Thursday, October 16, 2008

အာရုံဦး

ကောင်းယံတိမ်းခင်း ငွေမင်းဖြာလျှင်
လမင်းစောင်းသံ တိုးတိုခတ်လျှင်
နှင်းဖြူတစ်သင်း လေညှင်းခံဆင်း တိုးတိုးရယ်လျှင်
ကြယ်ဖြူတစ်ပွင့် လင်းလက်ပျံလျှင်

ညနတ်သမီး ပုဝါးပါးတစ်စ
လေအခတ်မှာ အသိမ်းနောက်ကျ ၀တ်စလေ့ဖြင့်
အရှက်ထပ်တဲ့ တေးနှချိုသော မိုးသောက်ယံဝယ်

ဆောင်တော်ကူးမယ့် မောင်တော်ညမင်း အံစုံကြိတ်ရင်း
အာရုံဦးမှာ ကြေးစည်ခတ်သံ တရားသံဖြင့် နလုံးပိုက်ရင်း
မိုးသောက်တံခါး သူဆွဲဖွင့်လို လင်းကြက်ခေါ်တယ်..

မယ်မဒီ

1 comment:

အရုပ်ကလေး said...

ကဗျာလေးရဲ့ အတိမ်အနက်ကလေးကို
အရမ်းနှစ်သက်မိတယ် .. အစ်မရေ..
ကဗျာအရေးကောင်းတဲ့ အစ်မ
ဆက်လက် ရေးဖွဲ့နိုင်ပါစေ