Monday, March 31, 2008

အဘူဒါဘီ(abdhubi)










အဘူဒါဘီ(abdhubi)
ဤမြို့ကလေးသည် သဲကန္တာရ အတွင်းရှားပါးလှစွာ အိုအေစစ်ကဲ့သို့ သာယာအေးချမ်းသော မြို့ကလေးဖြစ်ပါသည်။ ဒူဘိုင်းမြို့မှ ခရီးနှစ်နာရီကျော်ကာမောင်းရုံဖြင့် ရောက်ရှိပါသည်။ မြို့ပြ၏မွမ်းကျပ်မှုများဒူဘိုင်းဒ်ပြည့်နက်နေပေမယ့် နာရီဝက်မျှကားမောင်းထွက်ရုံဖြင့် ကန္တာရဆန်ဆန် လွင်ပြင်များကြားတွင် အဝေးပြေးကားလမ်းမသည် ဖြောင့်စင်းလျှက် အဘူဒါဘီသို့ခရီးအစသည်လည်း ထူးဆန်းစွား လှပနေတာကို တွေရပါသည် ။ မြို့အ၀င်တစ်လျှောက်သည် စိမ်းစိုနေသော သစ်ပင်များဖြင့် ခရီးဦးကြိုနေပါလိမ့်သည်။ ဤမြို့ဖွဲစည်းပုံသည် အလွန်စနစ်တကျဖြစ်နေသည်ကို အံသြစွာတွေရပါသည်။ လမ်းမကြီးများသည် ကျယ်ဝန်းသလောက် ရှင်းလင်းလှပပါသည်။ လူသွားလမ်းများ၊ မြေအောက်လူကူးဖြတ်လမ်းကြီးများသည် အလွန်တစ်ရာခန်းနားစွာ ဆောက်လုပ်ထားသည်။ bus လုံးဝမရှိသော မြို့တော်ဖြစ်ပါသည်။ taxi ကားများသည် ဒူဘိုင်းထက် အများကြီးဈေးသက်သာပါသည်။ ရှည်လျားသော ကမ်းခြေတစ်လျှောက်ပန်းခြံများ ရေပန်းများ အနားယူအပန်းဖြေရန် ဆောက်လုပ်ထားသော နေရာများစွာဖြင့် မြို့ကမ်းနားဘေးတစ်လျှောက်သည် အလွန်စည်းကားလှပါသည်။ ကျွှန်းပေါင်းများစွာသည် ကမ်စပ်နံဘေးနှင့် နှီးကပ်စွာ တည်ရှိသဖြင့် shapping mall တစ်ခုကို ကျွှန်းပေါ်တွင်ဆောက်လုပ်ထားသလို ကမ်းစပ်နားဘေးတွင်သိပ်ကို လှပသော ခမ်းနားသည့် နန်းတော်ကြိးတစ်ခုကိုလည်း ဆောက်လုပ်ထားပါသည်။ စိမ်းစိုနေသော သစ်ပင်များ၊ ပန်းပွင့်များဖြင့် တိတ်ဆိတ်အေးချမ်းသော ဤမြို့ကလေးသည် သေးငယ်ပေမယ့် သဲကန္တာရမြိုများကြား အလွန်တည်ငြိမ်အေးချမ်းသော မြို့ကလေးဖြစ်ပါသည်။

No comments: