Wednesday, April 1, 2009

လမင်းရင်ခွင်

သမင်အလိုက်မှားတဲ့ မျှားတစ်ချောင်း

နေမ၀င်သေးတဲ့ အနောက်အ၇ပ်က ဒီလူသားဆီမှ လာမှန်တယ်၊

အနားကျက်ဆေး မလိုဘူး

အမုန်းတွေး သုတ်လိမ့် ပြီး

တောင်စွယ်ပေါ် တက်ခဲ့တယ်..

ငွေဓါးတစ်လက် အလွမ်းတဖက် ဖြင့် လောကကို စိန်ခေါ်မယ် ၊

နေကွယ်တဲ့ အခိုက် လမင်း၇င်ခွင် ခိုဝင်လိုပါလျှက်

ငါခြေဖျားထောက်လည်း မမီဘူး

ကိုယ်ပေါ်က သွေးစိမ်းတော့ မကျဘူး ဒါပေမယ့်

ပြုံးလိုက်တိုင် ငါရင်ဘတ်က နာတယ်။

မနက်ဖြန်ဆိုတဲ့ တံခါးတစ်ချပ် ပွင့်နေသရွှေ့ ငါ့မျှော်လင့်ချက်တွေ လည်ဆန့် မျော်နေအုံးမယ်။ အတောမသတ်တဲ့ ဆုတောင်းခြင်း များဖြင့် ငါလူပီမြဲ ပီသနေပါအုံးမယ်။ တစ်နှင့်တစ်ပိုး သောကတွေကို ပိုက်၊ တသီတတန်းသော လိုချင်တပ်မက်ခြင်း များဖြင့် တစ်ခါတစ်လေ လမ်းမှားရောက်လာမယ့် ကံကောင်းခြင်းကို စောင့်ကာ လမင်းရင်ခွင်ထဲ ငါခိုအုံးမယ်။


မယ်မဒီ

6 comments:

အရုပ်ကလေး said...

ကဗျာမှာ နက်နဲစေတဲ့ စကားလုံးတွေနဲ့ ရေးဖွဲထားတာလေး
တန်ဘိုးရှိတယ် ..။
အစ်မရေးတဲ့ ကဗျာတိုင်း နှစ်သက်ပါ၏ ..။

မသက်ဇင် said...

"လမင်းရင်ခွင်"
ဖတ်ရင်းခံစားသွားတယ်--
တွေးသွားတယ်--
ကဗျာလေးလှတယ်---

emayarKhin said...

လမင်းရင်ခွင်ကိုခံစားသွားပါတယ်.....

မသက်ဇင် said...

သင်္ကြန်ရေလို အေးမြပါစေ
မြန်မာပြည်သူများ သာယာဝပြောပါစေ
ငြိမ်းချမ်းကြပါစေ
ဘဝ နဲ့ ဆန္ဒတထပ်တည်းကျကြပါစေ

မသက်ဇင် said...

မနက်ဖြန်ဆိုတဲ့ တံခါးတစ်ချပ် ပွင့်နေသရွှေ့ ငါ့မျှော်လင့်ချက်တွေ လည်ဆန့် မျော်နေအုံးမယ်။ အတောမသတ်တဲ့ ဆုတောင်းခြင်း များဖြင့် ငါလူပီမြဲ ပီသနေပါအုံးမယ်။ တစ်နှင့်တစ်ပိုး သောကတွေကို ပိုက်၊ တသီတတန်းသော လိုချင်တပ်မက်ခြင်း များဖြင့် တစ်ခါတစ်လေ လမ်းမှားရောက်လာမယ့် ကံကောင်းခြင်းကို စောင့်ကာ လမင်းရင်ခွင်ထဲ ငါခိုအုံးမယ်။

ဒီစာသားလေးကိုလည်းအလွန်နှစ်သက်တယ်
မယ်မဒီရေ
ခင်မင်လျက်

အရုပ်ကလေး said...

လမင်းရင်ခွင်ကို ခိုဝင်ချင်ပေမယ့်
သို့တည်း ... ခိုဝင်ခွင့် မရသေးပေမယ့်
တစ်ခါတစ်ရံ နေကွယ်ချိန်မှာ
တစ်ခန်းရပ်ရတဲ့ အဖြစ်တွေကြားမှာ
ညအမှောင်မှာ လရောင်လွမ်းခန်းကို
ဖွင့်တတ်တာလည်း ကြာပါပြီ ..။
လူ့မှုနယ်ပယ်တစ်ခုမှာ လှုပ်ရှားနေရင်း
လိုက်မမှီတဲ့ ဖြစ်ရပ်တစ်ချို့မှာ
ငါတစ်ကိုယ်တည်း လူးလွန့်ရင်း
အပြုံးတွေနဲ့အတူ ဘ၀ကြားမှာ
နစ်မြုပ်နေရတာ အမှားများစွာကို
လုပ်မိရင်း သေမင်းခေါ်ဆောင်ရာ
ကို သွားရမှာကို သိသိချည်းနဲ့
တစ်ခါတစ်ရံ အလိုက်မှားတဲ့ ရွှေသမင်
ဖြစ်ရပ်လို ငါဟာ ဆုံးခန်းတိုင်ပြီလား ...။