Thursday, December 30, 2010

ဆောင်ညချမ်း

ပတ်ဝန်းကျင် ပြောင်းလှဲနေတာ သတိမထားမိဘူးလို့ ကျမက ပြောမိရင် လူတွေလှောင်ရယ်ကြလိမ့်မယ်။ ဒါမှမဟုတ် ရယ်စရာ ပျက်လုံးတစ်ခုလို့ ထင်လေမလားလို့တော့ ကျမတွေမိပေမယ့် ပတ်ဝန်းကျင် ဘယ်အချိန်ကတည်းက စတင်ပြောင်းလှဲနေလည်း ဆိုတာကိုတော့ တကယ်ဘဲ ကျမမသိခဲ့ပါဘူး။ ဘာမှမကြီးကျယ်လှတဲ့ အလုပ်တစ်ခု အတွင်းမှာ ကျမလှောင်ပိတ်မိနေတာတော့ ကြာပြီး။ ဒါမှမဟုတ် ကျမကိုယ်၌ ညံ့ဖျင်းမှုတွေ ဒီလောက်များပြားနေသလားတော့ မသိပါ။ အငှားကားပေါ်ကနေဆင်းလိုက်တော့ ကျမတစ်ကိုယ်လုံးအေးစိမ့်စိမ့် ပြင်ပလေအေးဒဏ်ကို မယုံနိုင်စရာကောင်းအောင် ခံစားလိုက်ရတယ်။ ခြောက်ကပ်အေးစက်တဲ့ လေရိုင်းတွေ ကျမတစ်ကိုယ်လုံးကို ခပ်ပြင်းပြင်ရိုက်ခတ်ပြီး အနီးနားမှာ ရှီနေတဲ့ သစ်ပင်အားလုံးကို လည်း ပွတ်သတ်ကာ အဝေးကြီးကို ထွက်သွားတယ်။ အရွတ်စိတ်စိတ် သစ်ပင်ပုတွေ ပေါ်က ပန်းကလေးတွေ လေဒဏ်ကြောင့် တုန်ခါနေတယ်။ပတ်ဝန်းကျင်မှာ လေသံတွေ ဆူညံနေတယ်။ အမြင်တစ်ခုလုံး အုံမှိုင်းလို့။ ပန်းတွေကြွေနေပြီး မကြာခင် သစ်ရွတ်တွေလ ည်း ကြွေကြပေတော့မယ့်။ တင်းမာခြောက်ကပ်လာတဲ့ ကျမအသားအရေတွေ ထက် လေပြင်းကြောင့် မှုးနောက်နောက်ဖြင့် ကျမ အိမ်ခန်းရှီရာဘက်ကို ဦးတည်လျှောက်ရင်း ပတ်ဝန်းကျင်ကို သတိထားမိတယ် ။ ဆောင်ရောက်နေပါပြီး။ ပတ်ဝန်းကျင်နှင့် ကင်းကွားနေတာ ကြာလှပါကော့လား။ အေးစက်စက် တိတွေမှုက ကျမစိတ်ကို သက်သာသလို့ ခံစားမိတယ်။ ကျမ အဆုတ်တွေ အတွင်းကလီစာတွေ အရည်ပြားတွေ မက ရိုးတွင်အထိ အေးစက်နေတဲ့ လေတွေ ရောက်သွားတယ်လို့ ခံစားမိတယ်။ တဆတ်ဆတ်တုန်ရီလာတဲ့ ကိုယ်ထဲ အသွေးသစ်တွေ ဖြစ်ထွန်းနေလာသလို့ အင်အားသစ်တိုးလာသလိုဘဲ။ ကျမပျော်ရွှင်လာတယ်။ လူတစ်ယောက် လူအဖြစ်ကို ရနေတယ်လို့ ကိုယ်ဘာသာ တွေးပြီး ကျေကျေနပ်နပ်လျှောက်လာမိတယ်။ တစ်ကယ်တော့ ဒီဇင်ဘာဆိုတာ ဆောင်ရာသီ လို့ ပြောပြနေစရာမှမလိုတော့တာ။

အပူအအေးဘယ်တော့မှမပြောင်းလှဲတဲ့ ပတ်ဝန်းကျင်မှာ နွေဒဏ်မိုးဒဏ် ကင်းလွတ်ရုံမက နေဒဏ်လေဒဏ်တွေ ကင်းလွတ်နေတဲ့ ကျမခန္တာအသွေးသားတွေ ဒီလိုလေပြင်းအေးအေးတွေကို မခံစားရတာကြာလှပေါ့။ အဆူအပူဒဏ်၊ အလုပ်ချိန်များဒဏ်၊ အလုပ်ပင်ပန်းဒဏ်၊ မဆုံးနိုင်သော လုပ်ငန်းတာဝန်တွေကြားထဲမှာ ကျမနှစ်နေခဲ့တာကြာလှပြီး။ ဒီဂျေတယ် ခေတ်ထဲမှာ အချိန်ဇယားတိကျမှုတွေအောက် ကျမ နေသားကျနေပါပြီး။ လေးနှစ်ဆိုတဲ့ သက်တန်းတစ်လျောက် ကျမ မြန်မာပြည်ကို တစ်ခါမှမပြန်မိခဲ့ဘူး။ အလွယ်တကူ အရှုံးမပေးလိုဘဲ့ စိတ်စေတသိုက်တွေကြောင့် လူတစ်ယောက် ပိသမိဖိုအတွက် ကျမကျေနပ်စွာ ပေးဆပ်နေခဲ့တယ် ။ ကျေနပ်စွာ အသက်ရှင်နေထိုင်ခဲ့တယ်။ ငွေကြောင့်အလုပ်လုပ်နေသလားဆိုတော့ ကျမရသမျှ လကုန်ပြီးတာနဲ ဘာမှကိုမကျန်ခဲ့တာတော့အမှန်ဘဲ။ ငွေဟာ သူအလိုလို ပျောက်သွားတယ်။ ကျန်ခဲ့တာဆိုလို့ တစ်စတစ်စ တိုးတိုးလာတဲ့ မွန်းကျပ်မှုတွေ၊ တာဝန်တွေ ပေးစရာအကြွေးတွေ ပေးရတောက်ပံ့ရမယ် ဆွေးမျိုးအသိုင်းဝန်းတွေ ကူညီသင့်တဲ့လူတွေ ဒီစရင်းတွေဘဲ တိုးတိုးလာတယ်။ ကျမသိတာဆိုလို့ ကန့်သတ်ထားတဲ့ ကျမအလုပ်ကလေးအကြောင်း ကျမ company ရဲ သတင်းတွေ အတင်းတွေလောက်နဲ့ စည်းကမ်းချက်တွေလောက်ဘဲ ကျမသိတယ်။ ကျန်တာ ကျမဘာမှမသိဘူး။ ရုပ်ရှင်ရုံကိုလည်း ကျမမရောက်ဘူး။ ဘယ်ပါတီ ဘယ်ကစားကွင်းမှလည်း ကျမမသွားဘူး။ တဖြည်းဖြည်း ဆုတ်ယုတ်ခြင်းလဏ္ခာပြလာတဲ့ ကိုယ်ခန္တာ္တ္တ္တ္တအစိတ်အပိုင်းတွေ အိုမင်းရင့်ရော်လာတဲ့ ကျမမျက်နှာသာလျှင် ကျမပိုင်ဆိုင်ပါသည်။ လူမှုရေး ဘာသာရေး အသိုင်းအ၀န်း ဆိုတာအလုပ်ချိန် နဲ့တိုက်နေလို့ပါဆိုတဲ့ အင်မတန် ကောင်းမွန်တဲ့ အကြောင်းပြချက်အောက်မှာ ကျမအခွင့်ရေးယူနေခဲ့တာ ကြလှပေါ့။ တကယ်တော့ ကျမပိုင်ဆိုင်တာဆိုလို့ အိပ်ချိန်လောက်ရေ၊ စားချိန်ရေ ၊ အပြေးအလွှားခိုးယူနေရတဲ့ ဈေးဝယ်ချိန်တွေထက်လွဲပြီး အပိုချိန်မရှီခဲ့ပါဘူး။ ရှီသမျှအချိန်အားလုံးလည်း ကျမက အတိုးချပြီး အိပ်နေခဲ့တာများပါတယ်။ နေဓဒူဝ အချိန်ဇယားတွေအောက် ဘ၀ရပ်တန့်နေတာ ကြာလှပြီး လူစင်စစ်ကနေ စက်ရှပ်တစ်ရုပ်ဖြစ်နေခဲ့တာ ကြာလှပေါ့။ အချိန်မှန်နေတဲ့ ပုံမှန်လှုပ်ရှားမှုတွေအောက် ကျမမေ့လျောခဲ့တဲ့ အရာတွေထဲမှာ ရာသီဥတုပါဝင်နေခဲ့သလားဆိုတော့ တကယ်လည်း မဟုတ်ခဲ့ပါဘူး။ ဆောင်းကိုမရောက်ခင်တကည်း ဆောင်းအတွက် ကြိုတင်ပြင်ဆင်မှုတွေ ကျမတို အများကြီး လုပ်ဆောင်ခဲ့ကြပါတယ်။ Autumn winter collection တွေကို နေစဉ်အမျှ ထိတွေ ပြောဆိုနေခဲ့ပေတယ် ။ လိုက်ဖက်ညီတဲ့ အသုံးဆောင်တွေအကြောင်းကို ပြောဆိုခဲ့တယ်။ ဒီရာသီ၏ အရောင်တွေ အဆင်တွေအကြောင်းကို ကျမနူတ်ကနေ လူနားပျင်းကတ်အောင်ကို ရေရွတ်နေခဲ့တယ်။ ဒါပေမယ့် ဒီမျှအေးစက်နေတဲ့ သဘာဝလေကြမ်းတစ်ချက်တောင် ကျမကိုယ်ထဲကို စီးဆင်းခဲ့ခြင်းမရှိခဲ့ပါဘူး။ စိုစွပ်နေတဲ့ နှင်းမှုံ နှင်းစက်တွေ ကို ခံစားခဲ့ခြင်းမရှိခဲ့ပါဘူး။ ဆောင်းမှာပွင့်တဲ့ ပန်းရနံလေးတစ်ရိုက်လောက် ကျမနှာခေါင်းထဲကို တိုးမ၀င်လာခဲ့ပါဘူး။ အာရုံဦးမှာ နွေးထွေးနေတဲ့ ဆောင်းမနက်ခင်းအလှကို ကျမခံစားမို့ မေ့လျော့နေခဲ့တယ်။ အမြဲတမ်းလင်းထိန်နေတဲ့ မီးရောင်တွေအောက် နေ၀င်ဆည်းဆာအလှ ဆောင်ညချမ်းနေ၀င်ချိန်ကို ခံစားဖို့ ပျက်ကွက်တာလား အခွင့်မကြုံခဲတာလား ဒါတွေကို ခံစားဖို့ အသည်းနလုံးတွေ မရှိတော့တာလား ပြန်ဆန်းစစ်ရပေအုံးမယ်။

လူတစ်ယောက်ဟာ အုံမှိုင်းနေတဲ့ ကောင်းကင်ကို မော့ကြည့်ဖို့ သတိထားမိဖို့ အခွင့်အရေးမရှိဖူးဆိုရင် ၊ လူတစ်ယောက်ဟာ လပြည့်လေး တစ်စင်း ကောင်းကင်မှာသာနေတာကို မမြင်မိဘူးဆိုရင်၊ လူတစ်ယောက်ဟာ ပြောင်းလှဲနေတဲ့ ရာသီဥတု သဘာဝပတ်ဝန်းကျင်ကို သတိမထားမိလောက်အောင် ပတ်ဝန်ကျင်နှင့် ကင်းကွာနေခဲ့တယ်ဆိုရင် ၊ လူတစ်ယောက်ဟာ မြုံဆိုင်နေတဲ့ မနက်ခင်လေး တစ်ခုကို မကြုံဆုံလောက်အောင် အသက်ရှင်နေလိမ့်မယ်ဆိုရင်၊ ခိုဖြူခိုနက်ကလေး တစ်ကောင် ၊ လိပ်ပြာလေးတစ်ကောင်၊ ကြာပန်းလေးတစ်ပွင့် ဒါမှမဟဟုတ် ဆောင်လေ တရိုက်ကို မတိတွေနိုင်ဘူးဆိုရင် ဒါဟာ လိမ်ညာမှုလို့ သတ်မှတ်နိုင်ပါတယ်။ ဘာဖြစ်လိုလည်း ဆိုတော့ ဆောင်မှာစီးတဲ့ လေရှည်အညိုရောင် ဖိနပ်၊ အညိုဖျော့ဖျော့ ဂျာကင်တွေရယ်၊ စွပ်တာအပွ ဘေးလွယ်အညိုအိတ်တွေကို ဆောင်ရာသီနှင့် လိုက်ဖက်ညီတာမို့ ကျမ၀တ်ဆင်ထားခဲ့တယ်လေ။


မယ်မဒီ

Wednesday, September 15, 2010

အိမ်ပြန်လမ်း


ဆောင်းသံသေးသေးကြားရတဲ့ ရပ်ဝန်းတစ်ခုဆီက အေးစက်နေတဲ့ နံနက်အာရုံဟာ မှောင်မိုက်ခြင်းအတိသာ ပြည့်နက်နေပါတယ်။ ကျမဖုန်းကိုယူပြီး အချိန်ကို ကြည့်လိုက်တယ်။ မနက်ငါးနာရီ တိတိ နောက်ထပ်ဆယ် မိနစ်ဆိုရင် ကျမတို့ကိုလာခေါ်တဲ့ အငှားကားလာခေါ်တော့မယ်။ ငါအိမ်ပြန်ရတော့မယ်ဆိုတဲ့အသိဟာ အရာရာ ကို လန်းဆန်းတက်ထက်လာစေပါတယ်။ ထင်ထားတာတက် စောစီးတိကျစွာရောက်လာတဲ့ အငှား ကားသမား ကြောင့် အနည်းငယ် ကျမတို အလောသုံးဆယ်တော့ ဖြစ်ကုန်တယ်။ အင်မတန်ဧည့်ဝတ် ကျေပွန်သည့် မိသားစု ကို ကျေးဇူးတင်ပါတယ်ဆိုသည့် စကားသာ ကျမပြောတတ်ခဲ့ပါသည်။

ဂိတ်ပေါင်းများစွာ အဆင့်ဆင့်ကျော်ဖြတ်ပြိး လေယာဉ်ပေါ်ကိုတက်လာခဲ့ရပေမယ့် ကျမခံစားချက်က ဒီနိုင်ငံကို စရောက်တဲ့အချိန်တုံးက ခံစားချက်နှင့်တော့ တော်တော်လေးကွာခြားလို့နေပြန်တယ်။ အိမ်ပြန်တဲ့ ခရီးလမ်းလောက် စိတ်လက်သက်သာတဲ့ ခရီးစဉ်ဆိုတာ ရှိပါအုံမလား ၊ ပင်လယ်ကိုဖြတ်၊ မြို့ပြကို ကျော် ၊ တောလမ်းအတိုင်း ရွာစွန်ဖျားကို ရေသောက်ပြီး ကုန်ကြောင့် ပင် လျှောက်ရစေအုံးတော့ လူသားတွေဟာ ပျော်ပျော်ရွှင်ရွှင် ကိုယ့်အသိုက်အမြုံဆီကို ပြန်ကြမှာပါဘဲ။

လေယာဉ်မယ်တစ်ဦး ကျမကိုလာနိုးတယ် ။ လေယာဉ်ဟာ ပျံတက်တော့မှာဖြစ်တဲ့အတွက် ခါးပတ်လေးတပ်ပါအုံးတဲ့ ။ ဘုရားဘုရား ဘယ်အချိန်ကများကျမအိပ်ပျော်သွားပါလိ့မ်. ။ အိမ်ပြန်တယ်သာ ပြောပါတယ်။ တကယ်တော့ ဒီအိမ်ဟာ ကျမရဲ့ ကိုယ်ပိုင်အိမ်ယာ လည်း မဟုတ်ဘူး ၊ မိသားစုသိုက်သိုက်ဝိုင်းဝိုင်းရှိတဲ့ အရပ်ဒေသလည်း မဟုတ်ရပါဘူး။ ကိုယ်နှင့်သွေးမတော် သားမစပ်၊ ဘာသာ လူမျိုးမတူညီတဲ့ တိုင်းပြည်တစ်ခုသာ ဖြစ်ပါတယ်။ တကယ်ဆိုရင် ကျမဟာ ဒီနိုင်ငံအတွက် ဧည်သည်တစ်ယောက်မျှသာ ဖြစ်ပါတယ်။ နီးရာဆွေးမျိုးတော်စပ်ထားသူ သူတွေရဲ ချစ်ခြင်းအငွေ့သက်ကလေးများဖြင့် ရုန်းကန်ုနေရတဲ့ ဘ၀ပေးနေရာလေးတစ်ခု၏ အိမ်ပြန် လမ်းလေးပါ။

