Sunday, August 9, 2009

ဖိတ်စာ လေးတစ်စောင်






ကျွန်တော်ဆီကို မိတ်ဆွေတစ်ယောက်ရဲ့ မင်္ဂလာဖိတ်စာလေး ရောက်လာတယ်။ မင်္ဂလာဆွမ်းကျွေးဆိုလို့ ကျွန်တော် နည်းနည်းတော့ စိတ်ထဲ လေးစားမိသွားတယ်။ ဒီနိုင်ငံမှာ မင်္ဂလာဆောင်ခန်းမတွေက ပိုပြီးမှ အဆင်ပြေနေပါရဲ့သားနဲ့ ဘုန်းကြီးကျောင်းမှာ ဆွမ်းကျွေးမယ်တဲ့ ။ဒီကောင် နောက်ဆုံးတော့လည်း မိန်းမယူလိုက်ပြီးပေါ့ လေဟု တွေးကာ ကျွန်တော် အမှတ်တမဲ့ ဖိတ်စာကို မေ့နေခဲ့တယ်။
ကျွန်တော်က အရာအားလုံးကို မေ့တတ်သူ ဖြစ်နေခဲ့တာကိုဗျာ…
(၂)
အဲဒီမနက်ပေါ့ အဲဒီမနက်ခင်းးမှ မနက်ခင်း စစ်စစ် သူငယ်ချင်း တစ်ယောက် ကို လမ်းကြုံဝင်ခေါ်ပြီး မင်္ဂလာဆောာင်ပွဲကို ကျွန်တော်သွားခဲ့တယ်။ နှစ် ပေါင်း များစွာ ၀တ်ကျင့်ပျက်နေတဲ့ ပုဆိုးနဲ့ တိုက်ပုံကို ကျွန်တော် ၀တ် လာရ တဲ့ ဒုက္ခကလည်း မသေးပါဘူးဗျာ... ။ ဒါပေမယ့် ကျွန်တော် မြန်မာပြည်ကိုတောင် လွမ်း မိ တယ်ဗျာ။ အိမ်မပြန်ဖြစ်ခဲ့ နှစ်ပေါင်းများစွာ ဘ၀ကို အဆင်ပြေသလို့ လျှောက်ခဲ့ရတာ အိမ်ဆိုတဲ့ အနှစ်သာရကို ကျွန်တော် မေ့လုလုဖြစ်နေပြီ ။ မြန်မာ ဆိုတဲ့ အတွေးထက် လူသားတစ်ယောက် ဆိုတဲ့ အသိနဲ့ဘဲ ကျွန် တော် က ရပ်တည်နေခဲ့တာကို။ ခုလို့ မြန်မာလို ၀တ် မြန်မာတွေ ရှိတဲ့နေရာ မြန် မာ ၂ ယောက်၏ လက်ထပ်မင်္ဂလာဆောင် လေးကို ဘုန်းကြီး ကျောင်း မှာ ကျင်းပတယ် ဆိုတော့လည်း တစ်မျိုးလေးတော့ နွေးနွေး ထွေးထွေး လေး တော့ ခံစားရတယ်ဗျာ။ ဆူဆူညံညံအသံလေးတွေ ရယ်မောလှောင်ပြောင်သံ လေးတွေ ၊ တစ်ယောက်ကို တစ်ယောက် စနှောက်နေကြတဲ့ အသံတွေ အားလုံးက မင်္ဂလာရှိပါတယ်။ သိပ်ကိုရိုးရှင်းတဲ့ ဒီအခန်းနားမင်္ဂလာ ဆောင် လေးက ဘာအဆောင်ယောာင်လေးမှ မပါဘဲ မိတ်ဆွေများရှေ့ ဘုန်းကြီး ဆွမ်းကပ် မင်္ဂလာယူတာမို ကျွန်တော်တောင် ဘာမှဆိုင် ညာမဆိုင် သဘော ကျနေသေးတယ်။ ငါ့အလှည်မှာလည် ဒီလိုမျိုးလေး လုပ်ရင် ပိုကောင်း မယ် ထင်တယ်လို့ တွေးမိသေးတယ်။ ဘုရားသခင်သာ သိတော်မှုမယ့် ကျွန် တော် အလှည့်ကို တွေးရင်းနဲ့ ရင်မော မိတယ်။ ကျွန်တော်က အချစ် ဆိုတာ ကို အရာအားလုံးထက် တန်ဖိုး ထား တတ်သူ တစ်ယောက် ဖြစ်ခဲ့လို့လား မသိဘူး ။ အချစ်ကို လိုက် ရှာခဲ့လို့ အချစ်ကို ကျွန်တော် မတွေ့ဘူးဖြစ်နေ ခဲ့တယ် …
အချစ်ဆိုတာ ဘယ်လိုမျိုးလည်းဗျာ လို့ ဒီအသက်အရွယ်ရောက်မှ မေးရင်လည်း သူများလှောင်တာကို ခံရပေတော့မယ်…

(၃)
ဟိုတွေး ဒီတွေးရင်းနဲ စိတ်က အတွေးနောက်ရောက်တတ်ရာရာလွင့်နေတုံး ကျွန်တော်သူငယ်ချင်း စုံတွဲခန်းမထဲကို ၀င်လာတယ်။ ပြုံးဖြဲဖြဲ နှင့် ခန့်ခန့်ကြီး လိုက်ဧည့်ခံနေတဲ့ ကျွန်တော်သူငယ်ချင်းကို အဝေးကနေ ကျွန် တော် လက်ပြနှုတ်ဆက်လိုက်မိတယ်။ ဒီကောင် ဒီလိုဆိုတော့လည်း လူ ကောင်း သူကောင်းပုံစံဘဲ ။ ဟိုတုံးကနဲ့ တော့ နည်းနည်းလောက် ကွာ နေ တယ် ။ ဒီကောင်အရင်ပုံတွေကိုသာ မြင်ရင် ဒီမိန်းခလေး လက်ထပ်ပါ မလား မသိဘူး။ ကျွန်တော်တို့ က ဆိုးဖော် ဆိုးဖက် သူ့အကြောင်းကိုယ်သိ ကိုယ့် အကြောင်းလည်း အူဘယ်နှစ်ခွေရှိသလည်းဆိုတာ သိနေကြာတာကို။ ကောင်မလေး ကိုတော့ ကျွန်တော်မသိပါဘူး။ ဒီကောင်ဘယ်ကနေ တွေ့သွား သလည်း မသိဘူး ဒါမျိုးကျတော့ ဒီကောင်အသံတောင်မထွက် ဦး ထား ခဲ့ တာကို…


(၄)ကျွန်တော်ရှေ့တော်မှောက် အရိပ်တစ်ခုရောက်လာတယ် ။ အဲဒီအရိပ်က စကားတစ်ခွန်းပြောလိုက်တဲ့ အချိန်မှာတော့ ကျွန်တော် လေဟာ နယ် ထဲ ကနေ လွင့်ထွက်သွားခဲ့တယ်။ ငြိမ်ငြိမ်သက်သက် တည်တည်ငြိမ်ငြိမ်ပါဘဲ လေပွေတစ်ခု ကျွန်တော် ရှေ့တော်မှောက် နုနုဝါ၀ါ အချိတ်ဆင်လေးကို ပုဝါလေး ခြုံလို့ ရိုးစင်းတဲ့ ပန်းခက်ကလေးတွေ အနားသတ်အလှဆင်ထားတဲ သူမ ကိုယ်က တောက်ပမှုတစ်ခု အရှိန်အ၀ါတစ်ခုခု ရှိနေတယ်လို့ ကျွန် တော် ထင်လိုက်မိတယ်။ သူမကသိပ်ချောမောသူတော့မဟုတ် ညိုတိုတို ကြည့်ကောင်းရုံလေး တစ်ယောက်ပါဘဲ။ ရင့်ကျက်တည်ငြိမ်မှုကို ကျွန် တော် သူမမျက်နှာပေး လေးမှာ ရှာတွေ့တယ်။ သူမမျက်ဝန်းတွေက ကိုယ့်ကိုကိုယ် ယုံကြည့်မှု အပြည့် ရှိတဲ့ မျက်လုံးမျိုးတွေ နဲ့ သူမက ဒီခန်းမထဲ အထင်ရှားဆုံးဖြစ်နေတဲ့ အသက်သုံးဆယ် ၀န်းကျင် သတိုးသမီးလေး ပါဘဲ ။
မိတ်ဆွေတွေကို တစ်ယောက်ချင်း လိုက်လံနှုတ်ဆက်ရင်း ထိုင်နေတဲ့ ကျွန်တ်ာကို သူမပြုံးပြုံးလေး စကားတစ်ခွန်း ဆိုပါတယ်။
ကို….ဘယ်သူဟုတ်ပါသလား ကျမ …..ဘယ်သူပါဆိုပြီး မိတ်ဆွေ တစ် ယောက် ကို လာနှုတ်ဆက်သလို့ လာနှုတ်ဆက်ပါတယ်။ သူမက ကျွန်တော် ဒီ မင်္ဂလာ ဆောင် ကို လာမယ်ဆိုတာကို လည်း သိပါတယ်တဲ့။ တွေ့ရတာ ၀မ်းသာပါ တယ်လို့ သူမက ဆိုပါတယ်။ သာမှန်မိတ်ဆွေတစ်ယောက် ကိုယ့် မင်္ဂလာဆောင်ကို လာအားပေးတဲ့အတွက် နှုတ်ဆက်တဲ့ အပြုံးလေး သူမနှုတ်ခမ်းပေါ်မှာ တပ်လို့ သူမက လာနှုတ်ဆက် သွားပါတယ်။

(၅)
တစ်ချိန်တုံးက အသွင်တစ်မျိုးနဲ့ သူမကို ကျန်တော်ရှင်းနှီးခဲ့ဖူးတယ် ။ ဒါပေမယ့် ကျွန်တော်တို့ မော်နီတာ မျက်နှာပြင် တစ်ဖက်စီမှာနေရင် တွယ်တာခဲ့ဖူးတယ်။ သူမ ပုံရိပ်တွေကို ကိုယ်ထင်သလို တွေးရင် ကျွန်တော်တို့စကားတွေ ပြောခဲ့ကြတယ်။
ကျွန်တော်က သူမကို ရပ်အရှည်ကြီးလို ပိန်ပိန်ပါးပါး မိန်းကလေး တစ် ယောက် လို တွေးကြည့်ဖူးတယ်။ ၀၀ကစ်ကစ် ပုပုလေးလို့လည်း ပုံဖော် ကြည့်မိပြန်တယ် ။တကယ်လို့ အလွန်လှပတဲ့ မိန်းကလေး ဖြစ်နေမယ်ဆိုရင် ကျွန်တော် ရင်ခုန်ရပြန်တယ်။ ဒါမှမဟုတ်ဘဲ သူမ မျက်နှာ ကို လုံးဝမပြချင် ရအောင် ရုပ်ကြမ်းကြီးများ ဖြစ်နေလေမလားလို့ ကြေကွဲဖူးခဲ့တယ်။ ဒါတွေက သူမဆိုတဲ့ ကျွန်တော်သိတဲ့ သူမ သို့မဟုတ် ကျွန်တော်တွယ်တာခဲ့ဖူးတဲ့ မိန်းကလေးတစ်ယောက် ပါ။ ဘာအရောင် ရောသက်မှုမှမရှိတဲ့ သူမ၏ စကား လုံးများကို ကျွန်တော်လေးစားခဲ့ပါတယ်။ ဘယ်ဆီ ဘယ်အရပ် ဘယ်နေရာ မှာတဲ့ မိန်းကလေးတစ်ယောက်ကို ကျွန်တော်တွေ့ဆုံးနေသလည်း ကျွန် တော်လုံးဝမသိခဲ့။ ကျွန်တော်သိခဲ့တာက ကျွန်တော် အင်တာနက်ပေါ်ကို ရောက်လာလို့ သူမအကောင့်လေး စိမ်းနေခဲ့မယ် ဆိုရင် အဲဒီအချိန် အခိုက် အ တန်းလေးအတွက် ကျွန်တော်ကျေနပ်နေခဲ့တယ်။ ဘယ်သူ ဘယ်ဝါ အ သက်ဘယ်လောက် ဆိုတာကို ကျွန်တော်မသိဘူး ။ ဒါပေမယ့် လတ်တ လော သူမလုပ်နေတာလေးတွေကိုတော့ သူမပြောပြတတ်ပါတယ်။ ကျွန် တော်ရဲ ရှည်လျားထွေပြားလှစွာသော မေးခွန်းများအားလုံးကို သူမက တိတ် ဆိတ် စွာ တုံ့ပြန်တတ်ပါတယ်။ ကျွန်တော်ရဲ့ သွယ်ဝိုက်တဲ့ မေးခွန်းတွေကို လည်း တည့်တိုးပြန်မေးတဲ့ မေးခွန်းတွေနှင့် ဖျက်သိမ်းတတ်ပါတယ်။ ကျွန်တော်ရဲ့ တောင်းပန်အသနားခံတဲ့ စကားလုံးများကိုတော့ အားနာသမှု လေးနက်တဲ့ အတွေးတွေကို ချပြကာ သူမ လိုရာဆီကို ခေါ်ယူသွား တတ် ပါတယ်။

သူမကပြောဖူးတယ် ဘ၀ဆိုတာ ဒေါသတွေကို မျိုသိပ်ခြင်းတဲ့..
သူမကပြောဖူးတယ် အချစ်ဆိုတာ ၀တ်ရုံအသစ်လဲချုပ်လို့ ရတဲ့အထည်စ တစ်မျိုးပဲတဲ့ ...
သူမကပြောဖူးတယ် ရင်ခုန်သံတွေကို မယုံဘူးတဲ့ မ နက်ဖြန်မှာ နောက်တစ်မျိုးခုန်နေတတ်လို့တဲ့ ...
သူမကပြောခဲ့တယ် ...အ ဟောင်းဆိုင်ထဲက သမိုင်းဆိုတာ သူမသိပ်ချစ်တဲ့ ၀ိညာဉ် တစ်ခု ပဲ တဲ့ …
သူမကပြောဖူးတယ် အလုပ်ချင်ဆုံးက အလုပ်တစ်ခုကိုပြောပါဆိုရင် ဗယ်ဆင့်ဘင်ဂိုး ကို ညစာ ထမင်းဝိုင်းလေး တစ်ခုလောက်တဲ့ သူစားချင်တာတွေကို စိတ်ကြိုက်စားသွားစမ်းပါစေတဲ့…
သူမကပြောဖူးတယ် စိတ်ကြိုက် အလုပ်ချင် ဆုံးအလုပ် တစ်ခု က နိုင်ငံရေး ဘာသာရပ်ကို အပူအပင် ကင်းစွာ လေ့လာသင် ကြားချင်တယ် တဲ့..ဒါပေမယ့် သူမငွေရှာလွယ်တဲ့ ဘာသာရပ်ကို လေ့လာနေပါတယ်တဲ့..
သူမကပြောတယ် ပန်ချီကားတစ်ချပ်ကို အလိုရှိတာမဟုတ်ဘူး ပြတိုက် တစ်ခုလိုချင်တာတဲ့ ..
သူမကပြောဖူးတယ် စာရေးဆရာကြီးပေါင်းများစွာကို အိမ်တစ်အိမ်မှာ အ ခန်းတစ်ခန်းစီပေးကာ ထားချင်တယ်တဲ့ … သူမကတော့ ဒီကမ္ဘာကျော် နိုင်ငံကျော်ကြီးတွေကို ပို်င်တဲ့ အိမ်ပိုင်ရှင်မကြီး လုပ်မယ်တဲ့…


