Saturday, December 6, 2008

အတောင်တစ်စုံ

ငါသေမင်းနဲ့ စကားပြောကြည့်တယ်
ဒါပေမယ့် ငါရှုံးခဲ့တယ်
ဒီအတွက် ငါမှာ ရက်ပိုတွေ ရှိနေတယ် ..

တစာစာအော်နေတဲ့ ငါဝမ်းဗိုက်မှာ
ငါရှုံးပြန်တယ်
ဒီအတွက် ငါမှာ လုပ်စရာတွေ
စက္ကန့်တိုင်းမှာ ရှိနေတယ်..

တထိတ်ထိတ်ခုန်နေတဲ့ ငါ့နလုံးသားမှာ
ထပ်ရှုံးသေးတယ်
ဒီအတွက် ငါမှာ သောကတွေ ရှိလာတယ်..

အသက်ရူနေသေးတဲ့ ငါဝိညာဉ်မှာ
မနေ့က အရှုံးတွေ
အကြွေးကျန်နေသေးတယ်
ဒီအတွက် ငါ့မှာ
ရုန်းကန်စရာတွေရှိသေးတယ်..

မျော်လင့်ချက်တွေ အစားသွတ်ထားတဲ့
ငါ့ မနက်ဖြန်မှာ
လိပ်ပြာတစ်ကောင်းအသက်ရှင်ဖို့
ငါ့ဝိညာဉ်မှာ အတောင်တစ်စုံ လိုတယ်..

မယ်မဒီ

1 comment:

အရုပ်ကလေး said...

ကဗျာ စာသားနဲ့ အတူ ဘ၀ရဲ့ ရပ်တည်မှုလေး
တစ်ချို့ကို ဖေါ်ပြထားတာ ကြိုက်တယ်