ဒီလိုနဲ့ အဘူဒါဘီလေဆိပ်လေးကို ဆိုက်ရောက်လာခဲ့ပါတယ်။ ကိုယ့်နှင့်သိကျွမ်းသူ တစ်စုံတစ်ယောက်မှ မရှိတဲ့အရပ်ပတ်ဝန်းကျင်၊ လာကြိုမယ်သူ တစ်စုံတစ်ဦးလေးမှ မရှိတဲ့အရပ်ကို ကျမနွေးထွေးစွာ ကြည့်လိုက်တယ် ။ လေဆိပ်အပြင်ကိုရောက်လာ အငှားကားပေါ်ကို ကျမလေးလေးပင်ပင်ထိုင်ပစ်လိုက်တော့ တယ်။ ကားဘီးကလေးများ စလှိမ့်ပြီးဆိုတာနှင့် ကျမသည် စိတ်တုံးတုံးချကာ လမ်းလေးအတိုင်း ကားလေး ခေါ်ဆောင်ရာကို အပူပင်မဲ့စွာ လိုက်ပါလာခဲ့တော့သည်။ တဖြည်းဖြည် အချိန်မြင့်လာတဲ့ကားလေးသည် ခြောက်သွေ့နေသော ပတ်ဝန်းကျင်မှာ ပြေးလွားနေသည်။ အမြန်နှုန်းအတိုင်း ဘေးပတ်ဝန်းကျင်ကို ကျမမျက်လုံးများက အဆက်မပြတ်လိုက်ကြည့်မိတယ်။ မွဲခြောက် ခြောက် သစ်ပင်များ ဘေးတစ်ဖက်တစ်ချက်ဝှဲယာမှာ အစီအရီးတန်းစီးစိုက်ပျိုး ထားသည်။ ထိုအပင် လေးများ သည် သဘာဝကိုဖီဆန်ကာ ရှင်သန်လျှက်ရှိကြတယ်။သဲဖှုန်များ နှင့် အပင်စိမ်းစိမ်းများကြား အဝေး လမ်းမ လေးသည် ထိတ်ဆိတ်ခြောက်သွေ့မူတို့ ထုံးစံအတိုင်း တည်ရှိလျှက်။ ၀ါကျင်ကျင် ဓါတ်တိုင်း အလင်းရောင် များက အရှိန်အ၀ါကောင်းစွာ လင်းထိန်နေတယ်။ ကားမှန်တံခါးလေးကို ကျမအနည်းငယ်ချ လိုက်တော့ ပြေးဝင်လာတဲ့အပိုင်လှိုင်းက ကားပြေးနှန်းစက်တိုင်းကျမမျက်နှာကို လာရောက်တိတွေ နှုတ် ဆက်ကြတယ်။ ကျမလည်ချောင်းထဲမှတဆင့် ကျမ ခန္ဒာကိုယ်တစ်ခုလုံကို ပူလောင်ခြောက်သွေ့လို့ သွား စေ ပါတယ်။ စက်တင်ဘာလ အဘူဒါဘီ၏ နောက်ဆုံးနွေ အပူချိန်သည် ၄၃ ဒီဂရီကို ပြနေတုံးပါလား။

စဉ်းကပ်လာတဲ့ ချွေးစက်တွေ ပူလောင်ခြေက်သွေ့နေတဲ့မြင်ကွင်းတွေ အောက် ဖြောင့်စင်းလှဲလျောင်းနေတဲ့ အဝေးပြေးလမ်းမကြီး ပေါ်ရောက်တဲ့ ကျမက နွေးထွေးမှုကို ခံစားရပါတယ်။ လမ်းတစ်ဖက်တစ်ချက်ကို အပြည့် ဆက်ထားသည့် ကြော်ငြာဆိုင်းဘုတ်ကြီး တွေက ကျမခေါင်ပေါ်ကနေရွှေ့ပြီး အနောက်ဘက်ကို ပြေးထွက် သွားကြသည်ဟု ထင်ရသည်။ ကိုယ်မြင်နေကျ နားမလည်းတဲ့ အာရပ်စာလုံးတွေက ကျမကို နှုတ်ဆက် လေသလား။ လမ်းဖြတ်တံထားစင်းပေါင်းများစွာအောက် ကျမဖြတ်ကျော်လာ ခဲ့စဉ် တော့ ကိုယ့်အရပ် ဒေသကို ရောက်ြ့ပီး ဟု ခံစားမိတော့သည်။ ကောင်းကင်မှာ မှိတ်တုတ် မှိတ်တုတ် သွားလာနေကြတဲ့ လေယာဉ်ပျံတစ်စင်နှစ်စင်း ကို အကြောင်းမဲ့စွာ လိုက်ငှေးမိသေးတယ်။ လမရှိတဲ့ ကောင်းကင်ကြိးနှင့် အမှောင်တရား ကင်းသော ဒီမြို့ပြကြီးက ကျမအတွက် အကျည်းတန်းခြင်း မရှိပါဘူး။ မြေကြီးပေါ်မှာ ဇွန်ပလောင်ပင်များ စွာ နေရာတိုင်းမှာ မြင် တွေ့နေရတယ် ။ ရော်မှည့်နေသည့် ဇွန်ပလောင် သီးများမြေကြီးပေါ်မှာ ကျဲပြန့်နေမယ် ဆိုတာ ကျမ အတွေးဖြင့် ဖြည့်ပြီးမြင်ယောင်မိပါသည်။ စိမ်းဝါ၀ါအရွက်စိတ်စိတ် ပင်စည်ဖားဖားအပင်များ ဘေးတစ်ဖက် တစ် ချက်စီက အုံအုံဆိုင်းဆိုင်းများပေါ် မီးအ၀ါရောင်များ လင်းဖြားကျနေသည်က တစ်မျိုးတစ်စုံ လှနေပြန်တယ်။ နရာတစ်ချို့မှာ ကန္တာရဆန်သော မြေကွက်လပ်များ နှင့် ခြုံနွယ်ပုပုလေး များ ကို ကွက်ကြား ကွက်ကြား ၀ိုတိုးဝါးတား အလင်းရောင်အောက်၌ ကျမတွေ့တော့ အလွမ်းပြေသွားတာလား ပိုလွမ်းလာတာလား တော့မသိပါဘူ။ပျော်ရွင်လာသည့်ကတော့ အမှန်ပါဘဲ။ မြင်သမျှ အရာအားလုံးကို ကျမလိုက်ကြည့်နေမိတော့သည်။ မြင်နေကျ မြင်ဖူးသမျှတွေထဲ လမ်းဘေးက ဓါတ်ဆီဆိုင်လှလှလေးတွေကိုလည် အမှတ်တရ ပြန်ကြည့်မိပြန်တယ်။ ဒီက ဆိုင်တွေက ပိုလှနေတယ်လိုလည်း မှတ်ချချမိတယ်။ အချွန်အတက် မပါဘဲ ခေါင်မိုးပြားပြားလေးထောင့်ကျကျ တိုက်ပုလေးတွေကို လူနေအိမ်ရပ်ကွက်ကို ရောက်လာတော့ တွေရပြန်တယ်။ ဒီအိမ်လေးတွေဟာ တစ်ကယ်တော့ဒီနိုင်ငံ၏ ထူးခြားတဲ့ အသွင်လက္ခဏတစ်ရပ်ပါဘဲ မိုးမရွာတဲ့ တိုင်းပြည့်မို ခေါင်းမိုးပြားပြား အိမ်တွေ ဆောက်ကြတာလို့ ကျမတွေးခဲ့ဖူးတယ်။ ဒီလိုနဲ့တဖြည်းဖြည်း တစစ ကျမစီးလာတဲ့ကားလေးဟာ မြို့ရိပ်မြို့ပြ ဆန်တဲ့ အသွင်သဏ္ဍန် တွေ တစတစနှင့် ကျမမျက်လုံးထဲကို ထိုးဝင်လာပါတယ်။ ပိုပြီးမောပန်းနွမ်းနယ်လာသလို ပိုပြီးလေးလံ ထိုင်းမှိုင်း လိုလာပါတယ်။ ကိုယ်နေထိုင်တဲ့ နိုင်ငံ၏အငွေ့အသက် ကလေးတွေကို ရူရိုက်လို့ အားရတော့မှ ကားမှန်လေးကို ကျမပိတ်လိုက်တယ်။ နာရီပိုင်းအတွင် ပြောင်းလှဲသွားတဲ့ ပတ်ဝန်းကျင် အပူချိန် ပြောင်းလှဲမှု မြန်ဆန်နေခြင်းကလည်း ကျမကို ပိုမိုပင်ပန်းစေပါတယ်။

ကားတံးခါးလေးကို အလုံပိတ်လိုက်တော့ မှ လေးအေးပေးစက်ကပေးတဲ့ အအေးဓါတ်လှိုင်းလေးကအေးမြလိုလာပါတယ် ။ ဒါဟာ အဘူဒါဘီဘဲလေ ၊ ဒါဟာ ယူအေအီးနိုင်ငံရဲ သင်္ကေတတစ်ခုပါဘဲ ။ ရေမြေသဘာဝအရင်းအမြစ်ဆင်းရဲနွမ်းပါးရခြင်းအတွက် မျက်နှာမွဲ ရေနည်းငါး ဖြစ်မနေသည့် အင်အားများဖြင့် သဘာဝဖီဆန်အားခံနေတာ ဒီနိုင်၏ စတိုင်ပဲလေ။ ရေပန်းများ၊ ပန်းခြင်းများ၊ မြက်ခင်းများ၊ စိမ်းစိုလှပနေသော ဥယျာဉ်များ၊ သဲမှုန်သဲမွှားကို ထိုးထွက်ပြီး ပြင်းထန်လှသော အပူချိန်အောက်မှာ မိုးထိထိုးထွက်နေသော မှန်အပြည့်ကပ် တိုက်မြင့်များသည် ကမ္ဘာမြို့သစ်များ၏ ခန့်ညားလှပမှုများ ဖြင့် ပြည့်နှက်လို့နေပါသည်။မီးရောင်းများ၊ ဆိုင်းဘုဒ်များ၊ ပြည့်ကျပ်နေသည့် ကားများ ၊ ပြည့်လုမတတ်ဖြစ်နေတု ဆိုင်ခန်းများနှင့် ဈေးဝယ်များ မြင်သမျှသည့် သစ်လွင်လင်းလလို့နေပါသည်။ ဒီမြေရေအောက်မှာ နေထိုင်ရခြင်း၏ အကျိုးကျေးဇူးတစ်ခုဆိုရလေမလား တော့ မပြောတတ်ပေမယ့် မဖြစ်နိင်တာ ဘာတစ်ခုမှ မရှိဘူးလို ကျမတသက်မှတ် ယူဆတတ်နေတာ ကြာပါပြီး။ ဒီလောက၌ လူတို၏ ဦးနောက်သည် အလွန်တရာ အံ့သြဂုဏ်ယူဖွယ်ရား ကောင်းပါသလားဆိုတဲ့ လူသားတို့၏ ဂုဏ်ကိုမြင့်တင် ပေးနေသော အရာများစွာ တည်ရှိ နေပါသည်။ ထိုအရာသည် လူတို၏ ဖန်တီးခြင်း အနှပညာ အတတ်ပညာဖြင့် မော်ကြွနေစေရန် တည်ဆောက် ထားပါသည်။ ထိုအရာများအောက် ကျမမိန်းမောနေခဲ့သည့် မှာ နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီးကော့။

ကျမ၏ မဖွံဖြိုးသေးသော ဦးနောက်များ ကျားကုတ်ကျားကန် လှုပ်ရှားလာအောင် ဒီနိုင်ငံက သင်ပေးခဲ့ပါသည်။ ကျမ၏ အင်အားတွေ ၊ လန်ဆန်းတက်ကြွမှုတွေ၊ မျှော်လင့်ချက်တွေ ၊ ရှိသမျှ အချိန်တွေအားလုံးကို သိမ်းကျူး ပေးဆပ်လိုက်တဲ့ ဒီနေရာ၊ မာန်မာနတိုထောင်လွှားရိုင်းစိုင်းလာအောင် သင်ကြားပေးသောနေရာ၊ လူတစ် ယောက် ကို လူဘ၀လူအခွင့်အရေး လူမှန်နေရာမှန်မှာ လူတစ်ယောက်အဖြစ်ရပ်တည်ဖို့ သင်ကြားပေးတဲ့နေရာ ၊ ဘ၀ဆိုတာ ပိုပြီးလေးနက်ခက်ခဲ့ပါလားဆိုတာ လက်တွေပြသသင်ကြားပေးတဲ့နေရာ၊ ချွေးတီးချွေးစက်များဖြင့် စိတ် ခါးခါးသီးသီး နာကျင်ခံစာဖူးသောနေရာ၊ မျက်ရည်များစွာ ကြွေကျဖူးသောနေရာ၊ အချိန်တစ်မိနစ် တစက္ကန့်၏ အရေးပါမှုကို သင်ကြားပေးသော နေရာ၊ လူမျိုးခြားများစွာနှင့် နေစဉ်ဆက်ဆံခွင့်ပေးသော နေရာ မောပန်းမှုဖြင့် ပျော်ရွင်စွာ သွားလားလည်ပတ်ဖူးသောနေရာ၊ ထိုနေရာလေးကို ကျမပြန်ရောက်ပြီးလေ။ အမုန်းများစွာ ဖြင့် အမြဲတမ်းထွက်ခွာသွားဖို တာစူးနေတဲ့ နေရာလေးကို လွမ်းဆွတ်တမ်းတစွာ ပျော်ရွှင် ကျေနပ် စွာ ပြန်ရောက်လာခဲ့ပြီ။ ဘယ်သောအခါမှ အကောင်းမမြင်မိခဲ့သော နေရာလေးက ကျမကို လှစ်လျူရူလျှက် ပူမြဲပူနေ စည်ကားမြဲ စည်းကားလျှက်ပါဘဲ။ ကျေးဇူးတရားမကင်းသော အရာများထဲ ဤမြို့ပြနေရာလေးသည် ကျမဘ၀၏ ထောင့်ချိုးကွေ့လေး တစ်ခု အဖြစ် အဓိကနေရာမှ ပါဝင်နေပါသေးတယ်...

အဘူဒါဘီမှကြိုဆိုပါတယ် ဆိုတဲ့စာသားလေးကို ပြတ်သားကောင်းမွန်စွာ ကျမပြန်မြင်ယောင်မိတယ်။ဘာပဲဖြစ်ဖြစ်လေ ငါဟာ ဒီနိုင်ငံထဲကိုတော့ တံခါ်းမရှိ ဓါးမရှိ ၀င်ချင်သလို ၀င်ခွင့် ရှိနေသူတစ်ယောက် ဖြစ်သေးတယ်ဆိုတာလေးက ကျေနပ်စရာလေးပါလေဟု အတွေးမဆုံးပါဘူး အငှားကားလေး ပါကင်ထိုးရပ်ပါတော့တယ်။ ဒီမျှလေးလုံသော သေတ္တာကြီးကို ဆွဲပြီး နောက်ထပ်အထပ်ပေါင်းများစွာကို ကျမတစ်ယောက်တည်း တက်ရပါအုံးမယ်.. ဘ၀ဆိုတာ ဒိလိုပါဘဲ မမြင်ရတဲ့ဝန်ထုပ်ကြီးတွေကို ဆွဲပြီး တက်နေကြရတာပါပဲလေ.. အခန်းသော့လေးကို ကျမသေချာအောင် ပြန်စမ်းပြီးထုတ်ယူလိုက်တယ် ။ ခရီးအဆုံးသော့တွဲလေးမမေ့ခဲ့သာ အရေးအကြီးပါတယ်.... သိပ်မကြာအချိန်လေးအတွင်းမှာ ကျမကိုယ်ခန္ဒာသည် ဒီနိုင်ငံအပူချိန်နှင့် အကျွမ်းတ၀င် တသားတည်း ကျသွားပါလိမ့်မယ့်....

မယ်မဒီ
၁၅.၉.၂၀၁၀

Tuesday, September 14, 2010

ခရီးစဉ် (၃)

အေးစက်တဲ့ပတ်ဝန်းကျင်အငွေ့သက်ကို ရူသွင်းလိုက်တဲ့လေထုထဲကနေ ကျမခံစားမိတယ်။ ငါဟာ သူများပိုင်နက် သူများတိုင်ပြည်ကို ရောက်နေပါလားဆိုတဲ့ အားငယ်စိတ်ကလေးတော့ ၀င်သား။ ကိုယ်ပြည်ပြန်တဲ ခံစားချက်က တက်ကြွနေလိမ့်မယ်ထင်ပါတယ်။ သူစိမ်းဆန်တဲ့ နေရာတိုင်းလိုလို မှာ ကြော်ငြာဆိုင်းဘုတ်တွေ၊ များလိုက်တဲ့ ဂိတ်တွေ ၊လမ်းတွေကြားမှာ ကျမမျက်စီကို ပြူး နေအောင် ထားမှ ကိုယ့်သွားရမယ့် လမ်းကို တည့်တည့်တန်းတန်း ရောက်မယ်။ ကိုယ်တိုင်ပြည်လို စေတနာ ရေစီး ကမ်းပြို နေတဲ့ မိတ်ဆွေတွေကလည်း ခရီးသွားဟန်လွဲ တွေရခဲ့တာကို.. တစ်ယောက် ကို တစ်ယောက် အဖက် လုပ်ပြီး စကားပြောရမှာကိုတောင် ဒီကလူတွေ ကြောက်တတ်ကြပါတယ်။ ကိုယ်လည်း မကြိုက် သလို့ သူတို့လည်း မကြိုက်ကြပါတတ်ပါဘူး။ ဒါပေမယ့် customar service ကောင်တာတွေက လမ်းဆုံတိုင်းမှာ ရှိနေတာမို့ အားလုံးအဆင်ပြေလွယ်ကူပါတယ်။ ကိုယ်လို့မသိတဲ့လူတွေအတွက် ဘာမဆိုမေးစမ်းဖို အကူညီ တောင်းဖို့ သီးသန့်ကို စောင့်ဆိုင်နေတဲ့ လူတွေကတော့ ယဉ်ကျေးပျူငှာစွာ ကူညီကြပါတယ်။ ဒါကသူတို့ရဲ အလုပ်ကို ။
ကျမလက်ခံယုံကြည့်တဲ့ ဆောင်ပုဒ်တစ်ခုရှိတယ် ။ လူဆိုတာ လူပါဘဲလို မြင်ထားဖို့ပါဘဲ။ လူတိုင်းကို လူလိုဆက်ဆံမယ်ဆိုရင် အဲဒီလူကလည်း လူလိုပဲ တုန့်ပြန်မယ်လို့ လက်ခံထားပါတယ် ။ ဒီတော့ ကျမက လူတွေနေတဲ့တိုင်းပြည်တစ်ခုကို ခရီးသွားခြင်းအတွက် ဘာများခက်ခဲ့မှာလည်းရှင်။ ဖြူ၏ မဲ၏ ရှည်၏ လှ၏ ချမ်းသာ၏ ဆင်းရဲ၏ မတူညီကတာက အမှန်တရားကို ။ ကျမလုပ်နိုင်တာဆိုလို့ ဘယ်လိုလူတွေနှင့် ပေါင်းသင်းဆက်ဆံရမလည်းဆိုတာကို သင်ကြားဖို့၊ ဘယ်လိုလူတွေနှင့် ရောနှောနေထိုင်ရမလည်းဆိုတာ လေ့လာဖိုပါပဲ ။ ဒီထက်ကျမပိုပြီး ဘာမှတတ်နိုင်မယ်မထင်ပါဘူး။
စိမ်းနေတဲ့မျက်နှာစိမ်းတွေကြား ကိုယ်ကိုလာကြိုမယ် အရောင်းသွေးတူ ကိုယ်လူမျိုးတစ်ဦး ရှိနေပါတယ်ဆိုတဲ့ စိတ်ခံစားချက်ဟာ အင်မတင်အင်အားကြီးမားပါတယ်။ ယုံကြည့်မှုတွေ အပြည့်ပေါ့ ။ ကျမလေဆိပ်ထဲက နေ ထွက်လာတယ်။တည့်တည့်မတ်မတ် ဆီးကြိုနေတဲ့ ကျမအစ်ကြီးက လာကြိုနေပါတယ် ။ရှာရတာ လွယ်သား ဘဲတဲ့ ။ ဟုတ်တာပေါ့ ကိုယ့်ရေကိုယ်မြေပေါ်က အသွေးသား တစ်ယောက် ကို ဘယ်သူကများ မမှတ်မိ မခွဲခြား တတ်ဘူးဆိုတာ မရှိပါဘူးလေ။



ရထားပေါ်ကိုရောက်တော့ ဘေးပတ်ဝန်းကျင်ကို သတိထားမိတယ်။ မတူညီတဲ့အရာတွေအားလုံးကို မိန်းမပီသစွာ အလိုအလျောက် လိုက်လံမှတ်သားတော့တာပါဘဲ။
အနောက်ဥရောပဆိုတာ ဘယ်လိုများလည်း လို့ တစ်ယောက်ယောက်မေးရင် ကျမတော့ ဖြေချင်တယ်။ အရှေတိုင်းနှင့် ၀တ်ပုံစားပုံ အသားအရောင်မတူတဲ့ တိုင်းပြည်ကို ခေါ်တာလို့ဘဲ ဖြေချင်တယ်။

တူတာကော့ဘာများရှိသလည်းလို့ ထပ်မေးရင်တော့ ပတ်ဝန်းကျင်တစ်ခုလုံးစိမ်းစိုနေတာချင်တော့ အတူတူဘဲပေါ့။ မြက်ရိုင်းတွေကို ကျမမြင်နေရတယ်။ မြက်ရိုင်းတွေဘေးမှာ ရေမြောင်းသေးသေးလေး တွေရှိတယ်။ အဲဒီရေမြောင်ဘေးမှာ ခြုံပုတ်ဆန်းတဲ့ အပင်တွေ၇ှိတယ်။ ကြိးမားတဲ့ သစ်ပင်တွေ ပေါ်မှာ နွယ်ဆန်ဆန် သစ်ပင်တွေက ရစ်ပြီးတက်နေတယ်။ မြေသင်းရနံ့ရတယ်။ ကျေးငှက်အသံတွေကိုကြားရတယ်။ လယ်ကွင်းတွေအများကြီးရှီတယ်။ နွားစားကျက်တွေ လည်း ရှိတယ်။ ရထားလမ်းတွေနှင့် ဓါတ်ကြိုးမီးတိုင်းတွေ လမ်းဘေးမှာ ရှိတာချင်းတော့အားလုံးအတူတူပါဘဲပေါ့။ မိုးဖွဲဖွဲလေးရွာနေတာက အမွှာလို့တောင် ပြောလို့ရတယ်။ မိုးမရွာတဲ့ တိုင်းပြည်မှာလည်း ကျမနေဖူးတာကို....
အိုဟောင်းနွမ်းတဲ့ အဆောက်အုံပေါင်းမြောက်မြားစွာ ၇ှိတာချင်လည်း တူညီလိုနေပြန်ပါသေး တယ်။ ဒါတင်ဘယ်ကမလည်း ရန်ကုန်မြို့တော်ဟာ အင်္ဂလိပ်အစိုးရ ပုံစံချက်မှတ်ပြီး ဆောက်လုပ်ခဲ့ တဲ့မြို့တော် ဆိုတော့ ဟောင်းနွမ်းနေတဲ့ နှစ်ပေါင်းနှစ်ရာသုံးရာက မြို့ဟောင်းပုံစံချင်တော့ အသွေးအသားတူတူပါဘဲ။ ဆယ်ငါးပေ ပေနှစ်ဆယ် တိုက်ခန်းဟောင်းဟောင်းတွေ ဆေးရောင်လင်ထိန်းတောက်ပနေတာနှင့် ပိုပြီးခနှော်ခနှဲ ဖြစ်နေတာလေးလောက်သာ နည်းနည်းကွဲပြားနေတာပါ။

ကျမတည်းခိုခဲ့ရပတ်ဝန်းကျင်နှင့်မလှမ်းမကမ်းဟာဆိုရင် တက္ကသိုလ်ရိပ်သားလမ်းဟောင်းဘက်တို့၊ ရွေတောင်ကုန်းရိပ်သာဘက် နှင့် တော်တော်လေးကိုဆင်ပါတယ်။ အိမ်တော်များများပိုပြီးဟောင်းနွမ်းကာ ဘိုလ်ဆန်းနေတာလေးတစ်ခုသာ ကွာခြားပါတယ်။ ရန်ကုန်မြို့တော်မှာတော့ တိုက်သစ်တွေ နေရာတစ်ဖြည်းဖြည်း ယူလာပါပြီး...

တမြို့လုံးတိုက်ဟောင်းတွေနှင့် ပြည့်နက်နေတဲ့ မြို့ကြီးကို သူတို့လူမျိုးက အင်မတန်းတန်ဖိုးထားဂုဏ်ယူပါတယ်။ ဘယ်ခေတ်မှာ ဘယ်လိုဆောက်ခဲ့တာ။ ဘယ်မင်းသားလက်ထက် ဘာကြောင့်ဆောက်တာ ၊ဘယ်သူတွေက အခုချိန်မှာပိုင်ဆိုင်တယ်၊ ဘယ်မိသားစုက နေထိုင်နေပါတယ်ဆိုတာကို ကျမတို့ သဘောင်္စီးတုံးက အချိန်နှင့် နေရာကို ကွတိကိုက်ပြီး အသံလွင့်ပါတယ်။ ကျမက ဘယ်တုံးကမှ အဟောင်းအဆွေးတွေပေါ်မှာ တွယ်ဖက်ထားတဲ့ စိတ်အစွဲလှမ်းမရှိသူ ဖြစ်နေလေတော့ ဖျက်ပြီးတိုက်အသစ်ကြီး ဆောက်လိုက်ရင် သိပ်ကောင်းမှဘဲလိုသာ တွေးမိပါတယ်။

သမိုင်းဆိုတာ လက်ခံသူနှင့် ဆက်ခံသူတွေပေါ်မှာ ပြောင်းလှဲသွားတာဘဲမလား။ အင်အားကြီးသူတွေဟာ သူတိုသမိုင်းကို အမြဲပြောင်းရေးနေတာ ခေတ်အဆက်ဆက်မှာပဲလေ ။ အမှန်တရားတွေဟာ အင်အားကြီးသူတွေ ပြောင်းရေးတဲ့ အောက်မှာ အမြဲကွယ်ပျောက်သွားရတာဘဲမလား။ ဒီတော့ ဆက်ခံသူက သူတို့သမိုင်းကို သူတိုဆက်ရေးမြဲ ဆက်ရေးနေသင့်တယ်။ ထိန်းသိမ်းရုံ သာ ဆိုရင် တစ်နေမှာ အဲဒိအမွေအနှစ်တွေဟာ အိုဟောင်းဆွေးမြေ့ပျောက်ကွယ်သွားလိမ့်မယ်။ ခေတ်အဆက်ဆက် လူမျိုးပေါင်းများစွာ နိုင်ငံပေါင်းများစွာ ပျောက်ကွယ်တိမ်မြုပ်သွားရးခြင်း၏ အဓိက တရားခံဟာ ရှေ့အယူအစွဲ ကြီးလွန်းမှု၊ တင်းမာတဲ့ မိရိုးဖလာ စည်းကမ်းချက်တွေကြောင့် သူတို့တိမ်ကော့ ပျောက်ကွယ်သွားရတာ ဖြစ်ပါတယ်။

ဒီနိုင်ငံဟာ တူးမြောင်းမြို့တော် ဖြစ်ပါတယ်။ ဒီနေအထိ ထိန်းသိမ်းထားတဲ့ အမွေအနှစ်များစွာထဲက ကမ္ဘာနှင့်ချီပြီး စာဖွဲရလောက်အောင် တစ်မြို့လုံးကို စနစ်တကျ ဖောက်လုပ်ထားတဲ့ တူးမြောင်းတွေကြောင့် ဒီနိုင်ငံဟာ ကမ္ဘာကျော်ပါတယ်။ ရောက်လေရာအရပ် ကားလမ်းဘေးမှာ တူးမြောင်းတွေ တည်ရှိနေပါတယ်။ ကားမပိုင်ချင်ရင်သာနေမယ် လှေလေးတစ်စီးတော့ ပိုင်ချင်တယ်ဆိုတဲ့လူမျိုးတွေ ဖြစ်ပါတယ်။ ပင်လယ်ရေမျက်နှာပြင်အောက် ၂ မိတာခန့်မျှ အောက်ရောက်နေတဲ့ အရပ်ဒေသကိုပိုင်ဆိုင်ရတဲ့ ဒီလူမျိုးတွေဟာ သူတိုပိုင်ဆိုင်တဲ့အရပ်ဒေသကို ရေဖုံးလွမ်းမှုအောက်ကနေကာကွယ်ဖို့ရန်အတွက် တူးမြောင်းများစွာကို တူးခဲ့ကြပါတယ်။ သမိုင်းဝင်လောက်အောင် တစ်နိုင်ငံလုံးဟာ တူးမြောင်းများစွာဖြင့် စိမ်းစိုလန်းဆန်းနေပါတယ်။ မြစ်ချောင်းအင်းအိုင်ပေါများတဲ့ ဘ၀ပေးလှတဲ့ မြန်မာလူမျိုးတွေ ရေ နှစ်တခါ ငတ်တလှည့် ကြုံနေရတာကို တွေးမိပါသေးတယ်။ တန်းဖိုးထားတာချင် မတူတာလား။ အမြင်အသိမတူတာလားတော့ ကျမမသိဘူး ချောင်းဆိုတာ ခွေးသေကောင် ပုတ်တွေမျောနေပြီး အိမ်ကအမှိုက်တွေကို သွားပစ်တဲ့နေရာလို့ ယူဆထားကြတာကို။ ချောင်းနားရောက်ရင် နှာခေါင်းလေးပိတ်ပြီး ဖြတ်မယ်။ အမှိုက်ကို လှစ်တာပစ်ပြီးပြေးခဲ့ ကိုယ့်အဖြစ်ကိုလည်း ကိုယ်ပြန်မြင်ယောင်မိပါသေးတယ်။ စိမ်းနေမြက်ခင်းဘေးမှာ ရေညစ်စိမ်စိမ်းတွေ ငြိမ်ငြိမ်သက်သက် ရှိနေမယ်။ တခါတလေတော့ စက်တပ်လှေတွေ ဖြတ်မောင်းသွားမယ်။ ရေဘဲတွေ ဗျိုင်းတွေ လာနားမယ်၊ အဖြူရောင် ဘဲငန်းကြီးတွေ သွားလာနေမယ် ။ စာသောက်ဆိုင်တစ်ချို့ ရှိချင်ရှိမယ်။ ဒါကိုအနောက်ဥရောပလို့ခေါ်ရမှာပေါ့ရှင်။
ထူးဆန်းတာတစ်ခုတော့ရှီတယ်။ အင်းလေးရေကန်ကို ခြေမချဘူးပေမယ့် အင်းလေးအကြောင်းကိုတော့ မြန်မာလူမျိုးအတော်များက သိကြပါတယ်။ ထူးခြားတဲ့ အသွင်စရိုက်တွေဖြင့် အင်းလေးဟာ နေချင်ဖွယ် ကောင်းတယ်။ အင်းသူအင်းသားတွေဟာ ရိုးသားတယ်ဆိုပေမယ့် ဘယ်မြန်မာလူမျိုးကမှ အင်းလေးထဲမှာ တစ်ကူးတက အိမ်ဝယ်ပြီးအနားသွားယူတယ်ဆိုတာမကြားမိခဲ့ပါဘူး ။ ဒါပေမယ် ဒီတူးမြောင်းမလောက်လေးမလောက်စား ပေတရာသာသာဘေးတစ်ချက်ဘေးမှာတော့ ဆိုက်ကပ်နေတဲ့ လှေအိမ်တွေ အများကြီးကိုတွေ့ခဲ့ရတယ်။ တစ်ချိုအိမ်တွေက ပြတိုက်ဆန်းတယ် အနားယူရုံ စာကြည့်တိုက်သဘော ၊ နားနေခန်းလိုမျိုးဆောက်ထားတယ်။ တချို့ကတော့ လုံးဝအိမ်မရှိဘဲရေပေါ်မှာဘဲ လှေနှင့်နေကြတယ်။ အစိုးရဆီမှာ အခွန်မဆောင်ထားတဲ့ လိုင်စင်မဲ့အိမ်တွေမှာတော့လျှပ်စစ်နှင်gass မရှိဘူးလို့ ဆိုပါတယ်။ ခရီးပန်း ဆာလောင်နေတဲ့ ကျမနှခေါင်းထဲကို တိုးဝင်လာတဲ့ အကင်ရနံ့လေးကို ကျမ မမေ့နိုင်ခဲ့ပါ။ အေးချမ်းတယ်ဘဲ ဆိုရမလားရှင် ။ လောဘနည်းတာဘဲလား၊ ချမ်းသာဒါဘဲလား ကျမအသိညဏ်လိုက်မမှီတဲ့အရာတွေ ရှိတဲ့ နေရာကို ဥရောပလိုသာ ဆိုလိုက်စမ်းပါရစေ။

မယ်မဒီ
၁၃.၉.၂၀၁၀

Friday, September 10, 2010

ခရီးစဉ် ( ၂ )

မိမိကိုယ်ကို ဂုဏ်ယူကျေနပ်စွာ အများသူငှာကဲ့သို ခရီးသွားဟန်လွဲ လူတစ်ဦးဖြစ်ချင်တဲ့ကျမလေ အနီရောင် passport ကို တင်းတင်းကျပ်ကျပ်ကိုင်ဆိုင်ပြီး ဂိတ်အ၀င်ဝကို ရောက်ရှိလာပါတယ်။ စက္ကန့်ပိုင်းမျှသာ တံဆိပ်တုံးထုရန် ကြာမြင့်သည် ဤဂိတ်မှူးသည် ကျမစာအုပ်ကိုတော့ မျက်နှာဖုံးမှကျောဘတ်အတိ သေသေချာချာကြည့်ပါသည်။ ကျမဟာ ဘယ်ကလာသလည်း ဘာကြောင့် ရောက်လာသလည်း ဘာလာလုပ်သလည်း ဘယ်နိုင်ငံကလည်းဆိုသည့် မေးခွန်းတွေကို ကျမကို မေးပါတော့တယ်။ ကျမစိတ်တွေ အထွဋ်ထိပ်ကိုရောက်ရှိလာပါတော့မယ်။ သူ့အပူပါလားပေါ့ ငါဘာသာငါ လာချင်လိုလာတာ ပိုက်ဆံတတ်နိုင်လိုလာတာ၊ ဘီဇာရလာလိုလာတာဘဲ ဆိုတဲ့ စိတ်ရိုင်းတွေက ပူးကပ်လာပါတော့တယ်။ ကျမစာအုပ်ထဲက ဘီဇာတံဆိပ်ကို အသေချာချာကြည့်နေပုံက အသည်းယားလိုက်တာနော်။ အင်မတန်စိတ်ပျက်တဲ့ မျက်နှာမျိုးမဖြစ်မိအောင် ကျမအဝေးကိုငြေးကြည့်နေလိုက်တယ်။ သိပ်ထူးဆန်းတဲ့စကားတစ်ခွန်းကိုမေးပါတယ်။ ငွေဘယ်လောက်ပါလည်းတဲ့ cash or credit လားတဲ့ ဘုရားကိုတမိရုံဘဲပေါ့ရှင်။ ငါဆီမှာ လောက်ငှတဲ့ ငွေကြေးအတိုင်းတာ ပါလာပါတယ် ဒီခွင့်ရက်ကလေးကို အလည်သက်သက် ရောက်လာတာပါလို့ ဖြေပါသော်လည်း ဤဂိတ်မှူးသည် တုံးထုရန်လက်တွန့်နေပါသေးတယ်။ သူထက်ပိုပြီး ရာထူးမြင့်သူတစ်ဦးကို လှမ်းခေါ်ပါသည်။ ထိုသူသည် ကျမအား သီးသန်နေရာသို့ ခေါ်ဆောင်သွားပါသည်။ ပြီးလျှင်ကျမဆီက လေယာဉ်လက်မှတ်အပြန်အတွက် ၀ယ်ထားပြီးသလားဆိုတာမေးပါတယ်။ ကျမက ကျမဆီမှာ ပါလာတဲ့ စာရွတ်စာတမ်းတွေကို အေးအေးဆဲဆဲထုပ်ပေးလိုက်ပါတယ်။ ဖတ်ပေါ့ နင်မှာအဲလောက်အလုပ်တွေ အားနေမှတော့ ဒီစာရွတ်တွေကို နင်ဖတ်ဖို သင့်တယ်လို့ ကျမတွေးလိုက်တယ်။ သူလိုချင်တာရော မလိုချင်တာရောအားလုံးပေးလိုက်တယ်။ ကျမ ဟိုတယ်ဘိုကင်တင်ထားတာတွေ လေယာဉ်ခရီးစဉ် အသွားအပြန်ကို ငွေချေးပြီးသားစာရွတ်တွေရေ၊ ကျမအအလုပ်ကနေထောက်ခံပေးထားတဲ့ ခွင့်စာရွတ်တွေကိုမြင်တော့ ဘာပြသာနာမှမရှိပါဘူးတဲ့ မင်းအဲဒီနိုင်ငံလက်ရှိအလုပ်လုပ်နေသူတစ်ယောက်ဘဲဆိုပြီး ကျမကို လိုလိုလားလား တုံးထုပေးလိုက်ပါတယ်။ ဘုရားဘုရား ကျမဆီမှာ ဒူဘိုင်းနိုင်ငံကပေးထားတဲ့ ဘီဇာဟာ နောက်ထပ် နှစ်နှစ်ကျော်သာ ကျန်မနေဘူးဆိုရင် ကျမဒီနိုင်ငံကို ၀င်ခွင့်ပေးချင်မှ ပေးမယ်ထင်တယ်။ ရွှေမြန်မာရေ ကျမတော့ စာအုပ်အစိမ်းရောင် ကိုင်ချင်တယ်လို ဆိုရင် အပြစ်မပြောလိုက်ပါနဲ့။ ကျမလူ့အခွင့်ရေးဆိုတဲ့စကားလုံးအတိမ်အနက်ကို အတော်အတန်လေး သဘောပေါက်နားလည်းနေပါပြီး။ ငါ့ကျမှအသည်းကွဲဆိုတဲ့သီချင်းအတိုင်းဘဲပေါ့ ငါ့ကျမှ ဘာကြောင့်အမေးခံရလည်းဆိုတဲ့ မေးခွန်းကို ကိုယ်တိုင်းသိပေးမယ့် အမေးလုံးဝမခံချင်တော့ပါဘူး။ အသားရောင်မခွဲခြားပါဘူးဆိုတဲ့ တိုင်းပြည်တွေမှာ စာအုပ်အရောင်တွေလိုက်ပြီး ခွဲခြားဆက်ဆံမှုတွေ ရှိနေပါသေးတယ်။ လေယာဉ်ကွင်းမှာ အလုပ်လုပ်နေသူတစ်ယောက် ရွှေမြန်မာကို အသံတောင်မထွက်တတ်ဘူးဆိုမှတော့ အသံထွက်တတ်တဲ့ တိုင်ပြည်သူတစ်ယောက်ကျမဖြစ်ချင်တာ ကျမသာလျှင်မှားနေပါလိမ့်မယ်။


မခင်မျိုးချစ်တစ်ယောက် ကိုယ့်အမိမြန်မာပြည်ကို ခွင့်ရက်မှာမပြန်ဘဲ အမေကိုကျော် ဒွေးတော်တွေကြား အင်မတန် ပျော်ရွှင်ခဲ့ပါတယ်။ ဒေါ်လာအပြောင်းလှဲကြားမှာ လိုက်ပြောင်းနေရတဲ့ လက်ထဲက ငွေစာရွတ်တွေအကြောင်း စိတ်မညစ်ရမယ်တိုင်းပြည်၊ ခဏတာ အချိန်တိုလေးအတွင်မှာ ကြုံတွေ့ရမယ့် ဒုက္ခဆိုးတွေ မိဘဆွေးမျိုးတွေကို တွေ့ရလို ၀မ်းသာရမယ်မကြံဘူး သူတိုပြောသမျှ ဘုရားတစရာ ဘ၀ဆင်းရဲ မွမ်းကျပ်မှုတွေကို နားမထောင်ချင်သောကြောင့် လေအေးပေးစက်မရှိတဲ့ ကျမအိမ်ကို ကျမခင်တွယ်မှုတွေ လျော့ပါးကုန်ပြီထင်ပါတယ်။ တစ်နှစ်တာ အမောတွေတော့ ချွေးတီးချွေးပေါက် ပိုးပိုးပေါက်ပေါက်ကြားမှာ အိပ်မပျော်ဘဲပြန်လာတဲ့ သူတွေကိုကြည့်ရင် ထိတ်လန့်နေခဲ့တယ်။ နင်သွားလည်း အလကားဘဲ ဈေးတွေက ကြီးလိုက်တာ ၊ ဘာမှလည်း စားရတာအဆင်မပြေဘူး၊ မတန်မရာဈေးကြီးတယ်၊ ပိုက်ဆံတွေက အသုံးကိုမခံဘူး ဒီမှာရှာတုံးကတော့ခက်ခဲ့လိုက်တာ မြန်မာပြည်မှာတော့လူတွေ ဘယ်ကငွေ ရသလည်းမသိဘူး သုံးကောင်းစွဲကောင်း နေကြတယ်။ မပြန်တာအကောင်းဆုံးဆိုတဲ့စကားလုံးတွေ ခြိမ်းခြောက်မှုအောက်မှာ ကျမသည် အရှေ့ကိုမသွားဘဲ အနောက်တစ်ရပ်ဆီကို မျှော်ကြည့်ခဲ့ပါသည်။ အမေကပြောပါတယ် သမီးပြန်လာလည်း အမေပျော်ပါတယ် မပြန်လာဖြစ်ဘဲ ဥရောပနိင်ငံတစ်ခုကို ခရီးသွားတယ်ဆိုလည်း အမေ၀မ်းသာပါတယ်တဲ့ အမေဘာကိုများ ဆိုလိုချင်တာလည်း....


မယ်မဒီ

၁၀.၉.၂၀၁၀



အ၀ါရောင်မြို့ပြဆီသို့ ခရီးတစ်ခေါက်

လေယာဉ်စက်အင်ဂျင်ကြီးတွေ မရပ်မနား လည်ပတ်တုန်ခါနှုန်းများသည် ကျမခြေဖျား ဖိနပ်အချွန်လေးမှတဆင့် ကျမရင်ဘတ်အထိ တုန်ခါနှု့န်းအတိုင်း လှုပ်ခပ်နေတယ်။ အမြင့်ပေ ၃၉၀၀၀ ၊ အပြင်လေ -၄၈ ဒီဂရီ၊ မိုင်၁၀၀၀ ၊ နှင့် တခြားသော အချက်အလက်များကို ဖော်ပြနေတဲ့ ကွန်ပျူတာ TV screen လေးကို အကြောင်းမဲ့ စွာ ကျမကြည့်ရင် သင်ခါရတရားတွေ ကိုယ်ထဲစိမ့်ဝင်လာတယ်။ ဒီအချိန် မှာ တကယ်လို့များ လေယာဉ်ပျက်ကျသွားရင် ကျမဟာ ဟိုသမုဒရာထဲကို အပိုင်အစလေးတစ်ခုအဖြစ်လွင့်စင်ကျသွားတော့မယ် ။ ဘယ်သူမှ ကျမကိုသိတော့မယ်မထင်ဘူး။ ကျမဟာ မြုံမှုန်တစလိုဘဲ ရေပြင်ထဲကို ဘာသိဘာသာ တိုးဝင်ပျောက်ကွယ်သွားမယ်။ သက်ရှိသက်မဲ့ ကွာဟချက် တန်းဖိုတန်းတူဖြစ်နေတဲ့ အခြေနေမှာ BRITISH AIRLINE လေကြောင်းပိုင် လေယာဉ် ပေါ်မှာတော့ အလွှာတန်းစား သုံးမျိုးသုံးစားခွဲခြားလို ခရီးသည်ပေါင်းများစွာ ကိုတင်ဆောင်လာပါတယ်။ ပုံမှန်ခရီးစဉ်တစ်ခုလိုဘဲ လေယာဉ်ပေါ်မှာ အသက်ဝင်လှုပ်ရှားမှုတွေဖြင့် စိတ်အနောင့်ယှက်ဖြစ်စရာတွေကို ခဏခဏကြုံရပါသေးတယ်။ ကျမဘေးက ကနေဒီယန်အမျိုးသမီးတစ်ယောက်ဟာ ဘုရားစာကိုမျက်စီမှိတ်ပြီး အာရုံပြုနေတယ်။ လေယာဉ်CREWတွေကတော့ လိုအပ်မယ့် အရေးပေါ် အသက်ကယ်ဆယ်ရေး လုပ်စဉ်များကို ကိုယ်ဟန်ကျကျ သရုပ်ဖော်နေပါတယ်။ ဆုတောင်း အာရုံပြုနေခြင်းထက် လက်တွေ့ကျတာက အရေးပေါ် ကယ်ဆယ်ရေး အတွက် သိသင့် သိထိုက်သိများကို လေ့လာမှတ်သားခြင်းက ပိုပြီးအကျိုးရှိနေလေမလား။ ဒါမှမဟုတ် မမြင်ရသော ကာကွယ်စောင့်ရှောင့်နိုင်စွမ်းတဲ့ ယုံကြည်သူ၏ စိတ်စွမ်းအင်ကများ ပိုပြီး မြင့်မားလေမလား။ ဒါတွေ ကျမမသိချင်တော့ပါ။ ခရီးတစ်ခုသွားတိုင်း လမ်းခရီးအစမှာ ကျမဘုရားအားရုံပြုတတ်ပေမယ့် ဒီတခါတော့ ကျမ crew တွေသရုပ်ဖော်နေမှုကို မစိတ်မ၀င်စားပေမယ့် အတင်းအားရုံစိုက်နားထောင် နေမိတယ်။


ခု တိမ်တွေအပေါ်ကို ကျမရောက်နေတယ် ။ အမြဲမော့ကြည့်နေရတဲ့ တိမ်တွေက ကျမခြေရင်းမှာ ကျမနှင့် ကမ္ဘာမြေကို သူတို့ ခြားထားတယ်။ ၀ါဂွမ်းစတွေစုပုံထားတဲ့ ကြမ်းခင်းတစ်ခုလို့ တိမ်တွေကို ကြည့်ရင်း ကျမတိမ်သာ ဖြစ်ချင်မိတယ်။ တိမ်တွေကိုအပေါ်စီးကနေကြည့်ရတဲ့ အရသာက အရမ်းလှပပါတယ်။ ကြီးကျယ်ဆန်းပြားတဲ့ စကားလုံးများ ရှာပါးကုန်လောက်အောင်ကို တိမ်တွေက အံ့သြဆန်းကြယ်စွာ လှပလွန်းနေတယ်။ တစ်ခါတရံတော့ တိမ်မဲထုတွေ တိမ်ညိုထုတွေအောက်မှာ ကျမရောက်သွားပြန်တယ်။ ထူထဲကြီးမားတဲ့ ထုတည်များက ကျမတိုလေယာဉ်ကိုတောင် ဒုက္ခပေးနိုင်တဲ့ တိမ်တွေ....


တိမ်တွေဟာ မမြင်ရတဲ့ စိတ်လိုဘဲ ကိုင်တွယ်မရတဲ့ အရာပါ။ သူအလိုလိုဖြစ်တည် နေတဲ့ တိမ်စိုင် တိမ်ထု တွေလို ကျမစိတ်တွေ တစ်နေရာရာမှာ ဖွဲတည်နေလိမ့်မယ်။ အဲဒီစိတ်တွေ တစ်မျိုးနှင့် တစ်မျိုး ရောနှော ယှက်နွယ်နေမှာပေါ့။ ယုံကြည့်ချက်တွေ၊ စိုးရိမ်းသောကတွေ၊ လိုချင်တက်မက်ခြင်းတွေ၊ ချစ်ခြင်းတရားတွေဟာ အသွင်တမျိုးနှင့် သရုပ်ဖော် သဏ္ဍန်ပေါ်လို့ နေလိမ့်မယ်လို့ ထင်တယ်။

တစ်ခုဘဲတွေးမိတယ်။ ဟောတိမ်တွေလိုဘဲ ဖြူချင်တဲ့ တိမ်က ဖြူနေသလို ၊ ညိုမှိုင်းမဲညစ်နေတဲ့ တိမ်လေည်းညိုမှိုင်းနေတယ် ။ ကျမစိတ်တွေ အကောင်းအဆိုး မခွဲခြားနိုင်လောက်အောင် မဲညစ်နေတာက ပိုအားသာနေလေမလား၊ တိမ်ဖြူတွေများနေတဲ့ ကောင်းကင်လှလှလေးနှင့် ဆန့်ကျင်ကာ စိတ်မနှောတို့ ပုတ်ဆွေးကာ အလှပျက်နေလေမလား မြင်ကြည့်ချင်လိုက်တာ။


ဖော်မပြပေးနိုင်တဲ့ခံစားချက်တွေဖြင့် တိမ်တွေအပေါ်က ကျမခရီးပေါင်းများစွာ ကို ကျော်ဖြတ်နေတယ်။ တခါတရံ တိမ်တွေကြားထဲမှာ လေယာဉ်ဟာ တုန်ခါနေပါတယ်။ ဖြတ်သန်းသွားတဲ့တိမ်တိုက်တွေ က ကျမဆီကို ပြေးဝင်လာတယ်။ ပါးလွှာတဲ့ တိမ်သားတွေ ကြားက ကျမ ပင်လယ်ကို မကြာမကြာလှမ်းမြင်နေတော့လည်း အတွေးက ပင်လယ်ဆီ ဆင်းသွားပြန်တယ်။ လက်သည်းခွန်လောက်သာရှိတဲ့ သဘောင်္တွေ စပါးလုံး တစ်ထောက်စာလောက်သာ ကွာပြီး ခရီးသွားနေကြတာ ငါးကြီးတသိုက် ရေပေါ်မှာ ကူးခတ်နေသလိုပါဘဲ။ မတူညီတဲ့ ခရီး ၊ မတူညီတဲ့ ဦးတည်ချက်တွေကြား မတူညီတဲ့ လမ်းဆုံးတွေအောက် တရီးသွား သဘောင်္တွေကတော့ သူတိုနံဘေးနား အပေါင်းအဖော် တွေ အဲသလောက်များပြားစွာ ခရီးသွားနေတယ်ဆိုတာ မသိရှာပါဘူး။ ရေဒါလိုင်းပေါ်မှာ ပြနေတဲ့ အချက်ပေးအရ မနီးမဝေးမှာ သဘောင်္တွေရှီတယ်ဆိုတာ သူတိုသိမှာပါဘဲ ဒါပေမယ့် မျက်လုံးဖြင့် အမှန်တရားတွေ ပျောက်ဆုံးနေတဲ့ သူတို့ အဖြစ်။ အမြင့်ပေ ၃၉၀၀၀ ပေါ်က ကျမအတွက်တော့ သူတိုတွေ၏ ခြားနားမှုဟာ စပါးလုံးတစ်ထောက်သာ ခြားနားနေသလို မတူညီတဲ့အမှန်တရားတွေ လည်း ကျမနားမှာ ရှိနေပါလိမ့်မယ်။ လေယာဉ်ဖြင့် ခရီးသွားခြင်းဟာ မမြင်ရသော အမှန်တရားတစ်ခုကို သက်သေထူနေတာပါဘဲလေ။


တစ်ဦးပေါ်တစ်ဦး ရစ်ဖွဲနောင်ဖွဲထားတဲ့သံယောဇဉ်ကြိုးယာ ရင်ဘတ်က အချက်ပြတိုင်း လိုက်နာနေရတဲ့ ရေဒီဓါတ်လိုင်းတွေပါဘဲလေ...


ဒီလိုနှင့် ကျမစီးလာတဲ့လေယာဉ် လန်ဒန်မြို့ကြီးကို ရောက်ရန် ဆယ်ငါးမိနစ်အလိုမှာ လေယာဉ်ဆက်သက်ရန်အတွက် နောက်ထပ်ဆယ်ငါးမိနစ် အာကာထက်မှာ စောင့်ရမှာ ဖြစ်ပါတယ်လို့ ယာဉ်မောင်းက ကြေငြာတော့ ကျမစိတ်ဆိုးမိပါတယ်။ ဒီလူမျိုးကြီး နိုင်ငံဟာ လူသာတင်ကြီးကျယ်တာမက လေယာဉ်ကွင်းပါကြီးကျယ်နေတာကိုလို့ တွေးမိပါတယ်။ လေယာဉ်အထက်အဆင်း အလွန်စိပ်တဲ့ ဟီးသရိုလေဆိပ်ဟာ ငါးမိနစ်ကို လေယာဉ်အတက်အဆင်းပြုလုပ်နေပါလျှက် ဆယ်ငါးမိနစ်တောင် ဝေဟင်မှာ စောင့်ရမယ်ဆိုတော့ နည်းနည်းတော့ အမြင်ကပ်ချင်တာပေါ့ရှင်။

မြင်ရတဲ့မြင်ကွင်းတော့ကတော့ စိမ်းစိုးလှပါနေပါတယ်။ မြို့ကြီးတစ်မြို့ဆိုတာ ပြောစရာမလိုလောက်အောင် ထင်ရှာနေပေမယ့် ကျမဆီမှာ သူတို့ကို မုန်းတဲ့စိတ်က စွဲကပ်နေလေတော့ အကောင်းမြင်စိတ် တစကလေးမှ မ၀င်ပါဘူး။ လေဆိပ်ဟာ လေယာဉ်တွေနှင့် ပြည့်နက်နေပါတယ်။ လေယာဉ်ကွင်းမှာ လေယာဉ်ပြည့်တာ ထူးဆန်းတဲ့ အရာမဟုတ်ပေမယ့် ကျမတသက် လေယာဉ်ကွင်းဆိုတာ လေယာဉ်ဆင်းတဲ့နေရာလိုသာ သိထားတယ်။ လေယာဉ်တွေ ဒီလောက်အများကြီး ဆိုက်ကပ်တဲ့နေရာကိုမြင်ရတော့ ပြောစမှတ်ပေါ့ရှင်။ အပြင်ကမ္ဘာဟာ ကျမတိုသိတာနှင့်တော့ နည်းနည်းကွဲလွဲနေပါတယ်။ ကျမအတွက်က နောက်ထပ် ခရီးတစ်ခုကို ဆက်သွားရမှာမို့ အဆင့်ဆင့်သော စစ်ဆေးချက်တွေကို ထပ်လုပ်ရပြန်ပါတယ်။ တစ်နာရီမျှ စောင့်ဆိုင်ရပြီးမှ ကျမ နောက်ထပ်လေယာဉ်တစ်စင်းကို ရောက်လာပြန်ပါတယ်။ နောက်ထပ်လေယာဉ်ဟာ ကျမ၏ခရီးလမ်းဆုံးဆီသို့ ဦးတည်ပျံသန်းနေစဉ် ကျမဓါတ်ပုံတစ်ချို့ ရိုက်ရန်ကြိုးစားခဲ့ပေမယ့် မအောင်မြင်ခဲ့ပါဘူး။ တခဏအတွင်း အလွန်လှပနေတဲ့ ပတ်ဝန်းကျင်ရူခင်းတစ်ခုလုံးကို တိမ်တိုက်မဲတွေက မိုးအဖြစ် ရွာချလိုက်လေတော့ ကျမဘာမှကို မမြင်ရတော့ပါဘူး။ ကျမသိလိုက်တာက ဤအရပ်ဒေသဟာ ကျမကိုပျူငှာစွာ မိုးဖြင့် ကြိုဆိုတယ်လို့သာ ပျော်ရွှင်နေခဲ့ပါတယ်။ လေးနှစ်ကြီးမှ မိုးနှင့်ဝေးကွားခဲ့သောပင်လယ်သူတစ်ယောက်အတွက် ရွာကျနေတဲ့မိုးရေ ၊ တိုက်ခတ်နေတဲ့ လေတွေကို နမ်းရိုက်ချင်နေပါတယ်။ တစ်ဖွဲဖွဲရွာနေတဲ့ မိုးစက်တွေအောက်စိုစွပ်နေတဲ့ မြေကြီးကို ကျမဖက်ထားချင်တယ်။ ယိမ်းနွဲလှုပ်ခပ်နေကြတဲ့ သဘာဝပန်းရိုင်းများ၏ လှပမှုအောက်မှာ ကျမဒီဒေသကို ချစ်ခင်မြတ်နိုးမိပါတော့တယ်။နောက်ကျောကပ်ထိုင်ခုံက ခွင့်ပြန်လာတဲ့ datch သူတစ်ယောက်အော်သံကို ပြန်ကြားမိတယ်။ hi my country hi my people i cannot see you , only lovely clouds i saw .


ရေငွေ့ ရေစက်တွေရိုက်ခတ်နေတဲ့ ပတ်ဝန်းကျင်က ကျမကို ဆီးကြိုတယ်။ နွေးထွေးဖော်ရွှေတဲ့ အိမ်ရှင်မိသားစုက စောင့်ကြိုနေပါတယ်။ ကျမအတွက် ဒီခရီးအစ ပထမလေးတင် ကျမအလွန်ရောက်လိုခဲ့သော ဟော်လန်နိုင်ငံ( Netherlands) ၏ မြို့တော် အမ်စတာတန်( Amsterdam) ကို အဆင်ပြေချော့မွေ့စွာ ရောက်ရှိခဲ့တယ်။ နောက်ထပ် ကျမတွေ့ချင်လှလေ လူတစ်ယောက်နှင့် ကျမအလွန်သွားလိုလှသော ခရီးများစွာကို ကျမခရီးဆက်ရန် အင်အားများ တိုးပွားနေခဲ့ပါတယ်။ ဘင်ဂိုလ် အရပ် ကို ကျမတစ်ကယ်ရောက်လာခဲ့ပါပြီး။ မကြာခင်ကျမ အ၀ါရောင် နေကြာပန်းတွေကို မြင်ရပေအုံးမယ်…


မယ်မဒီ

၁၀.၉.၂၀၁၀

Sunday, August 1, 2010

စစ်ပွဲ

အလွမ်းလေတွေ တစ်ဖျတ်ဖျတ် လတ်လတ်ဆပ်ဆပ် တိုးဝှေ့တိုက်ခတ် နေတယ်။ နလုံးသားက တောင်းဆိုတဲ့ အရာတွေကို ဒေါသတွေက အခိုးအငွေ့တွေအဖြစ် ချယ်ဖျက်ပေးနေတယ်။ ခြုံစရာဆိုလို့ မခံချင်စိတ်နှင့် ဒေါသတွေဘဲ အနားမှာရှိတော့ မတူမျှတဲ့ အင်အားနှင့် တစ်ဖက်သတ် တိုက်ပွဲတစ်ခုထဲ ကျမက ကြားညှပ်နေခဲ့တယ်။ ကျမက အချစ်ကို စစ်ကူလှမ်းတောင်းတယ်။ အလွန်နောက်ကျစွာ အကြောင်းပြချက်တစ်ခုဖြင့် အငြင်းခံလိုက်ရတယ်။ အချစ်က ပြောတယ် အချစ်က ငြိမ်းချမ်းရေး သမားတဲ့ ။ သူမှာ အလွမ်းနဲ့ အမုန်းကို အောင်နိုင်စေတဲ့ နည်းပညာမရှိပါဘူးတဲ့ ။ သူမှော်လက်နက်ဟာ စစ်ပွဲတွေအတွက် အသုံးမပြုပါဘူးတဲ့။ သေလိုက်ပါတော့ လို့ ကျမဘာသာ ကျမဆဲမိတော့တယ်။ဘယ်ဆီကျမပြေးရမလည်း အဖေ ခေါ်စရာ တစ်စုံတစ်ယောက်များ မရှိတော့ဘူးလားလို့ ကျမ မြေပုံလှန်လောကြည့်တော့ ထွက်ပေါက်တစ်ခု ကို တွေသွားတယ်။ ဥပက္ခာ မြေအောက်လှိုင်ခေါင်းတစ်ခုကို ဟိုနှစ်ပေါင်းများစွာကတည်းက ဗုဒ္ဒဂေါတမ ဖောက်လုပ်ထားပေးခဲ့ပြီးသားဘဲ ။ အမုန်းနှင့် အချစ်တို့ ၏ လွတ်ကင်းရာ၊ ဒေါသ နှင့် အာဏာသတစ်ရားတို့ ၏ ကင်းငြိမ်းရာ ဥပက္ခာ တရားကို ဘာဖြစ်လို့ များ ကျမ အစကတည်းက မတွေ့ခဲ့ပါ လိမ့်။ ခုတော့ ကျမက စစ်ပွဲ တစ်ခုရဲ့ ဗဟိုတည့်တည့်မှာ ပိတ်မိနေပြီး။ အလှံဖြူ တစ်ခု ကျမ ဆောင်ထားဖို့ ကျမမနှစ်သက်ခဲ့ပါဘူး။ ခုတော့...

မယ်မဒီ
၁.၈.၂၀၁၀

Monday, July 19, 2010

သူ၏ ကောင်းကွက်များ





အဆုံးနဲ့ အစမရှိတဲ့ ဟောဒီ ၀ဲဂယှက်ထဲ ကျမ၏ချစ်သူဟု ခေါ်တင်နိုင်သော လူတစ်ယောက်ရှိသည်။ ထိုသူသည် မိမိကိုယ်ကို အလွန်ချောမော ခန့်ညှားသူဟု အထင်ကြိး ၀င်သူများစရင်းဝင် တစ်ဦးဖြစ်သည်။ သူအကြောင့်ကို အမွန်းတင်ပြောဆိုတတ်ရန် မရှက်တတ်သောသူတစ်ဦးလည်း ဖြစ်ရုံမက ကျမအား ရုပ်ဆိုးသူဟုလည်း အားမနာတမ်းပြောတတ်သူ ပင်ဖြစ်လေသည်။ အမှန်ကို လက်ခံနိုင်သည့် ကျမသည် ကျမရုပ်ဆိုးသည်ကို အစကနဦးကပင် ကိုယ်တိုင်သိထားသူ ဖြစ်ပါသော် လည်း သူသည် သူ၏ကောင်းကွက်များကို စာဖွဲ့ပြောတတ်သူ တစ်ဦးဖြစ်နေလေသည့်က အံ့သြဖွယ်ရာပင် ဖြစ်လေသည်။ အရှက်တရားကင်းသလောက် ရည်းစားအလွန်များခဲ့သူလည်း ဖြစ်လေပေသည်။ ထားခဲ့သမျှ ရည်းစားများ ယောင်္ကျားရသွားသည်ကိုထည့်မပြောဘဲ သူ၏ရည်းစားများ ဖြစ်ဖူးသည်ဟုပင် ဂုဏ်ဖော်ပြီး ပြောတတ်သူ ဖြစ်သလို့ အလွန်ပင် အပေါင်းအသင်း မက်၊ ပျော်ကြီးကျနေရမည်ဆိုပါက အိမ်မေ့ ယာမေ့ အားလုံးမေ့ကာ သွားလာနေထိုင်တတ်သည်။ ယင်းအကျင့်ကောင်းများကို ပိုင်ဆိုင်ထားပါသော်လည်း လူချစ်လူခင်များသည်ဟု သူကိုယ်သူ ပြောဆိုတတ်သူ ဖြစ်လေသည်။ ထိုမျှမကသေး ပြောလျှင်တစ်မျိုး လုပ်လျှင်တစ်ဖုံး အမျိုးမျိုးပြောင်းတတ်သည့် စရိုက်များရှိနေပါသေးသည်။

အခုပြန်လာမည်ဟု သူပါးစပ်က ဆိုလျှင် နောက်လေးရက်ကြာမည်မှာ မြေကြိးလက်ခပ်မလွဲနိုင်သော လူစားမျိုး အဖြစ် ရပ်တည်နေသူလည်း ဖြစ်ပါသည်။ သူသည်ထိုဂုဏ်များကို ပိုင်ဆိုင်ထားရုံနှင့် ကျေနပ် အားရမှုမရသေးဘဲ ပျင်းရိခြင်းခြောက်ပါး၏ စံချိန်ကို အမြင့်ဆုံးနန်းချိုးရန် ကြိုးစားနေသူ တစ်ဦးလည်း ဖြစ်လိုနေပါသည်။ ၂၃ နာရီအိပ်ရန် ၀န်မလေးသလို့ မီးပူမတိုက်ဘဲ ၀တ်ရန် ၀န်မလေးသော သူလည်းဖြစ်ပါသည်။ ကောင်းကွက်များ တစ်နှင့်တစ်ပိုး ပိုင်ဆိုင်ထားသော ကျမ၏ချစ်သူသည် သူ့အခန်းမှ အိပ်ရာခင်းအား တစ်နှစ်နီပါးမှ မလျှော်ဖွတ်ဘဲ အိပ်နေသည်ကို ကျမအား မရှက်ဘဲပြောတတ်ပြန်ပါသည်။
လူတစ်ဖက်သားကို မှိုချိုး မျှစ်ချိုး ဇရစ်ချိုးသလို့ ပြောဆိုရမည်ဆိုပါက အင်မတန် နှစ်သက်ခုံသော ဘီယာနှင့် ပင် လှဲလိမ့်မယ့် မဟုတ်ဟု ကျမတွေးလျှင် မှားမည်းမထင်ပါ။ ထိုမျှကောင်းကွက်များနှင့် ပြည့်နှက်နေပါသောကြောင့် ကျမက တမင်များ အပြစ်တင်နေသူဟု ထင်ရန်ရှိပါသည်။ ကျမအပိုပြောနေသည်ဟု ထင်ရလောက်အောင် ထူးခြားသာလွန်နေသည်က သူ၏ကောင်းကွက်များနှင့် ဂုဏ်ပုဒ်များသာဖြစ်ပါသည်။

အပြီးနိုင်မစီးနိုင်သော သူ၏တစ်နေတာများသည် နှစ်ပေါင်းရာကျော်က ကွယ်လွန်သူများကို လွမ်းဆွတ်အောက်မေ့ဖွယ် များ ကျင်းပခြင်း၊ အိုမင်းရင့်ရော်နေသူများ၏ မွေးနေ့ နှစ်ပတ်လည်းများ ကျင်းပခြင်း၊ အရည်မရ အဖတ်မရသော အစည်းအဝေးများ နှင့် ပြည့်နက်နေခြင်း၊ ဦးတည်ချက်မရှိသော သူများ၏ အဆိုအမိန်းများအား လိုက်နာ ထောက်ခံအားပေးခြင်း၊ ဘုကန့်လှန့်တိုက် ဂွကျကျစကားများနှင့် ကျမကို ပြောဆိုတတ်ခြင်း၊ အပြစ်ဟူသမျှကို ကျမကိုယ်ရေးကိုယ်တာများအား ၀င်ရောက်စွပ်ဖက်ခြင်း၊ အယူဝါဒ အဟောင်းများနှင့် ရှေ့ရိုးစွဲများကို တင်းကျပ်စွာ ဦးထိပ်ပန်ဆင်နေရခြင်းများနှင့် သူတစ်နေတာ၂၄ နာရီသည် အမြဲရှုပ်ထွေးလိုနေပါသည် ။

ထိုသူသည် ကျမတစ်နေတွင် လက်ထပ်ပါမည်ဟု စကားဆိုထားသူလည်း ဖြစ်လေသည်.....ထိုသူ အား ကျမလက်ထပ်သင့်ပါသလား...


မယ်မဒီ

အလှည့်



စားရေးဖြစ်ရခြင်းအကြောင်းတရားတွေအများကြီးရှိပါတယ်။ ဒါပေမယ့် ခြုံပြီးပြန်ကြည့်ရင်တော့ ၀ါသာနာရေ၊ ခံစားချက်ရေ၊ နေ့တဓူဝ ကြုံတွေ့နေရတဲ့ အဖြစ်ပျက်အကျိုးဆက်တို့ နိုးဆွစေ့ဆော်မှုကနေ့ မြစ်ဖျားခံမယ်ထင်ပါတယ်။ ကျမကတော့ ရင်ဘတ်ထဲကို ရောက်လာတဲ့ ခံစားချက်ကလေးကိုပဲ အရင်းခံတယ်။ တခါတလေတော့ ကိုယ်ပိုင်ခံစားချက်ကို ရေးဖွဲဖို့ ကိုယ်လိပ်ပြာကိုယ်မလုံတဲ့ အဖြစ်ပျက်ကလေးတွေ လည်း ရှိတတ်တယ်။ ကိုယ်ပိုင်ခံစားချက်ဆိုပေမယ့် ကိုယ်တိုင်တာဝန်မယူရဲတဲ့ ခံစားချက်နဲ့ ဦးတည်ချက်မဲ့နေတဲ့ စာလေးတွေကို ရင်ဖွင့်စရာမရှိတဲ့အချိန် ၊ တစ်စုံတစ်ယောက်ကို ဖွင့်ပြောပြဖို့ မဖြစ်နိုင်တဲ့အချိန်မှာလည်း စာရေးဖြစ်မိတယ်။။ ရေးရုံမှအပ စာဖတ်သူ တစ်စုံတစ်ဦးကများ ခံစားပေးနိုင်ခဲ့ရင် ကိုယ့်ရင်ထဲက ဝေဒနာလေးများ လျော့ပါးလေးမလားဆိုတဲ့ မသိစိတ်က အားကိုးတဲ့စိတ်ကလေးနဲ့ ရေးဖြစ်မိပါတယ်။ စာမရေးပဲနေနိုင်သလားဆိုတော့ စာမရေးရင် ကျမ မပျင်းတာ ဘာမှရှိဘူးထင်တယ်။

ဒီနေ့ ကျမရင်ဘတ်ထဲကို သံဝေဂ တရား၊ အသိတရားလေး တစ်ခု ထူးထူးခြားခြား ညင်ညင်သာသာလေး လေပြေတိုးသလို လေလှိုင်းပေါ်ကနေ တိုးဝင်လာတယ်။ အဲဒီအသိတရားကို ရှူမှတ်ပြီးတဲ့နောက် ငါ့အလှည့်ရောက်ပြီးကို ဆိုတဲ့ တာဝန်ပုခုံးကြိုးကြီး ပိုပြီး ကျင်းကျပ်လာသလို ခံစားမိပါတော့တယ်။

`` ငါ့အလှည့်ရောက်ပြီး ငါ့အလှည့်မှာ ငါ့တာဝန်ကို ငါ့ကျေပွန်စွာ ထမ်းဆောင်နိုင်ပါ့မလား ´´ ဆိုတဲ့အတွေးလေးနောက် ခြေရာခံရင်း ဟိုးအတိတ်ဘ၀လေးကို နောက်ကြောင်းပြန့်လှည့်ပြီး စာမျက်နှာလေးတချို့ကို ပြန်လှန်လောဖတ်မိတယ်။ ကျမငယ်စဉ် တောင်ကျေးဘ၀မှာ အားကိုးအားထား ရာဆိုလို့ မယ်မယ်ရရ မိသားစုကြီးကြီးမာမားမရှိခဲ့ပါဘူး။ မမေတစ်ယောက်နှင့် ကိုယ့်ထက်ငယ်တဲ့ ညီမတွေပဲရှိတယ်။

ဟောင်းနွမ်းခြောက်သွေ့နေတဲ့ စာမျက်နှာဟောင်းတွေဆီမှာ အမေက ပေးသူသက်သက်ပဲ ဖြစ်နေခဲ့တယ်။ သူ့မှာရှိတဲ့ နုပျိုမှု၊သူမှာရှိနေတဲ့ အင်အား၊ သူပိုင်ဆိုင်သမျှကို သူလိုက်လျောကြည်ဖြူစွာ ကျမတို့ကိုပေးတယ်။ ကျမက ရယူသူ သက်သက် ဖြစ်လို့။ အမေဘာမှမလိုချင်ဘူးလားလို့ ကျမ တစ်ခါလောက်တွေးမိခဲ့ဖို့ ကောင်း တယ်။ သူမစားဘဲ ကျမတို့ကိုကျွေးတယ်။ သူ မ၀တ်ဘဲ ကျမတိုကို ဆင်တယ်။ အမေဟာ လူသားပါဘဲ ဘာဖြစ်လို့ ငါ့အမေ ဒါတွေကို အလိုမရှိခဲ့တာလည်းလို့ ကျမ လူသားဆန်စွာ ယုတ်တိရှိစွာ တွေးတောတတ်ခဲ့ဖိုအထိ မရင့်ကျက်ခဲ့လိုဘဲလား၊ ညဏ်ရည်မမှိခဲ့သေးတာလား ကျမလည်း သေချာမသိပါဘူး။ အမေဆိုတာ လူသားဆိုပေမယ့် ကျမတို့လို သွေးနဲကိုယ် သားနဲကိုယ်ဆိုပေမယ့် ခံစားချက်တွေ ဆိတ်ခန်းနေတဲ့လူလို့ သားသမီးတွေ က တွေးကြလေသလား...

တစ်ခါတုံးက အဖြစ်ပျက်လေးတစ်ခုကိ ကျမမှတ်မိနေသေးတယ်။ အမေမှုန့်တစ်ခုဝယ်လာတယ်။ သမီးတွေကို ကျွေးပြီး ကျန်တာသူစားဖို ချန်ထားတယ်။ ဒါပေမယ့် သူအဲဒီမှုန့်ကို စားဖို မေ့နေတယ်။ ကိုယ်ဝေစုကို စားရလို့ မကျေနပ်သေးတဲ့ ကျမက အဲဒီမှုန့်ကို မျက်စောင့်ထိုးပြီးနေပေမယ့် အမေကတော့စားဖို အချိန်တော်ကြားအောင် မေ့လျော့နေခဲ့တယ်။ ကျမက စားချင်လို သတိလှမ်းပေးချင်ယောင်းပြတော့မှ အမေက ငါစားဖို့မေ့နေတာ နင်စားချင်ရင် စားလိုက်တဲ့ ။ ကျမက အဲဒီမှုန့်ကို စားရင်းတွေးမိတယ်။ ပြီးတောံ အရမ်းလည်း အမေကို အံ့သြခဲ့ဖူးတယ်။ ငါ့တိုအမေများ စားစရာကိုမေ့ရတယ်လို့ ငါ့ဆိုတခါမှကို မမေ့ဘူး။ ပြီးတော့ ငါ့ဦးနှောက်က အမေထက် အမြဲသားနေတယ် ။ အမေဟာ နေရာတော်တော်များများမှာ မေ့တတ်တယ်။ ငါဆိုအိပ်မပျော်တာတို့ ၊ အိပ်ရေးပျက်တာတို့၊ စားလိုမ၀င်တာတွေ တခါမှမရှိခဲ့ဘူး။ အမေပဲ ဇက်ကျော့တက်လွန်းလို နှိုပ်ပေးပါအုံး၊ သံပရာရည်လေးဖျော်ပါအုံးဆိုပြီးအမြဲခိုင်းနေတာပဲလို့ ကျမတွေးခဲ့ဖူးတယ်ဆိုတာ ၀န်ခံပါရစေ။

ကျမတိုလိုချင်တာတွေကို မပြီးနိုင် မစီးနိုင် မရိုးနိုင်အောင် ဖြည့်စီးပေးဖို အင်အားတွေ ခမ်းမတတ် အမေ ရုန်းကန်းခဲ့တယ်။ စာရွက်ဟောင်းတွေပေါ်မှာ အမေက သမိုင်းတာဝန်ကျေပွန်ခဲ့တဲ့စစ်သူကြီးဟောင်းကြီး အခုတော့ အငြိမ်းစား ဘ၀နဲအေးချမ်းနေပါပြီး။ သမီးတွေပြောသမျှ သမီးလုပ်သမျှကို စူးစမ်းဖို့ အချိန်တွေ ပိုနေခဲ့ပါပြီး။ အဝေးရောက်နေတဲ့ သမီးတွေနှင့် အင်တာနက်ပေါ်မှာ အမေ ဖုန်းပြောနေတတ်ပါပြီး။ ပြောင်းလှဲတိုးတက်နေတဲ့ ခေတ်ကြီးထဲမှာ မျက်စီပွင့် နားပွင့် လို့ ရုပ်ရှင်ကားတွေထဲက အသုံးဆောင်ပစ္စည်းတွေအပေါ်မှာ လိုက်ပြီး ခုံမင်နေတတ်ပါပြီး။ သမီးရေ စိန်ဂေဟာ ဘာတွေတွေ့လာတာ သိပ်လှတာဘဲ ။ ကိုယ်အိမ်မှာ သားသမီးတွေက နိုင်ငံခြားမှာလေ လူရိုသေ ရှင်ရိုသေတော့ ဖြစ်မှရမှာပေါ့ ။ ကိုယ်မှာက သမီးတွေရှိတဲ့အိမ်ဆိုတော့ အသိုင်းဝန်းတစ်ခု ကောင်း ဖြစ်အောင်တော့ နေထိုင်မှဖြစ်မယ်လို့ အမေလေသံပျော့ပျော့လေးက ကျမနားထဲ စွဲထင်ကျန်နေပါတယ်။ သမီးရေ ဟိုတိုက်ခန်းလေးကမဆိုးဘူး အခန်းလေးကျယ်တယ် ၊ ဘေးခန်းလည်း ဘေးခန်း အလွှာလည်းနိမ့်တယ် ပတ်ဝန်းကျင်ကအရမ်းသန့်တော့ အမေလေ အရမ်းသဘောကျတာဘဲ။ လူဆိုတာ စုတတ်မှ ဆောင်းတတ်မှ မရှိတော့ ၀မ်းစာ ၊ ရှိတော့လည်း တန်ဆာပေါ့ သမီးရေ စိန်ပွင့်လေးတွေဗိုက်နာတဲ့သူတွေရှိတုံး လော်ကတ်လေး တစ်ခုလောက် လုပ်လိုက်ချင်တာ၊ ရေခဲ့သေတ္တာလေး ခပ်ကြီးကြီးလေ တစ်လုံးတော့လှဲသင့်ပြီးမလားဆိုတဲ့ စကားလုံးတွေ ကျမအမေ ပြောတတ် တောင်းတတ် လိုချင်တတ်နေပါကော့လားလို့ ကျမတွေမိတယ်။ သွားလေးသူက ငါ့ကို ပြည့်ပြည့်စုံစုံထားခဲ့ပါတယ် နင်တိုတွေသုံးလို ငါ့မှာရှိတာအကုန်လုံး ဘာမှမရှိတော့ဘူး။ နင်တို့ တလှည့်ပြန်ဆပ်ရမှာပေါ့ဆိုတဲ့ ဂရုဏဒေါသစကားတွေလည်း ပြောတတ်နေပါပြီး။ အခုတော့ အမေက ကျမတို့ဆီက သူလိုချင်သမျှကို ညင်သာစွာ ဖွင်ဟပြနေပါပြီး။ တစ်ချိန်တုံးက ကျမတိုအမေကို အတင်းပူဆာပြီး မျက်ရည်တွေနဲ့ တောင်းဆိုခဲ့ပေမယ့် ခုတော့အမေဟာ စကားသံချိုချိုသာသာ နဲ့ တောင်းမယ့်အလှည့်ကို ရောက်နေပါပြီး။ သူများတွေက ပြောတယ် သားသမီးကံကောင်းတယ်တဲ့ အိုစာတာကောင်းတယ်တဲ့ အမေကတော့ ငါ့သမီးတွေကို ကျေးဇူးတင်ပါတယ်။ သူတိုတွေ့သိတတ်လို့ ခုလို ဆွေမျိုးတွေကြားထဲ မှာ မျက်နှာပန်းပွင့်တာ ငါကို ဘိုးဘွားရိပ်သာပိုထားလည်း ဘယ်တတ်နိုင်မလည်းဆိုတဲ့ စကားလုံးတွေအောက် ကျမတို့ ညီမတွေ အမေကို ဂရုဏာသက်စွာ စိတ်ချမ်းသာစေလို့ခဲ့ပါတယ်။
ညီမတွေနှင့် အမေဟာ ခုတော့ သူငယ်ချင်းတွေလို နောက်လိုက်ပြောင်းလိုက် ပါဘဲ။ တစ်ချိန်တုံးကတော့ မိန်းကလေး လေးယောက်ကို သူဘဲအမိ သူဘဲအဖနေရာက နေ ကျားတောင့်ကျားကန် ရုန်းကန်ခဲ့တယ်ဆိုတာ ယုံနိုင်စရာမဟုတ်တော့ပါ။ သမီးတွေနှင့် အမေက ညီမတွေ ကျနေတာဘဲ အမေတောင် ပိုပြီးနှပျိုနေသေးတယ်ဆို့ စကားကိုကြားခိုက် ကျမ ကြက်သီးမွှေးညင်းတွေ တစ်ကိုယ်လုံး ထကုန်တယ်

``ငါများ အမေနေရာကို မှားရောက်နေတာလား ´´လို့ ကျမကိုယ် ကျမတွေးမိတယ်။

ကျမအလှည့်မှာ အမေလိုဘဲ လှလှပပ ကျမ ဘ၀ဇတ်ခုံကို တာဝန်ယူ ကပြနိုင်ပါမလားလို့ စိုးရိမ်းမိတယ်။ အမေကို ကတိတွေ အထပ်ထပ်ပေးနေမိပေမယ့် အလုပ်က မန်နေဂျာမျက်နှာကို မြင်တိုင်း ကျမအလုပ်ထွက်ဖို့ ဆုံးဖြတ်ချက်တွေ ဖြစ်နေလေဆိုတော့ မလွယ်ပါလား လောကကြီးရယ် လို့ အော်လိုရရင် အော်လိုက်ချင်တယ်။ ခုတောင် ကျမ ဆံပင်တစ်ချို့ ဖြူနေပြီးလေ....

မယ်မဒီ
ပန်းချီအား နေ့သစ်မှ ကူးယူဖော်ပြသည်။

Wednesday, July 14, 2010

ကျမရဲ့ နွေရာသီ




နွေရာသီ ပူပြင်းခြောက်သွေ့မှုကို စာဖွဲ့ဖို့ ကျမအချိန်မအားလပ်ခဲ့ပေမယ့် ရောင်စုံဆန်းပြာတဲ့ အပွင့်အခက်တွေ့ စိုပြေလှပနေတဲ့အသွင်းဆန်း ဒီဇိုင်းဆန်းတွေကို တော့ မိန်းမတို့ သဘာဝအတိုင်း ကျမရင်ခုန်မိတာတော့အမှန်ပါဘဲ။ ရဲတင်းတောက်ပနေတဲ့ နှင်းဆီပွင့်တွေ့ စိုးမိုးတဲ့ နှစ်၊ လိမော်ရောင်ဂါဝန်ရှည်ကြီးများနှင့် လိုက်ဖက်ညီလွန်းတဲ့ လူ့အသုံးဆောင် လက်ဝတ်တန်ဆာတွေ အောက် နွေရာသီဟာ သိပ်ကိုလှပနေတယ်ရှင်။

ကျမနေစဉ်လုပ်ကိုင် ရှင်သန်နေရတဲ့ ပတ်ဝန်းကျင်မှာ အရောင်နှင့် ဒီဇိုင်းတွေသာ စိုးမိုးထားတယ်။ အ၀ါရောင် ၊ လိမော်ရောင်၊ အပြာရောင် ၊ အနီရောင်၊ အဖြူရောင်း၊အစိမ်းရောင် တွေအောက် အင်မတန်လှပစွာသော အဆင်ဆန်းများက အလှကိုယ်စီ ဖြင့် စွဲဖက်ဖွယ်ကောင်းလှပတယ်။ ကျမဟာ အရောင်တောက်တောက်ဝတ်ဆင်တတ်သူမဟုတ်ပါဘူး။ ဒါပေမယ့် ဒီအရောင် တောက်တောက်တွေကြား ဆန်းပြားလှတဲ့ ဒီဇီုင်းတွေအောက် မှာ ကျမနွေရာသီကို ဖြတ်ကျော်နေခဲ့တယ်။ နွေရာသီဟာ သိပ်ကိုလှပတဲ့ ပန်းချီကားတစ်ချပ်ဘဲ ဆေးရောင်စုံစုံလင်လင်ဖြင့် စိုပြေလန်းဆန်းပြီး တောက်ပသစ်လွင်လို နေပါတယ်။

ဆန္ဒ၇ှိတိုင်းသာ ဖြစ်ခွင့်ရမယ်ဆိုရင် အနောက် ဥရောပနိုင်ငံတစ်ခုရဲ ကမ်းခြေလေးတစ်ခုမှာ နွေရာသီကို ကျမ ဖြတ်ကျော်ချင်တယ်။ အင်မတန် သိမ်မွေ့လှပတဲ့ အဆင်တန်ဆာအ၀တ်အစားများဖြင့် တောက်ပတဲ့အပြုံးတွေ အောက်မှာ ကျမရဲ့ အားလပ်ရက်ကလေးကို တန်းဖိုးရှီစွာ ကုန်ဆုံးချင်ပါတယ်။ ကျမက ကျမချစ်သူရဲ နွေနတ်သမီးလေး ဖြစ်ချင်တယ်။ အရောင်များနဲ့ ကျမချစ်သူကို ပြုစားချင်တယ်။ ဒါက ကျမစိတ်ကူးလေ စိတ်ကူးသက်သက် ကူးခပ်နေတဲ့ ကိုယ်ပိုင်အိပ်မက်….