(၆)
ကျွန်တော် သိခဲ့တဲ့ သူမက ကျွန်တ်ာကို အဲဒါတွေ ပြောပြခဲ့တယ်။ ကျွန်တော်သိတဲ့ သူမက လက်ပေါက်ကတ်ကတ် သာမန် မဟုတ်တဲ့ မိန်းကလေး တစ်ယောက်လို့ ထင်ခဲ့ဖူးတယ်... ကျွန်တော်သိတဲ့ မိန်းကလေး က ခန့်မှန်းရခက်တဲ့ စကားလုံးတွေ ပြောတတ်တယ်…သူမနာမည် အရင်း ကို တောင် သူမက ပြောပြမသွားခဲ့ပါဘူးဗျာ… ဟောဒီအင်တာနက် ရွာကြီးထဲ က သမီးပျိုး လေးတစ်ယောက် အဖြစ်သူမက ရှိချင်တယ်တဲ့ ဗျာ … လက်တွေ့ကို ရင်မဆိုင်နိုင်တဲ့ အချိန်တွမှာ သူမ ဒီရွာကို အလည် လျှောက် သွားနေတတ်ပါတယ်တဲ့ … သိပ်ကိုကျယ်ပြန်တဲ့ စာအုပ်တွေ မိတ်ဆွေတွေ အလှတရားတွေ အသိတရားတွေကို သူမအပျင်းပြေ ခြေဆန့်ပေမယ့် သူမက တကယ့် လက်တွေ သမား စစ်စစ် သင်္ချာညဏ်သိပ်ကောင်းတဲ့ မိန်းကလေး တစ်ယောက်လို သူမပြောပြသွားခဲ့ဖူးတယ်…
ဒါပေမယ့် စကားတစ်ခွန်း နဲ့ ကျွန်တော် ရင်ဘတ်တွေကို ယူသွားခဲ့ဖူးတယ် … တစ်နေ့ ကျွန်တော်တို့ အပြင်မှာ မိတ်ဆွေတွေလိုတော့ တွေဆုံချင်ပါသေး တယ် …


(၇)

ကျွန်တော်ဆီကို ဖိတ်စာတစ်စောင်ထပ်ရောက်လာပြန်တယ်။ သေသေသပ်သပ်လက်ရေးတွေက ကျွန်တော်မသိတဲ့လူတစ်ယောက်မှန်း သေချာတာမို့ စိတ်ဝင်တစား ကျွန်တော်ဖောက်ဖတ်လိုက်တယ်။ အထဲမှာ အဖြူရောင်ရိုးရိုးလေး မင်္ဂလာဖိတ်စာ လေး တစ်စောင့် ။ တပတ်တိတိ နောက်ကျစွာ ရောက်လာခဲ့တဲ့ စာအိပ်လေးက သတိုးသမီး ၀တ်ရုံနှဲ့ ပြုံးပြုံးလေးလာ နှုတ်ဆက်သွားသော သူမ၏ မင်္ဂလာဖိတ်စာလေးပါ။ ကျွန်တော် ဘယ်တုံးကမှ မသိခဲ့တဲ့ သူမ.... နာမည်လေးကို ကျွန်တော် အသံမထွက်ဘဲ ဖတ်မိလိုက်တယ် ။ သူမ ကျွန်တော်ကို တွေ့ဖို့ အတွက် ဖိတ်ကြားခဲ့ပါသတဲ့ ...

1 comment:

စိမ်း... said...

ကောင်းလိုက်တာ... ဖတ်ရတာ တော်တော်အရသာရှိတယ်...