Monday, June 2, 2008

အဘူဒါဘီနှင့်ကျမ၏အတွေ့အကြုံလေးများ

တစ်နှစ်ခွဲကျော်စွန်းစွန်းလေး ကျမဒီမြို့ကလေးမှာနေထိုင်ခဲ့ပြီးနောက် ဒီမြို့ကလေး၏ လူချမ်းသာ အသိုင်းအ၀န်း ဘယ်လိုရှိတယ် ဆိုတာကို ကျမသိပါတယ်။ လူလတ်တန်းစား၏ အကျင့်စရှိက်များ အမှုအကျင့်များ နှင့် မြို့ပြနှင့်ဝေးဝေးက လက်ကျန်ဒေသခံ လူတစ်ချို့၊ ဒေသခံမဟုတ်သည့် လူမျိုးခြားအကျင့်စရှိက်များကို ကျမကောင်းကောင်းသိခဲ့ပါတယ်။ အထူသဖြင့် တစ်နေ့ကုန် တစ်နေခန်း တွေ့ဆုံ နေရတဲ့လူမျိုးတွေက နည်းမှမနည်းတာကို ၊ ဒါပေမယ့် အာရပ်စော်ဘွားများမိသားစုကိုတော့ ထူးထူးဆန်းဆန်းနှစ်ကြိမ်သာ ကျမတွေ့ ဆုံခွင့်သာ ရခဲ့ပါတယ်။
တစ်နေ့ကတော့ စော်ဘွားဘုရင်၏သမီးတော် နှစ်နှစ်သမီးကလေး ဈေးဝယ်ထွက်ခြင်းပေါ့လေ ကလေးမလေးကို လူကြားသူကြားထဲ ထိတွေစေတဲ့သဘော ဈေးဝယ်ထွက်လာခြင်းဖြစ်ပါတယ်။ လူသူကင်းရှင်းတဲ့ နေ့ရက်ကလေးမနက်ပိုင်းအချိန်မှာ အမျိုးသမီးတစ်ယောက် ကလေးမလေးငယ်ငယ်လေးတစ်ယောက်နှင့် ဆိုင်ထဲကိုဝင်လာပါတယ်။ ကလေးမလေးက ကလေးကြိုက်တဲ့ရောင်စုံကလေး အလှဆင် ကောင်တာကို တန်းပြေးပါတယ်။ အဖြူရောင်အထက်အောက်ဆင်တူဝတ်ထားတဲ့ အမျိုးသမီးနှစ်ယောက် ကလေးမလေးနောက်ကို တထပ်တည်းပြေးလိုက်လာပါတယ်။ နောက်ထပ်သပ်ရပ်ရပ်ဝတ်ထားတဲ့အမျိုးသမီးတစ်ယောက်ကတော့ ကလေးမလေးကို စကားလေး တွေလိုက်ပြောလိုက် သူကလေးလုပ်သမျှကို vedio လိုက်ရိုက်နေပါတယ်။ နောက်ထပ်အမျိုးသမီးတစ်ယောက်လည်း ပစ္စည်းတစ်ချို့ကို သယ်ထားသေးတော့ ဆရာမနှစ်ယောက် နာနီနှစ်ယောက်အပြင် အဖြူရောင်သန့်သန့်အာရပ်ဝတ်စုံများဝတ်ထားသော ခမ်းခမ်းနားနား လူကြီးသုံးယောက်လည်းပါသေးတယ်။ ကလေးမလေးထိသမျှကို နာနီတွေက လိုက်ကောက်တယ် ပြီးတော့ကောင်တာပေါ် လိုက်တင် ပေးကြတယ် နာနီတွေ ၀ယ်သမျှ လူကြီးသုံးယောက်က ပိုက်ဆံလိုက်ရှင်းပေးကြသည်။ ကျမကြည့်လိုက်တော့ကလေးမလေးက မြင်သမျှကို လိုက်ဆွဲချနေတာပါ ဒီပစ္စည်းတွေက ဒီကလေးအတွက်တကယ်ကို လိုအပ်တာတစ်ခုမှမပါဘူး၊ သူကလေးအမေကတော့ သူကလေးအတွက် ဆိုင်ထဲရှိသမျှကို အကုန်လိုက်ဝယ်နေပါသေးတယ်။ အိုဘ၀ဘ၀ ဘယ်လိုလူတွေလည်းလို့ကျမတွေးနေမိပါတယ်။ ကလေးမလေးတစ်ယောက်နဲ အမျိုးသမီးတစ်ယောက်အတွက် အကူ(၇)ယောက်လိုပါသတဲ့ ကျမသူတို့ဝယ်သမျှကို လိုက်ကြည့်နေရုံ ထက် အံ့သြမှင်သက်ဖြစ်နေရုံထက် သူတို့သုံးသွားတဲ့ငွေတွေကို နှမြောနေမိပါတယ်။ ဘာမှအသုံးမ၀င်တဲ့အရာတွေအတွက် သူတို့ငွေတွေကို သုံးသွားတယ်။ ကျမလစာတစ်လစာလောက်ကို ခဏအတွင်းသူတို့သုံးသွားပါတယ်။ မန်နေဂျာကို ကျမတိုးတိုးလေး မပြန်ခင်လေးမေးလိုက်တယ် ဒီမနက်က၀ယ်သွားတာ ဘယ်သူတွေလည်းလို့မေးတော့ she is princess from palace တဲ့ ။
