
ရက်ထောင်ချီခရီး မှော်ဝင်မြိုင်တောဆီ
ရွှက်အစုံလွင့် အိမ်မက်တွေ ပွေ့ပြီး
အချစ်တွေကောက် ထွက်ခဲ့တယ်....
အခုတော့
အနာဂတ်ဆိုတာ တိမ်မျှင်နှင့် သီတဲ့
ဆောင်းနှင်းတွေလို့
ကြွေကြွေကျနေတယ်..
မျှော်လင့်ချက်ဆိုတာ
မိုးစက်တွေလိုပေါ့ ရွာရွာကျနေတယ်...
အိမ်မက်က နိုး တိမ်ခိုးတွေ ပျယ်တော့
ကြိုးတံတားပေါ်က သံယောဇဉ်ဆိုတာ
ချစ်သူနှစ်ဦးကူးဖို့ ထိုက်တန်းပါ့မလား....
သက်ပြင်းတစ်ဆုပ်ပြည့်တိုင်း လွမ်းတိုင်း
ပန်းတွေပွင့်မယ်ဆိုရင်
အဲဒီပန်းတွေသီပြီး
ကိုယ်ဆုတောင်းချင်တယ်
နောင်ကို ဒီပန်းတွေ မပွင့်ပါစေနဲ့.................