Sunday, September 13, 2009

အိမ်မက်ကျွံ

အိမ်မက်ဆိုတာ စိတ်ပွက်အိုင် တစ်ခု
ကမ်းခြေမရှိတဲ အိမ်မက်တွေထဲ ကူး
ငါ့ရင်ဘတ်ခုန်သံအောက် ငါကိုယ်တိုင် ခုန်ဆင်းဘူးတယ်…

အိမ်မက်နယ်ကျွံလို့ ခြေလှမ်းတွေ အကျင့်ပျက်လိုက်ပုံများ
``နေ့ ´´ နှင့် ``ည´´ ကို တံတားထိုး ကူးချီသန်းချီ
ငါ့ မျက်လုံးတွေ ညမှာ နယ်ကျွံတယ်…

ဒီလိုနဲ့ အလည်လွန်တဲ့ အတ္တ
လူတစ်ယောက် ရင်ဘတ်ကို ဆွဲထုတ်
အတိတ်ဖွင့် အချစ်ကို စစ်ချက်တင်လိုက်
သူရာဇ၀င်က ပုတ်သိုးနှံတွေ လှိုင်းထနေတာကို ဖွင့်မိခဲ့တယ်
သူက ကျမချစ်သူတဲ့....

နောက်ဆုံး အငြိမ်မနေတဲ့ အိမ်မက်
ယုံကြည့်မှုလှေတစ်စင်း
ချစ်သူစကားသံအောက်မှောက်...
`` အချစ်ဆုံးတဲ့´´
လွှန်ဆွဲနေတဲ့ သတ္တိတရားတို့
့အပျော်ထုတ်ချင်းပေါက်
ဒီငမိုက်မ ကျွံပစ်လိုက်တယ်…



မယ်မဒီ
၁၄.၉.၂၀၀၉

6 comments:

emayarKhin said...

အိပ်မက်ထဲမှာပဲလားးးးး
ကဗျာလေးကောင်းတယ်...

မင်္ဂလာပါ .... said...

ဒီလိုနဲ့ အလည်လွန်တဲ့ အတ္တ
လူတစ်ယောက် ရင်ဘတ်ကို ဆွဲထုတ်
အတိတ်ဖွင့် အချစ်ကို စစ်ချက်တင်လိုက်
သူရာဇ၀င်က ပုတ်သိုးနှံတွေ လှိုင်းထနေတာကို ဖွင့်မိခဲ့တယ်
သူက ကျမချစ်သူတဲ့....
ဒီစာပိုဒ်လေးကို ကြိုက်တယ် ....
အမြဲလာအားပေးမယ်နော်
ခင်မင်စွာဖြင့်
နှင်းဟေမာ

Angel Shaper said...

ကဗျာလေးက မိုက်တယ်ဗျိုးးးးးး
မမဒီရေ... အိပ်မက်ထဲမှာပဲတော့ မဖြစ်နိုင်ဘူး။ မှန်မှန်ပြော။ ဟိဟိ

mysterysnow said...

သူငယ်ချင်းရေ
ချစ်တတ်လိုက်တာနော်....
အိပ်မက်ထဲမှာတောင် အဲလောက်ချစ်ရလား....
နှင်း

စိမ်း... said...

သိပ်ကောင်းတယ် ... ဖတ်ရတာ အားရလိုက်တာ... အားပေးနေတယ် မယ်မဒီရေ...

Nyi Nyi said...

ပန်းရောင်သန်းနေတဲ့ကဗျာ..မဖတ်ရတာကြာပြီ။ ကြိုက်ပါ၏။