေးဇူး တင်နေသူများအပေါ် ဘုရားသခင် နာဂစ်လို မုန်းတိုင်းများ ဖန်ဆင်းကာ အပြစ်တော်ကို ဆေးကြောစေပါသတဲ့ ။

တောင်းဆိုးပလုံးဆိုကို သာ ပြစ်ရိုးရှိတယ် သားဆိုးသမီး ပြစ်ရိုးထုံးစံမရှိဘူးတဲ့ ဖဘုရားသခင် စွန့်ပြစ်လိုက်တဲ့ သားသမီးက မနည်းတော့ပါဘူး။ တစ်ကယ်လို သူတို့ဆီမှာ အကြီးလေးဆုံး အပြစ်ရှိ နေခဲ့ရင် တောအရက်ကို မွေးကတည်းက သောက်ခဲ့ ခြင်းဖြစ်ပါလိမ့်မယ်။ စကားလုံးတွေ ကြမ်းတမ်းစွာ ပြောဆိုမိခြင်းထက် သူတို့ ဟာ ကမ္ဘာကို သိမ်းယူလိုသူများစရင်း၌ မရှိခဲ့ကြပါဘူး ။နိုင်ငံကို အပိုင်စီး သမိုင်းကို ဖျက်စီးသူများထဲ၌ လည်းမပါ ၀င်ခဲ့ပါဘူး ။ လူသားမျိုးနွယ်စုကို တိမ်ကော့အောင် လူသတ်လက်နက်ထုတ်သူများလည်း မဟုတ်ပါဘူး ဘုရားသခင်...

အရာအားလုံးကို ဖန်ဆင်းတော်မှုသော အိုဘုရားသခင် မေးပါရစေ လူဦးရေနည်းပါး စားမဲ့သူမရှိတဲ့ အရပ်မှာ သစ်သီးများကို ဘာကြောင့် ဖန်ဆင်းပါသနည်း။ သောက်မဲ့သူမရှိတဲ့အရပ်မှာ ဘာကြောင့်ရေပြင်ကြီး အဖြစ် ဖန်ဆင်းပါသနည်း။ သစ်ပင်တစ်ပင်မှ မပေါက်တဲ့အရပ်မှာ ဆာလောင် ငတ်မွတ်နေတဲ့ လူသားကို ဘာကြောင့် ဖန်ဆင်းပါသနည်း။ ကြွယ်ဝပိုလျှံ နေသူများ လက်ထဲကို ဘာကြောင့်ငွေကြေးများ များသထက် များအောင် နေစဉ် ပေးစွန့်နေပါသနည်း။ စားစရာတစ်ခုအတွက် အသက်ချင်းလှဲနေ သူများ လက်ထဲမှ ဓါးကို ဘာကြောင့် ထက်သထက် ထက်အောင်းသွေး ပေးနေပါသနည်း။ နေစရာမရှိသည့်မိသားစုဆီသို့ ကလေးငယ် များ တစ် ယောက် ပြီး တစ်ယောက်ဘာကြောင့် စေလွှတ်နေပါသနည်း။ တစ်နေကုန် တစ်နေခမ်း အသက် ထွက် အောင် အလုပ်လုပ်နေသူများအပေါ် ဘာကြောင့် ထိုက်တန်သော ငွေးကြေးပေးဆောင်ဖို့ တွန့်ဆုတ် နေပါ သည်။ စတေးခံ၊ မြေစာခံတွေ ဤလောက၌ ဘာကြောင့်များပေါများစွာ ဖန်ဆင် တော်မှုပါသနည်း။ ထမင်း တစ်လုပ်အတွက် လူသားချင်းတန်းတူ ဆက်ဆံခြင်းမခံရသော အဖြစ်မျိုး လူသားများထဲ ဘုရားသခင်၏ ဂုဏ်ပုဒ်နှင့် မညီသော အလုပ်မျိုးကို ဘုရားသခင် ဘာကြောင့်များ လုပ်ဆောင်တော်မှု သလည်း…

အိုဘုရားသခင် မွေးကင်းစ ကလေးငယ်အပေါ် သေခြင်းတရားကို ဘာကြောင့်ဖန်းဆင်းပါသနည်း။ မိဘမဲ့ နေသော ကလေးများ ဘာကြောင့် ဖန်ဆင်း ပါသနည်း။မေတ္တာတရားနည်းပါးသော မိခင်၊ တာဝန်တရား အသိ ကင်းသော ဖခင်၊ လောကကို ဖျက်ဆီးသော လူသား များအဖြစ် ဖန်းဆင်းရတဲ့ အကြောင်းပြချက်ကလေး ပေးလို့ရမယ်ဆိုရင် မေးစမ်းခွင့် အခွင့်ရခဲ့မယ်ဆိုရင် ရိုသေစွာ မေးပါရစေ…

မယ်မဒီ

Friday, September 12, 2008

စကားပြောသော စာလုံးများ

ဘာအလုပ်မှ လုပ်စရာ ရှာကြံမရတော့သည့်အဆုံး သိပ်ကိုပျင်းလွန်းနေတဲ့ စားရေးဖို့ စိတ်ကို တုံးတုံးချ ဆုံးဖြတ် လိုက်တယ်။ ဖြူဖြူဖွေးနေတဲ့ စာရွက်တစ်ချို့ပေါ်မှာ လေးလှံထိုင်းမှိုင်းနေသော ဦးနှောင့်ဆီမှ အကြံညဏ်တွေ မရမက ထုတ်ယူဖို့ ကြိုးစားခြင်းဟာ လည်း ပျင်းရီးနေရခြင်းထက် ပိုမိုခက်ခဲ့လိုနေပြန်တယ်။ ဘယ်လိုမှ သုံးစားလို့မရသည့် ပျင်းရီးခြင်းမျိုးဖြင့် ပျင်းနေတဲ့ဦးနှောက်ဆီမှ စံမမှီသော ရေးမိရေးရာလျှောက်ရေးမိသည့် စားလုံးများအား ခဲ့ဖျက်တစ်ခုဖြင့် ခဏခဏ ဖျက်နေသော အလုပ်ကို ကျမအလုပ်တစ်ခုအဖြစ် လုပ်နေမိသည် ။ အဖိုးတန်သော စာရွက်ဖြူဖြူလေးကို အားနာ သောအားဖြင့် ကျမ၏ အသုံးမကျသော စကား လုံးများကို ဖျက်ပစ်လိုက်ခြင်းဖြစ်သည်။ “ ဘ၀ဆို တာ စာရွက်တစ်ရွက် ဖြစ်နေခဲ့လျှင် အသုံးမကျသော ကျမ၏နေ့ရက်တစ်ချို့နှင့် အချိန်တစ်ချို့ကိုလည်း ဖျက်ပစ်လိုက်ချင်သည်။ ခဲ့ဖျက်တစ်ခုလောက် အချိန်ဟောင်းတွေ ကိုဖျက်ဖို့ လိုချင် လိုက်တာဟု ကျမ တွေးမိသေးတယ်…” ရေးလိုက် ဖျက်လိုက်ဖြင့် စာမျက်နှာ တစ်ရွက်လောက် ပြီးသော ချိန်မှာ စာမျက်နှာကို ကြည့်ရင်း ဖျက်ထားသမျှ သောနေရာ များတွင် ခပ်ရေးရေးထင်ကျန်နေတဲ့ ခဲ့ဖျက်ရာမဲမဲတွေ၊ စာလုံးထွင်းရာတွေ ဖြူဖြူဖွေး စာမျက်နှာ ပြင်ဟာ အမာရွက် ဒဏ်ရာတွေ ဖြင့် သန့်ရှင်း သော စာရွက်ဖြစ်မနေတော့ ပေ။ “ ဒီဒဏ်ရာလိုဘဲ ကျမရင်ထဲ ပြယ်ပျောက်သွားတဲ့ ဒေါသ၊ မောဟ တွေ နုလုံးသာထဲ မဲမဲခြစ်ရာ ဒဏ်ရာအမာရွက် အဖြစ် ကျန်နေ လောက်တယ်။ ကျမနှလုံးသားလည်း မသန့်ရှင်းတော့လောက် ဘူးထင်တယ်…”

ဒီလိုနဲ့ တစတစ နိုးကြားလာတဲ့ စိတ်တွေ ပွင့်လင်းစပြုလာတဲ့ အသိညဏ်လေးဖြင့် ကျမ စာတစ်ပုဒ် ဖြစ်မြှောက်ဖို့ အာရုံစိုက်မိတယ်။ ကုန်မှန်းမသိသော အချိန်နာရီပေါင်းများစွာကြာအောင် အစက်အပြောက်များစွာ ပြည့်ကျပ်နေတဲ့ စာမျက်နှာတစ်ရွက်ပြီး တစ်ရွက် ကျမရေးနေမိပြီးလေပြီ ။ ဒီအစက်အပြောက်ဆန်သော စကားလုံးများဟာ ကျမ၏ညဏ်ရည်အသွေး အဆင့်အတန်းလိုပြောလိုရတယ်။ ကျမ၏ဘ၀ ဖြစ်စဉ်လိုဆိုနိုင်သလို ထပ်ဟပ်နေ တဲ့ ကျမ၏ ခံယူချက်၊ နောက်ကြောင်း ရာဇ၀င် လက်ရှိခံစားချက်တို့ ရောထွေးကာ စာရွက်ဖြူဖြူများဟာ တစ်စတစ်စ လူတစ်ယောက် အသွင် သို့ပြောင်လာတော့သည်။ မိန်းမတစ်ယောက်ပေါ့ ခပ်ညစ်ညစ် ခေါင်းမာမာ ပုံစံမျိုး အသက်ဝင်လာတော့သည်။ ကျမအထိတ် တလန့် ခဲ့ဖျက်ကိုင် လိုက်သည်။ ဘယ်နယ် ငါမထင်မှတ်ဘဲ အသက်သွင်း နေမိတယ် ဆိုပါအုံးတော့ သိမ်မွေ့မွေ့ နုညံလှပတဲ့ ခြောက်မျိုးမထင် မိန်းမပျိုတစ်ယောက်သာ ဖြစ်သင့်ပေတယ်။ ခုတော့ ကြည့်ပါအုံး ဘယ်နယ် ဒီလိုပြောရဆိုရခက်တဲ့ ပုံစံမျိုး ကိုမှ ငါက အသက်သွင်း နေမိသတဲ့ သေချာကြည့်လေ လူတစ်ယောက်နဲ့တူလာလေ ဆိုတော့ ကျမဘယ် နေရာ ကို ခဲ့ဖျက်ဖြင့် ဖျက်ပစ်လိုက်ရမယ် ဆိုတာကို တွေး မတတ်ဘဲ ဖြစ်နေပါတော့ တယ်။ အားလုံးကို ဖျက်လိုက်ပါပြီး ထားပါအုံးတော့ ဘယ်လိုစကားလုံး တွေကို ကျမ အစား သွင်းရမယ်မှန်း ကျမမသိပေ။ ခဲ့ဖျက် ကို ကိုင်ထားတဲ့ ကျမ၏လက်က ကိုယ်ရေးတာ တောင် ကိုယ်ကြိုက်သလို ဖျက်ခွင့်မရှိတဲ့ အဖြစ်ဆို တော့ “ဘ၀ဆိုတာလည်း ကိုယ်လို ချင်တာကို တောင်းတတိုင်းရနိုင် ပါမလားလို့ ကျမတွေးမိတယ်။

ပယ်ဖျက်လိုတဲ့ ကျမ၏ ဘ၀အစိတ်အပိုင်း ဟာ ဘယ်အရာများဖြစ်လေမလား ကျမမွေးဖွားလာရခြင်းလား၊ သာမှန်လူတစ်ယောက် အဖြစ် ရှင်သန်လာခဲ့ရခြင်းကိုလား၊ ခပ်ရိုးရိုး ရှိတဲ့ နှလုံးသားတစ်ခုကိုလား ၊ မရောင့်ရဲ လွယ်တဲ့ လိုချင်တတ်မက်တဲ့ ရင်ဘတ်တစ်စုံကိုလား၊ သင်္ချာညဏ်ကောင်းသလောက် မေ့လွယ်တတ်တဲ့ ဦးနှောက်ကိုလား၊ ကိုယ်ပိုင်ဆိုင်တဲ့ မျက်နှာကိုလား၊ ကိုယ့်နာမည် ကိုလား ၊ဒါမှမဟုတ် မိသားစုကိုလား ကျမဘ၀က ဆွဲထုတ်ပစ်ချင် ပါတယ်ဆိုတဲ့ အရာ က ဘာပါလိမ့်… ကျမကိုယ်တိုင်လုပ်ခဲ့တဲ့ အမှားတစ်ချို့တော့ ရှိတယ်။ ကိုယ်တိုင်း လုပ်ခဲ့တဲ့အရာတွေ ကိုယ်ပြုသမျှ အမှားတွေကိုသာ ခဲ့ဖျက်နှင့် ပယ်ဖျက်ချင်ပါသတဲ့ ဖျက်လိုရနိုင်ပါမတဲ့လား ..”


အတွေးတွေ တစ်စတစ်စ ဦးနှောင့်ထဲ ရှုပ်ထွေးလာတဲ့ ကျမ၏ လက်ထဲမှာ စကားလုံး များ ကျမချယ်လှယ်တိုင်းကို ခံနေရတယ်။ ကျမ၏ မနားတမ်း အလုပ်လုပ် နေသော ညှောင်းညာကိုက်ခဲ့လာသည့် လက်ချောင်းများသည် စိတ်၏စေရာနောက်ကို မလွန်ဆန်နိုင်ဘဲ လူသားတစ်ယောက်ကို အသက်ဝင်လာအောင် ကြိုးစားပြီး သွင်းမိလေသည်။ သက်ဝင်လှုပ်ရှားစပြုလာတဲ့ လူတစ်ယောက်ကို ကျမပြန် ကြည့်ရင်း ကျမ အံသြမိ ပြန်တယ်။ သူ့လှုပ်ရှားပုံတွေကို ကျမရင်းရင်းနှီးနှီး ရှိနေတယ်လို့ ထင်မိတယ်။ သူကဘယ်သူပါလိမ့်လို ကျမတွေးနေတာကို စာရွက်ပေါ်က မိန်းမပျိုလေး အလိုလိုသိနေသလိုဘဲ ကျမကိုစကားလုံး ပီပီသသ အေးဆေးတည်ငြိမ်စွား ဖြင့် “ ငါက နှင့်ရဲပုံတူကိုယ်ပွားဘဲ နင်မယုံရင် မှန်ထောင်ကြည့်တဲ့၊ ငါတို့နှစ်ယောက်ရဲ့ အပြင်စရီုက်အားလုံးဟာ တစ်ထပ်တည်းဘဲ ဒါပေမယ့် ငါက နင်နှင့်မတူဘူး၊ နင်ဟာ ငါ့ကိုယ်ပွားဖြစ်တာလား ငါဟာ နင့်ကိုယ်ပွားလားဆိုတာ ငါသေချာမသိပေမယ့် နင်ဟာ ဘာကိုမှ အလိုကျနေတဲ့လူတစ်ယောက်တော့ မဟုတ်ဘူး။ ဘာကိုမှ အလိုမကျဘူး။ နင့်မျက်နာ ၊ နင့်အဆင့်အတန်း၊ နင့်ပိုင်ဆိုင်သမျှ၊ နင့်ချစ်သူ ၊ နင့်အလုပ် ဒါတွေအားလုံးကို နင်ဘယ်တုံးကမှ ကျေနပ်ရောင့်ရဲခြင်းမရှိဘူး စိတ်တိုင်းမကျဘူး။ နင်က ဘာကိုလိုချင်လို လိုချင်နေမှန်း မသိဘဲ အမြဲဒေါသထွက် သွေးဆိုးနေတဲ့ လူတစ်ယောက် ။ ဒါပေမယ့် ငါက စာရွက်တစ်ရွက်လိုဘဲ ဖြူစင်တယ်။ နှညံအေးဆေးတဲ့ နှလုံးသားကို ပိုင်ဆိုင်တယ်။ ငါ့ဘ၀ ငါပိုင်ဆိုင်သမျှကို ရောင့်ရဲကျေနပ်တယ်။ လောကကို အကောင်းမြင်တယ်။ အရာအားလုံးအတွက် ဘုရားကို ကျေးဇူးတင်တယ် ။ ငါဖြစ်တည်ခွင့်ရလို ငါအရာအားလုံးအပေါ် ချစ်သော စိတ်ဖြင့် လုပ်ကျွေးပြုတယ်။ နင့်လိုမဟုတ်ဘူး ” ဟု သူမပြောလိုက်တော့ သူပြောတာတွေ ဟုတ်များနေသလား တွေးရင်း ကျမကြောက်လန့်တစ်ကြား ရေး လက်စ စာရွက်တွေကို ဖိုင်းထဲညုပ်လိုက်မိတယ်။ သူမ ကျမ ကိုနောက်ထပ်ဘာများစွပ်စွဲ စရားများ ကျန်နေသေးလည်းလို ကျမတွေးလိုက်မိတယ်။


ခဲဖျက်တစ်ခုသာ စားပွဲပေါ်မှာ အသုံးမ၀င်ဘဲ ကျန်နေခဲ့တယ်။ ကျမလေ ခဲဖျက်ကိုစိတ်နာစွာနဲ့ တစ်ချက်ကြည့်ရင်း ဘာမှအသုံးမကျတဲ့ ဟာလိုတွေးရင်း အမှိုက်ပုံတဲ့ ထဲလိုက်မိတယ်…


မယ်မဒီ

Tuesday, September 9, 2008

ကြေးရုပ်ကြီးနှင့် လူထူးဆန်းတစ်ယောက်

အဲဒီနေ့ပေါ့ ၉.၉.၁၉၈၉ ခုနေ့ နှစ်ပေါင်းများစွာ ခြောက်သွေ့အသက်မေ့နေခဲ့သော့ ပန်းခြံကြီးတစ်ခုလုံး ခြိမ့်ခြိမ့်သည်းသည်း ကြက်ပျံမကျက် စည်းကားဖို့အကြောင်းတစ်ခု ဖန်ခဲ့ ပါ သည်။ အရပ်လေးမျက်နှာမှ ထောင်သောင်းမကစွာသော လူအများစုသည် မီးတုတ် ကြီးငယ်များ အိုးစည် ဗုံမောင်းများ ပျော်ရွှင်စွာ တီးလျှက် ဂါရ၀ လာရောက်ပြုကြသည့် အထိန်းအမှတ် နေ့ရက်ကလေးသည် ဖြစ်တောင့်ဖြစ်ခဲ့ လှစွာသော ထိုအရပ်ဒေသ၏ အမှတ်တရ အချိန်သမယ ဖြစ်ခဲ့လေတယ်။ ဒီပန်းခြံထဲမှာ ရေလောင်းပေါင်းသင်းဖို့ လူသူမဲ့နေတဲ့ သစ်ပင်ရိုင်းတစ်ချို့ ခပ်ယိုင်ယိုင် အဆောက်ဦးတစ်ခု ရယ် ၊ ဘယ်တုံးကမှ ဆေးဖြူသုတ် ၊ ရွှေဆေးသုတ်ခြင်းတို့ မခံရတဲ့ ကြေးရုပ်ထုမဲမဲတစ်ခုရှိတယ်။ ဒီကြေးရုပ်ဟာ တစ်စုံတစ်ယောက်၏ ကိုယ်ကျိုးစွန့် အသက်ပေးစွမ်းဆောင်ခဲ့မှုကို ဂုဏ်ပြုထားခြင်းဖြစ်နေတယ်။ ထိုမဲမဲ ကြေးရုပ်ထုဟောင်းသည် ကမ္ဘာကို အံတုခဲ့တဲ့ လူသားတစ်ဦး၏ အရိပ်ဟောင်း၊ လူမျိုးတစ်ခု၏ လက်ဦးဆရာတစ်ဆူ၊ နိုင်ငံတစ်နိုင်ငံ၏ မမေ့အပ်တဲ့ အရိုသေခံ လူတစ်ဦးဖြစ်ခဲ့ပါပေမယ့် နောက်ထပ်လူမျိုးကြီးတစ်စုအတွက်တော့ ဤကြေးရုပ်ထု ပိုင်ရှင်ဟာ သိပ်ကိုအနှောင့်အယှက် ပေးစွမ်းနိုင်သည့် ခေတ်ပညာတတ် လူသားတစ်ဦးဖြစ်ခဲ့သည်။ ထူးဆန်းသည့် အတွေးအခေါ် ရင့်သန်သည့် သမာဓီ ခိုင်မာတဲ့ယုံကြည်ချက်တို့ဖြင့် လူ့အခွင့်အရေးဆိုသော စကားလုံးကို လူသားအားလုံးအတွက် ရှေ့ဦးစွာ အရေးဆိုပေးခဲ့ သူဖြစ်ခဲ့သည် ။ အညှိရောင်ဝတ်ရုံနှင့် အဖြူရောင် ၀တ်ရုံသည် သူအတွက် သိပ်ကိုအဓီကမကျကြောင့် သူ၏ကျင့်စဉ်ဖြင် သက်သေပြခဲ့သူဖြစ်သည်။ ``ထောင် ”ဆိုသော စကားလုံးသည် ကြောက်လန့်စရာမဟုတ်ခဲ့သလို ဆင်းရဲငတ် မွတ်ခြင်းသည် လည်း နောက်တွန့်လောက်စေသော အတားဆီးမဟုတ်ခဲ့သည့် သူ၏သတ္တိ အတွက် သူမွေးရပ်မြေဇာတီကြီး သည်အလွန် ဂုဏ်ယူခဲ့ကြပေမယ့် နှစ်ပေါင်းများစွာ ကြာမြင့်လာသောအခါ တစတစမေ့လျှော့ စပြုလာခဲ့ကြသည်ကို အသစ်တဖန် ပြန်လည်နိုးထစေသော ဂုဏ်ပြုပွဲသည် အလွန်စေကားလေသည်။

သစ်ပင်စိုက်သူသည် သစ်သီးကို မမျှော်ကိုးပေ။ သစ်တစ်ပင်ရှင်သန် စေလိုသူတိုင်းသည်လည်း ထိုသူအား ဂုဏ်ပြုစကားပြော ဆိုကြလိမ့်မည်။ အသီးအပွင့်ကို ခံစားရသော လူသားမျိုးဆက်သည်သာ သစ်ပင်စိုက်ပေးခဲ့သူကို မေ့ လျှော့တတ်စမြဲ ဖြစ်တတ် ကြပါသည်။ ဤသစ်သီးအား ထိုက်တန်သော ဆုလဒ် အဖြစ် စားသုံးကြပေမယ့် ကျေးဇူးဟုသော စကားလုံး ကို ပြောဖို့ တွန့်ဆုတ်ခြင်း သည် ကျေးဇွတ်ခြင်း လေလား စတေးခံ မြေစာသည် စတေးခံရန်အတွက် သူအကြောင်းဖန်လာစေတာလား တွေးမိ၍ ညဏ်မမှီနိုင်သော အတွေးများဖြစ်နေခဲ့ပါသည်။

ဤမျှစည်ကားလှစွာသော ဂုဏ်ပြုပွဲအား တတ်တတ်ကြွကြွပါဝင် ဦးဆောင်သူဦးပေါင်းများစွာကြားထဲ အခမ်းအနားဖြင့် အဖြစ် နေ့မအား ညမအား အားတက်သရော ပါဝင်ခဲ့သည့် ထူးဆန်းသော လူတစ်ဦးပါဝင်ခဲ့သည်။ ထိုသူသည် ဟိုနေရာ စပ်စပ် ဒီနေရာစပ်စပ်ဖြင့် နေရာတိုင်း၌ အားတတ်သရော ရှိနေတတ်သူလည်းဖြစ်သည်။ ထိုလူထူးဆန်းသည် မိတ်ဆွေပေါများသည်။ စကားပြောတည်သလာက် စကားပြောလည်းအလွန်ပြောကောင်းသည်။ လူချစ်လူခင်ပေါသလောက် လေးလေးစားစားဆက်ဆံခံရ သူလည်းဖြစ်ပြန်သည် ။ လူသူလေးစားခံရသလောက် လူနှင့်ဝေးဝေးနေသူလည်း ဖြစ်နေပြန်သည်။ လူနှင့်ဝေးဝေးနေသလောက် လူတွေကို စည်းရုံတတ်သူ ၊ဦးဆောင်နိုင်သူ ၊ အများ၏ ယုံကြည်ခြင်းခံရသူလည်း ဟုတ်သည်။ အငြင်းအခုံ ခုန်မင်သူဖြစ်သလို အေးဆေးတိတ်ဆိတ်နေသူ ၊ နှစ်သက်သော စာအုပ်များကြား၌ အိပ်ပျော်နေတတ်သူလည်းဖြစ်သည်။ မိသားစုအား မေ့လျှောကာ ထမင်းမေ့ ၊ ဟင်းမေ့ ၊အိမ်မေ့ အားလုံးကို မေ့ကား ဤဂုဏ်ပြုပွဲအတွက် လုံးပန်းခဲ့သူများထဲ သူလည်းပါခဲ့သည်။ ရှေ့ရိုးအတိုက်အခံများ၊ နောက်လိုက်များ၊ ဂုဏ်ပြုပွဲမလိုလားသူများကြားထဲ ပြောလျှောနေသော အစဉ်အလာတစ်ခုကို လက်ဆင့်ကမ်း ဆင်နွဲနိုင်ဖို့ ဤကြေးရုပ်ရှေ့ လူသားများတစ်စုတစ်ဝေးအတူတကွ လာရောက်ဂုဏ်ပြုရေးအတွက် သူတို့ လုံးပန်းခဲ့သည်။ သူတို့ကြိုးစားခဲ့သလိုဘဲ ဆိုးဝါးရှုပ်ထွေးနေသော နိုင်ငံရေးအခြေနေများ ၊လက်ရှိ တည်ဆဲဥပဒေများ စည်းများကို ကျော်လျက် ဂုဏ်ပြုပွဲဖြစ်မြောက်အောင်မြင်ခဲ့သည်။ နောက်ဆုံးမျိုးဆက်တို့ လွဲ့ခဲ့ပေမယ့် ပြောစမတ်ကျန်နေသော အမှတ်တရနေဖြစ်ခဲ့သည်။ နောင်အများအကြာခင် ဤကြေးရုပ်သည် ရွှေဆေးဂုဏ်ပြုခြင်းခံရလေသည်။ သို့သော် ထူးဆန်းသောလူထန်းဆန်းသည် ဂုဏ်ပြုပွဲ ၄၉ နှစ်မြှောက် လူတစ်ဦး၏ ဂုဏ်ပြုပွဲအား တတ်အားသရွှေ့ဆောင်ရွက်နေခဲ့ပေမယ့် သူ၏လူဘ၀နောက်ဆုံ အချိန်ဟာ ၁၀ရက်မျှ သာ ကျန်တော့ကြောင့်သူမသိခဲ့လေရှာပေ။ တစ်ကယ်၍ သူသာ သူနောက်ဆုံးအချိန်ကို သူကြိုတင်သိနေခဲ့လျှင် သူသည် ဤဂုဏ်ပြုပွဲအား နေ့မအား ညမအားကြိုးစားရှာနိုင်ပါအုံးမလား … သို့ပေမယ့် ထောင်ပေါင်းများစွာသော လူများသည် သူ၏နောက်ဆုံးအချိန်၌ လာရောက်ဂုဏ်ပြုခဲ့ကြလေသည်။

ဤနေ့ ၉.၉.၂၀၀၈ နေ့ဟာ ကြေးရုပ်ကြီး၏ဂုဏ်ပြုနေ့အထိမ်းအမှတ်ဟာလည်း ၆၉ နှစ်ပြည့်ခဲ့လေပြီး ၊ လူသားများ ရင်ဘတ်ထဲ ကြေးရုပ်ကြီးအာုးသတိရခဲ့ သူတစ် ယောက်နှစ်ယောက်ဖြင့် ပန်းခြံကြီးကတော့ အသွင်ပြောင်းလန်းဆန်းနေပေမယ့် ဂုဏ်ပြုသူမဲ့လိုနေလေပြီ။ ဂုဏ်သတင်းမှေးမိန်လေးပြီ၊ လူထူးဆန်းကြီးသည်လည်း အနှစ်နှစ်ဆယ်ပြည့်ရန် ၁၀ရက်လိုတော့သည်။ သူမိသားစု က သူကိုသတိရကြလေပေမယ့် ကြေးရုပ်ကြီးကတော့ အထီးကျန်ခြောက်သွေ့ မြဲ ခြောက်သွေ့လျှက် ရှိနေအုံးမည်။

မယ်မဒီ

Thursday, September 4, 2008

အိုသစ္စာ

အိုသစ္စာ သင်နာမည်ကို ငါသတိမပြုဖြစ်ခဲ့မိတာ အတော်လေးတော့ ကြာလှပြီထင်တယ်။ သင် ငါ့ရင်ဘတ်ကို အသာလေး အချိုသတ်ခေါ် အနားရောက်မှ ခြေစုံကန် မခံရမချင်း ငါက သစ္စာဆိုတဲ့ သင်ကို ငါ မေ့နေခဲ့တယ်။ ငါကလည်း ငါကိုယ်ငါ ယုံကြည်သူ ဖြစ်နေလေတော့ သင် ငါဆီလာပြီး မနှောက်ယှက်နိုင်ဘူးလို ငါယုံကြည်မှု ပိုနေခဲ့တာလည်းဖြစ်မယ်။ ငါက ကိုယ်နဲ့ မဆိုင်တာဆို ယောင်လို့မှ လှည့်ကြည့်တတ်တဲ့လူ မဟုတ်လေတော့ တစ်ခါတစ်လေ လူသဘော လူမနောမှာ အလိုက်အထိုက် ကလေး လိုက်လိုက်လျှောလျှော နေပေးတတ်ရ တယ်ဆိုတာအစ မေ့ခဲ့ဖူးတာကို။ ငါ့မေ့နေခဲ့တာကလည်း များသား တစ်ခါတစ်လေ လူတစ်ယောက်ကို ပြုံးပြဖို့ ၊ သတင်းစကားမေးဖို့လည်း မေ့ခဲ့တဲ့လူတစ်ယောက်ပါ။ ဒါတင် ဘယ်ကမလည်း ငါဒီအချိန်အထိ ဘာကြောင့်များ ငါအသက်ရှင် နေထိုင်နေသလည်းဆိုတာကို ဆန်းစစ်ဖို့ ၊ငါ၏ရည်မှန်းချက်တို့ ၊ အနာဂတ်တို့ ၊ ဘ၀ခံယူချက်တို့ဆိုတာ ငါသိတဲ့ အရာတွေမဟုတ်ဘူး ။ ငါဆီမှာ တစ်စတစ်စ ရင့်ရော်လာတဲ့ ကိုယ်ခန္တာတစ်ခု ရှိနေပါတယ်။ ဘယ်လိုမှ အဆင်ပြေပြေ ကြည်ပျော်ရူပျော်ဖြစ်အောင် ပြင်ဆင်မ၀တ်တတ်တဲ့ ရှေ့၇ိုးဆန်ဆန် အ၀တ်အစားတစ်ချို့ထက်လွဲ၍ အသစ်ဝယ်ဝတ်ရကောင်းမှန်း ငါမေ့နေတဲ့လူတစ်ယောက်ပါ...

ငါက ငါလုပ်ချင်တာကို စွပ်လုပ်နေတဲ့လူတစ်ယောက် ဖြစ်နေတာကို။ ငါဆီမှာ လူသားအခွင့်အရေးရှိရမယ်။ လွတ်လပ်တဲ့ အတွေးအခေါ်တို့ရှိရမယ်၊ စာနာတတ်တဲ့ နှလုံးသာ တစ်ခုရှိရမယ်၊ ခြိုးခြံချွေတာတတ်ရမယ် ရိုးသားရမယ်ဆိုတဲ့ သိပ်ကိုအလုပ် မဖြစ်တဲ့ အတွေးခေါ် တစ်လွဲတွေ ငါဆီ ဘယ်တုံးကရောက်နေခဲ့မှန်းတောင် ငါသိခဲ့တာမဟုတ်ဘူး။ လောကကို မှန်တစ်ချပ်လို မြင်ခဲ့တဲ့ ငါက ကိုယ်ပြုံးတိုင်းသူပြုံးလိမ့်မယ်လို့ မထင်ပေမယ့် ကိုယ် မှန်တိုင်း အရာအားလုံး မှန်နေလိမ့်မယ့်လို ထင်နေခဲ့မိတာကို ဘ၀ဆိုတာ ကြုံသလို အ၀တ်လှဲသလို လှဲချင်တိုင်း ကြိုက်နှစ်သက်ရာကို ရွှေးယူဝတ်နေကြတဲ့ ၀တ်ရုံတစ်ခုမှန်း ငါဘယ်သိမှာတုံး ငါခြုံခဲ့မိတာက သဘာဝခြုံထယ် အဟောင်းတစ်ခုလေ။ အရောင်ခြယ်သထားတဲ့ ရောင်စုံပုဝါ ငါဆီမှာ မရှိခဲ့ပါဘူး

စားလိုက်သောက်လိုက် အိပ်လိုက် ဖြစ်စဉ်တစ်ခုအပေါ် ပျင်းပျင်းဖြင့် ခြောက်သွေ့စွာ ကျော်ဖြတ်နေရတဲ့ ငါကိုမှ သစ္စာဆိုတဲ့ မောင်မင်း ငါနောက်က ထပ်ကြပ်မကွာ ကပ်လိုက်နေတာ ကြာနေခဲ့ပြီ ထင်တယ်။ ငါကိုအလှဲထိုးဖို့ အချိန်ကို အိပ်ရင်းစောင့်နေခဲ့ရပုံပေါ်တယ်။ ငါက ဘယ်သူကိုမှ ထိခိုက်စေတတ်တဲ့ လူပေါ်စီးတဲ့ လူမျိုးမဟုတ်ဘူး။ တစ်နေ့တစ်နေ့ သီချင်းတစ်ပုဒ်နောက်ကို လိုက်နေတဲ့လူ ၊ ဥသြငှက်သံကို ကြားရင် ရင်ကွဲလုမတတ် ပက်လက်မျောချင်ရင် မျောနေတဲ့လူမျိုး ဒါပေမယ့် ငါက ပိတ်ထားတဲ့နားတစ်စုံ၊ ကန်းနေတဲ့မျက်လုံးတစ်စုံ၊ နှုတ်ဆိတ်ဆွံအ နေတဲ့ နှုတ်ခမ်းတို့ဖြင့် လောကကို ပေစောင်းစောင်းနေတတ်တဲ့လူဖြစ်နေလေတော့ အကြံအိုက်နေတဲ့ မောင်မင်း ၊ ခွေးတိုးပေါက်ကနေ ကြွက်ဝင်သလို ငါဆီ ဟိုဝင်ဒီဝင်လုပ်ပြီး ငါ့အားနည်းချက်ကိုတွေ့အောင်ရှာတွေခဲ့တာတော့ ငါချီးကျူးပါတယ်။ တကယ်ဆို သိပ်ကိုကြီးကျယ်မြင့်မြတ်လွန်းတဲ့ မောင်မင်းသစ္စာ သင့် လူကြီးလူကောင်း နည်းနည်းကလေးပိုဆန်ဖို့ကောင်းတယ်...


ငါဆီမှာ အသစ်စက်စက် ကျောက်ဆစ်ထုဖြစ်နေတဲ့ နလုံးသားတစ်ခု ဂူသွင်းသိမ်းထားခဲ့မှန်း မောင်မင်းဘယ်အချိန်က သိနေခဲ့တာလည်း ။ သိပ်မေ့တတ်လွန်းတဲ့ငါလေ ဒီအသည်းနလုံးတစ်စုံ ရှိနေမှန်းလည်း မတော်တဆ မေ့နေခဲ့တယ်။ လေပြေတိုးရင်တောင် တုန်လှုပ်နိုင်စေတဲ့ ငါအသည်းနုနုလေးကို မောင်မင်းအသုံးချသွားခဲ့တယ်။ အချစ်ဆိုတာ ငါရင်ဘတ်ထဲ ရောက်လာရင် ပြန်ထွက်သွား တတ်မှန်း လည်း ငါမေ့နေတယ်။ အချစ်ဆိုတာ ပွင့်ချင်တိုင်းပွင့်နေတဲ့ သစ္စာပျက်မတစ်ယောက်၊ ထင်သလိုပွင့်ပြီး ဖြစ်သလို ကြွေတတ်တဲ့ အညှာမခိုင်တဲ့ ပန်းတစ်မျိုးဆိုတာ ငါလေ့လာမှု အားနည်းခဲ့တယ်။ ငါဆီမှာ အဆစ်အခက်ဝေဆာနေတဲ့ အချစ်ဆိုတဲ့ သစ်တစ်ပင် ဘယ်သူမှအသိခင် ရှင်သန်နေတာရှိတယ်။ တကယ်တော့ ဘယ်အချိန်က ဒီသစ်ပင် ငါဆီရောက်နေခဲ့မှန်းလည်း ငါမသိဘူး။ တစ်စတစ်စ အဖူးအပွင့်တွေ ဝေလာတဲ့ သစ်ခက်တို့ဖုးရုံလေးရှိသေးတယ် သစ္စာဆိုတဲ့ပိုးတစ်မျိုး ငါ့အပင်ကို ၀င်ဖျက်သွားတယ်။ ၀ါရော်ညှိးနွမ်း နေတဲ့ သစ်ပင်ကိုမြင်မှ ငါ သစ္စာကာကွယ်ဆေး ဖြန်းဖို့လိုမှန်း၊ အလေးမထားတဲ့ငါ ၊အမြဲမေ့လျှောနေတတ်တဲ့ ငါအတွက် မမြဲခြင်းဆိုတဲ့ သစ္စာတရားက ပညာပြသွားတယ် ။ နောက်ကိုမမေ့နဲ့တဲ့။ အင်း…အင်း…အင်း… ငါကတော့ မေ့အုံးမယ်။ ငါယုံကြည်ချက်က ငါ့ သစ္စာတရားလေ။ မောင်းမင်းအလှဲထိုးချင်ထိုးလိုက် သစ္စာဆိုတာ သစ္စာပြုသူထက် သစ္စာရှိနေသူပေါ် မောင်းမင်းဘယ်လို ကြံမလည်းဆိုတာ ငါစောင့် ကြည့်ဖို့မမေ့တော့ဘူး ငါ့ရင်ဘတ်က အမာရွက်ကျန်နေခဲ့ပြီကို ၊ မောင်မင်း သစ်ပင်တစ်ပင်လုံးရှိနေတဲ့ ငါက သစ်တစ်ခက် ခုတ်လိုက်ရုံလည်း အဖြုံလောက်ပါဘူး အသစ် အသစ်သော အကိုင်းအခက်တို့ကို ငါမြင်ယောင်လာသေးတယ် …



မယ်မဒီ

Wednesday, August 27, 2008

သင်းကွဲငှက်၏ ရာဇ၀င်သစ်

သူက
လောက၏တေးကဗျာတစ်ပုဒ် ဖြစ်တယ်..
လောကအတွက် တေးကဗျာ ဖန်ဆင်းပေးသူလည်း ဖြစ်တယ်...
သူက သူ၏ကျော်ကြားစေသူ
သူက ကျော်ကြားခြင်းအောက်၌ လည်စင်းကျဆုံးသူ...
သူက လောက၏ အသည်းနလုံးတစ်ခု
လောကသည် သူအတွက် အသည်းနလုံးဖြစ်ခဲ့သူ...


သူက
ကြိုးကြာငှက်၏ အသည်းနှလုံးနှင့် ဥဒေါင်းငှက်တို၏ ၀ိညာဉ်ဝင်စားသူ
ဂီတမှော်ကြိုးတို့၏ ဆုံမှတ်တို့ဖြစ်သလို
အနုပညာဇျာန်ဝင်စားသူတို့၏ နလုံးသည်းပွက်ခြေရာစုလည်းဖြစ်တယ်...
အာရုံဦးလေညုင်းနှင့် ညနေစောင်းဆည်းဆာမှာ ကဗျာတေးဖွဲလိုသူ
ပန်းပွင့်၏မျက်ရည်နှင့် ကိုယ်လက်သန့်စင်ပြီး
သူ၏သွေးဖြင့် တေးသွားများအား သစ်လွင်တောင်ပြောင် ရှင်သန်စေသူ…


သူလက်ပေါ်မှာ
မသွေးဘဲ လက်တဲ့စိန်သွားတစ်လက်၊
စကားလုံးတိုပျိုမျစ်သစ်နေတဲ့
အသစ်စက်စက် အဘိဓါန်တစ်အုပ်၏ ပထမစာမျက်နှာ ရှိတယ်…

သူအသံမှာ
ကာရံတို့ကွန့်မြူးတဲ့ တေးချိုချိုတစ်ပုဒ်၊
သူဆုတောင်းထဲ ဂီတတို့ အံကျနေတဲ့ နတ်စောင်းတစ်လက်
အမြဲစဉ်းချက်မှန်သော သင်းကွဲငှက်တစ်ကောင်၏ ရင်ကွဲသံအက်အက်...


သူရင်ဘတ်မှာ
အက်ဆစ်တိုရွာသွန်းနေတဲ့ လွမ်းခြင်းတစ်ခုနှင့်
နှလုံးသားက စကားလုံးတို့စွင့်ကားတဲ့ ပန်းတစ်ခင်း
အတောင်တစ်စုံ မနားတမ်း ရိုက်ခတ်ခံနေရသည့်
ဒဏ်ရာသင်္ချိုင်းပျက်တစ်ခု၊
နာရီတို့မေ့လျှောနေသော စည်းချက်မမှန်တော့သည့်
ရင်ခုန်သံအနွမ်း ခုန်သံများဖြင့် …



သူနာမည်အား
သမိုင်း၌တည်ခင်းသော နောက်ဆုံးစာမျက်နှာအဖြစ်
မှတ်ကျောက် အက္ခရာထွင်းတဲ့ ခေတ်တစ်ခေတ်၏ သူရဲကောင်းဖြစ်စေတယ် …


သူကသူ၏ ရှုံးကို ကို စားသုံးသူ
သူနေ့ကို ဆင်းရဲခြင်းအတိဖြင့်စတေးသူ
ဘ၀ကို ရက်ရောစွာ သီချင်းကြားထဲ ပေးဆပ်သူ…
သူကသူ၏ ထွန်းညီုးလောင်းကျွမ်းခံ
သူကသူ၏ ကျေးကျွန်တစ်ယောက်
သူကသူ၏ သွေးစက်ကိုပျော်မွှေ့စုပ်ယူရာ အရီုးစု…

လူသားတို့ယစ်မှူးတဲ့ သူတေးသွားမှာ
ပဉ္စလက်နလုံးသားတို့ အင်းအားလောင်စာကုန်နွမ်းလည်း
မတူညီတဲ့အလျှော်အစားတစ်ခု မှန်း သူမသိခဲ့၊
နလုံးသားဖြင့်ရေးသော သီချင်းပေါင်းများစွာ သူဖန်ဆင်းပေးခဲ့တယ်။


သြဂုတ်လ၏ မိုးရေစက် တစ်ချို့
လောက၏ မျက်ရည် သစ်များစွာ
ဂါရ၀ ဦးညွတ်ခြင်းတို့
ခြွေယူသိမ်းပိုက်လျှက် `လွတ်မြောက်ခြင်းကောင်းကင်ဆီ´
စကားလုံးများ မရှိတော့သော တစ်နေ့
သူ လောကကိုစွန့်ခွာသွားခဲ့တယ်။



