Wednesday, October 8, 2008

အ၀ါရောင် နေ့စွဲ

ငါ အပြာရောင်တွေ ခ၀ါချတဲ့နေ
ယိုင်လဲ့လဲ့ ပြုံးတဲ့ အဖြူရောင်ပန်းတစ်ပွင့်
ညငှက်တစ်ကောင် ကိုက်ချီ သုတ်သွားခံရတယ်..

ငါရင်ထဲ အလွမ်းတွေ
အကြိမ်ကြိမ် အခါခါ ရေချိုးပြီး
ကဗျာတွေ အလှဆင်နေတဲ့
စာမျက်နှာတစ်ခု ရှိတယ်

အိမ်မက်တွေ အကြိမ်ကြိမ်အခါခါ မက်ပြီး
အက်စက်မိုး ရွာချခံနေတဲ့ နလုံးသားမှာ
မနက်ဖြန်ဆိုတာ ကြွေကျသွားတဲ့
သစ်သီးပုတ် တစ်လုံးဘဲ..

အဲဒီနေ့
စကားလုံးတို့ အချိုရည် မြစ်ထဲ ခုန်ဆင်းတဲ့ နေ့
ငါ နလုံးသာ အဆိပ်ရည် အဆိမ်ခံလိုက်ရတဲ့နေ့
ငါအပြုံးတွေ အသက်မပါတော့တဲ့နေ့
ပန်းပွင့်တွေ အသည်းကွဲရောင်ပွင့်တဲ့နေ့
စက်ရုပ်တစ်ရုပ် ပြုံးနေတဲ့နေ့
ကြွေအံခွက်ထဲ ကြွေမပွင့်တဲ့နေ့

အဲဒီနေ့ဟာ ချစ်သူပြောသော စကားလုံး တို့
အ၀ါရောင် သမ်းသောနေ့ဖြစ်သည်။

1 comment:

အရုပ်ကလေး said...

ငါ့ရင်ထဲက အလွမ်းတွေ
အကြိမ်ကြိမ်အခါခါ ရေချိုးပြီး
ကဗျာတွေကို အလှဆင်နေတဲ့
စာမျက်နှာ တစ်ခုရှိတယ် ဆိုတဲ့
အပိုဒ်လေးကို ကြိုက်တယ်
ခြုံကြည့်ရင်လည်း တော်တော်ကောင်းတဲ့
ကဗျာလေးပါ
ကျွန်တော်လည်း ကဗျာတွေချည်း သီးသန့်ရေးသူပါ
အားရင် လာအားပေးပါဦး