Thursday, April 17, 2008

မတရားလက်ဆောင်

နှင်းဥစိုရုံဖြင့် အာရုံမှာကြွေတတ်တဲ့ ပန်းလို့
ငါမျက်ရည် အညုာမလွယ်တတ်ခဲ့မယ်ဆိုရင်
လေပြေတိုးရုံ မိုးစက်ထိရုံဖြင့်
ငါမျက်ရည်မြေခ ငိုတတ်မယ်ဆိုရင်

တနှင်းတပိုး ချီလွယ်ထားတဲ့
ရင်ထဲကအလွမ်းလည်း ငြိမ်းရောပေါ့ ချစ်သူ၊

နွမ်းရော်တဲ့ ငါ့အလွမ်း
မရွာဘဲ ညိုနေခဲ့တာ ငါရင်ဘတ် ကွဲလုပြီ၊

ကန္တာရဘဲဖြစ်ဖြစ်
နွေလယ်ပဲဖြစ်စေအုံးတော့
အလွမ်းတွေ ငိုချ
မျက်ရည်ကိုစာဖွဲ့ရင် ပင်လယ်တောင် ရှုံးလောက်မယ်၊

နှုတ်မဆက်လိုသူအတွက်
အသည်းကို လမ်းခင်း
ရထားတစ်စင်းကိုယ်တိုင် ဖန်ဆင်းမိခဲ့သူအဖြစ်ပါ၊

လာခြင်းမကောင်းတဲ့ ငါ့အချစ်အတွက်
ဘုရားပေးတဲ့နိုင်ထက်စီးနင်းအလွမ်းတွေ
တစ်ဖက်စောင်းနှင်း လက်ဆောင်တဲ့လား
အပြစ်ပဲလား ချစ်မိခဲ့သူအတွက်လေ…

1 comment:

အရုပ်ကလေး said...

ကဗျာလေးက ရွေးပြောစရာ မရှိအောင်
စာသားလေးတွေ အားလုံးကြိုက်တယ်
ကဗျာကောင်းလေးတွေ ဖတ်ရလို့
စိတ်ကြည်နူးမိပါတယ်..


အစ်မတစ်ယောက် ဆက်လက် အောင်မြင်ပါစေ