(ကိုငှက် အလွမ်းပြေ အမှတ်တရ ၊ ညဏ်စွမ်းသလောက် ဂုဏ်ပြုခြင်းဖြစ်ပါသည်)
မယ်မဒီ

အိမ်လွမ်းသူ

တဂြီဂြီ မြည်နေတဲ့ဗိုက်ကိုနှိပ်ရင် ကျမ အမေဈေးကပြန်လာတာကို စောင့်နေခဲ့တာ နာရီဝက်လောက်ကြာနေပြီ ။ ဒီနေ့မှအမေကလည်း အလာနောက်ကျနေခဲ့တယ်။ သိပ်ကိုအစာကျေလွယ်တဲ့ ကျမဗိုက်က ဘာဘဲစားစား နာရီဝက်မခံဘူး ထပ်စားချင်လာပြန်တယ်။ အမေလာရာလမ်းကို ကျမကြည့်ရင်း အိမ်မှာအဆင့်သင့် လုပ်စရာ များကို ကျမလုပ်နေမိတယ်။ ဒါမှ အမေရောက်တာနှင့် ကျမမြန်မြန်ချက်ပြုပ်စားသောက်ဖို့ ပိုမြန်လာမှာကို ။ အမေ့ ဈေးဆွဲခြင်းထဲကို ခြံအ၀ထိပြေးကြိုယူလာတဲ့ တခြမ်းပဲ့ဆွဲခြင်းထဲမှာတော့ ဘာမှသိပ်ကိုထူးထူးခြားခြား မပါလာ ခဲ့ပါဘူး။ ဈေးသိမ်းချိန်မို့ ဈေးလျှော့ရောင်းနေလို့ ၀ယ်လာပုံရတဲ့ ငါးခြောက်နည်းနည်း ၊ ချဉ်ပေါင်ရွက် ၂-စည်း ဒါဘဲ အမေ့ဆွဲခြင်းထဲ ပါလာတယ်။ အိုဘာပဲ ၀ယ်လာဝယ်လာ ချက်ရမယ့်တာဝန်က ကျမအလုပ်လေ လွယ် လွယ် နဲ မြန်မြန်ပြီးမယ် ဟင်းတွေဖြစ်နေလို ပိုတောင်အဆင်ပြေသေးတယ်။ ချည်ပေါင်ဟင်းရည်ကို ကြက် သွန်ဖြူလေး ၊ ငြုရှုတ်သီးစိမ်းလေးထည့်ပြီးတော့ မီးဖိုပေါ်တင်ထားလိုက် ငါးခြောက်ကလေးကို မီးဖို ခုံအောက် ကလေးထဲ နည်းနည်းချင်းစီထည့်ဖုတ် ပြီးရင် ဆီလေးဆမ်း ကြက်သွန်လေးနဲ့ သုတ်လိုက် ရင်ပြီး သွားပြီး ။ ကျမလက်ကိုမြန်မြန်ဆေး အမေ့ကိုလှမ်းခေါ်ရင်း ထမင်းဝိုင်းကို ပြင်ဆင်တယ် ။ ဘယ်သူလာလာမလာလာ ကျမကတော့ ထမင်းဝိုင်းမှာ ထိုင်ပြီးစားဖို့စောင့်နေပြီ ။ ကျမချက်တာကို မကြိုက်သူက ပြောချင်သလိုပြော ကျမမျက်လုံးက ထမင်းပန်းကန်ပေါ်မှာ တစိုက်မတ်မတ် အာရုံထားရင် ကျမထမင်းကို စားနိုင်သလောက် စားနေတယ်။ ကျမဗိုက်အကြောင်းကို ကျမအသိဆုံးလေ ၊ တော်ကြာဆာနေမှာစိုးလို ဘာမှစား စရာမရှိတော့ ကျမ မနေနိုင်ဘူးရှင့်။ ကျမအစ်ကိုကတော့ မျက်စီမွှေးစူးနေတာ တော်တော်ကြာနေပြီး အစာသိပ်မကျေကြောင်း ကျမကို တွေ့တိုင်း မကြားတကြားပြောနေပေမယ့် ထမင်းစားနေချိန် ပြောလာရင် နှုင်းနေမှာစိုးလို့ သူကိုလုံးဝမကြည့်ဘဲ ကျမငါးခြောက်ဖုတ်ကို အငမ်းမရ နှိုက်စား နေချင်ယောင်ဆောင် နေ ရသေးတယ်။ ဒီအိမ်မှာ ဘာအလုပ်မှ မရှိဘဲ ထိုင်စားနေရသူ၏ ဒုက္ခက သိပ်တော့မသေးပါဘူးရှင့် ။ လူတိုင်းက လူပိုတစ်ယောက်ကို မြင်တဲ့အမြင်က အိမ်ဖော်ထက်ကို နိမ်ချချင်ကြသေးတာ ။ အိမ်ဖော်ကိုတော့ သူများ သားသမီးမို့ ထွက်ပြေးသွားမှာစိုးလို့ ချော့ခိုင်းကြသေးတာ ကျမကိုတော့ အိမ်လေးတယ်လိုမြင်နေ ကြပုံရတယ်။ ထမင်းစားပြီးတော့ ကျမပဲဆေးကြောရအုံးမယ်လေ။ ချက်လည်းကိုယ် ဆေးလည်းကိုယ် အမေကတော့ စားတာလည်းနင်အများဆုံးလို့ ပွင့်ပွင့်လင်းလင်းပြောပါတယ်။
အင်း စားသောက်ရတာလည်း မောတာပါဘဲလားနော်လို့ ကျမတွေးလိုက်မိတယ်။ ဘုရားစင်ကစွန့်တဲ့ ငှက်ပျောသီး အမှည့်တစ်လုံးကို ပါးစပ်ထဲသွင်းရင်း အိပ်စရာရှာနေမိတယ်။ လူကြားသူကြားထဲအိပ်ရင် သေနေပြီးလို့အပြောခံရမှာ သေချာသမို့ကျမ သင်းဖြူးဖျာအဟောင်းကလေးကို ဆွဲရင်း အိမ်အောက်ထပ်ကို ဆင်းလာတယ်။ လူတစ်ရပ်လောက်မမြင့်တဲ့ အိမ်အောက်ထပ်မှာ ကွပ်ပျစ်ကလေးတစ်ခုရှိတယ်ရှင့်။ ဒီနေရာက လေးက အိမ်ခေါင်းရင်း ပိတောက်ပင် အရိပ်ထဲဖြစ်နေလေတော့ ကျမအိပ်လို့သိပ်ကောင်းတယ်ရှင့် လေတစ်ဖြူးဖြူးတိုက်နေတော့ ကျမညနေစောင်းလောက်ကို မနည်းထယူရတယ်။ တစ်ခါတစ်လေ မျက်လုံးဖွင့် မရဘဲ အမေဆဲဆိုသံကို နားကကြားနေလို စိတ်မချမ်းသာစွာ အိပ်ရာကထရတဲ့ဘ၀လေ။ ညနေစောင်းမှာ ကျမ ရေခပ်ရအုံးမယ်။ အိမ်ရှင်းရမယ်။ ထပ်ပြီးချက်ပြုပ်ရအုံးမယ်။ ဒါတင်ဘယ်ကမလည်း ရေမိုးချိုးပြီးရင် ကျမ သူငယ်ချင်း တွေဆီ အလည်ခဏသွားဖို့အချိန်လေးကို လုပြီး ပြင်ဆင်ရသေးတယ်။ တလောကလုံး အကြောင်းကို ဖောက်သည်ချလေသမျှ ဗဟုသုတ အဖြစ်ကျမ နားထောင်ယူရမယ်လေ ခေတ်မီဆက်သွယ် ရေးတွေ ကျမတို့မြို့မှာ တစ်ခုမှ မရှိတော့ ပါးစပ်တွေနှင့် ဝေးဝေးနေလို့ရှိရင် ကျမ လူပိန်းတစ်ယောက်ဖြစ်မှာ သေချာတယ်လေ။ ဒီနေ့နောက်ဆုံးသတင်းကို မနက်ဖြန် သူတို့ပါးစပ်က ထပ်မပြောတော့ဘူးရှင့်။ မသိသူ ကျန်ခဲ့ဆိုတဲ့ သူတို့လေးတွေရဲ့ ခံယူချက်က ခိုင်မာလေတော့ ကျမ အိမ်မှာအပြောဆိုခံပြီး ဟိုတစ်ချိန် ကျောင်းပြီးစ အလုပ် လက် မဲ့ မိန်းကလေးဘ၀ ကျမတာဝန်ဆိုတာ မသိခင်အချိန် သွားသွား နေခဲ့ဖူးတယ်။ ကျမဘ၀မျှော်လင့်ချက်က ကျမဒီအိမ်ကနေ မြန်မြန် ထွက်သွားဖို့ နိုင်ငံရပ်ခြားမှာ အလုပ်အကိုင်တစ်ခု ကောင်းကောင်းမွန်မွန်ဖြင့် ကိုယ်ဘ၀ကိုယ်ခြေပေါ်ရပ်တည် နေနိုင်ဖို့ ဆိုတာက ကျမအိမ်မက်ဘဲ။ စားချင်တာကို အ၀စားပစ်လိုက်မယ် ။ နေချင်သလိုသလိုနေမယ်။ ကောင်းနိုင်သမျှ ကောင်းတဲ့အစားတွေကို တ၀တစ်ဗြဲစားဖြစ်လိုက်မယ် ကျမနေ့ရောက်ရင်လို့ထင်ခဲ့ဖူးတယ်။

ခုတော့ ဒီ ဖြူဖွေးသန့်စင်ပြီးသား ဆန်စည်းစည်းတွေကို အနံ့ နံ့သာတွေ အမျိုးမျိုးလိမ်းချယ်ထားတဲ့ စားပွဲပေါ်က ထမင်းလုံးတွေကို ကြည့်ရင်း ကျမ စားချင်စိတ်တွေပျောက်နေ မိတယ်။ စားစရာတွေကို တစ်ခုပြီး တစ်ခု အဖုံးတွေကို ဖွင့်ရင်း လိုက်လံရှာဖွေနေပါလျက် အမျိုးပေါင်းများစွာ တည်ခင်းထားသော ညစာစားပွဲ ဘူဖေးပါတီ တစ်ခုလုံး ကျမစားချင်စရာ တစ်ခုမှ မတွေ့ဘူးဖြစ်နေပါတယ်။ ဒီတစ်ခုလည်း ကြက်သား၊ နောက်တစ်ခုလည်း ကြက်သားပဲ ထပ်ပြီးနောက်တစ်ခု လည်း ကြက်သာ၊ငါး၊ ပုဇွန်၊ အမဲသား၊ ဆိတ်သား၊ အသီးအရွက် တစ်မျိုးမျိုး ကို နည်းမျိုးစုံချက်ထားပေမယ့် ဘာမှာထူးခြားမလာတဲ့ အစားလို့ ကျမထင်မိတယ်။ ပုံစံ အနံ့ သာကွဲမယ် လူတွေ ဒီထက်ပိုပြီး စားသောက်စရာ ထပ်မလုပ်နိုင်တော့ဘူးလားလို့ ကျမမေးခွန်းတွေ မေးနေမိတာကြာလှပြီ ။ တစ်ချိန်တုံးက စားသောက်ဖို့မေ့နေတဲ့ အမေကို နားမလည်းတတ်ခဲ့ပါဘူး။ အမေမို့လို့ စားရမှာကိုမေ့တယ် ။ ထူးဆန်းလိုက်တာလို့ တွေခဲ့ဖူးတာကို ကျမ ပြန်တွေးမိလာတယ်။ ကောင်းနိုင်သမျှကောင်း အောင်းလုပ်ထား လွန်းလို့လားမသိဘူး ကျမအရသာ ရှာမတွေဘူးဖြစ်နေမိတယ်။ နည်းနည်းလေးစားလိုက်တာနှင့် ဘယ်လိုမှထပ် မစား နိုင်တော့တဲ့ ဟောဒီထမင်းဝိုင်းထက် ကျမတစ်ချိန်တုန်းက ထမင်းကျန် ဟင်းကျန်လေးကို ညဘက် တစ်ရေး နိုးထစားရတဲ့ အရသာလောက်မကောင်းဘူးဆိုရင် စားဖိုမှုးတစ်ယောက် ကိုယ်ကိုကိုယ်ကြိုးဆွဲချ သေလိမ့်မယ့်လို့ကျမတွေးလိုက်မိသေးတယ်။ ၀လာမှာစိုးလို ဘာအအေးမှ မသောက်ရဲတဲ့အဖြစ်ထက် တစ်ယောက်တစ်ငုံစီ ဝေမျှသောက်ခဲ့တဲ့ အအေးဗူးလေးကို လွမ်းလိုက်တာ၊ မအားရတဲ့ အထဲ တစ်ကူးတစ်က လေ့ကျင့်ခန်းလုပ်ရတဲ့ ဒုက္ခထက် ရေခပ်၊အ၀တ်လျှော်ရင်း ကျန်းမာနေတဲ့ တစ်ချိန်က ခံနိုင်ရည်တွေ ခုတော့ တစ်ချိန်လုံးထွက်နေရတဲ့ ဒေါသတွေကြောင့် ပျောက်ချင်းမလှ ပျောက်ကုန်ပါပြီ ၊ အမလေး တစ်ချက်ကလေး တောင် မနားလိုက်ရဘူး နေ့တစ်နေ့ဘယ်လို ကုန်လို့ကုန်သွားမှန်းမသိလိုက်ဘူးလို့ ခဏခဏ ညည်းနေ တတ်တဲ့ အမေက တစ်နေကုန် တစ်နေခန်း လေးအေးပေးစက် ခန်းထဲ အသက်ရူကျပ်နေကြတဲ့ လူတစ်ချိုထက် ကျန်းမာရေးကောင်းနေတာကို ကျေးဇူး တင်မိလိုက်ပါတယ်။ save your environment ဆိုတဲ့စကားလုံးတွေကို အမြဲကြားနေရတဲ့ ပတ်ဝန်းကျင်မှာ personal hygienic ဆိုတဲ့ စကားတစ်ခွန်းဖြင့် သုံးလိုက်ကြတဲ့ ပလက် စတိတ် တွေ သံဗူးတွေ မလိုအပ်ဘဲ စက္ကူတွေ သုံးလိုက် ကြတာ။ ကျမတော့ ဖက်ရွက်နံသင်းသင်းလေးဖြင့် ပူနွေးနေတဲ့ မုန့်ဖက်ထုပ်ကို လွမ်းနေ တယ်။ လပ်လပ်ဆပ် ဆပ် သစ်သီးတွေပေါ်ကို နိုးစိမ်းတွေလောင်း ဒိန်းခဲ့ တွေ တင်၊ သကြားရည်တွေ ထပ်ဖြည့်၊ ထောပတ်တွေဖြင့် အီဆိမ့်နေတဲ့ အစားအစာတွေ ထက်စာရင်တော့ ဆီးသီး အစိမ်းလေးတွေ တွေရာက ခူးဆွတ် ခိုးစားခဲ့တဲ့ ပတ်ဝန်းက လူတွေ လန်းဆန်းနေတာ အဆီပိတ် အ၀လွန်းဖြစ် မနေကြတာ ကို သတိရနေ လိုက်သေးတယ်။ ပေါ့ပါး လွတ်လပ်စွာ မြေတလှူးလှူး ပယ်ကျံနေသော ညနေ စောင်းမှာ လျှောက်ခဲ့ဖူးတဲ့ လမ်းကလေးပေါ် မိုးရနံတို့ မြေသင်းတဲ့ ကိုယ်အရပ် ကလေးဆီကို ကျမတစ်ည လောက် ပြန်လာခွင့် ဒီနေ့ဒီအချိန်မှာ ဆုတောင်းကလေး ပြည့်နိုင်ခဲ့မယ်ဆိုရင်လေ…

မယ်မဒီ

Saturday, August 16, 2008

Ramadam or ramazem

ခုဆိုရင်တော့ ဒီနိုင်ငံအပူချိန်တွေတဖြည်းဖြည်း ကျဆင်းလာသလို ဇွန်ပလောင်သီးတွေလည်း ရင့်မှည့်ချိုအိနေကြပါပြီ ။ သူနေရာနှင့်သူတော့ သဘာဝတရား အဆင်ပြေတာကို ဖန်ဆင်းပေးထားတာကိုတွေရပါတယ်။ သိပ်ပူတဲ့ဒေသမှာ သိပ်ကိုချိုအိပြီးအရည်ရွှန်းသော အသီးတစ်မျိုးကို သဘာဝအတိုင်းအလွယ်တစ်ကူ ခူးဆွတ်လိုရတဲ့ အပင်က ဇွန်ပလောင်ပင် ဘဲဖြစ်ပါတယ်။ တစ်နေကုန်တစ်နေခန်းအစားမစားဘဲ ဥပုသ် စောင့်နေကြတဲ့လူတွေအတွက် ဇွန်ပလောင်းသီးဟာ ဆေးဖက်ဝင်တဲ့အသီးဖြစ်စေပါတယ်။ ရေဆာပြေတယ် အစာကျေလွယ်တယ် စားချင်စိတ် ကိုဖြစ်ပေါ်စေတယ်လို ဒေသခံတွေက ယေဘုယဆိုကြပါတယ်။



နောက်လဆိုရင် စက်တင်ဘာလဖြစ်လေတော့ ဒီနိုင်ငံဓလေ့ဟာလည်း တစ်မျိုးတစ်ဖုံပြောင်းလဲ သွားပါတော့မယ် ။ ရာမသန် ဥပုသ်လဆိုတာဒီနိုင်ငံအတွက်တော့သိပ်ကို အလေးထားတဲ့လတစ်လဖြစ်ပါတယ်။ နေရာတိုင်း နေရာတိုင်းမှာ ရိုးရာအ၀တ်ပိတ် တဲအိမ်လေးတွေကို ဆောက်လုပ်ကာ ဒေသခံများတွေဆုံးအနားယူတဲ့ အခါသမယ လည်းဖြစ်ပါတယ်။ ဟိုတယ်လိုနေရာတွေမှာ သီသန်းနေရာများ၌ အာရပ်အိမ်လေးတွေကို lobby မှာ တစ်ကူးတစ်က ဆောက်ပေးထားတာကို အံသြစွာမြင်တွေဖူးပါတယ်။ တစ်ခါတစ်လေမေ့လျော့ နေတတ်ကြတဲ့ မြန်မာနိုင်ငံဥပုသ်လနှင့်တော့ နည်းနည်းကွာပါတယ်။ ဒီလတစ်လလုံး ရုံးချိန်အလုပ်ချိန် အားလုံးပြောင်းလှဲသွားသလို ဆိုင်တွေဖွင့်ချိန်ဟာလည်းပြောင်း သွားပါတယ်။ မူဆလင်ဘာသာဝင်မဟုတ်တဲ့ လူအားလုံး ကိုယ်အိမ်ခန်းထဲ ကိုယ်စားချင်တာကို ကြိုက်သလိုစားလို့ရပေမယ့် အပြင်မှာတော့ ရေတောင်သောက်ခွင့်မရှိပါဘူး။ ကျမသူငယ်ချင်းဆို မုန်းသွားဝယ်တုံး စပျစ်သီးတွေ မေ့ပြီး တစ်လုံးပြီးတစ်လုံးကောက်စားမိဖူးပါတယ်။ သူသတိရချိန်မှာ ကင်မရာတွေကို သူကြောက်လို တန်းပြေးလာဖူးပါတယ်။ စားသောက်ဆိုင်တွေက ည ၆နာရီမတိုင်းခင်လေးမှာစဖွင့်ပြီး အားလုံးက အဆင့်သင့်ပြင်ဆင်ခင်းကျင်းပြီးသားဖြစ်နေကြပါတယ် ။ အဲဒီအချိန်မှာ ဥပုသ်ဖြေမယ့်လူအားလုံးလည်း ဆိုင်ထဲမှာနေရာယူမှာထားပြီးသာ အဆင့်သင့်ဖြစ်နေကြပါပြီး ခရီးသွားဟန်လွဲ နီးစပ်ရာဆိုင်ကို ၀င်ပြေးရတဲ့လူတွေလည်းရှိပါတယ်။ သူတို့အားလုံး ဘလီက ဘုရားရှိခိုးသံကိုစောင့်နေကြပါတယ်။ တရားစခန်းဝင်တုံး ဘုန်းကြီးကျောင်းမှာ ဆွမ်းစားချိန်လူတွေတိုးဝှေ့နေတာနဲ သိပ်ကိုမထူးခြားလေးတော့ ဘယ်ဘာသာဘဲ ဖြစ်နေဖြစ်နေ လူဆိုတာ လူပါဘဲလို ကျမသံဝေဂ ရမိပါတယ်။ ဟိုတယ်လိုနေရာတွေမှာတော့ ၀န်ထမ်းတွေကို ရာမသန်အချိန်မှာ ဘာသာအလိုက်ခွဲတမ်းချကျွေးမွေးတာကို ကြားမိပါတယ် ။ ရာမသန်အချိန်ဆိုရင် မူဆလင်မဟုတ်တဲ့လူတွေကို ညစာ စောစော ကျွေးပါတယ်။ ဥပုသ်ဖြေချိန်ညနေစောင်းမှာတော့ ထမင်းစားဆောင်တွေကို မူဆလင်ဘာသာဝင်တွေအတွက် သီးသန့် ကျွေးမွေးရပါတယ် ။ ကျမတို့ဆိုင်ဖွင့်ချိန်ကတော့ မနက်ကိုးနာရီ ကနေ နေ့လည်တစ်နာရီ ၊ ညနေ ရှစ်နာရီကနေ သန်းခေါင် နှစ်နာရီအထိ ဖွင့်ပါတယ်။ လူတိုင်းတစ်နေ့ကို အလုပ်ချိန် ၆နာရီသာလုပ်ခွင့်ရှိပါတယ်။ အချိန်ပိုလုပ်တဲ့လူတိုင်း အချိန်ပိုကြေး ပေးရတယ်။ လူတွေလက်ထဲ ငွေသီးတဲ့လတစ်လပေါ့ရှင် ။ ၀န်ထမ်းတွေ လာစာကောင်းတဲ့လတစ်လပေါ့ ။


ကျမဆိုရင် ည၂ နာရီအလုပ်က ပြန်လာမှ ညစာကို စားရပါတယ် ။ ပြီးတော့ မနက်လေးနာရီ တစ်ခါတစ်လေ ၅ နာရီလောက်မှ အိပ်နိုင်တာဆိုတော့ နောက်တစ်နေ့ နေ့လယ် ၃ နာရီလောက်မှ ပြန်ထနိုင် ပါတယ်။ ကျမလည်း မနက်စာကို ညနေလောက်မှ သူတို့တွေစားသလို စားဖြစ်တာဆိုတော့ သူဟာနဲသူတော့ ဟုတ်နေတာပါဘဲ ။ မူဆလင်ဘာသာဝင်တွေကတော့ ဘုရားရှိခိုးရန် ထရသေးတယ်။ ဒါပေမယ့် သူတို့လည်း သွာလာကြစားကြသောက်ကြ မိုးလင်းတာနဲ သူတို့လည်း စအိပ်ပါတော့တယ်။ နေလည်ဘက်မှာဈေးဆိုင်တွေတော့ ဖွင့်ပါတယ်။ လိုချင်တာကိုဝယ်လို့ရပေမယ့် အပြင်မှာတော့ စားလို့မရပါဘူး ။ အမျိုးသမီးများ အ၀တ်အစားကို ဟိုပေါ်ဒီပေါ် သိပ်ဝတ်ခွင့်မရှိတဲ့လတစ်လဖြစ်သလို၊ မိတ်ကပ် သိပ်ရောင်စုံ ပြင်းပြင်းတွေပြင်ရင် လူပြောခံရတဲ့ ဘာသာရေးလွမ်းမိုးထားတဲ့လ လည်းဖြစ်ပါတယ် ။ ဥပုသ်စောင့်နေတဲ့ လူတွေ ၏စိတ်ကို အ၀တ်အစားကြောင့် ညစ်ညမ်းသွားစေနိုင်တဲ့စိတ်ကို ကာကွယ်တဲ့သဘောလေးက ကောင်းကွက်တစ်ခုပါဘဲ။ ကလေးသူငယ်လေးတွေတောင်မကျန် ဥပုသ်စောင့်တတ်ကြပါတယ်။ အရွယ်ရောက်သူတိုင်းကိုလည်းမိဘတွေက တိုက်တွန်း တတ် ကြပါတယ်။ ညစာလေးတစ်နပ်လောက်ကို မစားရရင် သေမတတ်အဖြစ်သည်းနေတဲ့ လူတစ်ချို့ထက်တော့တစ်လလုံးလုံးတစ်နေကုန် မစားသောက်ဘဲ နေထိုင်ရင် မိမိစိတ်ကို ထိန်းသိမ်းပြနိုင်တာလေးက လေးစားစရာပါဘဲ။ ဒါပေမယ့် လူတစ်ချိုတော့ရှိတယ်ရှင့် လူရှေ့မှာတော့ မစားမသောက်ချင်ယောင် ဆောင်ပြီး နောက်ကွယ်ကျရင် အရက်တောင်သောက်တယ် ကျန်တာကို ထားလိုက်တော့ အကုန်လုပ်ကြသူတွေလည်းရှိပါတယ်။ ဒီလိုလူမျိုးကတော့ နိုင်ငံတိုင်းဘာသာတိုင်းမှာ ဆန်ဖြူထဲက အမဲစက်လိုဘဲ အမြဲတမ်းအဖျက် ဆောင်နေတဲ့လူတွေရှိနေတာကို ကျမဘာမထည့်ပြောစရာမလိုဘူး ထင်ပါတယ်။ ကျမရေးလိုက်တဲ့အဓီကရည်ရွှယ်ချက်ကလည်း ကျမတိုမသိတဲ့ ဘာသာတစ်ခု၏အကြောင်း နှင့် သူတို၏ဓလေ့အထကို ကျမအမြင်လေးတွေ ကိုရေးပြတာပါ။

ဒီနိုင်ငံမှာ လူမျိုးခြားမြောက်မြားစွာနေထိုင်ပါတယ်။ အနောက်နိုင်ငံသားများစွာနှင့် အာဖရီကန် လူမျိုးများစွာ အထူးသဖြင့် အိန္ဒိယလူမျိုး ၊ ပါကစ္စတန်လူမျိုး၊ ဖီလစ်ပိုင်လူမျိုး ဟာဒီနိုင်ငံ၏ သုံးပုံနှစ်ပုံခန့် နေထိုင်တဲ့တိုင်းပြည်ဖြစ် သလို တခြားသောလူမျိုးမြောက်မြားစွာကို တွေရတဲ့နိုင်ငံဖြစ်ပါတယ်။ ဟိုတယ်bar နှင့် disco club တွေကတော့ဥပုသ်လမှာ ဖွင့်မြဲပါပဲ။ သီချင်းသံဆူညံတာမျိုးကို တားဖြစ်ထားရုံကလွဲလလို နိုင်ငံတကာအဆင့်အတန်းကို ဘာသာရေးနှင့် ရောယှက် မထားတာကို သဘောကျမိပါတယ်။ အယူသီးတဲ့လူတစ်ချို့ကတော့ ပိုက်ဆံမက်တဲ့အစိုးရလို ပြောဆိုစွပ်စွဲတတ်ပေမယ့် ကျမတို့လို နိုင်ငံခြားသာအတွက်တော့ ဒီလိုလုပ်တာကို နှစ်သက်ပါတယ်။ အလုပ်မှာတော့ မူဆလင်တွေကို လေးစားသမှုအနေဖြင့် အစား အသောက် တွေကို သူတို့တွေရှေ့မှာ သိပ်မစားကြပါဘူး။ တစ်ချို့ကလည်း သဘောကြီးပါတယ် စားပါလိုပြောတတ်ကြပါတယ်။ တစ်ချို့ကတော့ နည်းနည်းမကြိုက်တတ်ပါဘူး။ သို့ပေမယ့် ဒီလမှာတော့ ဘယ်ဘာသာဝင်ကိုဘဲဖြစ်ဖြစ် ဒီနိုင်ငံသားတွေက သူတို့၏ ဥပုသ်လဆုတောင်းဖြင့် နှုတ်ဆက်တတ်ကြပါတယ်။ ကျမတို့ကပြန်နှုတ်မဆက်တတ်ရင်လည်းဆုတောင်းလေးတောင် မပြောပါလားလို့ ဆိုတတ်ကြပါတယ်။


ဒီနိုင်ငံဥပုသ်လဟာ တစ်နှစ်လုံးထဲက ဈေးဝယ်အကောင်းဆုံးအချိန်လည်း ဖြစ်သလို ဈေးရောင်း အကောင်းဆုံးအချိန်လည်း ဖြစ်ပြန်ပါတယ်။ electrionics ပစ္စည်းတွေကို တစ်နှစ်ပတ်လုံးမှာ ဈေးအချိုဆုံးအဖြစ် ရနိုင်တဲ့အချိန်လိုဆိုရပါမယ်။ ၂၀၀၉ ပစ္စည်းအသစ်တွေထွက်တော့မှာမို့ လက်ကျန်ပစ္စည်းတွေကို အကုန်ထုပ်ရောင်းတဲ့ အခါလည်းဖြစ်ပါတယ်။ မိသားစု မိသားစုဝင်တိုင်းဟာ သူတို့၏မိတ်ဆွေ၊ သားသမီးများ၊ဆွေမျိုးများအားလုံးကို လက်ဆောင် ၀ယ်ပေးတဲ့ လတစ်လဖြစ်တာမို့ ကျမတို့ဆိုင်ဆိုရင် ကလေးအ၀တ်အထည်များကို ပိုမိုနေရာပေးဈေးကွက်တင်တဲ့ လတစ်လ ဖြစ်ပါတယ်။ အရောင်တစ်လက်လက်တောင်ပြောင်နေတဲ့ အ၀တ်ကောင်းအစားတွေ သိပ်ကိုအရောင်းသွပ်တဲ့ လဖြစ်ပါတယ် ။ ဥပုသ်လပြီးသွားရင်တော့ သီတွင်းကျွတ်ပွဲတော်လို ပျော်ပွဲရွှင်ပွဲတွေရှိတာမို့ မြို့ ဟာစည်းကားလို့ နေပါတယ်။

မိမိကိုယ်ကိုကိုယ် သည်းခံတတ်တဲ့ အကျင့်တစ်ခုကို ကျမအတွက်တော့ ဒီဥပုသ်က ပေးလိုက်တဲ့ အသိစိတ်တစ်ခုလို့ဆိုချင်ပါတယ်။ တစ်ချိန်တုံးကလို ကျမဘယ်လောက်ဘဲ ဗိုက်ဆာဆာ အလုပ်ဆက် မလုပ်နိုင် တော့အောင် သွေးမဆိုးတော့ပါဘူး ။ လူတစ်ချို့က တစ်နေကုန်တစ်နေခမ်း ဘာမှမစားဘဲ နေနေချိန်မှာ`` နင်ကဘာဖြစ်နေတာလည်း စားတာမှ သိပ်မကြာသေးဘူး နောက်သိပ်မကြာခင်စားအုံးမှာ ခုခဏလေးကို ဖြစ်ပျက်နေလိုက်တာဆိုတဲ့ ´´ ဆုံးမစိတ်ကလေးနဲ့ ကျမလုပ်စရာရှိတာကို ဆက်လုပ်နိုင်တဲ့ စိတ်ကလေးတစ်ခုဟာ သူတို့ဆီက စိတ်ဖြေသိမ့်တတ်မှုကလေး တစ်ခု ကျမအတွက်ရလိုက်တယ် စာဖတ်သူအားလုံး အတွက်ကိုလည်း ရည်စူးလျှက် …

မယ်မဒီ

မဖြစ်နိုင်သောစကားလုံးမျှားရှိရာ

ဘ၀ဆိုသည့် လှေတစ်စင်း
ငါ့ရှေ့မှောက် ဆိုက်ဆိုက်မြိုက်မြိုက်ကမ်းကပ်လာချိန်

ငါ့ မသေချာသော ကတိစကားတစ်ခွန်းနှင့်
မရေရာနိုင်သည့် မျှော်လင့်ချက်တစ်ထုပ်ကို
လှေပေါ်တင် ၍ ခရီးလွှင့်ခဲ့သည်…

ငါ့ရှေ့မှာ ကမ်းမမြင်အောင် “မဖြစ်နိုင်ဘူးဆိုသည့်”
စကားလုံးတို့ ပြည့်နက်လိုနေတယ်။
ငါ့နောက်ကျောမှာ တစ်သီတစ်တန်း ကျယ်ဝန်းလှသည့်
“သောကနှင့် မောပန်းခြင်း၏တောင်စွယ်များ ”အပြိုင်အရိုင်း ကာရံလိုနေပြန်တယ်။

တစ်ကယ်တော့ ငါက နုံချာချာ မိသားစုက မွေးလာတဲ့
ဆင်းရဲသားတစ်ယောက်၏ မျိုးဆက်သစ် သူ ဆင်းရဲမတစ်ယောက်
ဘ၀က အားမနားစွာ ချီးမြင့်လိုက်သည့်
တစ်သက်တာ အတောင်ကျိုးနေသော အဖမဲ့ ဇင်ရော်တစ်ကောင်းအဖြစ်
ခေါင်းမာတတ်ခြင်းနှင့် အာခံခြင်း ၊ သနားတတ်ခြင်းနှင့် အပျင်းကြီးလွန်းခြင်းက
ငါဆိုသည့် ၀န်းခံခြင်း သင်င်္ကေတတစ်ခု ကို
ငါလည်ပင်၌ ငါကိုယ်တိုင်ဆွဲထားသေးသည်…


ငါပိုင်ဆိုင်သမျှ ချစ်သူက ပေးလိုက်တဲ့ မဆိုစလောက်
အစုတ်အပြတ် ချစ်ခြင်းတစ်ခြမ်းတစ်ရွှဲ့
မနိုင်မစွမ်းသည့် မုဆိုးမ မိခင်ထံမှ ခမ်းနွမ်းနွမ်း မေတ္တာလေးသာ…

ငါလွင့်လာတဲ့ လှေပေါ်က ရွှက်တိုင်မှာ ဖြူဖွဲဖွဲသစ်လွင်လွင်
တလူးလူးလွင့်နေတဲ့ ငါမာန ၊ တဖြည်းဖြည်းခရီးနှင်းနေသော
စိတ်တို့က ဆိပ်ကမ်းတစ်ခု ပြီး နောက်ဆိပ်ကမ်းတစ်ခုဆီသို့
အဆုံးမသတ် ခရီးလွှင့်ပျော်နေသော
ငါဟာ ဇင်ယော် တစ်ကောင်အဖြစ်…

နိုင်ငံပေါင်းများစွာ မနက်ဖြန်ပေါင်းများစွာ
“မဖြစ်နိုင်ဘူးဆိုသော စကားလုံးများရှိရာထိ
ငါ ခရီးဆက်အုံးမည်။

Friday, July 4, 2008

မိုးမလင်းသည့်အလွမ်း

ဝင်လုလု လတစ်ခြမ်း
တထီးတည်းလင်းတဲ့ မိုးသောက်ကြယ်
ငါရင်ထဲ အလွမ်းတို့ ညမှာတစာစာအော်နေခဲ့ကြတယ်…

တစ်ပွင့်ချင်းပျောက်ကွယ်သွားတဲ့ကြယ်ပွင့်နှင့်အတူ
ချစ်သူရှိရာ ငါ့အလွမ်းတို့ ခရီးထွက်ခွာသွားပေမယ့်
ငါရင်ထဲ အလွမ်းတို့မိုးမလင်းနိုင်သေးဘူး…

အေးစက်တဲ့ မွန်းကျပ်မှု
ကွားဝေးခြင်းအောက်မှာ မျိုသိပ်ခဲ့မိလေသမျှ
ညမှာ လွမ်းခြင်းတို့တန်ဆာဆင်၍
ငါ့ အခန်းထဲ ခုတော့ စင်တင်ကြလေပြီ။

မှိန်လင်းလင်းအာရုံဦးမှာ တိုက်ခတ်တဲ့လေတစ်ချို့
ချစ်သူထွက်သက်လေလား ငါထင်မိသေး၊
နီယွန်ထက်သာလင်းလိုစေတဲ့ မင်းအိမ်မက်မှာ
ငါ့ညတို့ ၀ပ်စင်း၊ မင်းထံပါး ခရီးဆက်လို့
အလွမ်းသီတဲ့ ငါ့လက်ပေါ်မှာ တော့
ကြယ်ကြွေတစ်ပွင့် ငါ့မျက်ရည်စက်တစ်ချို့

မလင်းသေးတဲ့ည
အမှောင်သောက်တဲ့ မျက်လုံးအိမ်
အလွမ်းတွေ ပွတ်သီးတဲ့ ငါရင်ဘတ်
ရင့်မှည့်တဲ့အလွမ်းတစ်ချို့
ငါအိပ်ရာနံဘေး အေးစက်ပျံကျဲနေလေသည်။