ဒီလိုနဲ့ သိပ်မကြားခင်ကုန်ဆုံးတော့မယ် နွေလိုဘဲ သိပ်မကြားခင် ရောက်လာတော့မယ် ကျမရဲ့ ခွင့်ရက်များအတွက် ကျမရင်မှာ နွေရာသီခေါင်ခိုက်နေခဲ့တာ ရင်မောရလွန်းလို့ အိပ်မပျော်ရက်တွေ ထပ်ခဲ့တာများပြီး။ နွေဦးနှောင်းမှာ လူတစ်ယောက်မျက်နှာကို မြင်ခွင့်ရလိမ့်မယ်ဆိုတဲ့အတွေးနဲ့ ကြမ်းတမ်းလှစွာသောနွေရာသီ ကိုမေ့လျော့နေခဲ့တယ်။ နွေမှာပွင့်တဲ့ ပန်းလေးတွေလောက် နွေရာသီအပူကို ကျမစိတ်မ၀င်စားခဲ့ပါဘူး။

လူတစ်ယောက်ရဲ့မျက်နှာကို ကိုယ်တိုင်ကိုယ်ကျမြင်တွေ့ခွင့်ရဖို့ ၊သူအသံကိုကြားခွင့်ရဖို့ နာရီပေါင်းများစွာ ကျမစတေးခဲ့ပြီးပြီ။ ရင်းခဲ့ရပြီးပြီး။ ချစ်ခြင်းတရားဆိုတဲ့အရာထက် ခိုင်မာတဲ့ သံယောဇဉ်တွေကို ကျောထောက်နောက်ခံပြုလို့ လူနှစ်ယောက်နှောင်ဖွဲ့မှုကို ကျမတွယ်ဖက်ထားတယ်။ ဒီအရာလေးက ကျမရဲ အနာဂတ် ဒီအရာလေးက ကျမရဲ့ မျှော်လင့်ချက် ပန်းတိုင်း ။ဒီအရာလေးပေါ်မှာ ကျမပေးခဲ့ တန်းဖို့က သူများထက်သာချင်ရင် သာမယ် ။ နည်းချင်ရင်လည်း နည်းမယ် ဒါပေမယ့် ကျမပေးနိုင် တတ်နိုင်တဲ့ ပမာဏအားလုံးကို ကျမပုံအော့ထားခဲ့တယ်။ ဒါကြောင့်

`` ကျမဟာ နွေရာသီကို စောင့်မျှော်နေသူ စာရင်းထဲမှာ ဥသြငှက်တွေထက် အများကြီးစောခဲ့တယ်´´


ရင်းနီးနေကျ စကားသံတွေ၊ တွေ့နေကျ သူပုံရိပ်တွေ၊ လတ်တလော တွေလိုက်ရမယ့် အပြုံးလေးတစ်ချက်ကများ ကျမကို သိမ်းသွင်းနိုင်လေမလား ၊ ဒါမှမဟုတ် သူပြောလိုက်မယ့် စကားလေးတစ်လုံးအောက် ကျမအရည်ပျော်ကျမတတ် ထိမ်းသိမ်းရခက်လောက် လူတစ်ယောက်ကို တခဏအတွင်း ကျမချစ်နိုင်ပါ့မလားဆိုတဲ့ စိတ်ကူးလေးတွေ အောက် တစ်နေအလုပ်ချိန်း ၁၆ နာရီဆိုတဲ့ လူမဆန်တဲ့ လူအသိုင်းအ၀ိုင်းကောင်းကြီးထဲမှာ အင်အားခန်းလုမတတ် နာရီပေါင်းများစွာ ဒီနွေရာသီ မှာ
သာမာန်ထက် ပိုပြီး အလုပ်တွေ ပိနေခဲ့ပါတယ်။

လွှဲလျော်မှုတွေကြားထဲ အဆင်မပြေမှုတွေကြားထဲ တခဏတာ အနားယူ အပန်းဖြေမယ့် ခရီးစဉ်လေး တစ်ခုကို တစ်စုံတစ်ဦးက ငြင်းပယ် ထားဆီးခဲ့လိမ့်မယ်လို့ ကျမဘာကြောင့်များ ကြိုမတွေးခဲ့ပါလိမ့်...

မယ်မဒီ
ပန်းချီပုံအား နေ့သစ်မှ ကူးယူဖော်ပြသည်။

Thursday, May 6, 2010

အချစ်ဆီသို့ အတွေးတစ်ခေါက်



ညက ပြောင်ပြောင်ရောင်ရောင်နဲ့ ကိုယ်ရောင်ကိုယ်ဝါ ထိန်လင်းနေတယ်… လတစ်စင်း အသံတိတ် ငိုကြွေးသံကို ညမှာ ကြားတယ်…
င့ါအခန်းက နံရံတွေ အမှောင်ထဲ အိပ်ပျော်နေခိုက် ငါလိပ်ပြာတွေ ခရီးထွက်ခဲ့တယ်..အချစ်ရွာတဲ့…

အတ္တကို စွန့်ခဲ့တဲ့ ခရီးမှာ အချစ်လို့ ခေါ်တဲ့ သစ်တစ်ပင်အောက် အရိပ်ခိုမိတယ်။ အဲဒီသစ်ပင်ဟာ မေ့ပင် ဖြစ်နေတယ်။ ကျမ ရင်ခုန်သံတွေ ကိုယ်ပြန်ကြားရတဲ့ အဖြစ် ထူးဆန်းပေစွ။

ညင်သာတဲ့ အသံလေးတွေ၊ ချိုမြိန်တဲ့ စကားလုံးတွေသံအောကို နှင်းဆီတစ်ပွေ့တစ်ပိုက်နဲ့ အချစ်ရွာက ကျမကို ကြိုဆိုလိုက်ပါတယ်။ ပျူငှာ တဲ့ အရပ်က နွေးထွေးတဲ့ ရင်ခွင်တစ်ခုဆီ ကျမရောက်သွားတယ်။

သူကပြောတယ် `` မင်းဟာ ကိုယ်ရဲ နတ်သမီးလေးပါတဲ့ ´´ ကျမ ဘ၀င်မြင့်သွားချင်ပေမယ့် မတန်မရာ ခိုင်းနိုင်းမှုဆိုတာ သိနေတော့ အတင်းကြီးပဲ ကျမစိတ်ကို ချည်းထားလိုက်တယ်။ မင်းဟာ ကိုယ့်ရဲ အနာဂတ်လေးပါတဲ့ ´´ ဖြစ်ရပြန်ပြီး နောက်တစ်မျိုး ၊ ယုံတမ်းတွေလို့ သိပေမယ့် ကျမတကယ်ယုံလိုက်တယ် ။

သူကပြောပြန်တယ် ။ ကျမကို ချစ်တဲ့ အချစ်တွေနဲ့ တန်ဆာဆင်ထားတဲ့ တောအုပ်တစ်ခု ရှိသတဲ့ ။ အမြဲစိမ်းလန်းနေတဲ့ သစ်ပင်တွေအောက်မှာ ကြွေဆင်းကျနေတဲ့ မေတ္တာပန်းတွေ ကြဲပြန့်နေသတဲ့။ ကျမသာ ဆင်လိုရင် သူသီကုံးပေးမယ် လည်ဆွဲတန်ဆာကတော့ သစ္စာလို့ ဆိုရှာပါတယ်။ သူအမြဲမက်တဲ့ အိမ်မက်တွေက ကျမသာလျှင် ဖြစ်ပါသတဲ့ ။ ဘုရားရေ ဒါတွေကို ကျမက ယုံကြည့်လက်ခံသင့်တဲ့ စကားတွေဟုတ်ပါသလား။ လေချိုသွေးနေတာလားလို ကျမတွေးကြည့်တယ် ။ မဟုတ်ပါဘူး သူတကယ်ပြောတာလို တစ်စုံတစ်ယောက်က ကျမကိုပြောနေတယ်။

တွေဝေ ထုံမှိုင်းသွားတဲ့ အသိတရားတွေအောက်မှာ ကျမဦးနှောက်တွေ အလုပ်မလုပ်တော့ဘဲ ရင်ခုန်သံအောက် ၀ပ်စင်းကျလို့ အိပ်ပျော် နေခဲ့ပါတယ်။ ကာရံတွေ တေးဆိုတဲ့ ညမှာ ကျမ အိမ်မက်မက်နေခဲ့တယ်။
ဒီညကို ကျမ ဘာသာပြန်ဆိုဖွဲ့ဖို့ ကြိုးစားတယ် ။ သူကပြောတယ် မင်းဘာသာပြန်တာမှာနေတယ်တဲ့ အချစ်ဟာ အဲလောက် အပွားစားမဆန်ပါဘူးတဲ့ ဟုတ်ပါသလား…

ဒီလိုနဲ အချစ်ဆိုတာ ဘာများ ဖြစ်လေမလားလို ကျမကိုယ်တိုင်းအဖြေ ရှာကြည့်မိတယ်။ တကယ်လို့ များ အချစ်ဆိုတာ လူတွေပြောသလိုဘဲ သစ်တစ်ပင် ဖြစ်နေမယ်ဆိုရင် … ကျမကိုယ်တိုင် ရေသောက်မြစ်ဘဲ ဖြစ်ချင်တယ် …

အချစ်ဆိုတာ ဘ၀မှာ မရှီမဖြစ် ဆိုတာ ဟုတ်ပါသလား ဆိုတော့ ဘ၀အတွက် အချစ်ဆိုတာ မရှိမဖြစ်တော့ မဟုတ်ပါဘူး။ ဒါပေမယ့် ရှိလေကောင်းလေ ရှင့်သန်နေလေလေ ပိုပြီး ယုံကြည့်ခိုင်မြဲမှုတွေ တိုးလာလေလေ သာဖြစ်မယ်ထင်တယ်။

သို့လော သို့လော အတွေးတွေနဲ လန့်နိုးတဲ့အခိုက် နှုတ်ဆက်လိုက်ပိုပေးသူက ဆိုပါတယ်။ `` မင်းနောင်တမရပါစေနဲ့တဲ့ ´´

ကျမဖတ်ဖူးမိတဲ့ စာသားလေးတစ်ကြောင့်ကတော့ လူတစ်ယောက်ကို မှားချစ်မိလို့ အထီကျန်နေရခြင်းပေါ် မင်းတစ်သက်လုံး နောင်တမရပါစေနဲ့တဲ့…


မယ်မဒီ

Friday, February 5, 2010

ကျမတို့

ဘာအကြောင်းလေးများ ဒီအပတ်အတွက် ရေးပေးရမလည်းဆိုပြီး ခေါင်းစဉ်တွေ အများကြီး တွေးမိခဲ့ပေမယ့် စိတ်တိုင်းမကျခဲပါဘူး။ ကိုယ်တိုင်စိတ်ဘ၀င်မကျတဲ့ အကြောင်းအရာတွေကို ဆက်ရေးဖို့မတွေးဘဲ စေတနာဆိုတဲ့ ရင်ဘတ်ထဲကလာတဲ့ ခံစားမှုလေးကို ရင်းပြီး လက်ရှိဒူဘိုင်း ရောက် မြန်မာများ၏ လူကျင့်ဝတ် လူအသိုင်းအကြောင်းလေးကို ရေးဖို ဆုံးဖြတ်ခဲ့ပါတယ်….

အဝေးရောက်မြန်မာများ တစ်ရပ်တခြားမှာ ဘယ်လိုနေထိုင်ရှင်သန်နေရတယ်။ ဘယ်လိုအဖြစ်ပျက်ကလေးတွေ ရင်ဆိုင်ခါးစီးခံနေရတယ်၊ ဘယ်လိုမျိုး အဖြစ်ပျက်ကလေးများ အမှတ်မထင် မလွဲသားဘဲ ကြုံတွေ့နေရတတ်တာလေးတွေကို သိစေချင်ပါတယ်….
မြန်မာပြည်က မိသားစုဝင်ထဲက တစ်ယောက်ယောက် တစ်တိုင်းတစ်ပြည်ကိုရောက်သွားထွက် သွားကြပြီးဆိုရင် မြန်မာပြည်က မိသားစုတွေ ၀မ်းသာဂုဏ်ယူတတ်ကြပါတယ်။ ဟုတ်တာပေါ့ရှင် ကိုယ်ပြည်ထက်သာမယ် ၀င်ငွေတွေပိုကောင်းမယ် အသိညဏ်ဗဟုသုတတွေ ပိုတိုးတက်လာမယ်ဆိုတာသေချာပါတယ်။ နိုင်ငံတကာ နှင့် ထိတွေ့ဆက်ဆံရမယ်၊ လူအခွင့်အရေးဆိုတာကို ကျမတိုမျက်မြင်ကိုယ်တွေ့ ခံစားလာရတာကို သိပ်ကိုကောင်းတာပေါ့။ မိသားစုကိုလည်းထောက်ပံ့ကျေးဇူးဆပ်ရသလို ကိုယ်ဘ၀ရပ်တည်မှုဟာလည်း ပိုပြိးခိုင်ခံ့လာတယ် ။ ကိုယ်ကိုကိုယ်လည်း ပိုပြီး ယုံကြည်မှုတွေတိုးတက်လာတယ်။ ပြောရဲဆိုရဲ ရှိလာတယ်ဆိုတာတွေကတော့ ဟုတ်တာပေါ့ရှင်။ ဒါပေမယ့် အဲဒီရဲ တစ်ဖက်မှာ တစ်ချိန်က ကျမတိုမသိခဲ့တဲ့ ကြောက်စရာကောင်တဲ့ အခြေနေတွေဆိုးကြီးတွေကို ရင်ဆိုင်နေခဲ့ကြပါတယ်။ ဖြစ်ပျက်နေကြတယ်ရှင်။ ဒါတွေအားလုံး ကျမ နိုင်ငံခြားကိုရောက်ပြီး ကိုယ်တွေ့ကြုံမှ ယုံကြည့်ခဲ့တဲ့ အဖြစ်ပျက်ကလေးတွေပါ။

အထူးသဖြင့် မြန်မာပြည်က မိသားစုဝင်တွေ ဘယ်လိုမှ တွေးပြီး ကိုယ်ချင်းဆာနာ နာလည်းပေးနိုင်မှာ မဟုတ်တဲ့ အကြောင်းအရာလေးတွေပေါ့ရှင်… တစ်ချိန်က ကျမတိုတွေ ကိုယ့်မိကိုယ်ဖ ကိုယ့်အိမ်ကိုယ့်ယာထဲမှာ နေချင်သလို့ နေခဲ့ကြတယ်။ စားချင်သလို စားပြီး နေ ချင်သလို ထင်တိုင်းကျဲနေခဲ့ကြတယ်ရှင်။ လူအဆင့်အတန်းတွေ လူ့ကျင့်ဝတ်တွေဆိုတာ မိဘတွေနဲ့ပဲ ဆိုင်တယ်လို ကျမတို့ တွေးခဲ့ကြတယ်လေ။ မိဘပြောသမျှ နားပူတယ်လို့ နောက်ကွယ်မှာပြောကြတယ်။
နားမပူတဲ့နေရာကို ရောက်ပြီးဆိုတော့လည်း မိဘတွေကွယ်ရာ မှာ ကျမတို့တွေ့ ထင်ရာစိုင်းကြတော့တာပါဘဲ။

တချို့မိဘတွေကို့ယ်၌ သားသမီးတွေကို အလိုလိုက် အကြိုက်ဆောင်ပြီး ထင်သလို ထားတတ်ကြတယ်။ လူနေမှုအဆင့်အတန်း စည်းမျည်းစည်းကမ်းတွေ ကိုယ်ကျင့်သိက္ခာဘောင်တွေကို သားသမီးတွေ တတ်သိနားလည်းအောင် သင်ကြားဖို့ အချိန်စောနေတယ်လို မြန်မာမိဘတွေက တွေးမှတ်ထားတတ်ကြပါတယ်။ တစ်နယ်တစ်ရပ်က လည်းရောက်ရော ပြသာနာသောင်းခြောက်ထောင်ကို အချိန်မဆိုင်းဘဲ ရင်ဆိုင်ရကြတော့တာပါဘဲ ။

ကျမတို့တိုင်းပြည်နှင့် လူမျိုးက တစ်သီးပုဒ်ကလနေထိုင်လာခဲ့တဲ့ လူတွေဆိုတော့ အစားအသောက် နေထိုင်ပုံ စရိုက်တော်တော်များက အားလုံးမှာတူညီကြပါတယ်။ အထူးသဖြင့် ဒေသအလိုက် အရပ်အလိုက်အစားအသောက် နေထိုင်ပြုမှုပုံချင်း တူညီတောလည်း ဒီပုတ်ထဲက ဒီပဲပေါ့ရှင်။ မြန်မာဆိုရင် ဘာဖြစ်တယ်ဆိုပြီးကောက်ချဆွဲလိုက်ကြတာ ခံကြရတယ် ။ တကယ်တော့လည်းဟုတ်တယ် ငြင်းလို့မှမရတာလေ။

ဒီမှာကျမတို့ လူမျိုးပေါင်းစုံနှင့် တွေ့ဆုံရတဲ့အချိန်မှာ အားနည်းချက်တွေ အများကြီး ကို ကြုံတွေ့ကြရတယ်။ ဘယ်သူမှ အရမ်းကို ချမ်းသာတဲ့အသိုင်းအ၀န်းထဲက ရောက်လာကြတာမဟုတ်တော့လည်း မသိကြဘူးပေါ့ရှင်။ ကျမဆိုရင် မြန်မာပြည်မှာ အရမ်းကို ခေတ်မှီတဲ့ မီးဖိုချောင်၊ အ၀တ်လျော်စက်တွေ နှင့် နေလာခဲ့တာမဟုတ်ဘူး ။ ဒီကို ရောက်စတုံးက သူများတွေကြားထဲမှာ တော်တော်လေးကို သတိထားပြီးနေထိုင်ရတယ်။ ဒါတောင် ပြောချင်တဲ့လူတွေကမျက်လုံးတောက်ထောက်ပြီး ကြည့်နေကြတာ။ အမွှေးတိုင်ဆိုတာ မြန်မာပြည်မှာတုံးက ဘုရားပူဇော်တဲ့ သီးသန့် အရာအဖြစ်သာ သတ်မှတ်ထားခဲ့တာ တခြားဘယ်လို သုံးရမှန်း ကျမတကယ်ကို မသိခဲ့ပါဘူး။ ဒီကိုရောက်မှ ဟင်းချက်တဲ့အခါ အနံ့အသက်တွေ အပြင်ကို မကူးအောင် ထွန်းကြမှန် အံ့သြစွာကြုံတွေဖူးရပါတော့တယ်။ လူမျိုးခြားတိုင်းအစားသောက် အနံ့အသက်တွေက လူတစ်ဖက်သားကို ဒုက္ခပေးမှန်း ကျမတိုမြန်မာတွေ မသိနိုင်ကြပါဘူး။

ဒါတင်ဘဲလားဆိုတော့ မဟုတ်ပါဘူး ။ ဖြစ်သလို နေထိုင်လာတဲ့အကျင့် အဆင်ပြေသလို နေထိုင်လာတဲ့အကျင့် ရောင့်ရဲစွာနေထိုင်လာကြတဲ့အဆင့်အတန်းတွေက မြန်မာလူမျိုးတိုအတွက်တော့ ဂုဏ်ယူစရာလို ထင်ထားခဲ့ကြပါတယ်။ ဒါပေမယ့် တိုင်းတပါးသားတွေ ကြားခဲ့ ကြုံသလိုနေထိုင်ကြတဲ့ ကျမတိုအပေါ်မှာ အဆင်တန်းမရှိဘူးလို့ တွေးထင်တတ်ကြပါတယ်။ ရှိတာလေးစုပြီး ဖြစ်သလို စုစားကြတာကို အဆင့်တန်းမရှိဘူးပေါ့နော် တချိန်က ကျမတို မြန်မာပြည်ထဲက လက်လုပ်လက်စား ကုလားများအပေါ် အထင်သေးခဲ့သမျှ ကိုယ်တိုပြန်ခံရတယ်လိုသာ ဖြေသာရုံပဲ ရှိပါတယ်။ မြန်မာမိန်းကလေးလူလွတ်တွေက တကိုယ်ရေ တကာယ တွေမိုအဆင်ပြေသလိုနေတယ်။ ယောင်္ကျားလူလွတ်တွေက အိမ်အလုပ်ကိစ္စဆိုတာ သူတိုအလုပ်မဟုတ်ဘူးဆိုတဲ့ စိတ်နှလုံးလေးသွင်း ထားကြတာကိုရှင်... တခြားလူမျိုးတွေကတော့ သူတို့နေတဲ့ ပတ်ဝန်းကျင်ကို သူတိုစိတ်အသိညဏ် အကျင့်တွေထက် ပိုပြီးတန်းဖိုးကြတယ်တော့ ရိုးသားမှုထက် သန့်ရှင်းမှုဟာ လူတန်းဖိုး လို ကျမ မဆိုလိုချင်ပါသော်လည်း ဒါမျိုးကြုံတွေ့နေရပါတယ်ရှင်...

အထူးသဖြင့် အဝေးရောက် မြန်မာမိန်းကလေးများအားလုံးအားမဆိုလိုပါ သိုသော် ကြားမြင် သိရသလောက် မြန်မာမိန်းကလေးများ၏ ဂုဏ်သိက္ခာသည် အီန္ဒယမိန်းကလေးများကဲ့သို့ ဇကာတင်လောက်သည့် စံမျိုးလောက် မထိန်းသိမ်း ထားနိုင်သည့်တိုင် တခြားလူမျိုးများနှင့် တန်းတူ စည်းပျက်ဝါးပျက် အကျင့်ပျက်နေသော တန်းအထိ မကျဆင်းသင့်ကြောင့် တွေးထင်မိပါသည်။ မိရိုးအစဉ်ဆက်ကို ဖောက်ဖျက်ချင်သည်ဆိုပါအုံးတော့ မိဘတို၏ မျက်နာကိုတော့ ထောက်ထားဖို့ သင့်ပါတယ်။ မိဘကွယ်ရာမို့ လူမြင်ကွယ်ရာမှာ မြန်မာမလေးများ တခြားတခြားသော လူမျိုးများ၏ ရင်ခွင်ထဲမှာ ပျော်ရွှင်နေကြနေကြသည်ကို ၀မ်းနည်းမိတော့ အမှန်ပါဘဲ။ ထိုထက် ၀မ်းနည်းဖွယ်ကောင်းတာ တွေ တစ်ခုကတော့ မြန်မာအချင်းချင်း ကြောက်ရွံနေရခြင်း ဖြစ်ပါတယ်။

စောစီးစွာရောက်နေကြတဲ့ ကိုယ်ရွှေမြန်မာတွေက ကိုယ့်မြန်မာအချင်းအချင်း အပျော်ကြံ ကြတဲ့အဖြစ်က လွန်စွာအရုပ်ဆိုး အကျည်းတန်လှတယ်လို ထင်မြင်ယူဆမိပါတယ်။ ကြားလိုမှမကောင်း ကိုယ်လူမျိုးသားချင် တွေကို မောင်ဘွားတွေလို အားကို မရဘဲ ကြောက်ရွှံပုန်းရှောင်ရတယ်လို့ ၊ ဘယ်နှယ် ကူညီသလိုလို စေတနာထားသလိုလို လူမျိုးသားချင်းတွေမို့ မိတ်ဆွေဖွဲ့ချင်သလိုလိုဖြင့် အရောဝင် ကာ သိမ်းပိုက်ဖို့ နည်းလမ်းရှာနေတဲ့လူတွေက အနားဝန်းကျင်မှာ တွေ့ရပါတယ်။ မိန်းမနှင့် သားသမီးရှိပါလျက် လူပျိုလူလွတ်အသွင်ဆောင်ပြီး တပြည်ရောက်မြန်မာမိန်းကလေးများကို ဖျက်စီစော်ကား လုပ်ချင်တဲ့ ကိုယ်ရွှေမြန်မာတွေကိုလည်း အလွန်ပင် လေးစားမိပါတယ်ရှင်။
နိုင်ငံခြားမှာ တွေ့တဲ့မိန်းကလေးတွေ့မို့ ရည်စားစကားကို လွယ်လွယ်ပြော လွယ်လွယ်နှင့် ချစ်သါူဖြစ် အလွန်အကျွံ အဆင့်တွေရောက်ပြီးဆိုမှ မြန်မာပြည်ကို ပြန်ကာ ရည်းစားအဟောင်းကို ပြေးလက်ထပ်တဲ့ ရွှေတွေ့ရဲ့ စိတ်ဓါတ်ကိုလည်း မချီးကျူးဘဲ မနေနိုင်ပြန်ပါဘူးရှင်...အားလုံးကို မဆိုလိုပါဘူး ၊ ကိုယ်မောင်ဘွားလို ခင်မင်ကြတဲ့လူတွေကို မစော်ကားပါဘူး ဒါပေမယ့် မြန်မာမိန်းကလေးများ ရောက်တယ်ဆိုတဲ့သတင်းကို တစ်ယောက်တစ်ဆင့် လက်ဆင့်ကမ်း ဖုန်းနံပါတ်တွေ ပေးပြီး ဖုန်းလိုက်ဆက်၊ တစ်ယောက်နဲ့ အဆင်မပြေရင် နောက်တစ်ယောက်ကို ဆက်ခိုင်းပြီး အမျိုးချစ်ကြတဲ့ လူတွေကိုလည်း လက်ဖျားခါလောက်ရဲ့ ။ ဒီထက်ဆိုတာက ကိုယ့်ပြည်ကိုယ့်ရွာမှာ မိသားစုအသိုင်းအ၀ိုင်း အတည်တကျ ရှိနေပါလျှက် တစ်ရပ်တစ်ခြားမှာ တစ်အိုးတစ်အိမ် တည်ထောင်နေထိုင်တဲ့ ယောင်္ကျားသားများကိုတော့ အပြစ်တင်ရမလား ခွင့်လွတ်လိုက်ရမလားဆိုတဲ့ မေးခွန်းက ကျမကိုယ်တိုင် အသိညဏ်မမှီတာမို့ တိုင်းပြည်ဆင်းရဲတာပဲ အပြစ်တင်လိုက်ပါတယ်။ ကိုယ်ပြည်မှာသာ လစားကောင်းကောင်းရရင် ဒီလိုအဖြစ်ဆိုတွေ ကို မိသားစုတွေ မကြုံကြရလောက်ပါဘူးဆိုပါတော့ ။ ရယ်စရာကောင်းတာလေးတစ်ခုကတော့ အိမ်ပြန်ချင်နေတဲ့ ယောင်္ကျားကို ပြန်လာမှာစိုးပြီး ဗေဒင်ယာတရာတွေလိုက်လုပ်နေတဲ့ မိန်းမတွေကိုလည်း ခွင့်လွတ်မိပြန်တယ်။ သူလည်အကြောင်းမညီညွတ်လို့သာဆိုပြီးပေါ့လေ။ မဟုတ်ရင်တော့ သူမလည်း ယောင်္ကျားနဲမိသားစု စုံစုံနဲ့ နေချင်လောက်ပါတယ်လို ဖြေတွေးဖူးပြန်တယ်။
လက်မထပ်ဘဲ ချစ်သူတွေ အတူတကွနေထိုင်ခြင်းဆိုတာမျိုးက အခုလက်ရှိခေတ်ကြီးမှာ ဆန်းပြားတဲ့ အကြောင်းအရာတော့မဟုတ်ကြပါဘူး။ ဒါပေမယ့် မိဘကွယ်ရာ မှာ ယောင်္ကျားရေ မိန်းမရေ ဆိုပြီး ပြောကြ ဆိုကြနေလေတော့ တစ်ကယ် ကို လင်မယားအောက်မေ့ပြီး မိဘတွေရှေ့ မှာ သူတို့ လင်မယားတွေ အဆင်ပြေပါတယ်။ သိပ်ကိုလည်း သိပ်ကို ချစ်ကြ ပါတယ်လို့ လောကွက်လျော်မိကြရာမှ ပြသာနာတွေ စမိကြတဲ့အဖြစ်က တော့ ရယ်ရမလို ငိုရမလို ကြုံရတဲ့ အဖြစ်ပါဘဲရှင်။ ကြုံခဲ့ရသမျှ အဖြစ်တွေကို သာ ချရေးကြမယ်ဆိုရင်တော့ ပြီးမယ်မထင်ပါဘူ။

ကျမဘာကြောင်းများ ဒီဆောင်းပါးကို ရေးသလည်းလို ကျမကိုယ်ကျမပြန်ဆန်းစစ်ကြည့်မိတယ်။ အတင်းသဘောများဆောင်နေမလားလို့ ကျမဆက်မရေးဘဲ နစ်ပတ်လောက် ပစ်ထားခဲ့ပေမယ့် ပြန်ရေးချင်စိတ်ပေါ်လာတယ်။ ကျမအဓိကဆိုလိုချင်တဲ့ အကြောင်းရင်းလေးက သူများတွေ ဘာတွေလုပ်နေကြတယ်ဆိုတာကို လူတွေသိအောင်ပြောပြဖိုမှမဟုတ်တာ။ မြန်မာလူမျိုးဆိုတာ ဒီလိုပါလားဆိုတဲ့ ဂုဏ်သိဏ္ခာမေးမိန်းနေတာလေးတွေကို ဖော်ညွန်းချင်တာပါ။ တော်တဲ့ တတ်တဲ့လူတွေကို တွေ့ရတိုင်းအမြဲကျေနပ်ဂုဏ်ယူရပေမယ့် မြန်မာဟေ့ လုပ်ချလိုက်ပြန်ပြီး လူကြားလိုမကောင်း သူကြားလို မကောင်းတဲ့ အဖြစ်ကလေးတွေ၊ မြန်မာဟေ့ ကြားလိုက်ရပြန်ပြီး ခိုးဝှက်မှု နဲ့ အလုပ်ထုပ်ခံရပြန်ပြီး၊ မြန်မာဟေ့ ပြသာနာတက်တာ လူကြီးကို နားလည်းအောင် ရှင်းမပြနိုင်လို့ ရှာလပတ်လည်နေတယ်ဆိုတဲ့ အဖြစ်တွေ၊ မြန်မာဟေ့ ဘာလူမျိုးနဲ့ ကြိုက်တာ အောင်မလေး လွယ်လိုက်တာ ထမင်းဟင်းကအစချက်ပြုတ်ပေးတဲ့အပြင် ပိုက်ဆံတောင် ကိုယ်က ပြန်ပြီးထောက်ပံ့သေးတယ်ဆိုတဲ့ သတင်းစကားမျိုးက နားခါးပါတယ်ရှင်။ ကိုယ်ဘာသာ ကိုယ်ချစ်တာ ဘာဖြစ်လည်းပေါ့ ဘာမှမဖြစ်ပါဘူး။ တချို့ကျတော့လည် အလုပ်မှာ အဆင်ပြေအောင် အထက်လူကြီး လူမျိုးခြားကုလား ၊နီပေါ့၊ ပါကီစတန်၊ စသည့်ဖြင့်ပေါ့လေ လူမျိုးစုံကို လက်ခံလိုက်ကြတယ်။ ကျမနဲ့လည်း နည်းနည်းလေးမှကို မဆိုင်တဲ့ ကိစ္စကြီးပါ။ ဒါပေမယ့် ဒူဘိုင်းရောက်မြန်မာများဆိုတဲ့ မြန်မာကိုယ်စားပြုအတွက်တော့ နည်းနည်းလေးများ ပတ်သတ်လေသလားလို့ တွေးမိလိုပါ။

လွတ်လပ်ခြင်းဆိုတဲ့ စကားလုံးလေးတွေ ၊ အရွယ်ရောက်နေပြီဆိုတဲ့စကားလုံးတွေကို မြန်မာလူမျိုး သိပ်ကိုမက်မောတတ်ကြပါတယ်။ ဘာဖြစ်လိုလည်းဆိုတော့ ကျမတိုတွေက မိဘမျက်စီအောက်မှာ နှစ်ပေါင်းတော်တော်များ အတူတကွနေထိုင်ရလိုပါဘဲ။ ဒီလိုနေထိုင်ရလို့ လုပ်ချင်တာကို ကိုယ်ပိုင်လုပ်ပိုင်ခွင့်မရှိလေတော့ မိဘကိုယ်ရာလည်းရောက်ရော ထင်ရာကို စိုင်းတတ်ကြတာ လည်း ဓမ္မဒါပါ။ တကယ်တော့ လွပ်လပ်ခြင်းနှင့် အရွယ်ရောက်ပြီးဆိုတဲ့စကားလုံးကို ကျမတို အလွဲသုံးစားလုပ်နေကြတယ်လို့ ယူဆမိပါတယ်။ လူအဆင့်တန်းမှာ လွပ်လပ်ခွင့်ရှိတယ် ဒါပေမယ့် လူတန်းစေ့၊ လူ့ကျင့်ဝတ်၊ ထုံးစံဓလေ့တွေဆိုတာ ရှိပါသေးတယ်။ ဆိုတဲ့စကားလုံးက ပြန်ပြီးတော့ ထိန်းသိမ်းထားပါသေးတယ်။

ကြုံသလိုနေတယ်၊ ထင်သလိုလုပ်တယ်၊ ဖြစ်သလို့ ရပ်တည်နေထိုင်နေရတဲ့ မြန်မာတွေအဖြစ်ကို တွေးတောမိခဲ့ပါတယ်။ ဒီလိုမျိုး ဖြစ်ပျက်နေကြတာ တခြားတိုင်းပြည်တွေက သတင်းတွေကို ကြားသိနေရတာတွေကို ဆန်းစစ်ကြည့်ကြမယ်ဆိုရင် မြန်မာလူမျိုး ယဉ်ကျေးသိမ့်မွေ့တယ် ဆိုတာ တခြားလူမျိုးတွေကြားရင် ရယ်စရာပျက်လုံးများ ဖြစ်နေအပါအုံးမယ်...တိုင်းပြည်ဆင်းရဲတိုင်း လူမျိုးဆင်းရဲ ပညာဆင်းရဲလို့ ကျမတို့တစ်တွေ တကယ်ဘဲ လူမွဲလူညံ့တွေ ဖြစ်သွားရတော့မှာလားရှင်...

စောစစ်

Monday, January 18, 2010

သူ့အတွက်

အတော်မသတ်သော ဒုက္ခများနှင့် ဘ၀ဆိုသော လိုင်း
ရိုက်ခတ်လာတော့ ကျမအသည်းတခြမ်းကို
အတိတ်တွေ ဖုံးသွားတယ်
ကျရှုံးခြင်းတွေ မျက်ရည်ခမ်းနေတဲ့ မြစ်တစ်စင်းရယ်
မောဟတွေ အထင်းသားကျန်နေတဲ့ မျက်နှာပြင်မှာ
အဖြစ်ဆိုးတွေကို ရေးခဲ့တယ်….

ရေစီးမြန်တဲ့ တောင်ကျရေလိုပဲ
အိမ်မက်တွေ စီးနေတဲ့ အနာဂတ်ဆိုတဲ့ လိုင်း
ရိုက်ခတ်လာတော့ ကျန်နေတဲ့အသည်းတခြမ်းကို
လိုချင်တက်မက်မှုက ၀ါးမျိုလိုက်ပြန်တယ်၊
ယုံကြည့်ချက်တွေ မပျောက်ပြယ်သေးတဲ့ ဒေါသမုန်းတိုင်းတွေ
အင်းအားအသစ်အချို အစပြုတည်နေတဲ့ နှလုံးသားကျောပြင်မှာ
စိန်မှုံလေးတွေ ထွင်းတဲ့ ရှေ့ပြေးနိမှတ်ပုံရိပ်တွေက ထင်ရှားနေပြန်တယ်…

ပိုင်ဆိုင်တာဆိုလို့ ပြည်ဖုံးကားချ
လက်မြှောက်အရှုံးပေးဖို့ ကျန်တော့တယ်…
ဒါပေမယ့် လူတစ်ယောက် က
အတင်းအကျပ် အရေးဆိုလာပြန်တယ် မင်းပိုင်သမျှ
ငါ အကုန်လိုချင်တယ်တဲ့ …
အိုဘုရားရေ ကယ်တော်မှုပါ...

စစ်မက်တွေကြားထဲ စစ်ခရာသံပဲ နားစွင့်နေခဲ့တဲ့ ငါမှယ
တခါမှမရေးရသေးတဲ့
နှလုံးသား ကျောက်စာလေးတစ်ချက်တော့ရှိတယ်
သူအတွက် ပေးလို့ ရနိုင်လေးမလား....
ငါ ပိုင်ဆိုင်တာဆိုလို့ ဒါလေးဘဲ ကျန်ပါတော့တယ်...


မယ်မဒီ
၁၈.၁.၂၀၁၀