Monday, April 21, 2008

ကျွန်တော်၏သူမ

သူမလား တစ်မျီုးလေးတော့ တစ်မျိုးလေးပါဘဲ ၊ ကျွန်တော်သိဖူးသမျှမိန်းကလေးတွေထဲမှာစကား တစ်မျိုးတစ်ဖုံးကလေးသိပ်ထူးဆန်းတယ် . ပြောပုံရော အသံရော ထူးခြားတယ် ။ကျွန်တော်နဲ့အပြီုင် စကားလုပြောနိုင်တာကလည်း သိပ်ကို ရှားပါးတယ်လေ။ သူမက သူလိုရာကိုရောက်အောင် စကားခေါ်ပြီး သူပြောချင်တာကို အရပြောတတ်တယ်။ စကားကို ချိုချိုသာသာ ဘယ်တော့မှ မပြောပါဘူး။ တဖက်သားစိတ်ဆိုးအောင် သိပ်ကိုပြောတတ်တယ်။ သူများစိတ်ဆိုးတာကို ကြည့်ပြီး လောင်ရယ်တတ်သေးတယ်၊ ပျော်တတ်သူလည်းဖြစ်ပါတယ်။ သူမဆီမှာညုင်ညုင်သာသာ စကားပြောတတ်ဖို များများစားစားစကားလုံးသိပ်မရှိပါဘူး။ ဒါပေမယ့် သူမက သိပ်ကို ဆွဲဆောင်မှုရှိတယ် ဒါကလည်း သူမလုပ်ယူထားတဲ့ အရာတွေမဟုတ်ပါဘူး။ သူအသံက ပွင့်လင်းတဲ့စကားသံရယ် ၊ ရိုးသားတဲ့ အသုံးအနှုန်းရယ်ဘဲ ရှာကြံပြီး အကောင်းပြောစရာ ဖြစ်ပါလိမ့်မယ်။ ဟိုစပ်စပ် ဒီစပ်စပ်အကုန်လုပ်ဖူးတော့ ဗဟုသုတလည်းနည်းနည်းတော့ရှိတယ် ။ သူမက နိုင်ငံရေးနှင့် သမိုင်းဆိုင်ရာ တွေကို စိတ်ဝင်စားတယ်။ ဒါပေမယ့်ဖက်ရှင်ဆိုရင်လည်းသူမနှစ်သက်ပါသတဲ့လေ ။
တွေကြုံခဲ့ရတဲ့ ပတ်ဝန်းကျင်ဒေသ အကြောင်း နှင့် လူတွေအကြောင်းလည်း စိတ်ဝင်တစား ပြောပြတတ်ပါတယ်။ သူပြန်ပြောပြမှ အရာရာက ပိုတောင်စိတ်ဝင်စားစရာဖြစ်လားတတ်သေးတယ်။ သူချစ်တဲ့ အရာတွေကလည်းများသား သူပြောမှ ကန်စွန်းဥကလေးဆိုတာ လူသားတွေကို အကျီုးပြုတဲ့ သဘာဝအလွန်ဆန်ပြီး ဘုရားသခင်က ဖန်ဆင်သတဲ့လေ အဟာရဓါတ်ကြွယ်ဝသလို့ ၊ဈေးသက်သာသလို့၊ နေရာအတော်များများမှာ ရှင်သန်ပေါက်နိုင်လို့ သူမက သိပ်ကိုချစ်ကြောင်း ရှာကြံတွေးပြီးပြောတတ်ပါတယ်။ သူကြောင့်ကျွန်တော်လည်း ကန်စွန်းဦးကို မကြာခဏစားဖြစ်လာခဲ့ပါတယ် ။ ငှက်ပျောသီးကလည်း မွှေးပျံတဲ့ရနံသင်းသလို အရသာသိပ်ရှိလေတော့ သူမချစ်တဲ့အရာထဲမှာ ပါဝင်ပါသေးတယ်။ အပင်ရော အသီးရော အရွက်ရော အဖူးရော လူတွေကိုအကျိုးပြုပါတယ်တဲ့ ။ ရေလောင်းပေးစရာမလိုဘဲ အလိုလိုရှင်သန်နေတဲ့ အကျိုးပြုသစ်တစ်ပင်ဖြစ်လို့ဆိုဘဲ သူပဲကြံဖြန်ပေါက်တတ်ကရတွေကို ချစ်တတ်ပါတယ်။ သူမ၏အဓီကအားသာချက်ထဲတွေထဲမှာ စကားပြောအတတ်လည်းတစ်ခုပါတယ်လို့ ကျွန်တော်ထင်တယ် ။ သူမ အကောင်းပြောလိုတဲ့ အရာကတော့ တကယ်ပြိုင်ဖက်ကင်းဖြစ်နေအောင်ကို သူမက ဖွဲ့နွဲ့တတ်ပါသေးတယ်။ ကျတော်တို့နေစဉ်နေ့တိုင်း ရောက်တတ်ရာရာကို အမြဲတမ်းစကားနိုင်လုပွဲ ကျင်းပကြတယ်။ သူနိုင်ကိုယ်နိုင်အမြဲတမ်း လုပြောကြတယ်။ တစ်ယောက်ကို တစ်ယောက်မှားကွက်ပေါ်မှာ အနိုင်ယူပြီး စကားကို နုင်းပြီးစီးတတ်ကြတယ်။ ကျွန်တော်က အနီုင်လိုချင်တော့ သူမကို စိတ်ဆိုးအောင် အမြဲလုပ်တတ်တယ်။ သူစိတ်ဆိုးရင် သိပ်ကို ချစ်စရာကောင်းပါတယ်။ စိတ်ဆိုးဆိုးနဲ့ ဒေါသသံတွေက ကျွန်တော်ကို ဆွဲဆောင်နိုင်ထားပါတယ်။ ဒါကလည်း သူမကို ချစ်ရတဲ့အကြောင်းလေးတစ်ခုလေးတစ်ခုပေါ့။ သူမပျော်ရွှင်နေချိန်မှာ အရွှမ်းဖောက်ပြီး ဝေဆာနေအောင်ပြောတတ်ပါတယ်။ လူတစ်ယောက်ကို နောက်ရမယ်ဆိုရင် သူမက ဇတ်လမ်းတစ်ပုဒ်ကို ပါးစပ်က လက်တမ်းပြောနိုင်ပါတယ်။ ဒီလိုနဲ့ပဲ ကျွန်တော်တို့ အချိန်တော်တော်များများ စကားပြောဖြစ်ကြပါတယ် ကျွန်တော်တို့ပျော်ရွှင်ခဲ့ပါတယ်လေ။
သူမက စကားလမ်းကြောင်းလမ်းလွဲတဲ့နေရာမှာလည်း သိပ်တော်တယ်။ ကျွန်တော်ဘယ်လောက်စကားခေါ်ခေါ် သူမပြောချင်တဲ့အရာဆိုရင် သိသိသာသာ ကို လမ်းကြောင်းပြောင်းလိုက်တတ်ပါတယ်။ သူဆီက တခါတလေကြားရခဲ့တဲ့ ကြင်ကြင်နာနာ စကားသံရယ်၊ သနားစရားဖြစ်ရင် ဂရုဏသက်လိုပြောလိုက်တဲ့စကားလုံးတွေ ကြားထဲ ကျွန်တော် သူကို မစွန့်လွတ်နိုင်ခဲ့ဘူးလေ။ တခါတလေ ဒေါသကြောင့်ဖြစ်တတ်တဲ့ စကားလုံးတွေက နည်းနည်းတော့ ရင့်သီးတယ်။ တဖက်လူကို သူမအားမနာဘဲ တည့်ပြောတတ်တယ်။ သူမစောင့်တတ်တဲ့စကားစည်းကတော့ သိပ်လုံတယ်လို ထင်တယ်။ သူမဟာ သူများအကြောင့်ကို လုံးဝကို မပြောတတ်ဘူး ။ ကျွန်တော်တို့ချစ်တယ်ဆိုတဲ့စကားလုံးကိုပြောဖို့ချန်ထားခဲ့ကြတယ်။ ဘယ်သူမှ စပြီးမပြောခဲ့ကြဘူး။ သူမဟာ ဒီအကြောင်းပြောဖို့ သိပ်ကိုရှက်တတ်သူဖြစ်ပါတယ်။ သူမ ဘယ်တုံးကမှ တစ်ယောက်ယောက်ကို မပြောခဲ့ပုံပေါ်ပါတယ်။ ကျွန်တော်ပြောပြန်ရင်လည်း ဒါကို အဓိကပြသာနာအဖြစ်အတည်းလုပ်ပြီး လေးနက်တဲ့စကားလုံးတွေနဲ့ရင်လေးပြတတ်ပါတယ်။ ဘာကြောင့်ကျွန်တော်တို့ချန်ထားခဲ့သလဲ့ သိပ်ကို မသေချာပေမယ့် သူမရေးတဲ့ကဗျာထဲမှာတော့ သူမက သူချစ်သူကို သိပ်ချစ်ပြတတ်တော့ ကျွှန်တော်ရင်ခုန်မိတယ်လေ။
ဒီလိုရက်လက်ရှည်စွာ ကျွန်တော်တိုနှစ်ယောက်ကြားက နေ့ရက်များစွာမှာ မမြင်နိုင်တဲ့ တွယ်တာမှုကလေးတွေ သံယောဇဉ်လေးတွေက ရစ်နှောင်တွယ်ခဲ့ကြတယ်။ မသိလိုက်မသိသလိုနဲ ကျွန်တော်မသိသော သူမနဲ့ ကျွန်တော်သိသောသူမကြားမှာ တခါတလေကွာဟချက်ကလေးတစ်ချို့ တွေရတတ်တယ်။ မိုက်ကရိုဖုန်းထဲက သူမအသံ သူမအရယ်ကိုဘဲသိသော သူမဟာ ဘယ်လိုမိန်းကလေးတစ်ယောက်ဖြစ်မယ်ဆိုတာကို တခါတလေတွေကြည့်ဖူးပါတယ်။ အေးစက်စက် မပြုံးမရယ်ဘဲ လောကကို အရွှဲတိုက်တဲ့မျက်နာပေးမျိုးဘဲဖြစ်နေလေမလား…
ယနေ့ခေတ် Online ချစ်သူလေးများအမှတ်တစ်ရ

No comments: