Monday, July 19, 2010

သူ၏ ကောင်းကွက်များ





အဆုံးနဲ့ အစမရှိတဲ့ ဟောဒီ ၀ဲဂယှက်ထဲ ကျမ၏ချစ်သူဟု ခေါ်တင်နိုင်သော လူတစ်ယောက်ရှိသည်။ ထိုသူသည် မိမိကိုယ်ကို အလွန်ချောမော ခန့်ညှားသူဟု အထင်ကြိး ၀င်သူများစရင်းဝင် တစ်ဦးဖြစ်သည်။ သူအကြောင့်ကို အမွန်းတင်ပြောဆိုတတ်ရန် မရှက်တတ်သောသူတစ်ဦးလည်း ဖြစ်ရုံမက ကျမအား ရုပ်ဆိုးသူဟုလည်း အားမနာတမ်းပြောတတ်သူ ပင်ဖြစ်လေသည်။ အမှန်ကို လက်ခံနိုင်သည့် ကျမသည် ကျမရုပ်ဆိုးသည်ကို အစကနဦးကပင် ကိုယ်တိုင်သိထားသူ ဖြစ်ပါသော် လည်း သူသည် သူ၏ကောင်းကွက်များကို စာဖွဲ့ပြောတတ်သူ တစ်ဦးဖြစ်နေလေသည့်က အံ့သြဖွယ်ရာပင် ဖြစ်လေသည်။ အရှက်တရားကင်းသလောက် ရည်းစားအလွန်များခဲ့သူလည်း ဖြစ်လေပေသည်။ ထားခဲ့သမျှ ရည်းစားများ ယောင်္ကျားရသွားသည်ကိုထည့်မပြောဘဲ သူ၏ရည်းစားများ ဖြစ်ဖူးသည်ဟုပင် ဂုဏ်ဖော်ပြီး ပြောတတ်သူ ဖြစ်သလို့ အလွန်ပင် အပေါင်းအသင်း မက်၊ ပျော်ကြီးကျနေရမည်ဆိုပါက အိမ်မေ့ ယာမေ့ အားလုံးမေ့ကာ သွားလာနေထိုင်တတ်သည်။ ယင်းအကျင့်ကောင်းများကို ပိုင်ဆိုင်ထားပါသော်လည်း လူချစ်လူခင်များသည်ဟု သူကိုယ်သူ ပြောဆိုတတ်သူ ဖြစ်လေသည်။ ထိုမျှမကသေး ပြောလျှင်တစ်မျိုး လုပ်လျှင်တစ်ဖုံး အမျိုးမျိုးပြောင်းတတ်သည့် စရိုက်များရှိနေပါသေးသည်။

အခုပြန်လာမည်ဟု သူပါးစပ်က ဆိုလျှင် နောက်လေးရက်ကြာမည်မှာ မြေကြိးလက်ခပ်မလွဲနိုင်သော လူစားမျိုး အဖြစ် ရပ်တည်နေသူလည်း ဖြစ်ပါသည်။ သူသည်ထိုဂုဏ်များကို ပိုင်ဆိုင်ထားရုံနှင့် ကျေနပ် အားရမှုမရသေးဘဲ ပျင်းရိခြင်းခြောက်ပါး၏ စံချိန်ကို အမြင့်ဆုံးနန်းချိုးရန် ကြိုးစားနေသူ တစ်ဦးလည်း ဖြစ်လိုနေပါသည်။ ၂၃ နာရီအိပ်ရန် ၀န်မလေးသလို့ မီးပူမတိုက်ဘဲ ၀တ်ရန် ၀န်မလေးသော သူလည်းဖြစ်ပါသည်။ ကောင်းကွက်များ တစ်နှင့်တစ်ပိုး ပိုင်ဆိုင်ထားသော ကျမ၏ချစ်သူသည် သူ့အခန်းမှ အိပ်ရာခင်းအား တစ်နှစ်နီပါးမှ မလျှော်ဖွတ်ဘဲ အိပ်နေသည်ကို ကျမအား မရှက်ဘဲပြောတတ်ပြန်ပါသည်။
လူတစ်ဖက်သားကို မှိုချိုး မျှစ်ချိုး ဇရစ်ချိုးသလို့ ပြောဆိုရမည်ဆိုပါက အင်မတန် နှစ်သက်ခုံသော ဘီယာနှင့် ပင် လှဲလိမ့်မယ့် မဟုတ်ဟု ကျမတွေးလျှင် မှားမည်းမထင်ပါ။ ထိုမျှကောင်းကွက်များနှင့် ပြည့်နှက်နေပါသောကြောင့် ကျမက တမင်များ အပြစ်တင်နေသူဟု ထင်ရန်ရှိပါသည်။ ကျမအပိုပြောနေသည်ဟု ထင်ရလောက်အောင် ထူးခြားသာလွန်နေသည်က သူ၏ကောင်းကွက်များနှင့် ဂုဏ်ပုဒ်များသာဖြစ်ပါသည်။