နောက်တစ်ခေါက်ကတော့ လူတွေကိုကျမမမြင်လိုက်ရဘဲ သူတို့ဈေးဝယ်ခြင်းပေါ့လေ။ လူကြီးတစ်ယောက် ဆိုင်ထဲကိုဝင်လာတယ်။ ၂-နှစ်ကလေးအရွယ် အတွက်အ၀တ်တွေ လိုချင်တယ်လိုပြောတယ်။ သူကို အစမ်းဝတ်ကြည့်ပေးဖို့တစ်စုံတစ်မျိုးလိုချင်တယ်တဲ့ ယူသွားလိုရမလားမေးတော့ ကျမကပြောလိုက်တယ် ရတယ် ပိုက်ဆံရှင်းသွား မလိုချင်တာကို ပြန်လာပေးလိုပြောတော့ အိုကေတဲ့ မင်းကြိုက်တာတွေကိုရွှေးထားပါ၊၆-နှစ်သမီးကလေးအတွက်လည်းမင်းရွှေးထားလိုက်ပါတဲ့မင်းပြီးရင် ငါဖုန်းကို လှမ်းခေါ်လိုက်တဲ့ ၊ ကျမလည်း တစ်ဆိုင်လုံးမှာရှိတဲ့အ၀တ်းတွေကို အ၀တ်တန်းအပြည့် ရွှေးလိုက်တယ် မန်နေဂျာကလာပြောသွားတယ် တဆိုင်လုံးမှာ ကောင်းတာရှိသမျှကို ရွှေးပေးလိုက်တဲ့ အထည်၁၀၉ ထည်ဖြစ်သွားတယ် ကလေးလို့မယ့်အရာအားလုံးကျမရွှေးလိုက်တာ ဖိနပ် ၊ ခြေအိပ်၊ ည၀တ်အိပ် အကုန်ပါဘဲ ၊ အ၀တ်တန်း၂-တန်းဖြစ်သွားတော့ ကျမသိပ်ကိုမသင်ခါတော့ဘူး ။ ဒီလူ ငါ့ကို လာဒုက္ခပေးတာလား မအားရတဲ့ကြားထဲမှာ အလုပ်ပိုဖြစ်နေရင်တော့ ဖုန်းဆက်ပြီးဆဲဖို့ကျမ တာစူထားလိုက်တယ် ။ အားလုံးအဆင်သင့်ပြင်ပြီး ဖုန်းခေါ်လိုက် တော့ ဒီလူရောက်လာတယ် နည်းနည်းများသွားမလာလိုထင်ပြီး ကျမက ရှင်းပြတယ၊် ကလေးအတွက် နွေရာသီနှင့်သင်တော်တာ အားလုံးလိုအပ်တာမှန်သမျှ ကို ငါထည့်ပေးထားတယ် မလိုချင်တာကို လာပြန်ပေးပါ လို့ပြောတော့ အိုကေ ဘယ်လောက်လည်းလိုသာ တန်းမေးတယ် ကျမတွက်လိုက်တော့ ဒေါ်လာ ၄၀၀၀ ၀န်းကျင်ကျတယ် ။သူကဘာမှမပြောဘဲရှင်းပေးသွားတယ် ။ကျမ တော်တော်ကို တုန်လှုပ်သွားတယ် ဘုရားသခင် ဘာမှတန်ဖိုးကြီးတဲ့အ၀တ်အစားတစ်စုံမှမပါဘဲ နွေရာသီဝတ်စုံလေးအတွက် ကလေးနှစ်ယောက်အပေါ် ဒီငွေကိုသုံးသွားတော့ ဒီလူကဘယ်လောက်ချမ်းသာလို့လည်း ဘယ်သူလည်းသိလားလို့မန်နေဂျာကိုမေးတော့ ဘုရင်အမျိုးတွေဖြစ်မှာ ပေါ့တဲ့ ဒီလူကတော့ သူတို့ဈေးဝယ်ခိုင်းလိုက်တာတဲ့ လူတစ်ယောက်ယောက်ပေါ့။ လူတစ်ချို့ အရိုးများသလည်း ချေးခါးသလည်း နင်တို့ဆိုင်က ဘာကြောင်းဒီလောက်ဈေးများရသလည်း၊ စိန်ကွပ်ထားလိုလား၊ အင်္ဂလန်မှာတောင်ဒီလောက်ဈေးမကြီးဘူးဘာကြောင်း ဒီမှာ ဈေးကြီးရသလည်း ၊ အထူးဈေးပေးပါ၊ တစ်မျိုးမဟုတ် တစ်မျီုးကျမတို့ဦးနောက်ကို စားပြီးမှ ၀ယ်တတ်တဲ့လူမျီုးတွေကြောင့်း ကျမ အလွန်ကို စိတ်ပျက်မိပေမယ့် ဒီလိုလူတွေသာဈေးအမြဲဝယ်ရင်လည်း customer service ဆိုတာ ဘာလည်းလို့ကျမက သာပြန်မေးရလိမ့်မယ့်ထင်ပါတယ်။ ကြုံရဆုံရလူဘ၀တဲ့ ဒါမျိုးတွေ လည်းရှိတတ်ပါလားနော်လို့ best of the month ဆုကို ကျမဘာမှမလုပ်ရဘဲ ရခဲ့ပါတော့တယ်.အကောင်းဆုံး best customer service for one transaction တဲ့ big bill ပေါ့ ရယ်ရတယ်နော် အော်လောကလောက

1 comment:

ဂျူနို said...

ဒီလိုပါဘဲ။
အာရပ်စော်ဘွားက ဒီကိုလာတာ အလုပ်သမား၂၀၀ပါလာတယ်။ သူကလေယာဉ်ပျံလာဝယ်တာ။ သန်း၂၀၀ကျော်နဲ့ ။ ဒီတော့ဒီကအကြီးအကဲကလေယာဉ်ကွင်းမှာသွားကြိုတယ်။
ဒလိုင်းလားမားလာတော့ တရုတ်နဲ့ မိတ်ပျက်မှာစိုးလို့ သွားမတွေ့ ကြဘူး။