Friday, August 14, 2009

အနားမရှိသော အတွေးများ



အဆုပ်လိုက်လှနေတဲ့ တိမ်တွေကိုကြည့်လိုက်
ဦးတည်ရာမဲ့ လွင့်နေတယ်လို့ ထင်တယ်မလား
မဟုတ်ဘူး ဟိုအဝေးက တောင်ကုန်းဆီကို သွားနေကြတာ….
လွတ်လပ်ခြင်းဆိုတာ သူတို့ဆီမှာ ရှိသေးတယ်…

ဟိုမှာ ငှက်တစ်သိုက် ပျံနေတာ တွေတယ်မလား
ထင်ရာစိုင်း ပျံနေတယ်လို ထင်လား သူတို့မှာ ဦးတည်ချက် ရှိကြတယ်...
ကိုယ်အရပ်ကို ပြန်နေကြတာလေ..
သူတို့ဆီမှာ အသင်းအဖွဲ့လိုက် ပျံသန်းနေထိုင်ခြင်း ဆိုတဲ့
လောက သဘာတရားလေး တစ်ခု ကျန်နေသေးတယ်...

ဟိုမှာ မြက်စားနေတဲ့ နွားတစ်အုပ် တွေလား
ဦးနှောက်မရှိတဲ့ အကောင်တွေလို့ ထင်တယ်မလား
သူတို့က ပိုင်ရှင်ကို အလုပ်ကျွေးပြုနေတဲ့ ကျေးကျွန်ကောင်းတွေ
ခေါင်းဆောင်ကို ခေါင်းဆောင်မှန်းသိတဲ့ နောက်လိုက်ကောင်းတွေပါ…

ဟောင်နေတဲ့ ခွေး တစ်ကောင်ကိုတွေလား
အနိမ့်ဆုံး သတ္တ၀ါလို ထင်တယ်မလား
သူတို့ဟာ သခင်ပေါ်သစ္စာအရှိဆုံး သတ္တ၀ါ…

ပန်းချီဆရာတစ်ယောက်သစ်ရွက်လှုပ်သံကို သူကြိုးစား နားထောင် နေတယ်…
ဓါတ်ပုံဆရာတစ်ယောက် ပန်းတစ်ပွင့် အသက်ရှူသံကို ထိုင်စောင့်နေတယ်…
လူဆိုတာ အလှကို ခံစားတတ်သူလို့ ထင်ရတယ်...

ကမ္ဘာကြီး၏ အလှတရားကို ခံစားတဲ့ လူ ဒါပေမယ့်
သူတို့ဟာ ကိုယ်တိုင်လှဖို့ လောကို ဖျက်စီးနေတဲ့ လူမိုက်တွေ
ကမ္ဘာကို ဖျက်စီးမယ့် လူတွေကို မွေးထုပ်ပေးသူ

သစ္စာတရားကို လှောင်ပြောင်သူတွေ
ဦးတည်ချက်မဲ့ လက်နက်ကိုင် ဓါးပြတိုက်တဲ့ သူတွေလေ
ကိုယ့်ချမှတ်တဲ့ ဥပဒေကို ကိုယ်တိုင် မီးရှိုသူတွေ
ကျေးဇူးတရားကို မျက်နှာ ပြောင်တိုက်သူတွေ

လူဆိုတာ ကမ္ဘာကို အတွင်းလိုက် ဖောက်စားတဲ့ လောက်ကောင်
လူဆိုတာ စစ်ကို မုန်းတီးသူဟု အမည်ခံထားသူ
လူဆိုတာ တစ်ကယ်တော့ စစ်ကို ဖန်တီးသူ
တစ္ဆေကြောက်ပြီး ကိုယ်တိုင်တစ္ဆေ ဖြစ်နေသူ
အကြင်နာ တရားကို မီးခွက်ထွန်းပြီး ရှာရင်း ပျောက်နေသူ
သမိုင်းကို အင်အားနဲ့ ရေးသူတွေ
ကိုယ်လူမျိုးသွေးဖြင့် ကိုယ်တိုင်ရေချိုးချင်သူ…
ထိုထိုသော သတ္တ၀ါကို လူဟုသာ ခေါ်သည်။

(မယ်မဒီ)
၁၄.၈.၂၀၀၉

1 comment:

emayarKhin said...

ကဗျာတွေ......အားပါနေတယ်......
အရမ်းဖတ်လို့ကောင်းလာတယ်....။။။