မယ်မဒီ

Tuesday, July 1, 2008

UAE နှင့် ရာသီဥတု

အရှေ့အလယ်ပိုင်းနိုင်ငံတစ်ခုဖြစ်တဲ့UAEနိုင်ငံကို စတင်ရောက်ရှိသူတိုင်းကို ပထမဆုံး တအံ့တအြဖြစ်စေတာကတော့ ရာသီဥထုသာဖြစ်မယ်လို့ကျမထင်ပါတယ် ။ သိပ်ကိုခေတ်မှီချမ်းသာလှတဲ့ ဒီနိုင်ငံ၏ဒီဇင်ဘာလဟာ သိပ်ကို အေးလှပါတယ်။ ပူတဲ့တိုင်းပြည်ဆိုပြီး အင်္ကျီအပါးလေးတွေ အတိုလေးတွေ ယူခဲ့မိတဲ့ကျမတို့တတွေဟာ ပင်လယ်ကမ်းစပ်မြို့လေးက x’mas ကိုအေးစက်တဲ့လေပြင်းတွေနှင့်ကြိုတာဆိုနေတာကို အမှတ်မထင်ကြုံတွေလိုက်ရပါတယ်။ ရောက်စတုံးဟိုတယ်မှာတည်းခဲ့ရလို့ ဘာမှအခက်အခဲ့မရှိခဲ့ ကြပေမယ့် ကိုယ်ငှားနေတဲ့အခန်းလည်း ရောက်ရော ပထမဆုံးညမှာ ဘယ်သူမှအိပ်လိုမရ လောက်အောင်ကိုပါဘဲ အေးလွန်းလို့ အခက်ကြုံတွေရပါသေးတယ်။ လေအေးပေးစက်တွေကလည်း centralize system ဆိုတော့ ပိတ်လိုမရပါဘူး။ နောက်တစ်နေ့မနက်မှာထူနိုင်သမျှ ထူတဲ့ဂွမ်းစောင်တွေကျမတို့သွားဝယ်ရပါတယ်။
ဒါတင်မကသေးပါဘူး ပထမဆုံးအလုပ်ဆင်းတဲ့ နေ့မှာပဲ အေးတဲ့ဒဏ်ကို ခါးခါးသီးသီးထပ်ပြီးကျမကြုံတွေရပြန်ပါသေးတယ် ။ တချို့လူတွေက ငါတို့ငါးတွေလို့ အေးလိုက်တာလို့ပြောလောက်အောင်ကို အေးစက်စက်ခြောက်ကပ်နေတဲ့ အရပ်တစ်ခုမှာကျမ အနွေးထည်းတစ်ထည်မှပါမလာခဲ့တဲ့အဖြစ်ပါ။ မဖြစ်မနေအနွေးထည်ဝယ်မလို့ ဈေးမေးကြည့်တော့ ဈေး-၇သောင်းအောက် ကိုတစ်ထည်းမှ ရှာမတွေပါဘူး။ ။ဒါပေမယ့် ဘယ်တတ်နိုင်မလည်း အအေးကိုပိုကြောက်လွန်းလို့ ရှိတဲ့ငွေလေးထဲက ကျမအင်္ကျီဝယ် ဖြစ်ခဲ့ပါတယ်။ အ၀တ်အစားရှာပါးတဲ့တိုင်းပြည်တော့မဟုတ်ပါဘူးရှင် ကျမကသင့်တော်တဲ့နေရာကို မသိလို့ ကိုယ်လုပ်တဲ့နေရာကသွားဝယ်မိတာကို plazaလိုနေရာမှာ ဈေးပေါလွန်းလို့ ကိုယ်မြန်မာနိုင်ငံကိုတောင် ပြန်ပို့ပေးချင်လောက်အောင်ကို ပေါများနေပါသေးတယ် ။ တရုတ်၊ အန္တိယ၊ထိုင်း၊ ကိုးရီးယာတို့ဆီကတင်သွင်းတဲ့ပစ္စည်းတွေပါ။ ရန်ကုန်ဆောင်းအအေးလောက်ကိုပဲ သိခဲ့ကျမ ဒီနိုင်ငံရောက်မှ water-heater ဘယ်လောက်အရေးပါနေမှန်း ဟိုမှာတုံးက ရေနွေးကြိုဖို့အချိန်ရှိခဲ့ပေမယ့် ဒီမှာည၁၂နာရီမှာ ဘယ်သူမှရေနွေး ကြိုနိုင်ကြမှာမဟုတ်ပါဘူး။ ဒီမြို့လေးကိုရောက်လာတဲ့ အရှေ့တိုင်းသူအသစ်ကလေးကို အသွင်မတူလှတဲ့ ဒီနိုင်ငံ၏မာယာတွေတစ်မျိုးပြီးတစ်မျိုး ပညာတွေပြပါတော့တာပါပဲ။ ပတ်ဝန်းကျင်တစ်ခုလုံး အုံဆိုင်းနေလို့ မိုးအုံးနေတယ် မိုးရွာမလားမသိဘူးလို့ ကျမ ထင်ခဲ့ပါတယ်။ သာယာစိမ်းစိုလှပနေတဲ့ကန္တာရမြို့ကလေးကို ကျမ အထင်သေးမိခဲ့တာလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ် ။ ဒါပေမယ့် သိပ်မကြာခင်မှာဘဲ သိပ်ကိုဆိုးဝါးတဲ့ သဲမုန်တိုင်းတစ်ခုစတင်တိုက်ခတ်ပါတော့တယ် ။သဲမုန်တိုင်းဆောင်းတွင်းတစ်လျှောက် အမြဲလိုလိုတိုက်ခိုက်တတ်ပါတယ်။ သဲမုန်တိုင်းတိုက်ခေတ်ချိန်ဆို ပတ်ဝန်းကျင်တစ်ခုလုံးမြုံတွေဆိုင်းနေသလိုပဲ ဘာမှသဲသဲကွေးကွေးမမြင်ရတော့ပါဘူး။ လမ်းမပေါ်ရောက်နေတဲ့သူတွေ မျက်လုံးကိုဖွင့်လို့ တောင်မရပါဘူး။ မျက်လုံးထဲကိုသဲတွေဝင်ပါတယ်။ လမ်းမပေါ်ဆိုတခဏချင်း သဲတွေအပြည့်ဖုံးသွားပါတယ်။ တစ်မြို့လုံးရှိသမျှကားတွေ ရေဆေးရတဲ့အဖြစ်တင်မကပါဘူး ။ မြို့ကိုလည်း သန့်ရှင်းရေးသမားတွေ နေ့မအိပ်ညမအိပ် ရှင်းရပါတော့တယ်။ သဲတွေလမ်းဘေးသွားပုံလို့မှမရတဲ့တိုင်းပြည်ပါ ပလက်ဖောင်းကအစ ရေဆေးကြရပါတော့မယ် ။ အာရပ်နိုင်ငံကို အလှဆင် ရှင်းလင်နေတဲ့လူတွေက နိုင်ငံသားတွေမဟုတ်ဘူးရှင့်၊ ဆင်းရဲတဲ့ ဘင်္ဂလားဒေရ့် လူမျိုးတို့၊ ပါကီစတန်လူမျီုးတို့ကလုပ်နေကြတာဖြစ်ပါတယ် ။ ဒါပေမယ့် ဒီနိုင်ငံ၏ ထူးဆန်းတဲ့အချက်ကလေးတစ်ခုကလည်း သဲမုန်တိုင်းတွေ တိုက်ချင်သလောက်တိုက်နေကြစမ်းပါစေ ၊ ညမှာအေးချင်သလောက်အေးစမ်းပါစေ၊ နေ့မှာအပူချိန်ဘယ်လောက်ပဲပူနေပါစေအုံးတော့ ဒီနိုင်ငံမှာပွင့်တဲ့ပန်းကလေးတွေကတော့ ပွင့်မြဲပါပဲ၊လှမြဲပါပဲ သိပ်ကိုခံနိုင်ရည်ပြည့်ဝလှပါတယ်။ ဆောင်းရာသီဟာ တစ်နှစ်လုံး၏အလှဆုံးအချိန်လည်းဖြစ်ပါတယ်။ ရောင်စုံပန်းကလေးတွေ နေရာအနှံပြည်လို့ ကျက်သရေးအပေါင်းပြည့်ဝနေပါတယ်။ နွေရာသီမှာတော့ စိန်ပန်းပွင့်တာကို မြင်ရပါတယ်။ အမည်မသိတဲ့ပန်းတချို့နေရာတိုင်းမှာမြင်ရသလို ဧကရာဇ်ပန်းတွေ သင်းပျံနေတာကို ကျမထူးဆန်းအံသြမိပါသေးတယ် ။ ရန်ကုန်မှာတောင်ရှာပါးစာရင်းဝင်ဖြစ်နေ တဲ့ စံပယ်ပန်းခြုံတွေ နှင်းဆီခြုံတွေ ဒီကပန်းခြံတွေမှာစိုက်ထားတာကို အံသြစွာတွေရပြန်ပါတယ်။ agricultural is a launch of the city လို့ဒီနိုင်ငံမှာဆောင်ပုဒ်တစ်ခုရှိပါတယ်။ ကျမကတော့ ပန်းကလေးတွေနွမ်းမယ်တစ်နေ့ကို ရင်တမမဖြင့် စောင့်နေတတ်ပါတယ်။ နွေရာသီရောက်တော့မယ်ဆိုတဲ့ သင်္ကေတဖြစ်နေလိုပါပဲ ။ ပန်းကလေးမနွမ်းခင်း မိုးလေးမနက်ပိုင်း၂ ရက်လောက်ဖွဲဖွဲရုံလေးရွာတတ်ပါတယ်။ ဇွန်ပလွန်ပင်တွေ အဖူးစဖူးတယ်ဆိုရင်တော့ နွေရောက်ပြီးလေ ဆိုတဲ့ စားသားလိုဘဲ နွေအမှတ်အသားတစ်ခုကိုမြင်ရခြင်းဖြစ်ပါတယ် ။ နွေပူလေ အသီးက ချိုသထက်ချိုလေ အပူဆုံးလမှာ အရသာအရှိဆုံးဖြစ်တဲ့ ကန္တာရမြို့လေးတစ်လျှောက် ဇွန်ပလွန်သီးတွေ တအီးအီးတဖားဖား နီရဲရဲမှည့်နေတဲ့ရူခင်းဟာလည်း တစ်မျိုးတော့ ဆွဲဆောင်မှုရှိနေပြန်ပါတယ်။ ပင်လုံးကျွတ်သီးနေတဲ့ဇွန်ပလောင်းသီးတွေက ဒီနိုင်ငံကို ကိုယ်စားပြုပါတယ်။ landanနေရာမှာ ဒီရူခင်းကို ဘယ်လို့မှမြင်ရမှာမဟုတ်ပါဘူး ။ dates အသီးတွေကလည်း အမျိုးအစားများ အမြောက်အမြားရှိပါတယ်။ ဆိုင်အကောင်းစားတွေမှာဆို အစေ့ကိုထုပ်ပြီး သီဟို့စေလိုမျိုးအရသာရှိတာတွေကိုထည့်ပြီး ရောင်းတာကိုတွေရပါတယ်။ oman နိုင်ငံကတော့နာမည်ကြီးပါဘဲ အစိမ်းတောင်ချိုပါတယ် ။ ဇွန်ပလွန်သီးတွေ တဖြည်းဖြည်း ရင့်မှည့်လာသလို ကျမ ဦးခေါင်းဟားလည်း ဒီနိုင်ငံရာသီဒဏ်ကိုမခံနိုင်ငံလို့ ဆေးရုံကိုရောက်ခဲ့ပါတယ် ။ မြေကြီးပေါ်မှာနှင်းလိုက်တိုင်း မြေပေါ်ကလာတဲ့အပူငွေ့၊ ကောင်းကင်းပေါ်ကနေပူတဲ့အပူရယ် ပတ်ဝန်းကျင်တစ်ခုလုံးခြောက်သွေ့နေတဲ့နွေရာသီဟာ မကြုံဘူးတဲ့လူတစ်ယောက်ဘယ်လိုမှ တွေးမိနိုင်စေတဲ့ ပူလောင်မှုမျိုးမဟုတ်ပါဘူး။ မြေကြီးအောက်မှာရေလုံးဝခန်းခြောက်နေတဲ့ တိုင်းပြည်တစ်ခုဖြစ်ပါတယ်။ မြို့ပြင်ကိုထွက်လိုက်တယ်ဆိုရုံဘဲပတ်ဝန်းကျင်တစ်ခုလုံးဟာ ကန္တာရဆန်ဆန်ရူခင်းမျိုးကို သာတွေရမှာဖြစ်ပါတယ်။ နီရဲနေတဲ့သဲသောင်ပြင်တွေ သဲတောင်ပုလေးတွေက အပူချိန်ဘယ်လောက်ပြင်းသလည်းဆိုတာကို ဖော်ပြနေပါတယ်။ ထူးဆန်းတာတစ်ခုက ဒီကန္တာရလွင်ပြင်တွေ တဖြည်းဖြည်းနည်းပါးလာအောင် ဆောက်လုပ်ရေးလုပ်ငန်းတွေ နေရာအနှံမှာ တည်ဆောက်နေကြပါတယ်။
အပူအအေးဟာမျှတမှု လုံးဝမရှိတဲ့ တိုင်းပြည်ပါ။ အပြင်နွေက ၄၈ဒီဂရီလောက်ပူတယ် ။ အခန်းထဲက လေအေးပေးစက်ကတော့ ၁၆ဒီဂရီလောက်ဖြစ်နေတတ်ပါတယ် ။ တချိန်တုံးကတော့ ဒီလူမျိုးဘယ်လိုအသက်ရှင်ခဲ့လည်း ကျမမသိခဲ့ပေမယ့် လေအေးပေးစက်သာအလုပ်မလုပ်ရင် ခုချိန်မှာတော့ နံနံပင်၊ ပူစီနံပင်တောင် မရှိနိုင်ပါဘူး ။ အသားငါးဆိုရင်တော့ဝေးရောဘဲ။ ကျမနဲနွေရာသီ တစ်သားတည်းကျစေဖို့ တနေ့လုံးအခန်းအောင်းပြီး ညဆိုရင် ပင်လယ်ရေသွားချိုးတဲ့အလေ့အထကို တတ်ကျွမ်းဖို့ ဒီနိုင်ငံကိုစောရောက်တဲ့လူတွေက သင်ပေးကြပါတယ်။ တစ်နှစ်ကျော်လောက်ကြာတော့မှ ကျမနှင့် ဒီနိုင်ငံ နေသားတကျဖြစ်လာရုံအဆင့်ကိုရောက်ပါတယ်။ ဒီ january လည်းရောက်ရော မိုးလေးခပ်ဖွဲဖွဲတစ်နေကုန်ရွာပါတယ် ။ ၂ရက်လောက်ဆက်တိုက်ရွာတော့ ကျမစိတ်ထဲ အမယ်ဒီနိုင်ငံမှာမိုးရွာလို့ မြန်မာတွေရောက်လာလို့နဲတူတယ်လို စိတ်ထဲကတွေးလိုက်မိပါတယ် ။ customar တစ်ယောက်က ထီးဘယ်မှာရနိုင်မလည်းဆိုးပြီးမေးတော့ကျမအမှတ်မထင်ဘဲ ဒီမိုး ရွာမှာလည်းမဟုတ်ဘူးလို့ ပြောလိုက်မိတာ သူမစိတ်ဆိုးသွားပါတယ် ။ သူတို့ကမိုးရွာတာကိုဂုဏ်ယူပါတယ်ရှင်။ ဒီနိုင်ငံသားတွေကို ဘာအကြောင်းမှစပြောစရာမလိုပါဘူး မိုးရွာနေတုံး မိုးအကြောင်းဘဲ ပြောလိုက် သိပ်ကိုပျော်တတ်ကြပါတယ်။ ကျမလုပ်တဲ့mallမှာ artifcal rain တွေ နွေရာသီဆိုရွာချပါတယ်။ တစ်နေ့ကိုနှစ်ကြီမ် ရွာပါတယ် ။မိုးကြိုးတွေ တခြိမ့်ခြိမ့်ပစ်လိုက် လျှပ်စီးတွေလျက်ပြီးရွာသွန်းတာပါ။ ရေပန်းဝန်းကျင်နှင့် မိုးရွာဖို့သီးသန်းနေရာကလေးကို အပေါ်ကရေတွေပန်းချတာဖြစ်ပေမယ့် ကင်မရာအလုံးပေါင်းများစွားကို ဆွဲဆောင်နိုင်တာကိုတွေရပါတယ်။ ကျမတို့အတွက်တော့ သနားစဖွယ်ရူခင်းကလေးပါ ။ ဒီနှစ်ကတော့အပြင်ကမိုးကလည်းဆက်ရွာနေပါသေးတယ် ။ ဒီနှစ်တော့တော်တော်ကို ထူးဆန်းတဲ့နှစ်လိုပဲ ပြောရမှာဖြစ်ပါတယ်။ ဘာကြောင်းလည်းဆို မိုး ၇-ရက်ဆက်တိုက်တော်တော်သေးသေးလေး ရွာခဲ့ပါတယ်။ ဒါပေမယ့်ပြသာနာက သိပ်ကိုခေတ်မှီလှပတဲ့ five star mallကြီးမှာ မိုးရေကိုထည့်တွက်ဆောက်လုပ်ထားခြင်းမရှိပါဘူး။ မိုးလည်းဆက်တိုက်ရွာရော မှန်အပြည့်မိုးထားတဲ့ ခေါင်မိုးကြီးနှင့် ဟိုနေရာ ဒီနေရာမှာရေဗုံးတွေက အကျဉ်းတန်စေပါတော့တယ်။ ကျမကတော့ ဒါမျိုးတွေကိုမြင်တော့ပြုံးချင်တာပေါ့ အိမ်ကိုလွမ်းလို့လေ။ အလုပ်အပြန် mall အ၀င်လမ်းတစ်လျှောက်ကြွေပြားတွေရေစိုနေလို့ မမချောတွေ ဖိနပ်အမြင့်ကြီးတွေဖြင့် ပြသာနာတတ်တာကိုလည်းကြုံရပါသေးတယ်။ ၀တ်ရုံတွေကလည်းအရှည်ကြီး ဖိနပ်တွေကလည်းမြင့် မိုးကလည်းရွာနေတယ်ဆိုတော့ ပြေးလိုကလည်းမရ အရှက်ကွဲတာပေါ့ အလှပျက်တာပေါ့ ဒီနိုင်ငံမှာ ထီးမှမသုံးကြပါဘူး ။ အလုပ်သမားတွေ မိုးရေကြားထဲ ရေစုပ်သူတွေက စုပ် ၊သုပ်သူတွေကသုပ်၊ မိုးကလည်းမရွာစကောင်း ရွာလိုလေ ။ ကျမကတော့ရွာစေချင်ပါတယ် သစ်ပင်တွေကိုသနားလို တစ်နှစ်လုံးရေစက်ကလေးတွေနှင့် အသက်ရှင်နေရတာကို ။ လေးငါးရက်လောက်မိုးဆက် တိုက်ရွာတော့ လူတွေအားလုံး shock ဖြစ်ကုန်တယ။် ကျမအပါအ၀င် ဘယ်အရာမှ အဆင်မပြေတော့ပါဘူး။ လမ်းတွေ ၊ကားတွေ၊ အိမ်တွေ၊ ဆိုင်တွေ အားလုံးညစ်ပတ်ကုန်ပါတယ် ။ နောက်ဆုံးရွာတဲ့ည ကျမမိုးကိုစိတ်တိုမိတဲအထိဖြစ်ခဲ့မိပါတယ် ။ကျမကို တော်တော်လေးဒုက္ခပေးခဲ့ပါတယ်။ အိမ်ပြန်ရင် ကျမတို့စီးရတဲ့ကားနဲ mall က တော်တော်လေးလမ်းလျှောက်ရပါတယ် ။အဝေးကြီးမိုးကြားထဲမှာပြေးခဲ့ရလို့တစ်ကိုယ်လုံးကျမ မိုးတွေစိုခဲ့ပါတယ်။ အပြန်လမ်းမ တစ်လျှောက်လုံး လမ်းတွေပိတ်လို့ ကားမောင်းလို့မရ အောင် လမ်းမပေါ်မှာရေတွေပြည့်နေတာကို ဒီနိုင်ငံမှာ ရေဆင်းတဲ့မြောင်းမရှိဘူးရှင့်။ ဒီနိုင်ငံကိုဆောက်တဲ့ အင်ဂျင်နီယာတွေကသိပ်ကိုတော်ပါတယ်။နောက်ဆုံးနည်းပညာတွေအားလုံး ကိုအသုံးချပြီးဒီနိုင်ငံကို အကောင်းဆုံး ဆောက်လုပ်နေကြဆဲဖြစ်ပေမယ့် သူတို့ရေဆင်းမြောင်းထည့်သွင်းခြင်းမရှိပါဘူး။ မိုးမှမရွာတာကို ရွာလည်းရွာရော ရေဆင်းစရာနေရာမှရှိ မြေအောက်လူကူလမ်းတွေကိုရေတွေဝင်လို့ ကားပေါ်ကနေမြင်သမျှရူခင်း တွေက မြန်မာနိုင်ငံကိုအလွမ်းဆင့်စေမြင်ကွင်းတွေပါ။ မြင်တောင့်မြင်ခဲ့ရတဲ့မြင်ကွင်းမျိုးပါ ။ ခုတော့ ကားပေါ်မှာမို့လို့ အိပ်ရာပေါ်ရောက်ရင် တော့အတိုးချပြီးလွမ်းမယ်လို့ ကျမအားတင်းလာခဲ့ပါတယ် ။ငါမိုးစိုလာတာကိုအမေသာရှိရင်တော့ နားပူအောင်ပြောမှာသေချာတယ်လို့ ကျမတွေးရင်းကားပေါ်ကနေ တိုက်ရှိရာကိုပြေးလာခဲ့ပါတယ် ။ တိုက်အ၀င်ဝမှာအလှခင်းထားတဲ့ ကော်ဇောရေနှစ်နေတာကို စိတ်မကောင်းစွာတွေရပါတယ်။ ကျမနေတာက အပေါ်ဆုံးထပ် ၉လွှာမှာဖြစ်ပါတယ်။ ခေါင်မိုးပေါ်မှာတော့အခန်းသေးသေးလေး တစ်ခန်းရှိပါသေးတယ်။ ကျမနေတဲ့အထပ်မှာတော့ လှသာဆောင်အကြီးကြီးတစ်ခုရှိပါတယ် ။ တခြားအခန်းက လူတွေပါတီမကြာခဏ ဒီလှသာဆောင်ပေါ်မှာ ဂုဏ်ယူစွာလုပ်တတ်ကြပါတယ်။ main ခန်းမတံခါးကိုလည်းကျမ ဖွင့်လိုက်ရော လူတွေအားလုံးအခန်းအပြင်မှာ ဆူညံနေသလို ကျမ နင်းလိုက်တဲ့ကြမ်းပြင်တစ်ခုလုံး စိုစွတ်နေတာကို ပထမဆုံးသတိပြုမိလိုက်ပါတယ်။ ဘုရားဘုရားလိုသာ ကျမတက်နိုင်ပါတော့တယ် ။ ခန်းလုံးပြည့်ခင်းထားတဲ့ကောဇောတွေ ရေအောက်ရောက်နေပြီးဆိုရင်တော့ ကျမအခန်းလည်းသေချာပါတယ်။ ရေတိမ်အောက်ကိုနှစ်နေပြီးသာဖြစ်နေပါလောက်ပါတယ်။ ကျမအခန်းတံခါးကိုလည်းဖွင့် လိုက်တယ်ဆိုရင် ကျမအခန်းဟာ ရေလေးလက်မလောက်နှစ်နေတာကို မျက်မြင်ကိုယ်တွေ့ကျမမြင်လိုက်ရပေမယ့် အိမ်မက်လိုဘဲထင်မိပါတယ်။ ဒီနိုင်ငံက မြန်မာနိုင်ငံ မဟုတ်ပေမယ့် တကယ်ကို ခန်းလုံးပြည့်ရေနှစ်နေတာဖြစ်ပါတယ် ။ ဂုဏ်ထူးဆောင်လှသာဆောင်ကြီး ရွာသမျှမိုးရေကို မသိုလှောင်နိုင်တဲ့အချိန်မှာ မှန်တံခါးမှတစ်ဆင့် အခန်းထဲကိုရေတွေဝင်လာတာဖြစ်ပါတယ်။ တစ်နေကုန် အခန်းတွေထဲဘယ်သူမှမရှိကြတဲ့အတွက် သဲကန္တာရနိုင်ငံ၏ ကိုးလွှာမြောက်တိုက်ပေါ်မှာ ရေကြီးလွမ်းမိုးခြင်းဖြစ်စေခဲ့ပါတယ်။ လသာဆောင်မှရေဆင်းပေါက်ဟာအလုပ်မလုပ်တာနှစ်ပေါင်းများစွာ ကြာနေပြီဖြစ်တဲ့အတွက် ရေပေါက်ပိတ်နေခဲ့ပါတယ်။ ကျမအခန်းထဲမှာဆိုရင်လည်း အိပ်စရာနေရာလေးကလွဲလို ခြောက်သွေ့နေတဲ့နေရာဆိုရင် စားပွဲအပေါ်ပိုင်းနှင့် ဆိုဖာအပေါ်ပိုင်းဘဲလွတ်ပါတယ်။ ကျမကိုယ်ကျမ ရေဘေးဒုက္ခသည်တစ်ယောက်လိုသာခံစားလိုက်ရပါတယ်။ ကျမအ၀တ်အိပ်ကိုမကြည့်လိုက်တယ် ရေတွေတော်တော်ဝင်နေခဲ့ပါပြီး ။ဘာမှမတတ်နိုင်အဆုံး အိပ်တာဘဲကောင်းတယ်လိုကျမဆုံးဖြတ်ပြီး အပြင်ကဆူညံနေတဲ့အသံတွေကို အံတုလိုက်သလို တကွီကွီမြည်နေတဲ့ ဗိုက်ကိုလည်းဆုံးမကာ အိပ်လိုက်ပါတော့တယ်။ နောက်နေ့မနက်မှာ ရေစိုသွားတဲ့ကော်ဇော မခြောက်ခင်ဘယ်လောက်အနံဆိုးဝါးသလည်းဆိုတာရယ် အလွန်ထူတဲ့ ကော်ဇော်ခြောက်သွေ့ဖို့ အချိန်သိပ်မလိုအောင် ဒီနိုင်ငံ၏နွေဟာဘယ်လောက်ပူသလည်းဆိုတာကို ကျမသိခဲ့ရပါတယ်။

မယ်မဒီ

Thursday, June 19, 2008

အလွမ်းမြို့

အော်
သစ်တစ်ပင် အကိုင်းအခက်
ဖားဖားရင့်ရော်မှ
နေရာမှားစိုက်မိမှန်း ငါသိတော့တယ်၊
ငါ့ရှေ့က ပြို့ပျက်စီးနေတဲ့
အချစ်မြို့ရိုးတံတိုင်းကြီး
မြေစာမြက်ဖြစ်နေတဲ့ နလုံးသားကိုတွေမှ
သစ်တစ်ပင်ရှင်သန်ရာအရပ်
ဟိုတောအုပ်တန်းဟာ
အလွမ်းမြို့တဲ့ ။

Monday, June 9, 2008

နှင်းဆီးရိုင်းခင်တန်းနံဘေးဝယ်

ကျတော်က မိသားစုအတွက်ဆိုရင် ဘာမဆိုလုပ်နိုင်တယ်။ မိသားစုတွေ ရယ်မောသံတွေကို အမြဲတမ်းကြားရဖို့အတွက် ကျတော်အင်အားတွေကို ကျတော်ထုပ်လို့ရသလောက်ကျတော် သုံးတယ်။ ကျတော်က အသံလွင့်ဌာနတစ်ခုမှာ နောက်ခံအဆို တော်လုပ်တယ် ၊ ပြီးတော့ သရှပ်ဆောင်အရံတစ်ယောက် အဖြစ်လည်းကျတော်လုပ်တယ်။ တစ်ခါတစ်လေ ကျတော်က အ၀တ် အစားသန့်သန့်ပြန့်ပြန့်ဖြင့် ရှုပ်မြင်သံကြားဖန်သားပြင်ပေါ် တွေနိုင်ပေမယ့် ၊ တစ်ခါတစ်လေတော့ ခြံစောင့်တစ်ယောက် အဖြစ်တွေ ကြရပါလိမ်မယ့် ၊ အိမ်ဆိုတာ ကျတော်အတွက် အိပ်ရုံလေးဘဲ မိသားစုမှာ ဘာတွေလုပ်နေ ကြသလည်းဆိုတာ မသိပေမယ့် ကျတော်ချစ်တဲ့သူ တွေအတွက် ဘာတွေလိုအပ်နေတယ်ဆိုတာကို ကျတော်သိတယ်၊ ကျတော်ဘ၀က တစ်နေကုန်အသံလွင့်ရုံမှာ အချိန်ကုန်ရပြီး ညဆိုရင်ဇတ်ညွှန်းဖတ်ရတယ် သရုပ်ဆောင်ကျင့်ရတယ်၊ နားရက်တွေမှာတော့ သရုပ်ဆောင်အလုပ်ကို ကားရိုက်ရာ နေရာ တွေကို ကျတော်သွားရိုက်နေရတယ်။ ဒါဟာကျတော်ဘ၀ဘဲ။ ကျတော်မျှော်လင့်ချက်က ကျတော့သားလေးဘဲ တစ်ဦးတည်းသော သားလေးစာကောင်းကောင်းတတ်သွားဖို့ဘဲ လေ…

ငါ့အဖေက ငါ့တို့အတွက်သိပ်ကိုပင်ပန်းခံတယ်။ ဒါကြောင့်ငါ့တို့က ဘယ်တော့မှအဖေကို နားပူနာဆာမလုပ်ဖူးကြဘူး၊ ငါဆီမှာလည်းလိုချင်တာဘာမှမရှိဘူး။ အ၀တ်အစားဆိုရင် ငါ့အဖေဟာတွေပဲ ငါဝတ်တယ။် အဖေကသရုပ်ဆောင်ဆိုတော့ အမြဲဝယ်ဝတ်ရတယ်လေ ၊ဒီတော့ ငါက သီးသန့်ဝယ်ဝတ်စရာမလိုတော့ဘူးပေါ့ ဒါကြောင့်င့ါပုံစံက လူကြီးလို အမြဲ လက်ရှည်နဲပုဆိုးအကွက်နဲလေး သူငယ်ချင်းကြားထဲမှာ ငါကလူအကြီးတစ်ယောက်လိုပုံစံမျိုးလေး ဘာဖြစ်လည်း ငါဂရုမစိုက်ပါဘူး၊ တစ်ခါတလေအဖေကို ခြံစောင့်ပုံမြင်ရတာတို့ ၊ လူကြီးတစ်ယောက်နောက် အိတ်တွေဆွဲလိုလိုက်နေတဲ့ ဇတ်လမ်းတွေကိုမြင်ရရင် ငါအမဆိုငိုဖူးတယ်။ အိမ်မှာအဖေက အိမ်ဦးနတ်ဟ ၊ ဒါပေမယ့် ဒီလိုမျီုးမြင်ရတော့ငါလည်းစိတ်မကောင်းဖြစ်မိတယ် ။ ဒါကြောင့်ငါတို့အဖေပါတဲ့ကားဆိုရင်လုံးဝကို မကြည့်ဘူး။ ဘာဘဲဖြစ်ဖြစ် ငါ့အဖေက ငါတို့အတွက် တော့ အဖိုးအဖြတ်နိုင်ပါးဘူး။ ဒါကြောင့် ငါလေးပိုက်ဆံမြန်မြန်ရှာချင်ပြီး ဒီကျောင်းပြီးရင် ငါနိုင်ငံခြားကိုသွားတော့မယ်။ ဒါဆိုအဖေနားလို့ရပြီလေ ငါမြန်မြန်လူတစ်လုံးဖြစ်မှ ဟ သားတစ်ယောက်တည်းဆိုတော့ အားလုံးက ငါ့ခေါင်းပေါ်မှာပဲဟာ…

သူဘ၀အကြောင်းတွေကို မနေ့ညက ကျမကိုရင်ဖွင့်ပြသွားတယ်၊ ကျမတို့မြင်တာနဲအလွဲကြီးလွဲနေတဲ့ သူဘ၀ပေါ့ ကျမထင်ခဲ့တာကအတော်အတန်အောင်မြင်နေတဲ့ လူတစ်ယောက်၏ သားတစ်ယောက် လိုပဲ မြင်ခဲ့ကြတာကို။
ဟေး ဒီမှာရေနှစ်နေတယ် ဒီမှာရေနှစ်နေတယ် ကယ်ကြပါအုံး ကြားလို့လှည့်ကြည့်လိုက်တော့ ချောင်းလေးသေးသေးလေးထဲမှာ ရေကစားနေတဲ့လူတစ်ဝက်လောက်ရေနှစ်နေတာ ဘုရားဘုရား နှောက်နေသလားလို့ ထင်ရအောင်ကို အတွဲလိုက် ရေစီးနှင့်ပါသွားကြတယ်လေ ၊ ချောင်းကွေ့လေးဘက်က ရေကသိပ်ကိုနှက်နေတာ ဘယ်သူမှမသိဘဲ ရေစီးကပြင်းတော့ ကစားရင် ပြေးရင် ခြေချော်ရာကနေ တစ်ယောက်နှစ်တယ် လက်ကတွဲပြီးကစားနေတာတော့ ဘေးကနှစ်ယောက်လိုက်နှစ်တယ် ၊ ဘယ်သူမှရေမကူးတတ်တော့ အခြေနေက ဆိုးကုန်တယ်လေ၊ ထပြေးပြီး အနားကို သွားကြည့်လိုက်တော့ ဆရာနဲတခြားနှစ်ယောက်ရေထဲကိုဆင်းသွားတယ် ရေကထင်တာထက်သန်တယ် နက်နေတယ် ရေကအောက်ကိုဆွဲတာ ဆင်သွားတဲ့လူတွေ သိ လိုက်တယ်လို့ နောက်မှသူတို့ပြောပြကြတယ်။ တစ်ယောက်ပြီးတစ်ယောက်ကမ်းပေါ်ကိုဆွဲတင်ပေးလိုက်ရင် ဆရာနဲတစ်ယောက်နှစ်သွားတယ်။ ကျမဘုရားတလိုက်တယ် ခဏနေတော့ ဆရာပေါ်လာတယ် ။ ဆရာက ကမ်းကသစ်ပင်ခြံနွယ်တွေကိုလက်ဆွဲရင် ကမ်းပေါ်ကို နှစ်နေသူကော သူကောထက်လာတယ် သူမဟန်တော့ဘူး ကမ်းပေါ်ရောက်တာနဲ့ဆရာသတိလှစ်သွားတယ် ။ ဘယ်သူကျန်သေးလည်း ဘယ်သူကျန်သေးလည်းလို လူတိုင်းကို လိုက်ရှာကြတယ် မဟုတ်သေးဘူး တစ်ယောက်ကျန်နေသေးတယ် ရေအောက်မှာ တစ်ယောက် ကျန်နေသေးတယ်။ ဆင်းကြပါ ဆင်းကြပါအုံး တစ်ယောက်ကျန်သေးတယ်လို အော်ကြရင် ကျမတို့ရေအောက်ကို လှမ်းကြည်ပေမယ့် ဘာမှမမြင်ရအောင် ရေကြည်ကြည်တွေက နောက်ကုန်နေတာကို ရေမွှာတွေ တလှမ်တလျှား ရေအောက်တစ်ခုလုံးကိုပြည့်လို ။ဘယ်သူမှမဆင်းရဲကြတော့ဘူး ဘယ်သမှ ဆင်းနိုင်တဲ့အင်အားမရှိကြတော့ဘူး ရွာခံသားတစ်ယောက်ရေထဲကိုဆင်သွားတယ် သူကပြောတယ် ဒီချောင်းကသိပ်နက်တယ်တဲ့ ခဏနေတော့ ဒီလူ သတိလှစ်နေတဲ့ ကျမသူငယ်ချင်းကို တွေလာတယ် ရေပေါ်ကိုရောက်တာနဲ လူအားလုံးတခြားလူတွေကိုထားပြီး သူကိုသတိရဖို့ တတ်သလောက်မှတ်သလောက် အားလုံးလုပ်ကြပါတယ်။ ကျမရေအောက်ကိုစိုက်ကြည့်နေမိတယ် တကယ်လို့ကျမသာရေကူးတတ်ခဲ့မယ့်ဆိုရင် ကျမဒီလောက်ခံစားရလိမ့်မယ်မထင်ဘူး ခုတော့ လူတစ်ယောက်ရေထဲမှာ ကူရာမဲ့နေပါလျက် ဘာမှလုပ်ပေးလိုမရတဲ့ခံစားချက်က သိပ်ကိုဆိုးဝါးလိုက်တာ။
ကျမတခြားကမ်းတစ်ဖက်ကိုရောက်ဖို့အတွက် သစ်လုံးတံတားလေးရှိရာကိုပြေးသွားခဲ့တယ်။ တောနက်ကြီးထဲ ချောင်းစပ်စပ်နံဘေးကိုပျော်ပွဲစားထွက်လာမိကြတဲ့ ကျမတို့အဖြစ်လား၊ ရေထဲကိုဆင်းကစားကြတဲ့ သူတို့အပြစ်လား၊ ကျမမသိတော့ဘူး ကျမသိတာက ဟိုဖက်ကမ်းစပ်ကို ရောက်ဖို့အတွက် ဟို့ခပ်လှမ်းလှမ်းဆီးကို ပြေးနေမိတယ် သစ်ပင်ခြောက်တစ်ပင်ကို ကူးဖို့တံတားသဖွယ် လုပ်တားပေးမယ် တော့နက်ထဲ လူကူမပါဘဲ ကျမလာတုံးက မကူးတတ်ခဲ့ပါဘူး။ ခုတော့ ကျမဇောကပ်နေလို့ထင်တယ် ပြေးရင်းလွှားရင်ဖြတ်နိုင်ခဲ့တယ် ။နောက်မှသိရတာက တံတားလေးနေရာကလူငါးပြန်စာနက်ပါသတဲ့ ဒီချောင်းကလေးက နှစ်တိုင်းဧည့်သည်တွေ ရေနှစ်သေပါသတဲ့လေ။ သူတို့နားကိုရောက်တော့ ကျမ ရင်ဘတ်ကို ကပ်ပြီး နားထောင်ကြည့်တယ် ကျမသူ့ရင်ဘတ်ကလေးနွေးနေတာကို စမ်းမိတယ် ရေဒီလောက်အေးတာ ရင်ဘတ်နွေးနေတယ် ဆေးရုံမြန်မြန်ပို့လို့ ကျမတို့အော်ရင် ကားရှိရာကိုပြေးကြပါတယ်။ လယ်ကွင်းနှင့် ချောင်းစပ်က ဆယ်ငါးမိနစ်လောက် သူကိုသယ်ရတယ် မိန်းကလေးအများစုဖြစ်တာရယ် ရေနှစ်နေသူတွေက ပါသလို ရေထဲကိုဆင်းထားလို ဘယ်သူမှလည်း အားမရှိတော့တာကတစ်ကြောင်း ဆရာလည်း သတိလှစ်နေဆဲမို့ကျန်ခဲ့တာကတစ်မျိုးနဲ ခရီးမရောက်ဘူးဖြစ်နေတယ် ကျမ တို့လမ်းမတစ်လျှောက် သူတစ်ကိုယ်လုံးကို ဖက်ထားကြတယ် ဘုရားစာတွေရွတ်ကြတယ် နတ်လည်းတတာဘဲ ငိုတဲ့သူကငို ဖြစ်နေလိုက်ကြတာ ကျမတသက်ဘဲ ဒီအဖြစ်က အဆိုးဆုံးဘဲ။ သူ၏ကိုယ်လေးကတော့နွေးနေပါတယ်။ နာရီဝက်လောက်ကျမတို့ ဆေးရုံကိုရောက်ဖို့ စီးသွားတဲ့ကားလမ်းမကို ကျမတို့မုန်းလိုက်တာ မရောက်နိုင်တော့ဘူး ဆေးရုံလမ်းကိုမြင်ရတဲ့အချိန်မှာဘဲ ကျမအသက်ရုးမိတယ်လို ထင်မိတယ် ။ ဆေးရုံကိုကားဝင်သွားတော့ ဆူညံနေတဲ့လူသံကြောင်းဆေးရုံသေးသေးလေး တော်တော်ကိုတုန်လှုပ်သွားတယ် ဧည်သည်တွေမှန်းသိသာနေတဲ့လူတစ်အုပ်နှင့် လူနာတစ်ယောက်ရေနှစ်လာတယ်လိုအော်နေကြတာကို ဆရာမတစ်ယောက်အမြန်ရောက်လာတယ် မျက်လုံးကိုဖွင့်ကြည့်တယ် ဟိုကြည့်ဒီကြည့်လေးလုပ်ပြီး သူကကျမကိုပြောလိုက်တယ် ကျမကအနီးဆုံးလူဖြစ်နေတာကို ညီမတို့သူငယ်ချင်းက အသက်မပါလာဘူးတဲ့ ကျမဆရာမလက်ကိုတင်းတင်းကြီးကိုင်းရင် ပြောလိုက်တယ် မဟုတ်ဘူး သူလက်ကဒီမှာနွေးနေသေးတယ် နွေးနေတာတွေလားလိုပြောတော့ သေတာမကြာသေလို့ပါတဲ့ အိုဘုရားသခင် ဒီနေ့ နေ့ခင်းကျမ မျက်လုံးအောက်မှာ ကျမလက်ပေါ်မှာ ကျမသူငယ်ချင်း သိပ်ကို ဘ၀သိတတ်တဲ့သားလိမ်မာလေး အသက်ပျောက်သွားတယ် လူတစ်ယောက်အသက်ကို ကယ်ဖို့အတွက် သူအသက်ကိုပေးသွားတယ်။ ဒါဘဲကျမသိခဲ့တော့တယ် ။ သိပ်လှတဲ့ နှင်းဆီးရိုင်းခင်တန်းနံဘေးလေးနားမှာ တောင်ကျချောင်းရေးထွက်ပေါက်နံဘေးလေးနားမှာ တောနက်နက် လူသူကင်းဝေးအရပ်ဆီမှာ လေ ကျမမသိတဲ့ လျှိဝှက်ချက်တွေရှိပါသတဲ့...