အပြီးနိုင်မစီးနိုင်သော သူ၏တစ်နေတာများသည် နှစ်ပေါင်းရာကျော်က ကွယ်လွန်သူများကို လွမ်းဆွတ်အောက်မေ့ဖွယ် များ ကျင်းပခြင်း၊ အိုမင်းရင့်ရော်နေသူများ၏ မွေးနေ့ နှစ်ပတ်လည်းများ ကျင်းပခြင်း၊ အရည်မရ အဖတ်မရသော အစည်းအဝေးများ နှင့် ပြည့်နက်နေခြင်း၊ ဦးတည်ချက်မရှိသော သူများ၏ အဆိုအမိန်းများအား လိုက်နာ ထောက်ခံအားပေးခြင်း၊ ဘုကန့်လှန့်တိုက် ဂွကျကျစကားများနှင့် ကျမကို ပြောဆိုတတ်ခြင်း၊ အပြစ်ဟူသမျှကို ကျမကိုယ်ရေးကိုယ်တာများအား ၀င်ရောက်စွပ်ဖက်ခြင်း၊ အယူဝါဒ အဟောင်းများနှင့် ရှေ့ရိုးစွဲများကို တင်းကျပ်စွာ ဦးထိပ်ပန်ဆင်နေရခြင်းများနှင့် သူတစ်နေတာ၂၄ နာရီသည် အမြဲရှုပ်ထွေးလိုနေပါသည် ။

ထိုသူသည် ကျမတစ်နေတွင် လက်ထပ်ပါမည်ဟု စကားဆိုထားသူလည်း ဖြစ်လေသည်.....ထိုသူ အား ကျမလက်ထပ်သင့်ပါသလား...


မယ်မဒီ

3 comments:

emayarKhin said...

အင်း..စဉ်းစားစရာပဲ...။။။
စာရေးသူကိုယ်တိုင်ကိုက
ချစ်စနိုးနှင့်ကောင်းကွက်များဟု
တင်စားထားသည်ကိုကြည့်ခြင်းအား
ဖြင့်မည်သို့ပင်ဆိုစေကာမူ..လက်ထပ်မည်
ဟုမျှော်လင့်မိပါကြောင်း...။။။

Unknown said...

ဘာပဲဖြစ်ဖြစ်လက်ထပ်လိုက်ပါ။ အဖတ်တင်တာပေါ့. :)

Arakan Association (Singapore) said...

အကောင်း နန့် အဆိုး အကျင့်စရိုက်နှစ်ခုကြားမှာ ရပ်နိန်စွာက အသွင်ကူးပြောင်းချင်စိတ်ရာ ရှိပါဖို့။

အသွင်ကူးပြောင်းချင်စိတ်ကို တခုခုက တွန်းအားပီးပနာ(ဝါ) ဖျားယောင်းပနာ လိုချင်ရေဖက်ကို ဆွဲလားလို့ ရနိုင်လိမ့်မေလို့ ထင်ပါယင့်။