Wednesday, April 16, 2008

အရောင်ပြယ်ဆုတောင်း

ငါလေ တစ်ချိန်တုံးက အလွမ်းတွေကို ဟိုရှည်လျှားတဲ့ တိမ်တိုက် တိမ်နွှယ် တိမ်စများဆီမှာ မပြီးနိုင် မဆုံးနိုင် တသီတတန်း သီကုံးမိခဲ့ဖူးတယ်။ အိပ်မပျော်တဲ့နေ့ရက်များကြားထဲ ၊ မသေချာတဲ့ တုံ့ပြန်မှုတစ်ခုကို မက်မက်မောမော စိတ်ကူးယဉ်မိခဲ့ အတိတ်တစ်ခု မနေ့က ရက်ဟောင်းထဲငါသိမ်းဆည်းလိုက်ပြီ၊ ငါရင်ဘတ်ထဲ မမြင်ရတဲ့ ရင်နာစရာများတင်ကျန်နေခဲ့ပြီးပေါ့။ တချိန်တုံးက ငါ့အတွေး၊ ငါ့ကမ္ဘာတစ်ခုကို ပုံအပ်ခဲ့ပါလျှက် ကျောခိုင်းစွန့်ခွာသွားတဲ့ လူတစ်ယောက်အတွက် မခိုင်မာတဲ့အိမ်မက်တစ်ခုကို မေ့ပျောက်ဖို့ အပြီးသတ်ပျက်စီးဖို့ ငါဆယ်စုတစ်ခု မင်းအတွက် အချိန်တွေငါပေးမိခဲ့ပါတယ်။ ဒါပေမယ့် ငါပြန်ရလိုက်တဲ့ တုံးပြန်မှုက လုံးဝတိတ်ဆိတ်စွာမင်း ထွက်သွားခြင်ပဲ၊ ဘာမှန်းမသိတဲ့ ဆုံးဖြတ်ချက် မပြတ်သားမှုများဖြင့် ဒီသံယောဇဉ်လေးကို မင်းဖြတ်ရက်ခဲ့တယ်. ငါဘယ်တုံးကမှ မေ့ဖို့မကြိုစားခဲ့ ဒီသံယောဇဉ်ကြိုးဟာ ခုတော့ အချိန်၊ နေရာ အကွားအဝေး တွေကြားထဲ့ ပြတ်သွားခဲ့ပြီ၊ ဆွေးမြေ့ပျက်စီးသွားခဲ့ပြီ။ တစ်ချိန်တုံးက ငါတို့ကြားထဲ မမြင်ရတဲ့ ကြိုးလေးတစ်ခုရှိခဲ့တယ်လေ၊ ငါဘယ်တုံးကမှ ၀န်မခံခဲ့ပေမယ့် မငြင်းခဲ့တဲ့အဖြစ်၊ မျှော်လင့်ချက်ကြိုးစတစ်ခုနောက်ကို အမိလှမ်းဆွဲနိုင်ဖို့ ငါတို့ကြားထဲက သံယောဇဉ်လေးကို ဖြတ်ခဲ့ကြတယ်။ နောက်ချန်ထားခဲ့ပြီး လိုချင်တဲ့မျှော်လင့်ချက်တစ်ခုအတွက် မရေရာတဲ့လမ်းများစွာထဲ ငါမင်းကို လွမ်းနေခဲ့ဖူပါတယ် ။ ပိုင်ဆိုင်ဖို့ ၊ စွန့်လွတ်ဖို့ မသေချာတဲ့အနာဂတ်တစ်ခုဖြင့် ငါစိတ်တွေအားလုံး မင်းဆီမှာ ပုံအပ်မိခဲ့တဲ့ အဖြစ်လေ၊ မာနဆိုတာ ငါတို့ကြားထဲ နှစ်သက်စရာအကြောင်းမဟုတ်ပေမယ် ငါတို့မလိုလားတဲ့ ဘ၀ပေးအခြေနေကြားထဲ ဘ၀ချိုတဲ့သလိုပဲ ငါတို့၏သံယောဇဉ်ကြိုးဟာ ချိုတဲ့နွမ်းပါးခဲ့ရှာတာတယ်။ ဒါပေမယ် ဘာကြောင့်ပဲဖြစ်ဖြစ်နောက်ဆုံးနှုတ်ဆက်ချိန်လေးမှာတော့ အချက်ပြ နှုတ်ဆက်သွားသင့်တယ် ကျန်နေရစ်မဲ့သူအတွက်လေ ၊ ဒါမှမဟုတ် မင်းထွက်ပြေးသွားခဲ့တာလား ခုတော့ အလွမ်းတွေတစ်ပိုက် အိမ်မက်ရှည်ကြားထဲက ငါအဖြစ်၊ ကြာခဲ့ပါပြီ ဆိုပေမယ့် တိတ်တဆိတ်မင်းထွက်သွားသလိုဘဲ ငါရင်ထဲကသိမ်းဆည်းထားတဲ့ မင်းပုံရိပ်၊ မဖျက်ပဲ ပျယ်ပျောက်သွားတဲ့ မင်းအရိပ် ၊ မလွှင့်ပြယ်စေချင်တဲ့ မျက်ဝန်းများ ၊ ငါနှစ်သက်ဆုံးမင်းရဲ့ နှုတ်ဖျားပေါ်က နုညံတဲ့အပြုံးအေးအေးလေးများ အခုတော့ မေးမိန်သွားခဲ့ပြီး ပူလောင်စေတဲ့ ခံစားချက်တို့ ဘယ်ဆီမှန်းမသိ ငါရင်ထဲမှာ အချိန် အကွာအဝေးမိုင်ပေါင်းများစွာကြားထဲ အေးစက်သွားခဲ့ပြီ။
မမေ့ပျောက်သေးဘဲကျန်နေသေးတဲ့ အမှတ်တရ မွေးနေ့ရက်ကလေးမှာ အဝေးတစ်နေရာကနေ ငါဘာဆုတောင်းပေးရမလဲ၊ မင်းဘာလိုချင်နေသလဲ့ ငါ လည်းမသိပါလား ၊ တစ်ကယ်လိုငါဆုတောင်းခဲ့မယ်ဆိုရင် ငါ အတွက်သာဖြစ်လိမ်မယ့် ငါ ကိုယ်တိုင်လည်း ဘယ်လိုဆုမျိုးဒီအချိန်မှာ လိုချင်မှန်းမသိတဲ့ အဖြစ်လေ၊ တစ်ချိန်က တောင်ခဲ့ဖူးတဲ့ဆုတောင်းတို့ပြယ်ပျောက်ပါစေလို ဆုတောင်းလိုက်ရမလား ဒါမှမဟုတ်
ဖြစ်နိုင်မယ့်ဆိုရင် ပြန်ရနိုင်အုံးမယ်ဆိုရင် အတိတ်ဆီခဏလောက်လိုချင်ပါသေးတယ် ၊ မသေချာခဲ့တဲ့ ငါ တို့ကြားထဲက မင်းရင်ခုန်သံလေးကို ငါကြားချင်မိသေးတယ် ၊ အိပ်ပျော်နေတဲ့ ညနက်နက်ထဲ တိတ်တဆိတ် မင်းရင်ခုန်သံအစစ်မှန်ကိုလေးကို ငါခိုးနားထောင်ချင်ပါတယ် ။ တစ်နေ့တစ်ရက်မှာ အောင်မြင်မှုများ မင်းခြေရင်းမှာ ၀ပ်စင်းခစားစေလို့…

2 comments:

emayarKhin said...

တောင်းပေးတဲ့သူရှိတဲ့
ဆုတောင်းတခုကိုသက်ဆိုင်
သူကြားနိုင်ပါစေ.............

Chilli Chocolate said...

I'M SPEECHLESS SIS.....
I CAN FEEL IT FROM MY HEART!
VERY TOUCHING & EXQUISITE WORK....
KEEP ROLLING,,,,MA!

B BACK SOON