Wednesday, November 19, 2008

တိမ်တစ်ခင်း

တိမ်တစ်ခင်း ငါခင်းဖြန့်တော့
မနေ့က ခြေရာတွေ
အတိတ်က မျက်ရည်တွေ
ကြွေသံမကြားဘဲ ကြွေကျသွားတယ်.....

တိမ်ခြည်တစ်ဆုံး လိပ်ပြာတစ်ကောင်း
ဟိုဒီပျံဝဲ့တုံး
အတွေးနှစ်စ အခိုက်မသင့်ဘဲ
ဆည်းလည်းသံလိုလို
ခိုက်ရန်သံလိုလို
ငါကြားမိပြန်တယ်......

မျက်ရည်ကြွှေသံမှာ ကာရံတွေ ထည့်သွင်း ချင်တယ်
အတွေးချင်းခိုက်တုံး သံစဉ်တွေ ဖြည့်စွမ်းချင်တယ်
နေရောင်တို့ ငါမနက်ခင်း ကို ဖြာကျတဲ့တစ်နေ
အလံတစ်ခု တိမ်တစ်ခင်းပေါ် ငါစိုက်ထူမယ် ......

မယ်မဒီ

2 comments:

မသက်ဇင် said...

မယ်မဒီရေ---
တိမ်တစ်ခင်း
ကိုလာဖတ်တယ်--
ကဗျာအရေးကောင်းတယ်--
စာသားတွေလှတယ်--

အရုပ်ကလေး said...

ကဗျာလေးရဲ့ စာသားလေးတွေ
ပြောင်မြောက်သလို ရေးထားတဲ့
အနိမ့်အမြင့်လေးလည်း ကြိုက်တယ်
ဆက်လက် အားပေးနေမယ်