Saturday, April 26, 2008

အဲဒီညပေါ့

အဲဒီညလေးမှ ညလေးပါဘဲ
ငါမျက်ဝန်းထဲ ပန်းပွင့်ကလေးတွေကြွေကျစဉ်မှာ
အသည်းကွဲခဲ့ဖူးတယ်
ငါ့မျက်ရည်တွေ ကြွေစေတယ် ချစ်သူ၊

အဲဒီညပေါ့ ငါ့ကဗျာတွေ
ကာရံပျက်အောင် အထီးကျန်
ခြောက်သွေ့တဲ့နေ့ရက်တွေ ဆိုးဝါးလိုက်ပုံများ
ငါလှည်ချောင်းတွေ ရေဆာနေခဲ့တယ်၊

အဲဒီညပေါ့ ၀ိညာဉ်တစ်ခု
ပူအိုက်မွန်းကျပ်တဲ့အခန်းကျဉ်းလေးထဲ
အသက်ရှုရပ်တန့်လောက်အောင်
ငါ့အတွေးတွေ ပိတ်လှောင်နေဖူးတယ်၊

အဲဒီညပေါ့ င့ါရင်ခုန်သံတွေ
ရပ်တန့်သွားလောက်အောင် မင်းကိုချစ်မိခဲ့ဖူးတယ်၊

အဲဒီညပေါ့ မင်းကိုလွမ်းလို
ငါ ညကိုမုန်းမိခဲ့ဖူးတယ် ၊

အဲဒီညပေါ့ အေးစက်တဲ့ သန်းခေါင်ယံမှာ
ချစ်သူရှိရာကြယ်ပွင့်များဆီကို ငါခရီးသွားခဲ့ဖူးတယ်။

2 comments:

Unknown said...

တကယ်ကို မွန်းမွန်းကြပ်ကြပ် ညပါပဲဗျာ...။

အရုပ်ကလေး said...

ကဗျာလေးကို နှစ်သက်တယ်