Saturday, April 19, 2008

အိမ်အပြန်လမ်းအတွေးများ

ကျတော်စိတ်တွေ မငြီမ်မသက်ရောက်ချင်ရာရောက်နေခဲ့တာ ညလုံးပေါက်မိုးလင်းတဲ့အချိန်အထိပါဘဲ။ သိပ်ကိုမကြာခင် အချိန်မှာတော့ အိပ်ကိုပြန်ရတော့မယ် ကျတော်အိမ်ပြန်ရတော့မယ်။ အိမ်ဆိုတဲ့စကားလုံး၏အဓီပါယ်ကို တစ်ကယ်သိရှီနားလည်တဲ့အချိန်မှာ ပြန်ရမှာမို့ လိုလိုချင်ချင်ရင်ထဲက အိမ်ကိုပြန်တော့မယ်ဆိုပေမယ့် ကျတော် ၀မ်းမသာနိုင်ဘူးဖြစ်နေတယ် ။ ကျတော့်အိမ်က ကျတော်ကိုပြန်လှောင် နေမယ်လို့ ကျတော်ထင်နေမိတယ် ။ ကျတော်ထွက်လာတုံးက အိမ်ကို စွန်ခွာခဲ့တာကို သိပ်ကိုကြီးကျယ်ခမ်းနားတဲ့မြို့ပြကြီးကို သွားတော့မှာမို့လို့ အားလုံး၏ရှေ့ ကျတော်နှတ်ဆက်ကျောခိုင်းခဲ့တဲ့အချိန်မှာ အိမ်ကြီးက ၀မ်းနည်းစွာကျန်ခဲ့တယ်လေ။ ကျတော့်ကိုမိသားစုအားလုံးက ပြုံးပြလက်ပြကျန်နေခဲ့ပေမယ့် သူတို့အားလုံး ရင်မှာ ငိုခဲ့ကြတယ်လေ။ ကမ္ဘာအဆင့်မှီမြို့ပြကြီးက ကျတော်ကို စီးကြိုပုံသိပ်ကို စိမ်းကားလွန်းလှပါတယ်။ တခြားနိုင်ငံသားတစ်ယောက်ကို လက်ခံနိုင်ဖို့အတွက် ဆေးစစ်ချက်မျိုးစုံကို သူတို့လုပ်ခဲ့ကြတယ် . ကျတော်ဟာဘယ်သူဖြစ်တယ်ဆိုတာကို သိဖို့ရန်ထက် ကျတော်ကို ငှားရမ်းသုံးစွဲတော့မယ် ကျွန်တစ်ယောက်မှာ ရောဂါကင်းရဲ့လားဆိုတာကို အရင်ဆုံးမေးသလိုမျီုးပေါ့၊ဘာတွေတတ်သလဲ ဘယ်လောက်ခိုင်းလိုရနိုင်မလဲဆိုတာကို တွက်ချက်ကြသလို အသက်ကလည်းလုပ်နိုင်မယ့် အရွယ်ကောင်းကို သတ်မှတ်ပြီးငှားရမ်းကြတဲ့တိုင်းပြည်အတွက် ကျတော်မှတ်ကျောက် ပေါ်ရဲရဲကြီးအတက်ခံရဲတယ်။ ကျတော်ကြိုးစားခဲ့တာကို အချိန်များစွာ ပေးပြီး ကျတော်ကြိုးစားခဲ့တာကို ကျတော်အပြင် မိသားစုပိုင်ငွေကြေးမြောက်မြားစွားကို ကျတော်သုံးစွဲပြီး ကျတော် ဒီမြို့ပြကြီးဆီကိုရောက်လာခဲ့ရတာလေ။ ဒါပေမယ့် ဒီမြို့ပြကြီးက သူ၏ချမ်းသာမှုတွေ ဆန်းပြားတဲ့အဆောင်ယောင် အကောင်းစားကြီးတွေက လူတစ်ယောက်ကို နိုင်ထက်စီးနင်းဆက်ဆံဖို့ အတွက်လုံးလောက်တဲ့ ကျောထောက်နောက်ခံတွေဖြစ်လို့ ကျတော်တို့နိုင်ငံမှာ ဧည့်သည်ကို ဧည်ခံပုံက နွေးထွေးလိုက်တာ ရှိတာကိုအကုန်ချကျွေးတယ်။ ဒီမှာတော့ မတူမတန်သလိုအကြည့်ကို မွှေးကတည်းက တတ်လာကြသလိုဘဲ အမှုအရာတွေက စံတင်လောက်တယ် ။ ဒါပေမယ့်ကျတော် အောက်ကျိုးခံပါမယ်လို့ဆုံးဖြတ်ပြီးတဲ့အချိန်မှာကျတော်ဆေးစစ်ချက်ထွက်လာတယ် ။ ကျတော် ဆေးမအောင်းဘူးတဲ့ ၄၈နာရီအတွင်း ကိုယ်နိုင်ငံကို အမြန်ပြန်ရမယ်တဲ့ ကျတော်သာမပြန်ရင် သူတို့တစ်နိုင်ငံလုံး ကျတော်ဆီက ရောဂါတွေစကူးတော့မယ့်အတိုင်းဘဲ ပိုပြီးဝမ်းနည်းစရာကောင်းတာက ကျတော်က ဒီနိုင်ငံကို ဘယ်တော့မှဝင့်ခွင့် မရှီတော့ဘူးတဲ့ အလည်သဘောတောင်လာခွင့်မတော့ဘူးဆိုဘဲ ။ ကျတော်နိုင်ငံကတော့ ကျတော်ဘာဘဲဖြစ်နေနေ အဆုံးစွန်းဆုံး ကျတော်ရောဂါ ဖြစ်လိုဆုံးသွားတဲ့အလောင်းဆိုရင်တောင် သူကလက်ခံရမှာပဲလေ ။ ဆိုးချင်တိုင်းဆိုးခဲ့မိုက်ခဲ့ရင်လည်း ခွင့်လွတ်လက်ခံရမယ်အဖြစ် ကျတော်ကဒီနိုင်ငံမှာ မွှေးခဲ့တာကို ကျတော်ကိုမွှေးရလိုရတဲ့အကျိုးကျေးဇူးက အရှက်တကွဲအကျိုးနည်း ဖြစ်ရတယ်ပေါ့ ဒီနိုင်ငံသားတစ်ဦးပေါ့ ဆေးကျလို့ပြန်သွားရတယ်လို့ သူတို့အတွက်လောင်စရာဖြစ်လို့လေ။ ကျတော်နိုင်ငံကို ပြန်လာတဲ့အတွက် အမေက ၀မ်းသာလိမ့်မယ် ၊ ကျတော်မိသားစုက ၀မ်းနည်းဝမ်းသာကြိုဆိုပါလိမ့်မယ် ကျတော်သုံးခဲ့သမျှ မထင်ထားတဲ့အချိန်မှာပြန်လာရင် ပြန်ရောက်လာတဲ့အတွက် သူတိုဘာမှပြောလိမ့်မယ်မထင်ပါဘူး ။ လူဘာမှမဖြစ်လာတဲ့အတွက် သူတို့ဖြေသာတယ်လိုဘဲ ပြောလိမ့်မယ် ဘာဖြစ်လည်းသားရယ်ငွေဆိုတာပြန်ရှာလိုရပါတယ် ကိုယ်သားလေးကို တွေနေရရင်ကျေနပ်ပါတယ်။ ဒီလိုစကားလုံးတွေအတွက် ကျတော်ပခုံးပေါ်မှာ တာဝန်တွေ မိသားစုအတွက် ကျတော်ကိုလက်ခံနေထိုင်ခွင့်ပေးမယ် နိုင်ငံအတွက် ကျတော်မှာတာဝန်တွေ ထပ်တိုးလားပြီ။ ကျတော်ပြန်သွားရင် အမေလိုဘဲ ကျတော်နိုင်ငံက လက်ခံကြိုးဆိုသလိုပဲ ကျတော်ချစ်သူက ဆေးကျပြီးပြန်လာတဲ့လူတစ်ယောက်ကို ဘယ်လိုကြိုဆိုမှာလည်း သူက
ဝမ်းနည်းဝမ်းသာလက်ကမ်းကြိုဆိုမှာလား ဘယ်လိုကြိုဆိုမှာလည်း ကျတော်သိချင်လိုက်တာ ...

No comments: