Friday, October 9, 2009

တိမ် ကဗျာ ၃

တိမ်တွေအလည်လာခိုက်
တိမ်သားကို ထွင်းထု အရိပ်ကို အစစ်လိုထင်ခဲ့တယ်။

သင်ခါရဆိုတဲ့ စကားအောက်
တိမ်တစ်ဆုပ် ငါဆီကို ပြေးဆင်းတယ်
မိုးတဲ့
ပြေးဖမ်းမရတဲ့ အဆုံး
မိုးထဲမှာပဲ ပျော်ပစ်လိုက်တယ်….



မယ်မဒီ
၈.၁၀.၂၀၀၉(တစ်နှစ်ပြည့်)

5 comments:

Nyi Nyi said...

အကြောင်းအရာတွေသာကွာသွားတယ်
ဒီကျောရိုးပဲ
ပြဌန်းခံဥခွန်အတွင်းလွန်ဆွဲပွဲမှာ
ညတွေနက်သထက်နက်လာခဲ့တယ်
မွေးကတည်းကပါလာတဲ့နက္ခတ်
ငါသိတဲ့ငါနဲ့ငါမသိတဲ့ငါ
ထားလိုက်ပါ..တစ်နေ့တော့အလိုလိုပျောက်ဆုံးသွားမှာပါ
လူတစ်ယောက်ရဲ့လားရာဟာ
သိပ်တော့လည်းမထူးလှပေဘူး။

Angel Shaper said...

မရေ...
သင်္ခါရဆိုတဲ့ စကားအောက်က ဖမ်းဆုပ်မရတဲ့ မိုးထဲမှာ ပျော်နေပြီပေါ့။ အမြဲတမ်းပျော်ရွှင်ပါစေနော်။
ကဗျာလေး ကူးသိမ်းထားမယ်။

စိမ်း... said...

ခိုစရာအမိုးအကားလေးများ မရှိဘူးလား...
အိုင်ဒီယာလေးက အလန်းလေး ... :)

အမရာ said...

တိုတိုလေးနဲ့
ထိထိမိမိကဗျာလေးပေါ့...

့hnin said...

တိုတိုလေးနဲ့ ကောင်းတဲ့ ကဗျာလေးကို ခံစားသွားပါတယ်
နှင်းဟေမာ